♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label သိသမျှကြုံသမျှ. Show all posts
Showing posts with label သိသမျှကြုံသမျှ. Show all posts

Mar 16, 2013

Western Union ဖြင့် ဂျပန်မှမြန်မာသို့ငွေလွှဲခြင်း


ဂျပန်မှမြန်မာပြည်သို့ငွေလွှဲခြင်း
ဝန်ဆောင်ခကို ဒီနေရာတွင်ကြည့်ပါ။
ငွေလဲနှုန်းကို ဒီနေရာတွင် (1)受取国တွင် Myanmarကိုရွေးထည့်ပြီး
                                 (2)送金金額တွင် ၁သိန်းခန့်ရိုက်ထည့်ကာကြည့်နိုင်သည်။
                                 (၀န်ဆောင်ခကျသင့်ငွေပါ ထည့်သွင်းတွက်ချက်ပေးသည်။)
များသောအားဖြင့်ငွေလွှဲနှုန်းသည်အချိန်တိုင်းအနည်းနှင့်အများပြောင်းလဲတတ်သည်ဟုဆိုဧ။်။

ပို့နည်းများ
Western Union မှ ကြားခံအဖြစ်၊ ဂျပန်နှင့်မြန်မာရှိငွေလွှဲလုပ်ငန်းများနှင့်ချိတ်ဆက်ကာ ငွေလွှဲ
ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

၁။ Western Union အသုံးပြုနိုင်သော၊ ဆိုင်းဘုတ်ချိတ်ထားသောဆိုင်တိုင်း။
    (နှစ်နိုင်ငံလုံးတွင် ဘဏ်စာရင်းဖွင့်လှစ်ရန်မလိုပဲ အသုံးပြုနိုင်ပါသည်။)
    ရှင်ဂျုကုမှာဆိုလျှင် ယာမနိုတဲလိုင်း အနောက်ပေါက်မှာထွက်လိုက်ပြီးညာဘက်ကွေ့လျှင်
    ယူနီကလော့ဆိုင်ကြီးရှိပါတယ်။ ဘေးကပ်ရက်မှာလမ်းသွယ်လေးရှိပြီး ယင်းလမ်းသွယ်ထိပ်
    မှာ လက်မှတ်တို့ဘာတို့ရောင်းတဲ့ဆိုင်လေးတွေပြုံနေပါတယ်။ ယင်းဆိုင်များထဲ  Western
    Unionလို့ ဆိုင်းဘုတ်ရှိသောဆိုင်မှာတိုက်ရိုက်ပို့နိုင်ပါသည်။
    -မြန်မာပြည်ဘက်မှ လက်ခံသူအမည်ကို အင်္ဂလိပ်လိုသေချာရေးရသည်။
    -ဂျပန်ပြည်မှ လွှဲသူအမည်ကိုသေချာရေးရသည်။
    -ပတ်စ်ပို့၊ ကျန်းမာရေးကဒ်၊ ကားလိုင်စင်လိုမျိုး သက်သေခံကဒ်ပြားတခုခုယူသွားရသည်။
    -ငွေလဲပေါက်ဈေးမေးကာ၊ငွေပို့ပြီး မိမိကိုပေးသည့်ဘောက်ချာစာရွက်တွင်ငွေထုတ်ယူသည့်
    အခါ ပြောရသည့်လျို့ဝှက်ကုဒ်နံပါတ်ကို ရေးထားသည်။ ညာဘက်အပေါ်ဆုံးတွင်ဖြစ်သည်။
    -မြန်မာပြည်တွင်ဘဏ်စာရင်းရှိစရာမလို။Western Unionကောင်တာဖွင့်ထားသောမည့်သည့်
    နေရာကိုမဆို သွားရောက်ပြီး အမည်နှင့်ကုတ်နံပါတ်ပြောကာ ငွေထုတ်ယူနိုင်သည်။
    -ကြာချိန်မှာနိုင်ငံနှင့်ဆိုင်ဖွင့်ချိန်ပေါ်မူတည်သည်။ အင်တာနက်စနစ်ဖြင့်လွှဲခြင်းဖြစ်ရာ ပုံမှန်
    အားဖြင့် မိနစ်ပိုင်းအတွင်းတွင် ငွေထုတ်ယူနိုင်သည်ဟုဆိုသည်။
    Western Union ဧ။်ဆိုင်ခွဲများကို ဒီနေရာတွင်ရှာဖွေနိုင်ပါသည်။
    အပေါ်ကအကွက်၂ခုထဲ ခရိုင်နှင့် ရပ်ကွက်ထည့်လျှင်အလိုလိုအောက်တွင်ဖော်ပြပါမည်။
    -တကြိမ်လျှင် ယမ်းသောင်း၅၀အထိ

၂။ Family Martဧ။် Family iPort ဖြင့်တဆင့်ပို့ခြင်း
    Family Martမှာထားထားလေ့ရှိတဲ့စက်တွေရှိပါတယ်။ ယင်းစက်တွေမှတဆင့် ပို့ခြင်းပါ။
    -ဦးဆုံးမပို့ခင်အရင်လျှောက်ထားရပြီး အမည်(ID)နှင့်ကုတ်နံပါတ်(password)ရယူရပါတယ်။
    -အင်တာနက်မှာလျှောက်လွှာကိုထုတ်ပြီး စာတိုက်မှတဆင့်ပို့ခြင်း သို့ Family Martဆိုင်တွင်
    လျှောက်ထားနိုင်ပါသည်။
    -ယင်းနောက် အမည်(ID)နှင့်ကုတ်နံပါတ်(password)ပေးပို့ရရှိလာလျှင် စတင်ပို့နိုင်ပါပြီ။
    -မနက်၉နာရီမှည၉နာရီအတွင်းအသုံးပြုနိုင်ပါတယ်။
    -တကြိမ်ပို့လျှင် ၀န်ဆောင်ခအပါဝင် တကြိမ်လျှင် ယမ်း၁၀သောင်းအထိ

၃။ Seven Bank မှပို့နည်း
    -Seven Bankတွင် စာရင်းဖွင့်လှစ်ပြီး၊ နိုင်ငံခြားသို့ငွေလွှဲဝန်ဆောင်မှု (外国送金・Gaikoku
    Sookin)ကို အသုံးပြုမည်ဖြစ်ကြောင်း အတူလျှောက်ထားပါသည်။
    -ယင်းနောက်ဘဏ်ကဒ်ရလာသည့်အခါဘဏ်တွင်ငွေထည့်မည်။
    -ယင်းနောက်ဘဏ်ကတိုက်ရိုက်ဖြစ်စေ၊ အင်တာနက်ဘဏ်မှတဆင့်ဖြစ်စေငွေလွှဲနိုင်သည်။
    -ငွေပမာဏမှာ အများဆုံးယမ်း၅၀သောင်းအထိ။ သို့ငြားပမာဏနှင့် ကြိမ်ရေမည်မျှသုံးမည်
    ကို စတင်လျှောက်ထားချိန်တွင် မိမိရွေးခဲ့သည့်အတိုင်း အသုံးပြုခွင့်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်
 နံပါတ်(၂)နှင့်(3)ဖြင့် လျှောက်ထားချိန်တွင် ပတ်စ်ပို့၊ ကျန်းမာရေးကဒ်၊ ကားလိုင်စင်လိုမျိုး
သက်သေခံကဒ်ပြားတခုခုဧ။် မိတ္တူကိုအတူတွဲကာ လျှောက်ထားရသည်။

ပို့ပြီးလျှင်မြန်မာပြည်သို့ ကုတ်နံပါတ်နှင့်ထုတ်မည့်သူဧ။်အမည်ကို အကြောင်းကြားရသည်။
လုံခြုံမှုရှိစေရန် အမည်နှင့် ကုတ်နံပါတ်အနက် တမျိုးကို ဖုံးဖြင့် တမျိုးကို မေးလ်ဖြင့်စသည်
ဖြင့် ခွဲကာအကြောင်းကြားသင့်သည်ဟုအကြံပေးလိုပါသည်။

အားလုံးပဲအဆင်ပြေပါစေရှင်



Mar 3, 2013

စိုင်းနော်ခမ်းသေဒဏ် နှင့် တရုတ်ပြည်တရားစီရင်မှု

ခုတလော ဖေ့စ်ဘွတ်ခ်မှာ ပလူပျံနေတဲ့သတင်းတွေဟာ တရုတ်ပြည်မှာဆေးထိုးပြီးသေဒဏ်ပေးခံ
လိုက်ရတဲ့ စိုင်းနော်ခမ်းအကြောင်းရယ်ပါ။

များသောအားဖြင့် တရုတ်ပြည်ရဲ့မြန်မာတိုင်းရင်းသားအပေါ်တရားစီရင်မှုအပေါ်မကျေနပ်ကြသူ
များပါတယ်။
ငါတို့လူမျိုးကို ငါတို့မြန်မာပြည်ကပဲစီရင်မယ်ဆိုတဲ့မှတ်ချက်တွေလည်းဖတ်ရပါတယ်။
အစကကျမလည်း တမျိုးကြီးခံစားရပါတယ်။ ဗဟုသုတမရှိတော့ ငါတို့လူမျိုးကိုတရုတ်ပြည်က
စီရင်တယ်ဆိုတဲ့အတွေးနဲ့ ကသိကအောက်ဖြစ်ရပါတယ်။အဲလိုဖြင့်တရုတ်ပြည်တရားစီရင်ရေး
စနစ်အကြောင်းလှန်လှောရှာဖွေရင်း ဝေမျှလိုက်ပါတယ်။

The People's Republic of China တရုတ်ပြည်ရဲ့ ရာဇ၀တ်မှုဥပဒေပါ ပြဌာန်းချက်အရ
တရုတ်နိုင်ငံမှာ သေဒဏ်စနစ်ကိုကျင့်သုံးသော ရာဇ၀တ်မှုများစာရင်းမှာ
မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုနှင့်ရောင်းချခြင်းစသောမူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများဟု
ပြဌာန်းထားတာတွေ့ရပါတယ်။
ဆိုရလျှင် တရုတ်နိုင်ငံရဲ့ပြည်တွင်းဥပဒေမှာပြဌာန်းထားတာဖြစ်တဲ့အတွက်တခြားနိုင်ငံမှ
အရေးဆိုပိုင်ခွင့်မရှိပါဘူး။

သို့ငြား ကျမတို့ကြားဖူးလေ့ရှိတာတော့ တရားခံကို မူရင်းနိုင်ငံကိုလွှဲပြောင်းပေးတယ်ဆိုတဲ့
သတင်းတွေ ခဏခဏကြားဖူးလေ့ရှိပါတယ်။ ဒါဆို ဘယ်လို ကွာခြားနေပါသလဲ။
နိုင်ငံတကာဥပဒေမှာပါရှိတာက နိုင်ငံပြင်ပတရားစီရင်ပိုင်ခွင့် Extraterritorial jurisdiction
ဆိုတာရှိပါတယ်။ ယင်းဥပဒေအရ မိမိနိုင်ငံရဲ့ပိုင်နက်ပြင်ပမှာ ဖြစ်ပွားသောအမှုအခင်းအတွက်
တရားစီရင်ပိုင်ခွင့်တောင်းဆိုနိုင်ခြင်းဖြစ်ပါတယ်။ တနည်းဆိုရလျှင်မိမိနိုင်ငံသားဟာတခြားနိုင်ငံ
တခုမှာ ပြစ်မှုကျူးလွန်ကာဖမ်းဆီးခံရတဲ့အခါ ယင်းဥပဒေအရမိမိနိုင်ငံသားကိုပြန်လည်ပေးအပ်
ဖို့နှင့် မိမိနိုင်ငံဧ။်တရားစီရင်မှုပုံစံဖြင့်တရားစီရင်ပိုင်ခွင့်ကိုတောင်းဆိုရယူခြင်းဖြစ်ပါတယ်။
သိုငြား ယင်းနိုင်ငံခြားပိုင်နက်မှာရှိသော တရားစီရင်ရေးအဖွဲ့စည်း သို့ နှစ်နိုင်ငံလုံးနှင့်သက်ဆိုင်
သောတရားစီရင်ရေးအဖွဲ့ဧ။်သဘောတူညီမှုရရှိမှသာ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဆိုရလျှင်
ယင်းသို့ပြဌာန်းထားသော ဥပဒေမရှိလျှင်၊ အခြားနိုင်ငံတခုဧ။်ပြည်တွင်းဥပဒေကိုစွက်ဖက်ပိုင်ခွင့်
အရေးဆိုပိုင်ခွင့်မရှိပါဘူး။

တရုတ်နိုင်ငံရဲ့ ရာဇ၀တ်မှုဥပဒေအရ
ဘိန်း(ကိုကင်း)စသည့်မူးယစ်ဆေးဝါး 50ဂရမ်အထက် မှောင်ခိုတင်သွင်းလျှင် ထောင်ဒဏ်15နှစ်
သို့ တသက်တကျွန်းထောင်ဒဏ်၊ သို့ သေဒဏ်ဟုပြဌာန်းထားပါတယ်။
တရုတ်နိုင်ငံမှာ မူးယစ်ဆေးမှောင်ခိုမှုဖြင့်သေဒဏ်ပေးခံရသော နိုင်ငံခြားသားအချို့မှာ -
၂၀၀၉ခုနှစ်၁၂လပိုင်းတွင် အင်္ဂလိပ်လူမျိုး
၂၀၁၀ခုနှစ်၎လပိုင်းတွင် ဂျပန်လူမျိုး ၃ဦး
ဖိလစ်ပိုင်လူမျိုး၃ဦးအားသေဒဏ်ချမှတ်ခြင်းသတင်း
ကိုရီးယားလူမျိုး၂ဦးအားသေဒဏ်ချမှတ်ခြင်းသတင်းတို့ဖြစ်ပါတယ်။
အများအားဖြင့်မူးယစ်ဆေးမှုဖြင့် နိုင်ငံရပ်ခြားမှာသေဒဏ်ချမှတ်ခံရသော ဂျပန်လူမျိုးများစာရင်း
ကို ဒီနေရာမှာဖတ်ရှူနိုင်ပါတယ်။ အများဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။
ဒါကတော့မလေးရှားမှာ မူးယစ်ဆေးမှုဖြင့်သေဒဏ်ပေးခံရသောဂျပန်အမျိုးသမီးရဲ့သတင်း
ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာပြဌာန်းထားသောဥပဒေပေါ်မူတည်ပြီး ပြစ်ဒဏ်ခတ်ခြင်းအမျိုးအစားကွာခြားတာ
တွေ့ရပါတယ်။ မူးယစ်ဆေးမှုဖြင့်သေဒဏ်ပေးသောနိုင်ငံကတော့အရေတွက်နည်းတာတွေ့ရ
ပါတယ်။

တရုတ်ပြည်ဟာ မူးယစ်ဆေးမှောင်ခိုအမှုကိုတင်းကျပ်စွာကိုင်တွယ်လေ့ရှိပြီး သေဒဏ်အချမှတ်
ဆုံးသောနိုင်ငံဟု နာမည်ကြီးပါတယ်။ ယင်းနောက်ကွယ်မှာ စိတ်ဝင်စားစရာသမိုင်းကရှိပါတယ်။

၁၉ရာစုနှစ်မှာတရုတ်ပြည်ဟာအင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်ခဲ့ရပါတယ်။
ယင်းမတိုင်မီမှာ အင်္ဂလိပ်ဟာ တရုတ်ပြည်မှ လဖက်၊ ကြွေထည်၊ ချည်မျှင်စတာတွေကိုတရုတ်
ပြည်မှအမြောက်အများတင်သွင်းပြီးကုန်သွယ်ခဲ့ပါတယ်။သို့ငြားအင်္ဂလိပ်မှတရုတ်သို့တင်သွင်း
ခဲ့တာကတော့နာရီ၊အဝေးကြည့်မှန်ပြောင်းလောက်ကလွဲပြီးမယ်မယ်ရရမရှိခဲ့ပါဘူး။ဒါကြောင့်
ကုန်သွယ်ရေးလိုငွေပြမှုကြီးမားခြင်း၊ယင်းအပြင်အင်္ဂလန်မှာစက်မှုပြောင်းလဲရေးအတွက်လိုငွေ
ပြမှု၊အမေရိကန်ဧ။်ခွဲထွက်ရေးစစ်ပွဲအတွက်ကုန်ကျစရိတ်တွေဖြင့်အကြပ်ရိုက်ခဲ့တဲ့အင်္ဂလိပ်
ဟာ စီမံကိန်းတခုစတင်ပါတော့တယ်။

ဒါကတော့ အင်္ဂလိပ်ဟာ အိန္ဒိယမှာဘိန်းအမြောက်အများစိုက်ပျိုးပြီး တရုတ်ပြည်ထဲ အမြောက်
အများတင်ပို့ခဲ့ပါတယ်။ ဒီနည်းဖြင့်တရုတ်ပြည်ဟာကုန်သွယ်ရေးပိုငွေအကြီးအကျယ်တိုးပွား
ခဲ့ပါတယ်။
ဒါကြောင့်လည်း ဗမာပြည်မှာ ဘိန်းစားတရုတ်ဆိုတဲ့ခေါ်တွင်မှုရှိခဲ့ရသည်အထိ တရုတ်လူမျိုး
တွေဟာ ဘိန်းအစွဲကြီးစွဲခဲ့ရပါတယ်။ သည်လိုဖြင့် တရုတ်ပြည်ဟာ လူမျိုးတခုလုံးနီးပါးဘိန်းစွဲ
ဘ၀ပျက်ရသည့်အခြေစိုက်ပြီး First Opium War, First Anglo-Chinese War လို့ခေါ်သော
မြန်မာအခေါ် ဘိန်းစစ်ဟာ ၁၈၄၀ခုနှစ်မှစကာ၂နှစ်ကြာစစ်ဖြစ်ပွားခဲ့ပါတယ်။
ယင်းနောက်မှာတော့ တရုတ်ပြည်ဟာ အင်္ဂလိပ်ရဲ့ကိုလိုနီအဖြစ်ကျရောက်ခဲ့ပါတယ်။
(သမိုင်းမကျွမ်းကျင်တာမို့ ကျန်တာတွေရှိလျှင်ခွင့်လွှတ်ပါ)

ဒါကိုအခြေခံပြီး တရုတ်ပြည်ဟာ ဘိန်းနှင့်ပတ်သက်လျှင်အလွန်မှကို တင်းကြပ်ခြင်းပါပဲ။

ဒီအဖြစ်အပျက်လေးမှာ သင်ခန်းစာသုံးခုရသွားပါတယ်။

တစ်ခုကတော့ ကျမလည်းမသိတဲ့အတွက် လျှောက်ရှာဖွေဖတ်ရှုရပါတယ်။ ကျမတို့ဗမာစာ
ဖြင့်ရေးထားသောသတင်းအချက်လက်တွေ  အင်တာနက်ပေါ်မှာ မပြည့်စုံတာကြောင့် ဂျပန်
လိုလျှောက်ဖတ်ရပါတယ်။ ဂျပန်လို အင်္ဂလိပ်လို သတင်းအချက်လက်တွေကတော့ ကီးဝဒ်
စာကြောင်းရိုက်ပြီးရှာရင်အများကြီးထွက်လာပါတယ်။ ဒီမှာ တစ်ခုသွားတွေးမိပါတယ်။
နိုင်ငံခြားဘာသာစကားတခုတတ်ကျွမ်းခြင်းဟာ အကျိုးကျေးဇူးကြီးမားခြင်းကိုပါ။ ဗမာပြည်
အတိုင်းတာတခုထိမဖွံ့ဖြိုးသေးသရွေ့နိုင်ငံခြားဘာသာစကားတခုကိုလိုက်စားသင့်ပါကြောင်း
လူငယ်တွေကို အကြံပေးတိုက်တွန်းလိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာဖတ်ရတဲ့ ကောင်းလိုက်တာလို့ ခံစားရတဲ့ဆောင်းပါးကိုရေးသူတွေအများစု
ဟာ နိုင်ငံရပ်ခြားမှာ အခြားနိုင်ငံရပ်ခြားဘာသာစကားတခုကိုလည်းတတ်ကျွမ်းသူတွေဖြစ်တာ
သွားတွေ့ရပါတယ်။

မိမိနိုင်ငံမိမိယဉ်ကျေးမှုဓလေ့ထုံးစံကိုလေးစားပြီး တခြားနိုင်ငံတခြားနိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့
ထုံးတမ်းတွေကိုလည်း စာနာတတ် နားလည်တတ် လေးစားတတ်ရပါမယ်။
နောက်တချက်က အကြောင်းရာတခုကို မဝေဖန်ခင်၊ သူများပြောတာကိုခေါင်းမညိတ်လိုက်ခင်
ဇစ်မြစ်သို့မဟုတ်အကြောင်းရင်းကို သိအောင်လေ့လာသင့်တယ်ဆိုတာပါပဲ။

နောက်တခုကတော့ ကျမတို့နိုင်ငံရဲ့ပြည်တွင်းဥပဒေကိုလည်း ခိုင်မာကောင်းမွန်စွာ၊ ပြည်သူနှင့်
နိုင်ငံအတွက် ကောင်းမွန်သော ကာကွယ်စောင့်ရှောက်သောဥပဒေတွေပြဌာန်းသွားဖို့ပဲဖြစ်ပါ
တယ်ရှင်။

အားလုံးပဲ ပျော်ရွှင်ပါစေရှင်


Oct 5, 2012

မီးဖိုချောင် ချက်ပြုတ်စင် အမြင့်

ကျမက အိမ်ကိုဖုံးလှမ်းဆက်တော့ မေက သမီးရေ မီးဖိုချောင်ထမင်းစားခန်းတွေကြွေပြားစခင်းနေတာ
မီးဖိုချောင်လည်း အမြင့်ပါပြင်လိုက်မလို့လို့ဆိုပါတယ်။ ကျမတို့အိမ်ကမီးဖိုချောင်စင်က ရှေးဘိုးဘွား
ခေတ်က အုတ်ကြောင်အိမ်လိုဖြစ်ပြီး ဒါကိုဖေက လွန်ခဲ့တဲ့10နှစ်ကျော်ခန့်က ကြွေပြားတွေကပ်ပေးခဲ့
ပါတယ်။ စလုပ်ထားစကတော့ အသစ်လေးမို့ သိပ်သန့်ပါတယ်။ ဒါပေမဲ့အဆင်မပြေတာက ဖေကဆီ
စင်တာတို့ မှောက်တာတို့မဖြစ်အောင် ကျမတို့တွေလဲငယ်သေးတော့ ခါးဝက်လောက်အမြင့်နဲ့ လျှပ်
စစ်မီးဖို၂လုံးနဲ့ဂတ်စ်မီးဖိုတလုံးထားပြီးချက်တဲ့ စင်ကလေးပါတွဲလုပ်ပေးထားတာပါ။ တကယ်သုံးတော့
မေက ခါးညောင်းပါတယ်။ ခါးကလေးကုန်းပြီးချက်ရတာကိုး။

ပြီးတော့ ထမင်းစားခန်းကနေ မီးဖိုချောင်အခန်းကို ခြင်စကာတံခါးရှိပြီး၊ လှေကားလေးတထစ်ဆင်းရ
တာမို့ တခါတလေ ကသီပါတယ်။ ပြီးတော့ မီးဖိုချောင်ကနေ ပန်ကန်ဆေးတဲ့ဘေစင်၊အ၀တ်လျှော်
စက်တွေထားတဲ့အခန်းလေးကိုထပ်ထွက်ရပါတယ်။ စတုရန်းပုံအခန်းလေးကိုလေးကန့်ကန့်ပြီးလှေ
ကားထစ်လည်းရှိတာမို့ ခုတော့ ယင်းအခန်း၊မီးဖိုချောင်နဲ့ထမင်းစားခန်းကို တပြေးညီအုတ်ခင်းကြွေ
ပြားကပ်လိုက်မယ်လို့ဆိုတော့ အရင်လို ဖေစိတ်ကူးနဲ့ဖေ လုပ်လိုက်တာမျိုးမဖြစ်ရအောင် ကျမက
ဂျပန်မှာ သတ်မှတ်ထားတဲ့စံညွှန်းမီဖိုချောင်အမြင့်တွက်နည်းကိုရှာပြီးပြောတာမို့ တလက်စတည်း
ဘော်ချက်လိုက်ပါတယ်ရှင်။

တွက်နည်းကတော့
(အရပ်အရှည် cm) ÷ 2 + 2.5 cm = (စံနှုန်းအမြင့်)

ကျမတကယ်ရေးချင်တာကတော့ ခုတလောဂျပန်မှာဖြစ်ပွားနေသော ကျွန်းပိုင်ဆိုင်မှုပြသနာပါ။
ဒါပေမဲ့ ဖတ်ရမယ့်စာတွေများတာမို့ မရေးနိုင်သေးပါဘူးရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Feb 15, 2012

ရထား၊ကားစသည့်သွားလာရေးအချိန်ဇယားရှာခြင်း

မြို့ကြီးတွေမှာနေသူများအတွက်တော့ရထားဟာအဓိကအကျဆုံး၊အသုံးအများဆုံး၊အဆင်
ပြေအလွယ်ကူအမြန်ဆန်ဆုံး လမ်းပမ်းဆက်သွယ်ရေးစနစ်တမျိုးဖြစ်ပါတယ်။ ရထားလိုင်း
တွေများသလို မြို့ပတ်ရထားယာမနိုတဲလိုင်းကလွဲလို့ အချိန်စာရင်းတွေဟာလည်း အသီး
သီးကွဲပြားတာမို့၊ဖုံးထဲမှာအမြဲရထားထွက်ချိန်ရောက်ချိန်ရှာတဲ့ဆော့ဖ်ဝဲလ်ကိုထည့်ထား
ရပါတယ်။

ဖုံးအင်တာနက်မသုံးသူတွေကတော့ရှာချင်လျှင် ကွန်ပျူတာမှလည်း ရှာဖွေကြည့်နိုင်တဲ့
ဆိုဒ်တွေရှိပါတယ်။

ဂျပန်လိုဘူတာနာမည်ရိုက်ပြီးရှာလျှင်
(ရထား၊ဘတ်စ်ကား၊ကျည်ဆန်ရထား၊ဖယ်ရီသဘောင်္တွေရှာနိုင်ပါတယ်။)

အင်္ဂလိပ်လိုဘူတာနာမည်ရိုက်ပြီးရှာလျှင်
<><><>အောက်ဖော်ပြပါတွေကိုရှာဖွေနိုင်ပါတယ်။
Route
Corp.

အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်


Jan 21, 2012

ဝယ်မယ်ခြမ်းမယ် မာရုအိ

၁လပိုင်းဆိုတာဂျပန်မှာဆောင်းတွင်းအ၀တ်ထည်တွေနှင့်အိတ်၊ဖိနပ်အစရှိတဲ့ဘာမဆိုဝယ်လို့သိပ်ကောင်းတဲ့ရာသီပါပဲ။ ၁၂လပိုင်းနှစ်ကူးဈေးလျှော့ရောင်းတာတွေဟာ၁လ
ပိုင်း၁ရ၇က်နေ့မှာဆိုလျှင် 初売り(hatsu uri)လို့ခေါ်တဲ့ နှစ်ဦးမှာဦးဆုံးစရောင်းတဲ့ပွဲ
တွေလုပ်လေ့ရှိပြီး အထူးသတ်မှတ်ဈေးနှုန်းဖြင့်ကန့်သတ်အရေတွက်အားရောင်းချခြင်း
တွေနှင့်အတူ ဈေးလျှော့အရောင်းပွဲတွေ လုပ်လေ့ရှိတာမို့ တန်းစီနိုင်သူက သက်သာ
စွာဖြင့် ကောင်းတာဝယ်လို့ရတာမျိုးပါ။ ခုလို တဖြည်းဖြည်းနဲ့တလပိုင်းရဲ့နောက်ဆုံး
ရက်သတ္တပါတ်တွေနီးကပ်လာပြီဆိုလျှင်တော့final saleလို့ခေါ်ကြတဲ့နောက်ဆုံးဈေး
လျှော့ရောင်းချနေတာတွေကို ဘယ်ကုန်တိုက်တွေမဆို၊ဘယ်ဆိုင်တွေမဆို အနီရောင်
စာတမ်းတွေတကားကားနဲ့တွေ့မြင်ရမှာပါ။ ဂျပန်ဟာ ရာသီပြောင်းတိုင်း ဈေးလျှော့
ရောင်းပွဲတွေအမြဲရှိတဲ့နိုင်ငံဖြစ်တာမို့ နှစ်ကုန်အရောင်းပွဲတော်တွေဟာ အတန်ဆုံးပါပဲ။

တနေ့က အကောင်းသိပ်ကြိုက်တဲ့ သူငယ်ချင်းအမနှင့်အတူတွေ့ရင်း ဂင်ဇာ(Ginza)
က မာရုအိ ○|○|(marui)လို့ခေါ်တဲ့နာမည်ကျော်ကုန်တိုက်ကြီးကိုအတူသွားကြည့်
ဖြစ်ပါတယ်။ ကုတ်အကျီ င်္တထည်လောက်ကြိုက်တာတွေ့ရင်ဝယ်ရအောင်ကြည့်ရင်း
နှင့်ပါ။ ဒီဇိုင်းဆန်းဆန်းမကြိုက်တာမို့ ကြည့်လို့ကြိုက်တာတွေ့လည်း ဆိုဒ်ကမရှိတာ
တို့၊ ဆိုဒ်တော်ပြန်တော့လည်း ဒီဇိုင်းမှာရွှေရောင်ကြယ်သီးပါတာတို့ အဲလိုနဲ့သူငယ်
ချင်းအမက ကိစ္စရှိလို့အရင်ပြန်သွားတော့ တယောက်တည်းအေးအေးဆေးဆေးပတ်
ကြည့်ရင်း မထင်မှတ်ပဲ အမေ့အတွက် ဈေးတ၀က်ချတဲ့အိတ်ကလေးတလုံးဝယ်ဖြစ်
သွားပါတယ်။ မာရုအိအသင်းဝင်ကဒ်လုပ်မလား ယမ်း၂ထောင်လျှော့ပေးမယ်လို့
အဆွယ်ခံရတော့ ဗီဇာကဒ်ရှိရက်၊ မလိုချင်ငြား၊ Espo က ဗီဇာပဲရှိတာမို့၊ ဒါ့အပြင်
မာရုအိကဒ်နီနီလေးကချစ်စရာမို့ အိတ်ထဲရောင်စုံကဒ်ကလေးတွေနဲ့လှမှာ စိတ်ကူး
ယဉ်မိပြီး ကဒ်လုပ်မိပြန်ရော။ မာရုအိကတော့အတော်မြန်ပါတယ်။ ဖောင်ဖြည့်ပြီး
၁၀မိနစ်ခန့်နှင့်တလခေတ္တသုံးကဒ်လေးချက်ချင်းထုတ်ပေးပါတယ်။ တပါတ်ကြာရင်
ကဒ်အိမ်ပို့မယ်ဆိုပါတယ်။ အိမ်ရောက်တော့သူ့ကိုကြွားတော့ ၂ထောင်များဘယ်
ကဒ်လုပ်လုပ်ရတယ် လို့ဆိုပါတယ်။

နောက်ရက်ရုံးအပြန်လမ်းက ဖက်ရှင်ဆိုင်မှာ အမေရိကားမိတ်အကျီ င်္တထည် ၇ထောင်
ကျော်ခန့်ကို ၇၀ရာခိုင်နှုန်းချတာမို့ အလကားရသလို ၀မ်းသာအားရ၀ယ်လာဖြစ်ပါတယ်။
တရက်ကလည်း မာဖလာတထည်ဈေးတ၀က်ချထားတဲ့ထဲ ကြိုက်တာလေးတွေ့တော့
ဆွဲလာပါသေးတယ်။ အိမ်ရောက်တော့ မာဖလာကြိုက်တာလေးတွေ့လို့ကြည့်ပါဦးလို့
ကြွားတော့ ကြိုက်တဲ့မာဖလာတွေချည်းတွေ့နေပါလားလို့ သူကဆိုပါတယ်။ အဲလိုနဲ့
ဆွဲလာတာ၂ထည်မြောက်မို့ပါ။ ၁လပိုင်းကတော့သတိမထားရင်ရှိတာကုန်မဲ့လပါပဲ။

တကယ်တော့ကျမကဈေးဝယ်သိပ်ဝါသနာပါသူမဟုတ်ပါဘူး။ ကြည့်ရင်းကြိုက်တာ
တွေ့၇င် ဖတ်ခနဲကောက်ဝယ်တာများပါတယ်။ ပြီးတော့ ၅၀ရာခိုင်နှုန်းလောက်ချမှ
မချရင် တချက်ကလေးစောင်းငဲ့ကြည့်ချင်သူတောင်မဟုတ်ပါဘူး။:)၇၀ရာခိုင်နှုန်းခန့်
ဖြင့် ကြိုက်တာတွေ့တော့လဲ ကောက်ဆွဲမိတာပေါ့ရှင်။

ဂနေ့တော့ မာရုအိကမေးလ်လာလို့ဖွင့်ကြည့်တော့final sale ဆိုတော့ ၀ယ်ချင်
သူတွေဝယ်လို့ရအောင်သတင်းပေးပါတယ်။ ကျမလဲသွားချင်ပေမဲ့ မိုးရွာတာရော၊
တောက်လျှောက်အလုပ်တွေခေါင်းမဖော်နိုင်ပဲ ခုမှအားလို့နားချင်တာရော၊အိမ်ကလက်
ကျန်သန့်ရှင်းရေးလုပ်ချင်တာရောမို့ ဂနေ့တော့မသွားနိုင်ပါဘူး။

Marui Final Sales
Marui Special 4 days Sales 20, Jan ~ 23, Jan, 2012.

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Jan 15, 2012

မညာပါနဲ့ (ဂျပန်ဗီဇာ)

တခြားနိုင်ငံတွေတော့မသိဘူးရှင်။ ဂျပန်မှာတော့ဗီဇာ(status)အနေထားကွာခြားမှုက
အတော်များပါတယ်။ကျောင်းသားဗီဇာဖြင့်ကျောင်းတက်နေသောကျောင်းသူကျောင်းသား
များ၊ အလုပ်ဗီဇာသမားများ၊ဂျပန်အစိုးရထောက်ပံ့သည့်ပညာတော်သင်များ၊ အိမ်ထောင်
သည်(မှီခိုများ)၊ အမြဲတမ်းနေထိုင်ခွင့်နှင့်ဂျပန်နိုင်ငံသားဗီဇာများစသဖြင့်ပါ။ ဒီဆောင်းပါး
မှာတော့ ဗီဇာတွေအကြောင်းပွင့်ပွင့်လင်းလင်းပဲရေးသွားဖို့စိတ်ကူးပါတယ်။

မြန်မာနိုင်ငံသားများအားကိုယ်စားပြုသော မြန်မာဟူသည့်စကားလုံးအားသုံးစွဲရေးသား
သွားပါမည်။

ခင်မင်ရင်းနှီးသူအချင်းချင်းကတော့ ဘာဗီဇာနဲ့နေနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း
မေးလေ့ရှိပါတယ်။ သိတဲ့အတိုင်းဂျပန်ဟာ ဗီဇာခက်ခဲသောနိုင်ငံဖြစ်တာမို့ အချင်းချင်း
မေးမြန်းလေ့ရှိသလို၊ဗဟုသုတလည်းဖလှယ်လေ့ရှိပါတယ်။

ကျမကြားဖူးသော ဟိုးယခင်က ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအဖို့သိပ်ပျော်ဖို့
ကောင်းတယ်လို့ဆိုပါတယ်။ ထိုစဉ်ကဆိုလျှင် ငွေဈေးကလည်း အတော်ကွာဟတာမို့
ဂျပန်နိုင်ငံတွင်အလုပ်လုပ်သူများ အတော်ပဲစုမိဆောင်းမိရှိပါတယ်။ ယင်းအပြင် ဗီဇာ
သက်တမ်းလွန်ဖြင့်နေထိုင်သော မြန်မာတွေဟာလည်း အလွန်များပြားသောခေတ်ဖြစ်
ခဲ့ပါတယ်။ဂျပန်လူမျိုးတွေဟာအခြေခံအားဖြင့်ကျင့်ဝတ်နှင့်အကျင့်စာရိတ္တ(manner
& character)ကို အလွန်အလေးထားထိန်းသိမ်းပြီး၊ အလုပ်အလွန်လုပ်သူများဖြစ်ကာ
နှိမ့်ချကူညီတတ်သောဓလေ့ရှိတာမို့ ထိုစဉ်က ဗီဇာရက်လွန်နေထိုင်သူများသည် အ
လွန် ချောင်ချိသည်ဟုဆိုပါသည်။ အရက်မူးကာ လမ်းဘေးလဲလျှင် ဂျပန်ရဲက အိမ်တိုင်
ယာရောက် လိုက်ပို့ပေးသည့်ခေတ်ဖြစ်ခဲ့ပါသည်။ သို့ငြား ဂျပန်သည် အဖွဲ့အစည်း
စနစ်ကိုအလေးပေးသည့် အထက်အောက် သြဇာလွှမ်းမိုးမှုကြီးမားသည့်နိုင်ငံလည်း
ဖြစ်တာမို့ တဆက်တည်းမှာပင် ကြီးနိုင်ငယ်ညှဉ်း အောက်ကလူကိုနိုင်တတ်သောဓလေ့
ကိုလည်း ပညာမဲ့လူတန်းစားတွင် အတွေ့များလေ့ရှိပါသည်။ သို့ငြားခြုံ၍ဆိုရသော်
ကြင်နာသဘောကောင်းသူတွေများသည့်နိုင်ငံမို့ နေပျော်သည့်နိုင်ငံဖြစ်ပါသည်။

ယခင်ကဆိုလို့ နိုင်ငံတွင်း လူငယ်ဦးရေနည်းသည်မို့ လုပ်သားအင်အားလည်းနည်းပါး
သည့်နိုင်ငံအဖြစ် နိုင်ငံခြားသားအလုပ်သမားတွေကို ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီဖြင့်မသိ
ကျိုးကျွံပြုကာအနေချောင်ခဲ့သည်။ သို့ငြားနိုင်ငံခြားသားမှကျူးလွန်သောလူမဆန်သည့်
ရာဇ၀တ်မှုတွေများပြားလာသောအခါ၊ နဂိုမူလ မျိုးချစ်စိတ်ကြီးမားသောလူမျိုးဖြစ်သည်
နှင့်အညီ တဖြည်းဖြည်း နိုင်ငံတွင်းတွင် တရားမ၀င်နေထိုင်မှုများပပျောက်ရေးနှင့်နိုင်ငံ
ခြားသားများကို စာရင်းအင်းဖြင့်စနစ်တကျ ကိုင်တွယ်ထိန်းချုပ်ရန်ကြိုးပမ်းလာမှုနှင့်အ
တူ တရားမ၀င်နေထိုင်ခြင်းအား တင်းကျပ်စွာစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဇာတိနိုင်ငံအား
ပြန်ပို့ခြင်းစတာတွေအပြင် ပြည်ဝင်ခွင့်ဗီဇာကိုလည်း တင်းကျပ်စွာစစ်ဆေးပြီးမှသာဝင်
ခွင့်ပြုလာသည်ကိုတွေ့ရသည်။

ထို့ကြောင့် လက်ရှိဂျပန်နိုင်ငံတွင် တရားမ၀င်နေထိုင်သူသည် မရှိသလောက်နည်းပါးလာ
ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲများ၊ ရုန်းယင်းဆန်ခတ်မှုများစသည့်
နိုင်ငံရေးနှင့်ပြည်တွင်းရေးမတည်မငြိမ်ဖြစ်မှုနှင့်အတူ ဂျပန်နိုင်ငံတွင်လည်း ဒုက္ခသည်ဗီဇာ
လျှောက်ထားကာ နေထိုင်သော မြန်မာတွေလည်းများပြားလာသည်ကိုတွေ့ရသည်။
အကြောင်းရင်းမှာ ဂျပန်နိုင်ငံ အထူးသဖြင့်တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် စားဝတ်နေရေး
စရိတ်ဈေးကြီးသည့်ထိပ်ဆုံးမြို့များတွင်တမြို့အပါဝင်ဖြစ်သည်။ ကျောင်းလခများလည်း
ဈေးကြီးသည်။ တနှစ်စာကျောင်းလခသည် မြန်မာငွေဖြင့်သိန်းတရာဝန်းကျင်ဖြစ်တာမို့
ကျောင်းသားများရော၊ ၃လအလည်ဗီဇာဖြင့်လာလည်ကြသူများရော နိုင်ငံရေးဒုက္ခသည်
ခိုလှုံခွင့်လျှောက်ထားသူတွေများလာခြင်းပင်ဖြစ်သည်။ ဒုက္ခသည်လျှောက်ထားရာတွင်
ဒုက္ခသည်ဗီဇာရရှိဖို့ရာ ရေပန်းအစားဆုံးအလုပ်တခုမှာဆန္ဒပြပွဲများသွားရောက်ဆင်နွှဲခြင်း
ယင်းကိုဓါတ်ပုံများရိုက်ကူးခြင်းစသည်တို့ဖြစ်ပေသည်။

ယခင်က တရုတ်၊ကိုရီးယား၊ထိုင်းလူမျိုးတို့ကိုအလုပ်ခေါ်ကြော်ငြာများတွင်တွေ့ရသ
လောက် မြင်ရခဲသောမြန်မာနိုင်ငံသားဖြစ်ခဲ့ငြား၊ ယခုလတ်တလောတွင်မတော့ မြန်မာ
နိုင်ငံဧ။်အပြောင်းအလဲသတင်းတွေနှင့်အတူ မြန်မာနိုင်ငံသားအချို့အလုပ်ရသည့်သတင်း
များကို ရံဖန်ရံခါဆိုသလိုကြားလာရပါသည်။ မြန်မာပြည်သည် ဤပုံစံအတိုင်းသာ မပြောင်း
မလဲ၊ ဖောက်ပြန်နောက်ဆုတ်ခြင်းမရှိပဲ ဒီမိုကရေစီနိုင်ငံဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းသွား
ပါလျှင် မြန်မာနိုင်ငံသားတွေအဖို့ အလုပ်အကိုင်တွေတိုးပွားလာဦးမည်ကိုခန့်မှန်းရပါသည်။

လတ်တလော ဂျပန်နိုင်ငံသည် ငလျှင်ဒါဏ်ဖြင့်စက်ရုံအလုပ်ရုံအများစု ပျက်ဆီးဆုံးရှုံးခဲ့ရ
သည့်အပြင် ထိုင်းနိုင်ငံရေကြီးမှုကြောင့် စက်ရုံအများစုအထိနာခဲ့ရပါသည်။ ယင်းအပြင်
ဒေါ်လာဈေးကျမှု၊ ယမ်းငွေတန်ဖိုးမာမှုနှင့် ဂျပန်နိုင်ငံတွင်းရှိ လုပ်သားစရိတ် ကြီးမြင့်မှု
ကြောင့်ဂျပန်နိုင်ငံတွင်းထုတ်လုပ်သည့်ကုန်စည်များသည် နိုင်ငံခြားဈေးကွက်တွင် ရောင်း
ရလျှင် ရောင်းရသလောက် အရှုံးပေါ်သည့် ပြဿနာနှင့်ရင်ဆိုင်နေရပေသည်။ထို့ကြောင့်
လုပ်သားစရိတ်နည်းပါးပြီး၊ အခြေခံအားဖြင့် ကြင်နာကြသည်ဟု ဂျပန်အများစုကသုံးသပ်
သော၊ ရေမြေအနေထားကောင်းမွန်သော မြန်မာနိုင်ငံကို ဂျပန်လုပ်ငန်းရှင်များက စိတ်ဝင်
စား အာရုံစိုက်မှုများ များပြားလာသည်ကို တွေ့ရပါသည်။

ကျမလည်းမြန်မာနိုင်ငံသားတဦးပေမို့ လူတွေကိုယ်စီကိုယ်စီ အကြောင်းကိုယ်စီရှိတာမို့
ကိုယ်ချင်းစာသလို၊ဘာဗီဇာဖြင့်နေသလဲဆိုတာထက်စာရိတ္တနှင့်ကျင့်ဝတ်ကိုအလေးထား
ကာ ပေါင်းသင်းဆက်ဆံသူမို့ ပေါင်းသင်းဆက်ဆံရေးမှာ သူငယ်ချင်းကဘာဗီဇာဆိုတာကို
စိတ်ထဲမထားတတ်ပါဘူး။ အထူးသဖြင့် ပိုလို့တောင်သတိထားပြီးအလေးပေးဆက်ဆံပါ
တယ်။ ဂျပန်မှာ ဗီဇာကောင်းကောင်းရထားလျှင် ဆရာကြီးစတိုင်နှင့်ငါလိုလူဇဗ(ဗ)ူမှာမရှိ
ဟူသော လူအချို့လည်းတွေ့ဖူးပါသည်။ ထို့ကြောင့် ခပ်တည်တည်နှင့်ညာသူတွေလည်း
ရှိလာခြင်းဖြစ်ပါလိမ့်မည်။ သို့ငြား ကျမသူငယ်ချင်းတွေကိုတော့ ကျမကိုမညာစေလိုပါဘူး
ရှင်။

အားလုံးကိုယ်ရောစိတ်ပါကျမ်းမာချမ်းသာကြပါစေရှင်


Jan 11, 2012

လက်ကိုင်ဖုံးတွေအလကားရမယ်

ခုတလော မြန်မာပြည်ကသတင်းတွေထဲ ဖုံးကဒ်ကို ၅ထောင်နဲ့ရောင်းပေးမယ်ဆိုတဲ့ ကုမ္ပ
ဏီတခုရဲ့ ကြေငြာစကား၊ ၅ထောင်တန်ကဒ်ဖုံးတွေ တကယ်သုံးလာနိုင်မလား၊ ဖြစ်နိုင်ချေ
ရှိသလား၊မရှိဘူးလားဆိုတာတွေအမျိုးမျိုးဖတ်ရတော့ ဂျပန်ကလက်ကိုင်ဖုံးတွေအကြောင်း
ရေးဖြစ်သွားပါတယ်။

ဂျပန်မှာ ကျမသိသရွေ့တော့ အဓိကဖုံးကုမ္ပဏီ ၄ခုရှိပြီး Softbank, Au, Docomo &
Willcomတို့ဖြစ်ပါတယ်။ လိုင်းအကောင်းဆုံးကတော့ Docomo နှင့် Au ဖြစ်တယ်လို့
ဆိုပါတယ်။ လိုင်းဘာကြောင့်ကောင်းသလဲဆိုလျှင်တော့ နိုင်ငံအနှံ့ဖုံးလိုင်းတာဝါတိုင်
တွေများများထောင်ထားနိုင်လို့ပါ။ 

ကျမကိုယ်တွေ့ကြုံဖူးတာကတော့ဂျပန်သို့ကျောင်းလာတက်စ ၂၀၀၆ခုနှစ်ခန့်က စသုံး
ခဲ့တာ AU ဖြစ်ပါတယ်။ ထိုစဉ်က Softbank က နောက်ပိုင်းပေါ်လာတဲ့ကုမ္ပဏီဖြစ်တာမို့
ဈေးလဲသက်သာသော AUမှဖုံးကို ကိုလူတွေအသုံးများခဲ့ကြပါတယ်။ လိုင်းလဲမိပါတယ်။
ဂျပန်တွေအများစုကတော့လိုင်းအကောင်းဆုံးလို့ဆိုရမယ့် Docomoကိုသုံးတာတွေ့ရပါ
တယ်။ ထိုစဉ်ကသူငယ်ချင်းတွေကြား Softbankသုံးသူတွေလဲရှိခဲ့ပြီး ကျမတို့အချိန်ပိုင်း
အလုပ်လုပ်စဉ် ဆိုင်အတွင်းထဲမှာဆိုလျှင် လိုင်းမမိတတ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။

သို့ငြား မကြာခင်ပဲ Softbank ဖုံးကိုင်ဆောင်သူအချင်းချင်းဖုံးပြောဆိုခကို ညကိုးနာရီမှ
မနက်၁နာရီထိကလွဲ၍ ကျန်အချိန်များကို ဖုံးပြောခ အခမဲ့အဖြစ် ၀န်ဆောင်မှုကိုစတင်
လိုက်သောအခါ လူအများစုက Softbankကုမ္ပဏီမှဖုံးတွေကို ပြောင်းသုံးကုန်ကြသည်။
သုံးခါစမှာ လိုင်းမမိတာမျိုးကြုံလို့စိတ်ညစ်ခဲ့ရလည်း မကြာမီပင် သုံးသူများသလိုအမြတ်
များကာ တာဝါတိုင်တွေလည်းတိုးလာကာ လိုင်းတွေလည်း မိလာပါသည်။ ယင်းနောက်
အိုင်ဖုံးရောင်းချခွင့်ကို ယင်းSoftbankကုမ္ပဏီမှ မူပိုင်ခွင့်ရသွားသောအခါ အိုင်ဖုံးဧ။်
ကြော်ကြားအောင်မြင်မှုနှင့်အတူ Softbankဖုံးသုံးသူတွေလည်း ပိုတိုးလာပါသည်။

ယခုနှစ်တွင်မတော့ မူပိုင်ရောင်းချခွင့် စာချုပ်နှစ်ပြည့်သွားတာမို့ အိုင်ဖုံးမှ ဂျပန်ပြည်
တွင်း Softbankကုမ္ပဏီတခုတည်းသာမက AUကုမ္ပဏီကိုပါ ရောင်းချခွင့်ပြုလိုက်သော
အခါ အိုင်ဖုံးဈေးကွက်ကို အပြိုင်အဆိုင်လုဖို့ရာ ဂျပန်မှာ အိုင်ဖုံးနှင့်အိုင်ပတ်တွေဟာ
ဈေးတွေလျှော့သထက်လျှော့၊ လက်ဆောင်တွေပေးဖြင့် အိုင်ပတ်ဆိုလျှင် လက်ငင်း
ငွေချေဝယ်သည်ထက်ပင် လပေးဖြင့် ၂၄လသုံးပေးသည့်စနစ်က ပိုသက်သာလာတာ
တွေ့ရပါသည်။

စာချုပ်စနစ်
စာချူပ်ချူပ်ရာတွင် ကုမ္ပဏီတွေအနေဖြင့် ရိုးရိုးစာချူပ်ချူပ်လျှင် သုံးစွဲသူမှ သုံးစွဲမှုကို
ရပ်နားလိုသောအချိန်တွင်ရပ်နားပစ်လိုက်နိုင်ပြီး၊ အခြားကုမ္ပဏီဖုံးကိုအချိန်မရွေးပြောင်း
သုံးနိုင်မည်ဖြစ်သည်။မိမိတို့ဖုံးလိုင်းကို၂နှစ်သုံးပါမည်ဟူ၍စာချူပ်ချူပ်ပေးလျှင်၂နှစ်တာ
လစဉ်ဖုံးသုံးစွဲခကို ရရှိမည်ဖြစ်သည်။ ဤသည်က ဖုံးခွံတွေကို ဇီးရိုးယမ်း(အခမဲ့)ဖြင့်
ပေးသောဝန်ဆောင်မှုစနစ်ပေါ်လာခြင်းဧ။် အစပင်ဖြစ်တော့သည်။

ဖုံးခွံကိုပုဒ်ပြတ်ဝယ်လျှင်မည်မျှကျသင့်မည်၊ လစဉ်အရစ်ကျချေလျှင်တလမည်မျှကျသင့်
မည် ဟူသော ဖုံးတွေရှိသလို၊ ဖုံးခွံဖိုး အခမဲ့(ဇီးရိုးယမ်း)ဖြင့် ၀န်ဆောင်မှုပေးပါမည်။(သို့)
၂၄လခွဲကာ တလမည်မျှကျသင့်မည်။ ယင်းအပြင် လစဉ်ကျသင့်ငွေမှ ဈေးလျှော့၊ငွေ
ပြန်အမ်းပါမည် ဟူသော ၀န်ဆောင်မှုတွေဖြင့် သုံးစွဲသူမှ၂နှစ်သုံးစွဲပေးပါမည်ဟူသော
စာချူပ်ကိုချူပ်ချင်လာအောင် ကုမ္ပဏီတွေမှအပြိုင်အဆိုင် ပြုလုပ်လာကြပါတော့သည်။
ယင်းအပြင် ဂျပန်သည်နည်းပညာတိုးတက်သောနိုင်ငံပီပီ တနှစ်တွင် ရာသီလေးမျိုးရှိရာ
ရာသီတိုင်း ဖုံးဒီဇိုင်းသစ်တွေ ထွက်ရှိတာမို့၊ တနှစ်ကျော်သွားလျှင်ပဲ ဇီးရိုးယမ်းဖြင့်သုံး
နိုင်သွားသော နိုင်ငံဖြစ်ပေရာ စားသုံးသူတွေအတွက် ကျေနပ်ဖွယ်ဖြစ်ပါသည်။

ကျမအနေဖြင့်ကတော့ နိုင်ငံတဖြည်းဖြည်းတိုးတက်လာတာနှင့်အမျှ  ၅ထောင်မဆို
ထားနှင့်၊ ဂျပန်လို ဖုံးခွံတွေ လက်ဆောင်တွေ အလကားပေးရုံတင်မက၊ မနက်၁နာရီမှ
ညကိုးနာရီထိ ကုမ္ပဏီတူဖုံးအချင်းချင်း ဆက်သွယ်ခေါ်ဆိုခအခမဲ့ဆိုတာတွေပါပေါ်လာ
ဦးမှာမို့ မဖြစ်လာနိုင်ဘူးဆိုတာမရှိဘူးလို့ထင်ပါတယ်။ သို့ငြား လိုင်းတွေအမြဲကျပ်နေတဲ့
မြန်မာနိုင်ငံအနေဖြင့်ကတော့ လုံလောက်တဲ့အရင်းနှီးနှင့် ဆက်သွယ်ရေးတာဝါတိုင်တွေ
တည်ဆောက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာတွေ စသဖြင့် အချိန်တခုတော့ လိုဦးမည်ဟု
ယူဆရင်း အနာဂတ်ကိုမှန်းဆကာ ကြည်နူးမိပါသည်။

ဖုံးခွံဖိုး ဇီးရိုးယမ်း (အခမဲ့)ဖြင့်သုံးစွဲနိုင်သောဖုံးတွေကို ဤနေရာ နှင့် မှာနမူနာသွား
ကြည့်နိုင်ပါတယ်ရှင်။


မြန်မာပြည်သူတွေ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေရှင်


Nov 6, 2011

ဂျပန်မှာ ဖုံးလုပ်လျှင် (၁)

ကျမလက်ရှိသုံးနေတဲ့အိုင်ဖုံးလေးက ဦးဆုံးထွက်ခဲ့တဲ့မော်ဒယ်လ်အဟောင်းလေးဖြစ်ပြီး
၂၀၀၉ခုနှစ်၃လပိုင်းလောက်မှာ စလုပ်ခဲ့တာပါ။ ခုတလော ဖုံးအသစ်တွေကလည်းအမျိုး
မျိုးပေါ်လာတာမို့ ဖုံးအသစ်လုပ်ဖို့စိတ်ကူးပြီး ဖုံးတွေကို စုံစမ်းမိပါတယ်။

ဂျပန်ဖုံးကုမ္ပဏီတွေမှာ ဖုံးလုပ်တဲ့အခါ ဖုံးခွံကိုပုတ်ပြတ်ဝယ်လျှင် ဘယ်လောက်(ကာလ)
သုံးစွဲရမယ်ဆိုတာ မရှိတာပေမယ့် ပုတ်ပြတ် တလုံးတည်းမပေးချင်လျှင် လစဉ်ခွဲပေးသွား
လို့ရတဲ့စနစ်ရှိပါတယ်။ ယင်းကိုသုံးလျှင်တော့၂နှစ်တာစာချုပ်ဖြင့်ယင်းကုမ္ပဏီမှဖုံးလိုင်း
ကို သုံးစွဲရမည်ဖြစ်ပါတယ်။ (၂နှစ်စာချုပ်ဖြင့်သုံးပြီး၊ ၂နှစ်မပြည့်ခင်တခြားဖုံးလိုင်းပြောင်း
လျှင်တော့ ကျန်ရှိတဲ့ဖုံးခွံဖိုးနှင့် စာချူပ်ဖောက်ဖျက်ခ စတာတွေပေးလျှော်ရပါတယ်။)

၂နှစ်ပြည့်သွားလျှင် အလိုလို၂နှစ်သက်တမ်းတိုးသွားတာရယ်ပါ။ သို့ပေမဲ့ ဖုံးကုမ္ပဏီ
ပြောင်းချင်လျှင် ချက်ချင်းပြောင်းလို့ရပြီး၊ ဘာကြေးမှဆောင်စရာမလိုပါဘူး။တခုအကြံပေး
ချင်တာကတော့ ၂နှစ်ပြည့်သွားပြီး နောက်ထပ်ဖုံးအသစ်လည်းမ၀ယ်ချင်ဘူး၊ ဖုံးကုမ္ပဏီ
အသစ်ကိုလိုင်းပြောင်းသုံးဖို့အစီစဉ်မရှိဘူးဆိုလျှင်တောင် ဇီးရိုးယမ်းဖြင့်လဲလို့ရတဲ့ဖုံးခွံ
ကိုလဲလို့ရပါတယ်။ ဒါဆိုလျှင် တပြားမှအပိုမကုန်ပဲ ဖုံးခွံအသစ်တခု ထပ်ရမှာပါ။ သို့ငြား
၂နှစ်သုံးပါ့မယ်ဆိုတဲ့ သက်တမ်းတိုးစာချူပ်ထပ်ချူပ်ရပြီး၊ ဖုံးခွံကလည်းဇီးရိုးယမ်းကျသင့်
တဲ့ဖုံးခွံကိုရွေးချယ်ရမှာဖြစ်ပါတယ်။

နောက်တခုကတော့ ကျမအိုင်ဖုံးကို အမျိုးသားအမည်ဖြင့် လုပ်ထားတာမို့ ကျမက
ဖုံးလဲတဲ့အခါ မိမိအမည်ဖြင့်လဲလိုက်လျှင် နောင်ဘာကိစ္စရှိရှိ၊သူ့ကိုဆွဲခေါ်ရတဲ့အလုပ်ရှုပ်
သက်သာတာမို့ လဲဖို့စိတ်ကူးပြီး မေးကြည့်တဲ့အခါ၊
အမည်ပေါက်ကာယကံရှင်ကိုယ်တိုင်မဟုတ်လျှင် ကျမကဇနီးဖြစ်လည်း ဖုံးလိုင်းပိတ်ခြင်း
ပြောင်းခြင်း ဘာမှလုပ်လို့မရပါဘူး။ ကိုယ်စားလှယ်လွှဲစာယူလာရပြီး ကာယကံရှင်ကိုလည်း
ဖုံးဖြင့်တိုက်ရိုက်ဆက်သွယ်ကာ ဖုံးရဲ့အကောင့်ရဲ့ paswordတွေဘာတွေမေးမြန်းတာဖြစ်
ပါတယ်။

နောက်တခုက သူနှင့်ကျမဖုံးဖိုးကျသင့်ငွေကို ခရတ်ဒစ်ကဒ်ဖြင့်သူ့ဘဏ်ထဲက အလိုလို
နှုတ်သွားသော စနစ်ကိုသုံးတာရယ်၊ မိသားစုစနစ်ဖြင့် ဖုံးတွေကို စာချူပ်ထားတာရယ်
ကြောင့်  သူအလုပ်ကပြန်လာတော့ နှစ်ဦးသားဆိုင်ကိုသွားကြည့်ရင်း ကျမနှစ်သက်မိ
တဲ့ ဖုံးအမျိုးအစားကို သူနှင့်အတူကြည့်ရင်း တညတော့ အိမ်မှာအေးအေးဆေးဆေးရွေး
မယ်ဆိုပြီး ဖုံးကတ်တလောက်စာအုပ်ယူပြီးပြန်လာပါတယ်။

ဖုံးလုပ်လျှင် အများစုက ဖုံးဆိုင်သွားပြီးကြည့်ပြီး ရွေးချယ်ကြတာများပါတယ။် ဖုံးဆိုင်က
ဝန်ထမ်းအနေဖြင့်လည်း လူတိုင်းကိုရှင်းပြရတာမျိုးဖြစ်တော့ အသေးစိတ် ရှင်းပြတာ
နည်းပါတယ်။  အဲသည့်မှာ တခုအကြံပေးချင်တာကတော့
(၁)ကတ်တလောက်စာအုပ်သွားယူလာပြီး အိမ်မှာအေးဆေးကြည့်တာကောင်းပါတယ်။
ဂျပန်လိုကျွမ်းကျင်သူတွေအတွက်ကအကြံပေးစရာမလိုပေမဲ့ဂျပန်စာသိပ်မကျွမ်းကျင်သူ
ဖြစ်လျှင် ဖုံးပုံဘေးမှာအောက်ဖော်ပြပါ လေးထောင့်ဇယားရှိပြီး၊ ဖုံးရဲ့ဖန်ရှင်(စွမ်းဆောင်
ရည်)တွေကို ဖော်ပြထားပါတယ်။ မှိန်နေတဲ့စာသားနှင့်ဖန်ရှင်ဟာမပါဘူးလို့ဆိုပါတယ်။
အောက်ကပုံက smart phoneတမျိုးကိုနမူနာပြထားတာပါ။

Plat Form အမျိုးအစား        Flashသုံး၍ရမရ                 Wifiသုံး၍ရမရ           
TV ကြည့်၍ရမရ               ဖုံးဖြင့်ငွေချေစနစ်သုံးခြင်း     Int'l သုံး၍ရမရ   
Screenအရွယ်၊အမျိုးအစား   Cameraရဲ့ပုံထွက်ပမာဏ      ကဒ်သုံး၍ရမရ          

GPS ပါမပါ
3G Highspeed
bluetoothသုံး၍ရမရ

ဒါနမူနာဖြစ်ပြီး တခြားအမျိုးအစားတွေမှာ ရေစိုခံ 防水 ဖြစ်မဖြစ်၊
3D ဓါတ်ပုံရိုက်၍ရမရ ၊ ငလျှင်သတိပေးစနစ် ပါမပါ၊
デコメール ပုံအလှများဖြင့်အီးမေးလ်ပို့၍ရမရ၊ စသဖြင့် နားလည်လွယ်အောင် ဇယား
ပါရှိတတ်တာမို့ ဇယားတွေအချင်းချင်း ယှဉ်ကြည့်လျှင် ရွေးချယ်ရအလွန်လွယ်ကူပါတယ်။
သို့ငြား ကတ်တလောက်စာအုပ်မှာဈေးနှုန်းမပါတတ်ပါဘူး။ ဇီးရိုးယမ်းဖြင့် ဖုံးခွံဖိုးတပြား
မျှ ပေးစရာမလိုပဲ လုပ်၍ရသောဖုံးတွေရှိသလို ဖုံးခွံဖိုး၊ လစဉ်ကြေး စသည်တို့ဖြင့် အရစ်
ကျပေးစနစ် သို့ တလုံးတည်းပုဒ်ပြတ်ပေးစနစ်ကို မိမိနှစ်သက်သလိုရွေးချယ်ပြီး တလ
မည်မျှကျသင့်သည်ကိုတော့ ဖုံးကုမ္ပဏီရဲ့ဆိုဒ်ထဲမှာသွားတွက်ချက်နိုင်ပါတယ်။
ဒါဆိုလျှင် ဖုံးဆိုင်ရောက်တဲ့အခါ မိမိပြုလုပ်မည့်ဖုံးရဲ့မော်ဒယ်လ်နံပါတ်ကိုပြောပြလိုက်ရုံ
ပါပဲ။

ကျမက Softbank ကိုနမူနာအနေဖြင့်ရေးသားသွားမှာပါ။
မိမိနှစ်သက်တဲ့ဖုံးကိုဦးစွာရွေးချယ်ပြီးမှ ကျသင့်ငွေတွက်ရအဆင်ပြေတာမို့
၁။ဒီနေရာမှာ ဖုံးဒီဇိုင်းတွေ ပုံကြည့်ရွေးနိုင်ပါတယ်။
3G
iPhone
Smart Phone


နောက်မှပဲ ဂျပန်မှာခေတ်စားနေတဲ့ အသုံးများတဲ့ဖုံးများအကြောင်း အညွှန်းထပ်ရေး
ပါဦးမယ်

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


May 19, 2011

ဂျပန်က ဘုရားကြီး ကမာကူရ

ဂျပန်အခေါ်တော့ 鎌倉大仏 လို့ခေါ်သော ကမာကူရဘုရားကြီးဟာ ဂျပန်ရောက် မြန်မာ
တွေကြား မသိသူမရှိ ဂုဏ်သတင်းကျော်ကြားပါတယ်။ တိုကျိုရောက်လျှင်ကမာကူရတော့
သွားဖူးရပါမှ။
ဗုဒ္ဓဘာသာလို့ ဆိုငြား နတ်ကျောင်းတွေများသော ဂျပန်ပြည်မှာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်မှန်
ယုံကြည်စွာကိုးကွယ်ကြတာလည်း နည်းပါးတာတွေ့ရှိရပါတယ်။ သည့်အတွက် ဗုဒ္ဓဘာသာ
ကို လေးနက်စွာယုံကြည်ပြီး ရုပ်ပွားတော်ကို တရိုတသေ ကိုးကွယ်လေ့ရှိသော မြန်မာတွေ
အတွက်ကတော့ ကမာကူရဟာ ရွှေတိဂုံစေတီအစား သွားရောက်ဖူးမြော်ကန်တော့ကြရာ
အထင်ရှားဆုံး ဘုရားဆင်းတုကြီးတစ်ဆူဖြစ်နေတာလို့ မှန်းဆရပါတယ်။

မြန်မာပြည်က အချို့သူတွေပြောလေ့ရှိတာကတော့ ကမာကူရပုံတော် သို့ ဆင်းတုတော်
အိမ်ကြွလာရင် ဂျပန်သွားရတတ်တယ်လို့ ပြောလေ့ရှိပါတယ်။ မယုံရင်ပုံပြင်မှတ်ပါလို့ မိမိ
ကိုယ်တွေ့အတွေ့ကြုံပြောရမယ်ဆိုရင်ဖြင့် ဂျပန်ကျောင်းသွားတက်ခါနီး မိတ်ဆွေတဦးရဲ့
ဇနီးကျောင်းဆရာမက ပညာသင်သွားရင်းပြန်လာတော့ ယူလာတဲ့ကမာကူရဘုရားဓါတ်ပုံ
မိမိကိုပေးခဲ့ပါတယ်။ ၂၀၀၆ခုနှစ်လောက်ကတိုကျိုကိုကျောင်းပြောင်းဖို့လာရင်း ကျောင်းရှာ
ရင်း အဆင်မပြေတာတွေများတဲ့အချိန်မှာကမာကူရဘုရားကြီးသွားဖူးရင်းဂျပန်မှာပညာရေး
နှင့်ရည်မှန်းချက်တွေအဆင်ပြေအောင်မြင်ပြီး၊အလုပ်ဗီဇာအတည်တကျရပါစေလို့ဆုပန်ခဲ့
ဖူးပါတယ်။ ၂၀၀၇ ကျောင်းပြောင်းဖို့ အဆင်မပြေလို့ ပြန်ဖို့ဆုံးဖြတ်ပြီး ပြန်တဲ့အခါ ဂျပန်
ကို ပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အင်္ဂလိပ်စာ စလုပ်နေတဲ့အချိန်မှာမှ သျှောင်
နောက်ဆံထုံးပါပြီး ဂျပန်မှာပြန်အခြေချဖို့ဖြစ်လာရပြန်ပါတယ်။ ဗီဇာကလည်းအလွန်လွယ်
ပါတယ်။ လျှောက်ပြီး ၃ပါတ်ဖြင့် ဦးဆုံးစရပြီး သက်တမ်းတိုးတာတွေကလည်း အထစ်အငေါ့
မရှိပါဘူး။ဥပဒ်ဒါန်ကြောင့်ဥပဒ်ဖြစ် ဆိုတဲ့ဆန့်ကျင်ဘက်စကားပုံရှိငြားစိတ်ထင်တာလည်း
ဖြစ်ချင်ဖြစ်မှာလို့ တွေးမိပေမဲ့ မိမိလည်း ကမာကူရဘုရားကြီးကို တရိုတသေ စိတ်ထား
ထားရှိပါတယ်။

ရောက်လာတော့သွားဖူးချင်ဖို့ပူဆာလို့သွားကြတဲ့အခါ ဘုရားဝင်းထဲကလက်ဆောင်တွေ
ရောင်းတဲ့ဆိုင်မှာ ဆင်းတုတော်လေးတွေ ၀ယ်ဖို့လုပ်တဲ့အခါ ဆင်းတုတော်တွေကို အမှတ်
တရ အရုပ်ကလေးတွေလို သဘောထားတဲ့ ဂျပန်ဓလေ့ကို အမှတ်မထင် သတိပြုမိပါတယ်။
ပိုအံ့သြရတာကတော့ ဘုရားပုံ ပဲသွပ်မုန့်တွေ၊ သကြားလုံးတွေ စသဖြင့် ရောင်းနေကြတာ
တွေ့ရခြင်းပါပဲ။ မြန်မာအယူအဆအရတော့ ဘယ်လိုမှလက်ခံနှစ်မြို့နိုင်ဖွယ်မရှိပေမဲ့ ဆိုင်
တွေက ဘုရားပုံမုန့်အမျိုးမျိုးကိုကြည့်ရင်း မှင်သက်မိပါတယ်။




နိုင်ငံတွေလူမျိုးတွေကွာသလို၊ဓလေ့တွေအယူအဆတွေလည်းကွာခြားတာကိုခံစားမိပါတယ်။
မြန်မာပြည်မှာသာအဲလိုလုပ်ရင် တအားစိတ်ဆိုးခံရမှာလို့တွေးလိုက်မိတဲ့အခါ သွယ်ဝိုက်ကာ
ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနှင့်ဆက်စပ်ပြီး စဉ်းစားမိပါတယ်။ သူတို့တွေအနေဖြင့်တော့ ဗုဒ္ဓ
ဘာသာကို စော်ကားလိုစိတ်မရှိပေမဲ့ ဓလေ့တွေကွာသလို တန်ဖိုးထားမှုလည်းကွာဟခြင်း
ဟာ တခါတရံ ဘယ်သူမှသတိမပြုမိလိုက်ပဲ အန္တရာယ်ကြီးသွားစေတတ်တာ တွေးမိပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဟာ လွယ်မယောင်ခက် တိမ်မယောင်ဖြင့် နက်လှပါတယ်။
အမြင်မတူတာတွေ ကွဲလွဲတာတွေ သဘောထားမညီညွတ်တာတွေ ရှိလာတဲ့အခါမှာ
တဖက်နှင့်တဖက် အပြန်လှန်အသိမှတ်ပြုခြင်း နားလည်ခြင်း စာနာခြင်း ခွင့်လွှတ်ခြင်း
တွေဖြင့်ပဲ ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မယ်လို့ အမှတ်မထင် ဆိုင်ဆိုင်မဆိုင်ဆိုင်
တွေးလိုက်မိပါတယ်။

အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ပါစေရှင်
♪♫♪♫♪♫♪♫♪♫♪♫♪♫♪♫


Mar 15, 2011

ကိုယ်တွေ့ကြုံခဲ့ရတဲ့ ၂၀၁၁ ဂျပန်ငလျှင် M 9

၂၀၁၁ခုနှစ် ၃လ ၁၁ရက် သောကြာနေ့ ဂျပန်စံတော်ချိန် မွန်းလွဲ ၂နာရီ၄၆မိနစ်

နှစ်ပေါင်း၁၂၀ခန့်မှာ တကြိမ်လောက်ပဲဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ မက်ဂနီကျူဒ် ၉အဆင့်
ရှိတဲ့ ဂျပန်ငလျှင်ဟာ ဂျပန်အရှေ့မြောက်ဒေသဖြစ်တဲ့ 宮城 Miyagi မိယာဂိခရိုင်
မြောက်ပိုင်းကိုအဓိကထားပြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုငလျှင်ဟာ ၁၈၅၄ခုနှစ် ၁၂လပိုင်းမှာ
ဖြစ်ပွားခဲ့တဲ့ ငလျှင်ကြီးထက်တောင် ပြင်းထန်ပြီး ယခင်ဖြစ်ပွားခဲ့တဲ့ငလျှင်တွေနှင့်ယှဉ်
လျှင် ဆုံးရှုံးပျက်စီးမှုအကြီးမားဆုံးပဲဖြစ်ပါတယ်။ မိယာဂိခရိုင်ဟာ တိုကျိုအပေါ်ဘက်ပိုင်း
အနည်းငယ်လှမ်းတဲ့နေရာမှာရှိပြီး အိုဆာကာ၊ ကျူရှူး စတဲ့ဒေသများနှင့်တော့ အတော်
လှမ်းပါတယ်။

ငလျှင်ဖြစ်တဲ့အချိန်အိမ်မှာတယောက်တည်းပါ။ ခင်ပွန်းဖြစ်သူကလည်းရုံးသွားနေခဲ့တာပါ
တယ်။ ခြောက်ထပ်မှာရှိတဲ့တိုက်ခန်းမှာ ရှိနေစဉ် စတင် ခပ်စိပ်စိပ်လှုပ်လာခဲ့တာမို့
စာကြည့်ခန်းထဲပြေးဝင်ပြီး စာကြည့်စားပွဲအောက်သွားပုန်းဖို့ပြင်ခဲ့ပေးမဲ့ တိုက်က
တအားကို ခါယမ်းလာခဲ့ပြီး ပစ္စည်းတွေအချင်းချင်းတွန်းတိုက်သံတွေပါမြည်လာခဲ့တာမို့
ကြောက်ကြောက်ဖြင့် မီးကိုမိန်းချဖို့တောင် သတိမရပဲနဲ့သော့ခတ်ပြီး ပြေးဆင်းပါတယ်။
အောက်ရောက်တော့ တိုက်ပေါ်ကလူတွေအတော်များများလည်း အောက်ရောက်နေကြ
ပါတယ်။ အဲလိုနဲ့ငြိမ်သွားတော့တခေါက်ပြန်တက် မိနစ်ပိုင်းတောင်မကြာခင် နောက်တခါ
ပြင်းပြင်းထပ်လှုပ်လာတာမို့ ထပ်ပြေးဆင်းရပါတယ်။ ခင်ပွန်းသည်ဆီဖုံးလည်းဆက်မရ၊
ဘယ်ကိုမှလည်းဖုံးခေါ်လို့မရပါဘူး။ အိမ်ဖုံးသုံးဖို့ကိုလည်း သတိမရလိုက်ပါဘူး။

အဲသည့်နောက်...
ခပ်စိပ်စိပ် အနည်းငယ်စီလှုပ်နေဆဲမို့ တီဗွီကသတင်းကြည့်ရင်း အင်တာနက်သုံး
နေဆဲ ခုနေ တိုက်ပြိုပြီး သေရင်ဘယ်လိုလုပ်မလည်း တွေးမိတော့ စိတ်ကနည်းနည်းဟုန်
နေပြီး ကြောက်စိတ်မရှိပဲ ငါဘာတွေလုပ်ပြီးပြီလည်း လို့ တွေးမိပါတယ်။ ပြီးတော့ ငါ
မကောင်းတာ ဆိုးဝါးတာ ဘာမှမလုပ်ခဲ့ဖူးဘူး။ သေရင်တောင် ငရဲတော့မသွားလောက်ဘူး
လို့ တွေးပြီး စိတ်မပူနဲ့လို့ ကိုယ့်ဘာသာအားပေးပါတယ်။ တကယ်တော့ တခါတလေ
မိမိက မရည်ရွယ်ပဲလည်း တဖက်သားကိုထိခိုက်စေတာမျိုးတော့ လူ့ဘ၀မှာရှိမှာအမှန်ပါ။
ဒါပေမဲ့ အဲသည့်အချိန် အဲဒါမတွေးပါဘူး။ ကိုယ်မှန်တယ်ထင်တာပဲ ကိုယ်တွေးမိတယ်။

သူငယ်ချင်းဆီက ဖုံးဝင်လာပြီး ဂျပန်မှာငလျှင်ဖြစ်ပွားလာလျှင် သွားရောက်ရှောင်
ရှားရမည့် သတ်မှတ်နေရာတွေ ရပ်ကွက်အလိုက်ရှိတာမို့ သွားရောက်ရှောင်ရှားသင့်
ကြောင်းပြောတာမို့ သစ္စာရှိစွာ သူ့ဖုံးကို ၆ထပ်က တိုက်ခန်းပေါ် ထိုင်စောင့်နေပြီး face
book ကနေ သတင်းပြန်ကြားရေးလုပ်နေတဲ့မိမိဟာ အဲတော့မှ ကြောက်ရမှန်းနည်းနည်း
သိလာပြီး ဂျပန်ဆောင်းရာသီမှာ ဒဏ်ခံနိုင်အောင် အကျီ င်္ကို နွေးနွေးထွေးထွေးဝတ်ပြီး
လက်ကိုင်အိတ်ထဲ လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေခပ်မြန်မြန်ထည့်ပြီး ငလျှင်လှုပ်လျှင်
စုရပ်ဖြစ်တဲ့ဆီကိုသွားဖို့အောက်ဆင်းပါတယ်။ ခက်တာက ဘယ်နေရာမှန်းမသိပါဘူး။
လမ်းထိပ်ကို ယောင်လည်လည်မျှော်ကြည့်တဲ့အခါ ခါတိုင်းနှင့်မတူပဲ လူတွေအုပ်လိုက်
အုပ်လိုက် အိမ်ရှိရာလမ်းသွယ်လေးထိပ်က လမ်းမကြီး ဘယ်ဘက်ကို ဖြတ်ခါ ဖြတ်ခါ
လျှောက်သွားကြတာတွေ့တာမို့ လူအုပ်နဲ့ရောပြီး လျှောက်ပါတယ်။ အားလုံး အနားမှာရှိ
တဲ့ပန်းခြံကြီးကိုသွားကြမှာ လို့ထင်ပေမဲ့ ပန်းခြံမှာလည်း မရပ်ကြပဲ ဆက်လျှောက်တာမို့
မိမိလည်း ယောင်လည်လည်းနဲ့ ဘုမသိဘမသိ ဆက်လျှောက်ပါတယ်။ စိတ်ထဲမတော့
တခုခုမှားနေသလို။ ကံကောင်းချင်တော့ ရပ်ကွက်ရဲကင်းအဆောက်ဦးလေးမြင်တာမို့
မေးကြည့်တော့ ငလျှင်က ပြီးသွားပြီမို့ အိမ်ပြန်နားနိုင်ပါပြီတဲ့။ ဒီလူတွေအားလုံးကကော
လို့ မေးကြည့်တဲ့အခါ ရထားတွေရပ်ကုန်လို့ အားလုံးလမ်းလျှောက်ပြီးပြန်ကြတာပါတဲ့။
အိမ်ရောက်တော့ ရှေ့ဆင့်နောက်ဆင့်ပဲ ရုံးက ပေးလိုက်တဲ့ ဆိုင်ကယ်ဦးထုပ်လို အမာ
ကိုဆောင်းပြီး ရုံးကနေ ၁နာရီကြာခန့်လမ်းလျှောက် ပြန်လာတဲ့သူ့ကိုတွေ့ပါတယ်။
မိမိအဖြစ်ပြောပြတော့ ရယ်မောပြီး ဖုံးမက်ဆေ့ခ်ျပို့ထားတယ် မတွေ့ဘူးလားမေးငြား
ခင်ပွန်းရဲ့မက်ဆေ့ခ်ျတွေရော၊ မိမိရဲ့မက်ဆေ့ခ်ျတွေရော မရောက်ပဲ errorတွေတက်နေ
တာတွေ့ရပါတယ်။ သူ့ကိုဖက်ရင်း ငိုမလိုမျက်ရည်ဝဲပါတယ်။ ဒူးလည်းနည်းနည်းတုန်လာ
ပါတယ်။ လူ့စိတ်ကိုလည်း တချိန်တည်း အံ့သြမိပါတယ်။ တခုတွေးလိုက်မိပါတယ်။ လူ
ဟာ မိမိခြေပေါ်မိမိရပ်တည်ရလေ အနားမှာ မှီခိုစရာမရှိလေ ပိုမိုခိုင်မာသန်စွမ်းလေ လို့။

ငလျှင်ပြီးတော့ ညနေ နှစ်ယောက်သားစိတ်ပူတော့ ရေဘူးအကြီးကြီးတွေဝယ်ဖို့နဲ့ ကြက်
ဥ ၀ယ်ဖို့ အိမ်နားက ၂၄နာရီဖွင့်တဲ့ ဆဲယူးဆိုတဲ့ဆိုင်ကြီးကိုသွားတဲ့အခါ လူတွေပြည့်
ကျပ်နေအောင်တန်းစီနေကြပြီး သတ်မှတ် ကုန်စည်တွေကို ခွဲတမ်းဖြင့်သာ ၀ယ်ယူနိုင်
တာမို့ ပြန်လာကြပြီး ရှိတဲ့ ဘူးတွေထဲနဲ့ အိုးတွေထဲပဲ ရေထည့်ပါတယ်။
နောက် ၃ရက်အတွင်း ငလျှင်ပြင်းပြင်း ထပ်မံလှုပ်နိုင်ခြေရှိတယ်လို့ ကြေငြာကြတာမို့
တခုခုဆို အသင့်ယူပြေးလို့ရအောင် အိတ်ထဲ လိုတာလေးတွေထည့်ကာ အသင့်
ပြင်ထားပါတယ။် သတင်းတခုခုကို ကျော့ကာကျော့ကာ ပုံကြီးချဲ့ သုတေသနလုပ် ရှင်း
လင်း ပြသလေ့ရှိတာမို့ တခါတရံပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဂျပန်တီဗွီသတင်းဌာနတွေ
ဟာ ငလျှင်သတင်းနှင့် ကြေငြာချက်၊ သတိပေးချက်တွေကို  အချိန်တိုင်း တင်ပြပေးနေတာ
မို့ သိပ်ကျေးဇူးတင်စရာပါ။

ဒီလိုအချိန်မှာ အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးပေါင်းဖို တစ်ခု ဦးဆုံးစတင်ပေါက်ကွဲ
တာမို့ အက်စစ်မိုးရွာမယ်ဆိုတဲ့ ကောလဟာလ အတော်လေးပျံ့နှံ့နေပါတယ်။ မိမိဆီကို
တောင် ဂျပန်သူငယ်ချင်းတစ်ဦးဟာ အဲသည့်မေးလ် တဆင့်ပို့ပေးလာပါတယ်။ သည်
အချိန်မှာ အစိုးရဟာ လိုအပ်သော တိကျသော သတင်းတွေကို တီဗွီကတဆင့် တင်ပြပေး
သွားမှဖြစ်လို့ ကောလဟာလသတင်းတွေမယုံဖို့နှင့် မပြုလုပ်ကြဖို့ ပန်ကြားပါတယ်။

နိုင်ငံတွင်းမှာ တခုခု အပြောင်းလဲလေး နည်းနည်းဖြစ်ရုံနဲ့ ကုန်ဈေးနှုန်းတွေဝုန်းခနဲ့တက်
သွားတတ်တဲ့ မြန်မာနိုင်ငံကလာတဲ့မိမိဟာ၊ အအံ့သြဆုံးနှင့် ကျေးဇူးအတင်မိဆုံးက
တော့ ဂျပန်ငလျှင်မှာ ကုန်ပစ္စည်းဈေးနှုန်း တကျပ်တပြားတောင် အပြောင်းအလဲမရှိခြင်း
ပါပဲ။

နောက်တစ်ချက်ကတော့ တမြို့လုံးနီးပါး ဆူနာမီပင်လယ်လှိုင်းတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တဲ့
မြို့ရဲ့ ပြိုလဲနေတဲ့ အဆောက်ဦးပျက်တွေရဲ့ကြား၊ ပြိုလုဆဲဆဲ သုံးထပ်တိုက်အပေါ်ဆုံးမှာ
အသက်ရှင်ကျန်ရှိတဲ့ မိသားစုလေးယောက်ကို ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်လာတဲ့
အခါ အသက်၇၀နှစ်ဝန်းကျင်ခန့်ရှိတဲ့ ဖခင်ဖြစ်သူကို အဆင်ပြေရဲ့လားလို့ မေးမြန်းရာမှာ
သူ့ရဲ့ယုံကြည်မှုပြည့်ဝတဲ့အပြုံးနှင့်အမူယာဟာ ငလျှင်ဒဏ်ခံခဲ့ရတဲ့သူလို့ မထင်ရ
လောက်အောင် အစိုးရဟာ သူ့ကိုလာကယ်မှာဆိုတဲ့ အမေလာမှာကို စောင့်ရာက၊
ရောက်ရှိလာလို့ ကျေနပ်တဲ့အပြုံးမျိုးပါ။ ရတယ် ရတယ် အဆင်ပြေတယ် ဘာမှမဖြစ်ဘူး
ချီလီငလျှင်ကိုလည်း သေချာကြည့်ထားတော့ ဗဟုသုတအများကြီးဖြစ်သွားတယ်ကွာ
လို့ ရယ်ရယ်မောမောနဲ့ပြောပါတယ်။ မြို့လုံးကျွတ်နီးပါး ပျက်စီးခဲ့တဲ့နေရာမှာ ကျန်ရစ်
လွတ်မြောက်လာခဲ့တာ မိမိအဖို့တော့ တွေးတောင်မကြည့်ဝံ့ပါဘူး။

နောက်တချက်ကတော့ ငလျှင်ဖြစ်ရင် သွားရောက်စုဝေးခိုလှုံရမည့်နေရာကို ရပ်ကွက်
တိုင်းမှာ သတ်မှတ်ထားတာမို့၊ ယခင်က ပျော်ပွဲစားထွက်တဲ့အခါ အရက်မူးရင်တောင်
ကိုယ့်အမှိုက်ကိုယ်သိမ်းပြန်ကြတဲ့ ဂျပန်လူမျိုးအကြောင်း ဖတ်ဖူးပေမည့်လည်း၊ ငလျှင်
ဖြစ်တဲ့အခါ တနေရာမှာ လူထောင်ပေါင်းများစွာခိုလှုံပေမဲ့ ကိုယ့် အမှိုက်ကိုယ်သိမ်းကြ
ပြီး အမှိုက်တစက်မှ မတွေ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်းကြီးမှုကိုလည်း လေးစား
မိပါတယ်။

ငလျှင်ဖြစ်တဲ့ရက်မှာ ရထားတွေပြေးဆွဲမှုနာရီအတန်ကြာရပ်ဆိုင်းလိုက်ပြီး တချို့မြို့နယ်
တွေကိုတော့ ပြေးဆွဲမှုရပ်ဆိုင်းလိုက်တာမို့ လမ်းပေါ်၊ ဘူတာရှေ့၊ အများပြည်သူနားခိုရာ
နေရာတွေမှာ ညအိပ်တည်းရတဲ့လူတွေဖြင့် ပြည့်သွားပါတယ်။ သည်အချိန်မှာ ရထား
ဘူတာရုံတွေဟာ လုံခြုံရေးအတွက် သော့ပိတ်ပြီး ၀င်ခွင့်မပြုခဲ့တာမို့ နောက်ပိုင်းမှာ
တိုကျိုမြို့တော်ဝန်ဟာ ပြည်သူတွေကို ယခုလိုဆက်ဆံခဲ့တဲ့အတွက် ရထားကုမ္ပဏီကို
ခွင့်မလွှတ်နိုင်ဘူးလို့ အတော်လေး စိတ်ခု ဒေါသသင့်ပြောဆိုခဲ့ပါတယ်။

နောက်တချက်က ငလျှင်ဖြစ်တဲ့အခါ ဘေးသင့်ဒေသတွေကိုအဓိကထားပြီး အချိုရည်
ရောင်းစက်တွေဟာ ငွေထည့်စရာမလိုပဲ အချိုရည်ထုတ်သောက်နိုင်အောင် အချိုရည်
ကုမ္ပဏီတွေဟာ လှူဒါန်းကြပါတယ်။

ဘေးသင့်သူတွေအတွက် မိသားစုတွေအချင်းချင်း သို့ သတင်းဌာနတွေနှင့်အဆက်
သွယ် လွယ်ကူစွာရရှိနိုင်အောင် ဂျပန်ရဲ့အကြီးဆုံးလက်ကိုင်ဖုံးကုမ္ပဏီနှင့် ဆက်သွယ်
ရေးကုမ္ပဏီကြီး နှစ်ခုက အခမဲ့ အင်တာနက်လိုင်းတွေနှင့် အခမဲ့ တယ်လီဖုံးဆက်
သွယ်ခေါ်ဆိုနိုင်ရေး ၀န်ဆောင်မှုတွေစတင်လိုက်ပါတယ်။ ယနေ့ထိ အများပြည်သူသုံး
ဖုံးတွေဟာ ပြည်တွင်းပြည်ပ အခမဲ့ ခေါ်ဆိုလို့ရနေပါတယ်။

အဏုမြူဓါတ်အားပေး လျှပ်စစ်ဓါတ်အားပေးပေါင်းဖို တခုပြီးတခု ပျက်စီးပြီးနောက်မှာ
ယနေ့ဆိုလျှင် ၃လုံးမြောက် အကြီးမားဆုံးဟုပင်ဆိုနိုင်သည်။ လျှပ်စစ်မီးများကို ၃နာရီ
ခန့်စီ အလှည့်ကျ ဖြတ်တောက်သွားမည်ဟုအစိုးရမှ ကြေငြာသော်ငြား ယခု ၁၅ရက်
နေ့ ည ရှစ်နာရီအထိတော့ တိုကျိုတ၀ိုက် မြို့ကြီးတွေမှာ မီးမပျက်သေးပါ။ အစိုးရမှ
မလိုအပ်သောမီးများကို ချွေတာပေးပါရန် ကြေငြာပြီးနောက် ဆိုင်တွေအတော်များများ
မလိုအပ်သော မီးများပိတ်ထားကြတာတွေ့ရသည်။

ခုထိတော့ အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးပေါင်းဖို ပေါက်ကွဲမှုဧ။်အကျိုးဆက်
အနေဖြင့် ဘာတွေနောက်ဆက်တွဲ ဘေးရန်ဖြစ်နိုင်သည်၊ ထပ်မံ ငလျှင် သို့ မည်သို့သော
အခက်ခဲတွေရင်ဆိုင်ရမည်မသိသေးငြား ယခုထိတော့ဘေးကင်းရန်ကွာရှိနေပါသေးသည်။

အားလုံးပဲကျန်းမာဘေးကင်းပါစေရှင်


Feb 13, 2011

ဂျပန်လုံခြုံရေးစနစ်

ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ဂျပန်ဟာ ငြိမ်ဝပ်ပိပြားမှုနှင့်လုံခြုံရေး ကောင်းမွန်တဲ့နိုင်ငံရယ်လို့ ကြားဖူးတာတော့ ကြာပါပြီ။

တနေ့ကဂျပန်လိုအင်တာနက်ကသတင်းတွေဖတ်တဲ့အခါ ဂျပန်ရဲ့နာမည်ကျော် bulletin board တစ်ခုမှာ တိုကျိုက ရှင်ဂျုကုဘူတာ တောင်ဘက်ပေါက် နေ့လည် ၂နာရီခွဲ နီးရာလမ်းသွားလမ်းလာလူကို လူ၃ယောက်အဖွဲ့မှ သတ်ဖြတ်မည်ဟု ကြိုတင်ကြေငြာချက် ကို ရေးသားထားတာမို့၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လွန်ခဲ့တဲ့နှစ်အနည်းငယ်မတိုင်မီမှာ အာခိဟဘရလို့ခေါ်တဲ့မြို့ကမီးပွိုင့်တခုမှာ တွေ့ရာလူကို ဓါးနဲ့လိုက်ထိုးခဲ့တဲ့အမှုကိုခုံရုံးတင် ဆုံးဖြတ်ချက်ချခါနီး ယင်းအမှုသတင်းတွေကလည်း ခုတလော ပျံ့လွင့်နေတဲ့အချိန်မို့၊ ရဲတွေ ရဲကားတွေ လုံခြုံရေးအစောင့်ကြပ်တွေတင်းကြပ်စွာဖြင့် ရှင်ဂျုကု တောင်ဘက်ပေါက်မှာ အဲသည့်နေ့က လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

အဲသည့်နေ့ညဘက်ရော နောက်နေ့မနက်ရော စိုးရိမ်တကြီး ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့ရယ်လို့ ဆုတောင်းပူပန်ရင်း ကုန်လွန်ခဲ့ရာက မနေ့ကညဘက်မှာတော့ ယင်းသတင်းကိုသတင်းဌာနက ထုတ်လွှင့်သွားခဲ့ပါတယ်။ တရားခံကတော့ အသက်၁၅နှစ်အရွယ် အလယ်တန်းကျောင်းသားလေးက လူတွေဘယ်လောက် ဆူညံပွက်လောရိုက်သွားမလည်းဆိုတာ ကြည့်ချင်လို့လို့ဆိုပါတယ်။ တရက်အတွင်း တရားခံကိုရအောင် လိုက်နိုင်တဲ့ဂျပန်ရဲဌာနကိုလည်း သဘောကျမိပါတယ်။

မနေ့ကတော့ သတင်းတခုထပ်ကြည့်ရပါတယ်။ မဲဂုရိုးဆိုတဲ့မြို့ကအိမ်တအိမ်မှာ ရုတ်တရက် လူသတ်ဓါးပြတိုက်မှု ဖြစ်သွားတဲ့သတင်းရယ်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ တရားခံကိုဖမ်းမိပါတယ်။ အခင်းဖြစ်တဲ့နေရာနှင့်အတော်ဝေးတဲ့ နေရာကနေ အဝေးပြေးဘတ်စ်ကားစီးပြီး လာသတ်ဓါးပြတိုက်တဲ့သူ ရယ်ပါ။ ရန်ငြှိုးမရှိ ငွေလိုလို့သက်သက်လုပ်ခြင်းမို့ သဲလွန်စ လိုက်ရခက်ခဲ့ငြား ဘယ်လိုစုံစမ်းပြီးဖမ်းမိသွားတယ်ဆိုတာ ရဲဌာနက မနေ့က စုံစမ်းမေးမြန်းခန်းသတင်းမှာ ကြည့်လိုက်ရပါတယ်။ သဲလွန်စရသွားတဲ့အကြောင်းရင်းကို ကြည့်ရှုသိမြင်လိုက်ရတဲ့အခါ အတော်ပဲ အံ့သြသွားမိပါတယ်။

ဂျပန်တစ်နိုင်ငံလုံးရဲ့ မီးပွိုင့်တွေ ရထားဘူတာရုံတွေ အဝေးပြေးကားဂိတ်တွေ ပန်းခြံတွေ လမ်းမတွေ အစရှိတဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ အလုံးပေါင်း သောင်းပေါင်းများစွာ ရှိတယ်လို့ ရဲအရာရှိကဆိုပါတယ်။ ဒီအမှုမှာတော့ တရားခံဟာ ပြစ်မှုကျူးလွန်ပြီး အိမ်ကအထွက် မှာ ကိုယ်ဘေးတစောင်းနဲ့ဝိုးတ၀ါးပုံရိပ်ဟာ အဲဒီလမ်းမှာတပ်ဆင်ထားတဲ့ ကင်မရာမှာ မှတ်တမ်းရှိနေပါတယ်။ အဲသည့်နောက် ဥပမာဆိုရလျှင် နိုင်ငံခြားရုပ်ရှင်တွေကြည့်တဲ့အခါ တရားခံရဲ့လက်ဗွေကို ဘယ်သူလည်းလို့ ရှာတဲ့အခါ ယင်းလက်ဗွေနဲ့ ကွန်ပျူတာထဲက ဒေတာတွေထဲသိမ်းဆည်းထားတဲ့ လက်ဗွေတွေကို တူမတူ တခုချင်းလိုက်စစ်ပေးတဲ့ ကွန်ပျူတာဆော့ဖ်ဝဲလ်လို ဆော့ဖ်ဝဲလ်မျိုးကို အသုံးပြုပြီး ယင်းပုံရိပ်နဲ့ တရားခံကို အဲသည့်အချိန်နောက်ပိုင်း ဘယ်နေရာတွေမှာရှိလည်း ဆိုတာ လိုက်စစ်တဲ့အခါ ပုံတွေအားလုံး ပေါ်လာတာ တွေ့ရပါတယ်။ မျက်နှာကျပုံတခုတည်း မှတ်သားပေးတာမဟုတ်ပဲ အ၀တ်အစားတို့ အသုံးအဆောင် ပစ္စည်းတို့ကိုလည်း မှတ်သားပြီး တိုက်မတိုက် စစ်ပေးတာဖြစ်တယ် လို့ ရှင်းလင်းပြသသွားပါတယ်။

သြော် တွေးကြည့်တော့ ဆယ်တန်းအောင်ကာစ အင်တာနက် ဘာမှန်းမသိခဲ့ခင်အရွယ် ဟောလိဝုဒ် အက်ရှင်ကားကြည့်ခဲ့ဖူးစဉ်က ထွက်ပြေးတဲ့သူရဲ့ဖုံးကအချက်လက်ကို GPSအနေဖြင့်သုံးပြီး ဘယ်နေရာရောက်နေတာ ချက်ချင်းရှာဖွေတွေ့ရှိခဲ့တာကို မယုံနိုင်ပဲ ရုပ်ရှင်မို့လို့ဖြစ်မယ်လို့ တွေးကြည့်မိဖူးပါတယ်။

လူတွေဟာ ဂြိုလ်သားတွေဆိုရင် နည်းပညာ အံ့မခန်းဆန်းပြားတယ် လို့ အမျိုးမျိုးသတ်မှတ်လေ့ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျမစိတ်ထဲမှာတော့ လူတွေတည်ဆောက်တဲ့ ကြီးကြယ်ခမ်းနားမှုတွေ၊ အံ့မခန်း ဆန်းပြားတီထွင်မှုတွေ နည်းပညာတွေကြား လူတွေကိုလည်း ဘယ်သတ္တ၀ါတွေက ဂြိုလ်သားတွေရယ်လို့ ခေါ်ဆိုသတ်မှတ်နေပါလိမ့်နော် လို့ တွေးရင်း ပြုံးမိတတ်ပါတယ်။

အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ကြပါစေ♪♪♪


Jan 13, 2011

နှစ်သစ်ကူးချိန်..

ဘာလိုလိုနှင့် ကုန်သွားပြန်ပါပြီ ၂၀၁၀ တနှစ်တာ...

မြန်မာပြည်မှာရှိစဉ်တော့ နှစ်ကူးခါနီး နောက်ဆုံးရက်ဒီဇင်ဘာညတွေဆို
ညနက် စတိတ်ရှိုးတွေ ပွဲတွေဆို အိမ်ကဘယ်တော့မှပေးမလွှတ်တာမို့
အလုပ်ကြောင့်ကလွဲလို့ မဆင်နွှဲဘူးပါဘူး။
များသောအားဖြင့် ညီအမတွေ၊ ၀မ်းကွဲမောင်နှမတွေစုပြီး အိမ်ဘေးစင်္ကြံရှည်
ကွင်းပြင်မြေလွတ်ကြီးနဘေးမှာ စားပွဲတွေ ခုံတွေ ၀ိုင်းလို့
အိုးသူကြီးလုပ်ရရင် မမောတမ်းပျော်တဲ့ ကိုယ်က ဒိုင်ခံ အားလုံးဝိုင်းဝန်းချက်ပြုတ်ပေးရင်း
ခေါက်ဆွဲကြော် ကြာဇံကြော် အကင်တွေလုပ်စား စကားတွေဖောင်ဖွဲ့ရင်းပေါ့
လေလည်းတိုက် ခြင်လည်းကိုက်ပါတယ်။
အရက်နည်းနည်းဝင်ရင် မူးသွားပြီး စကားများတတ်တဲ့ ..၀မ်းနည်းစရာတွေပြောရင်း
ငိုတတ်တဲ့ .. အကိုမောင်ဝမ်းကွဲတွေနဲ့ ငြင်းခုံရယ်ပွဲဖွဲ့ကြတာလည်း လွမ်းမိပါတယ်။
တခါတလေလူစုမရတဲ့နှစ်တွေဆို အိမ်ကညီအမတွေချည်း လုပ်စားရင်း
တီဗွီကြည့်လိုက် စကားတွေများလိုက်နဲ့ပေါ့။
အိမ်ကို နှစ်ကူးနှုတ်ဆက်ဖို့ဖုံးဆက်တော့ မောင်နှမ၀မ်းကွဲတွေ တယောက်ပြီးတယောက်
ဖုံးခွက်ကို အလှည့်ကျလဲလို့ နှုတ်ဆက်ကြတော့ ချက်ချင်းကို ပြေးသွားချင်မိတာပေါ့။

ဂျပန်မှာတော့ နှစ်ကူးချိန်ဆို ပိတ်ရက်တွေကြား မိဘအိမ် ဇာတိပြန်လေ့ရှိတာများပါတယ်။
ဒါကြောင့် နှစ်ကူးခရီးသွားမယ်ဆိုလျှင် ကား၊ရထား လက်မှတ်တွေ ကြိုဝယ်ထားမှ စိတ်ချ
ရလေ့ရှိပါတယ်။ ပြီးရင်မိသားစုနဲ့ မောင်နှမတွေ စုလို့ စားသောက်ပွဲလုပ်လေ့ရှိပါတယ်။

နှစ်ကူးမှာ အများအားဖြင့်စားလေ့ရှိတာကတော့ အိုဆဲချိရရောရိおせち料理လို့ခေါ်ပါတယ်။


ဒါကို နှစ်ကူးဟင်းလျာလို့ ဂျပန်မှာခေါ်ဆိုလေ့ရှိပြီး၊ အဓိပါယ်တခုစီပါဝင်တဲ့ ဟင်းလျာတွေကို
ချက်ပြုတ်ပြင်ဆင်ထားတာဖြစ်ပါတယ်။ နှစ်မကူးခင်ညမှာစားသောက်ကြတာပါ။
မကောင်းမွန်ဝင်းဘလော့မှာရေးထားသလို ခေါက်ဆွဲပြုတ်စားသလို အဓိပါယ်ပါ။
ခေါက်ဆွဲကို ဂျပန်လို အဓိပါယ်နောက်တမျိုးက နံဘေး ဆိုတာပါ။
နှစ်သက်ရာကို ဆိုင်တွေကနေ အော်ဒါမှာစားလေ့ရှိပြီး အိမ်မှာ ဖွယ်ဖွယ်ရာရာချက်စားလေ့လည်း
ရှိပါတယ်။

တီဗွီကလာသွားတဲ့အစီစဉ်တခုကတော့ နှစ်ကူးချိန် ကိုယ်အလေးချိန်တက်ခြင်းတဲ့။
ဆိုရလျှင် မြန်မာပြည်နဲ့ကွာခြားချက်တခုက ဂျပန်အမျိုးသမီးအများစုဟာ ဘီယာ နှင့် အရက်
သောက်သုံးလေ့ရှိတာမို့ နှစ်ကူးချိန်ဟာ သောက်လိုက်စားလိုက် သောက်လိုက်စားလိုက်နှင့်
အ၀လွယ်ပါတယ်။ ယင်းအပြင် osechi ryooriလို့ခေါ်တဲ့နှစ်ကူးဟင်းလျာတွေဟာ ရက်အထားခံဖို့
နှင့် အရက်သောက်ရင်း စားလို့ကောင်းအောင် ချက်ပြုတ်ထားတာမို့ အရသာလေးပြီး
ဆားဓါတ်များပါတယ်။ ဒါဟာ ကိုယ်အလေးချိန်ကို တက်စေတယ်လို့ဆိုပါတယ်။

နှစ်ကူးချိန်မှာ အနှစ်သက်ဆုံးကတော့illuminationလို့ခေါ်တဲ့ နီယွန်မီးအလှဆင်ထားတာတွေဟာ
နေရာအနှံ့ပါပဲ။ ပုံသဏ္ဍန်အမျိုးမျိုး အရောင်သွေးစုံလင်စွာဖြင့် သိပ်ကိုလှပပါတယ်။





နောက်အနှစ်သက်ဆုံးတခုကတော့ နှစ်ကူးတီဗွီအစီအစဉ်တွေ သိပ်ကိုကောင်းတာပါ။
လိုင်းတွေအတော်များများက အထူးအစီစဉ်တွေလွှင့်ရတာမို့ အိမ်မှာနေလည်း မငြီးမငွေ့တမ်း
ပါပဲ။

ကဲ ပြီးတာတွေချန်ရစ်လို့ ဒီနှစ်သစ်မှာလည်း ကောင်းမွန်စွာ ဆက်လက်ရှင်သန်သွားရပါဦးမယ်

အားလုံးပဲ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ


Nov 26, 2010

ဂျပန်ပြည်က စက်ဘီးများ

ငယ်ငယ်တုံးက ရပ်ကွက်ထဲမှာ စက်ဘီးစီးတာသိပ်ခေတ်စားတယ်။
ခြံနားမှာ ရဲစခန်းဝန်းကြီးဘေးက ကွက်လပ်ကြီးထဲ ခလေးတွေစုပြီး စက်ဘီးလာစီးကြတာ
သွားသွားငေးဖူးတယ်။ ဖေ့ကိုဂျီကျတော့ ဖေကိုယ်တိုင် ခြံထဲမှာ စက်ဘီးစီးသင်ပေးတော့
အဲလိုနဲ့ စက်ဘီးစီးတတ်သွားတယ်။ ဖေ၀ယ်ပေးတဲ့ စက်ဘီးလေးလည်း ၁လလောက်ပဲ
ကောင်းကောင်းစီးဖြစ်တယ်ထင်ပါရဲ့။ ကားတွေ အထူးသဖြင့်ဘတ်စ်ကားတွေ စိတ်ထင်သလို
မောင်းတတ်တဲ့ရန်ကုန်မှာ စက်ဘီးနဲ့ကားလမ်းပေါ်ကို စီးခွင့်မပြုတော့ အဲလိုနဲ့ စက်ဘီးလေးဟာ
အိမ်က စတိုခန်းလေးထဲမှာ သနားစရာပေါ့။ စက်ဘီးမစီးတာ ကိုယ်ရယ်မှမဟုတ်ပါဘူး။
ရန်ကုန်ကလူတွေ အများစု စက်ဘီးစီးလေ့မရှိကြဘူး။ ဘတ်စ်ကား တက်က်စီတွေသုံးတာများကြတယ်။

ဂျပန်မှာတော့ လမ်းပမ်းဆက်သွယ်ရေးအရ ရထားက သိပ်အဆင်ပြေတယ်။
အချိန်သိပ်တိကျသလို မြို့ပတ်ရထားတွေက ၃မိနစ်ခြားတခါ ဆိုက်တာမို့ ဂျပန်တွေအချိန်သိပ်တိကျတယ်
ဆိုတာကလည်းမဆန်းပေဘူး။ သို့ငြား ရထားခ ဈေးကြီးတယ်လို့ ထင်ပါတယ်။
စီးလိုက်တာနဲ့ အနည်းဆုံး ယမ်း၁၂၀ ပေးရတယ်။ အသွားပြန် ၂၄၀။ ဝေးတဲ့နေရာတွေဆို ယမ်းထောင်
ကျော် ကျသင့်တာတွေရှိတယ်။ ကြက်သားရေခဲရိုက်ထားတာ တကောင်လုံးကို ယမ်း၅၅၀၊ ဘာဝယ်ဝယ်
၁၀၅ယမ်းဆိုင်မှာ လိုသမျှထွေကာလီကာတခု ၁၀၅ယမ်းမို့ တွက်လျှင် ဈေးမနည်းဘူးဆိုရမယ်။
ဘူတာကနေ အတော်လှမ်းတဲ့နေရာမှာ နေသူတွေဆိုလျှင်လည်း ဘူတာထိရောက်ဖို့ ကားလို ၀န်လည်း
မများတဲ့ စက်ဘီးက လိုအပ်ပါတယ်။

ဂျပန်ရောက်စ အံ့သြတကြီး ငေးမောဖူးခဲ့တာကတော့ စက်ဘီးတွေ...စက်ဘီးတွေပါပဲ။
ဘူတာကြီးတွေရဲ့ စက်ဘီးရပ်နားနေရာဟာ ကျယ်ပြောပြီး ထောင်နဲ့ချီတဲ့ စက်ဘီးတွေရပ်ထားလေ့
ရှိတယ်။ ဟိုနား သည်နား ဈေးဝယ်ပဲသွားသွား စက်ဘီးက သိပ်အဆင်ပြေတယ်။


စက်ဘီးတွေဟာ ကားလမ်းပေါ်မှာနင်းလေ့မရှိဘူး။ ဂျပန်က ကားလမ်းတိုင်းရဲ့နံဘေးမှာ မြန်မာပြည်က
တချို့နေရာတွေလို ပလက်ဖောင်းမြင့်မြင့်မဟုတ်ဘဲ ကားလမ်းနဲ့တညီတည်းနီးပါး ပလက်ဖောင်းလေးတွေရှိတယ်။ အဲသည့်ထဲမှာ လူတွေလည်းလမ်းလျှောက်၊ စက်ဘီးတွေလည်း
နင်းကြတယ်။  မီးပွိုင့်တွေကူးတဲ့အခါ စက်ဘီးကူးရန်ဆိုပြီး လူကူးမျဉ်းကြားဘေး စာရေးပြီး နေရာကျယ်
အလွတ်ထားပေးလေ့ရှိတယ်။ အဲသည်မှာ ချစ်ဖို့ကောင်းတဲ့ဂျပန်ဓလေ့လေးကတော့ ကားတွေဟာ
စက်ဘီးတွေကို အထူးသတိထားပြီး အတူမောင်းရတဲ့(ပလက်ဖောင်းမကျယ်တဲ့)လမ်းကျဉ်းတွေမှာဆို
စက်ဘီးတွေကို ဦးစားပေးလေ့ရှိတယ်။ သို့ငြား စက်ဘီးတွေကလည်းသတိပြုမိတာနှင့် လမ်းဖယ်ပေးလေ့
ရပ်ပေးလေ့ရှိတယ်။ ပြီးတော့ စက်ဘီးတွေဟာလည်း လမ်းလျှောက်တဲ့လူတွေကို သိပ်ဦးစားပေးတယ်။
တခုခုလွန်သွားသလိုဖြစ်ရင် စုမိမဆန် ဆိုပြီး ခေါင်းလေးညွတ်ပြောတတ်တဲ့ မျက်ဝန်းထဲမှာ အားနာရိပ်တွေ
ရှိတဲ့ ဂျပန်ဓလေ့ကို ကိုယ်ကချစ်တယ်။ သို့ငြား ယနေ့ခေတ်လူငယ်လေးတွေမှာ အဲလိုဓလေ့လေးတွေ
ပျောက်ကွယ်စ ပြုလာနေတာလည်း အတော်များများတွေ့ရတယ်။ သို့ငြား ဂျပန်စတိုင်က အလုပ်ထဲဝင်
တော့မယ် တက္ကသိုလ်တက်ပြီဆိုရင်ပဲ လူမှုရေးဆိုင်ရာ အကျင့်နှင့် အပြုမူတွေကို ပုံစံချပစ်တဲ့ လူမှု
ထုံးစံမို့ လုပ်ငန်းခွင်ဝင်ပြီဆိုရင်ပဲ အားလုံးဟာ အမူကျင့်တွေ ပြောင်းလည်းသွားတာတွေ့ရပါတယ်။

အဲလိုနဲ့ဆက်ရရင် စက်ဘီးစီးခါစ သိပ်ကြောက်တတ်တယ်။ ဂျပန်ရဲ့ အများစုက ကျဉ်းမြောင်းတဲ့ လမ်းသွယ်လေးတွေထဲမှာ တိုက်မိမှာ သိပ်ကြောက်တယ်။ မြန်မာပြည်မှာ ကားမောင်းတတ်ခါစ အခွေဆိုင်
သွားတော့ အနားရောက်မှ ဘေးကပ်ဖို့သတိရတော့ လန့်လန့်နဲ့အမြန်ကပ်ဖို့ ဘေးကားအကြည့်ကောင်းတာ လမ်းလယ်က အုတ်ခုံတွေကို ဆွဲခြစ်ခဲ့ပါရောလား။ အဲလိုရာဇ၀င်မို့။
စက်ဘီးစီးစ ခဏခဏ ရပ်လိုက်သွားလိုက်နဲ့ပေါ့။
ခုတော့ သူက စက်ဘီးသိပ်စီး သိပ်ပတ်တတ်တော့ ကိုယ်လည်း ကျင့်သားရသွားတယ်။

စက်ဘီးတွေက တပတ်ရစ်တွေလည်း ၀ယ်လို့ရပါတယ်။ အဟောင်းဆိုင်တွေမှာ ၃ထောင် ၄ထောင်ယမ်း
ခန့် တချို့ကောင်းလျှင် ယမ်း ၅ထောင်ကျော်ခန့်ပေါ့။ သို့ငြား အသစ်ဝယ်လျှင် အသက်သာဆုံးက ဆဲယူး
SeiYu ပါပဲ။ ယမ်း၇ထောင်ကျော်ခန့်ဖြင့်အသစ်စက်စက်ဝယ်လို့ရပါတယ်။

ဒါကြောင့်ဂျပန်လာမည်ဆိုလျှင် စက်ဘီးကလေးတော့ စီးတတ်သင့်ကြောင်း။ စက်ဘီးစီးတတ်ထားလျှင်
အလွန်အဆင်ပြေမည်ဖြစ်ပါကြောင်း။

ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♫♥⁂♡♫♪♪


Oct 16, 2010

နိုင်ငံရပ်ခြားပညာသင်ရာဝယ်

တနေ့က ဂျပန်တွင် ဂျပန်ဘာသာကျောင်းကို တက်ရောက်နေသော (.....)နှင့်စကားလက်ဆုံ
ကျသည်။

ဂျပန်မဟုတ်သောနိုင်ငံများဝယ် ပညာသင်ကြားခြင်းကို အတွေ့ကြုံလည်းမရှိသလို ကြားဖူးနားဝ
ဗဟုသုတလည်းမရှိတာမို့ သိပ်နားမလည်ပါ။

ဂျပန်ကတော့ ပညာတတ်တတ်၊ မတတ်တတ် နိုင်ငံခြားသားတစ်ဦးအဖို့ ငွေရှာရလွယ်သည်။
အချိန်ပိုင်းအလုပ်တွေ တနည်းဆိုရလျှင် အလုပ်ကြမ်းဟုပင် အကြမ်းဖျဉ်းခေါ်ရမည်ပင်။
၂၄နာရီ စတိုးဆိုင် ၀န်ထမ်း၊ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ပန်းကန်ဆေး၊ ဟိုတယ်များတွင်
သန့်ရှင်းရေး စသောအလုပ်များသည်ပင် တိုကျိုတွင် အနည်းဆုံး တနာရီလုပ်ခ ယမ်း၈၀၀ကျော်ခန့်
မြန်မာကျပ်ဖြင့်တွက်လျှင် တနာရီ ၉ထောင် တသောင်းနီးပါးခန့်ရတာမို့ တလလုပ်ခ သိန်း ဆယ်နှင့်
ချီကာ ရှာရလွယ်ပေသည်။

ဂျပန်တွင် တကယ်ပညာတတ်ကာ ကံလည်းကောင်းကာ စားပွဲပေါ်ထိုင် လခစား ကော်လာဖြူမြန်မာများ
လည်း မရှိသည်မဟုတ်၊ ရှိပါသည်။ သို့ငြား နိုင်ငံရေးဗီဇာ၊ အလုပ်ဗီဇာဝယ်ကာ လက်တွေ့တွင်
အချိန်ပိုင်းအလုပ်ဖြင့် စခန်းသွားနေသူများမှာလည်း တင်းကျပ်လာနေသော ဂျပန်လူဝင်မှုကြီးကြပ်ရေး
ဥပဒေများ၊ စစ်ဆေးမှုများအောက်တွင် ဒုနှင့်ဒေးရှိနေပါသေးသည်။

အချိန်ပိုင်းအလုပ်ကို မိမိအသုံးစရိတ် သုံးလိုသည်များအတွက်သာ အချိန်ပိုင်းမျှသာလုပ်ပြီး ပညာသင်ကြား
ရေးအတွက် ပြင်ဆင်မှုများ၊ လေ့လာမှုများပြုလုပ်နေသည်ကို ပညာတတ်တော့ကောအလုပ်ရနိုင်မှာမို့
လား၊ ဂျပန်မှာ လက်ရှိအခြေနေဟာ ဂျပန်နိုင်ငံသားတွေတောင် အလုပ်လက်မဲ့များနေ၊ ရှာရခက်နေတာ
လို့ ပြောတာမျိုးကို ဂျပန်နိုင်ငံမှာကြာရှည်စွာနေထိုင်လာပြီး တောက်လျှောက်အချိန်ပိုင်းအလုပ်လုပ်လာ
နေသော မိတ်ဆွေတဦးထံမှတောင် ယင်းသို့စကားကြားခဲ့ရဖူးပါသည်။

လောကမှာရှင်သန်မှုဟာ ဘာအတွက်လည်း..
ဘ၀ရဲ့ပြည့်စုံခြင်းဆိုတာရော ငွေကြေးဆိုတဲ့အရာတခုနှင့်မွမ်းမံထားနိုင်ခြင်းမျှသာပဲလား...
လူတွေ ကိုယ်စီ စိတ်ခံစားမှုတွေလည်း ကွဲပြားတာမို့ ...ဘာမှရယ်တော့မငြင်းလိုပါ..
မိမိဖြစ်ချင်သောလမ်းကြောင်းကို မိမိအကောင်ထည်ဖော်ကာ လိုတာရမှ ကာယကံရှင်ရဲ့ပျော်ရွှင်မှုဆိုတာ
ဖြစ်လာတာမျိုးမဟုတ်လားလို့ တွေးမိလို့ရယ်ပါ။

ဆိုရလျှင် ယင်းဂျပန်ဘာသာတတ်နေသော ခလေး(အမျိုးတော်ပါသည်) က နောက်နှစ်ကျောင်းအကူးမှာ
ဈေးပေါသောကျောင်းကို တတ်ပြီး လက်ရှိအချိန်ပိုင်းလုပ်နေသောစားသောက်ဆိုင်မှာ အလုပ်ဗီဇာရအောင်
လုပ်လိုသည် ဆိုတော့ စိတ်မကောင်းဖြစ်ရသည်။
အမျိုးလည်းဖြစ်၊ မြန်မာပြည်မှာ မိဘက ကြွယ်ဝသူမို့ အလိုလိုက်ခံခလေးတဦးက အလုပ်က နင့်နေအောင်
ဝင်သောငွေတွေကိုပဲမြင်ကာ အလုပ်၊ အလုပ်၊ အလုပ်ရယ်လို့ မဲကာ မဲကာ၊ အိပ်ချိန်လည်းနည်းပါး၊ စာဖတ်
ချိန်လည်း ဖဲ့မပေးနိုင်၊ စာလည်းမလုပ်ဖြစ်၊ ဒါကြောင့်မို့လည်း ဒီလိုပြောတော့ စိတ်ထဲ မချိတင်ကဲဖြစ်မိပါ
သည်။ ရောက်လာခါစက ဂျပန်ဘာသာ လယ်ဘယ်၂ ရအောင်ဖြေနော်၊ ကျောင်းကောင်းကောင်းတက် ၊
အလုပ်ကောင်းကောင်းရအောင်လုပ်လို့ ဆိုခဲ့သူ မိမိလည်း၊ လက်တွေ့မှာ ကြီးမြင့်လွန်းတဲ့ကျောင်းစရိတ်
ရောက်စအလုပ်မရှိလို့ မိဘကတောက်လျှောက်ပို့ပေးခဲ့တာတွေ၊ ကိုယ်တိုင်လည်း ဘာမှမကူညီနိုင်ပဲ
ကာယကံရှင်သာ မိမိဘ၀ မိမိရုံးကန်ရတာတွေ မြင်နေရသူမို့ ဘာစကားမှလည်း မဆိုနိုင်တော့ပါ။

လူတွေဟာ အကြံသာပေးလို့ရမည်လေ။ လက်တွေ့မှာ မိမိဘ၀ မိမိဘာသာ ရုန်းကန်ရပြီး
မိမိလျှောက်မည့်လမ်းကို မိမိဘာသာရွေးချယ်ကြသည်ကိုး။ ဒီအချိန်မှာ စာကြိုးစားလိုလည်း သူ့အတွက်
အချိန်မမီသည်မဟုတ်ငြား၊ အိမ်ကငွေထပ်တောင်းဖို့ဆိုတာလည်း မိဘတွေအတွက် ၀န်ဖြစ်စေမည်ထင်သလို၊ ငွေနှင့်ပညာကြား ငွေကိုအလွယ်ရွေးဖို့စဉ်းစားလိုက်သည်ဟုထင်ပါသည်။

မြန်မာပြည်မှာရှိစဉ် သူငယ်ချင်းအမျိုးမျိုးရှိပါသည်။ ငွေကြေးမတတ်နိုင်သော်ငြား စာကြိုးစားထူးချွန်သူတွေ
က ငွေကြေးမသုံးနိုင်လို့ နိုင်ငံရပ်ခြားပညာသင် မသွားနိုင်လို့ညည်းကြသည်။ (အစစအရာရာမထူးချွန်ပဲ တမျိုးတည်း ထူးချွန်သူများပါသည်။ ဆိုလိုသည်မှာ အစစအရာရာ ဥပမာ ဂျပန်စာ၊ အင်္ဂလိပ်စာ၊ တက္ကသိုလ်GPAကောင်းသူတွေကတော့ ပညာသင်ထောက်ပံ့ကြေးဆု ရနိုင်သောကြောင့် ဖြစ်သည်။ ယင်းသို့ ထူးချွန်မှုကြောင့်စကော်လာရပညာသင် မြန်မာကျောင်းသားများလည်း အတော်တွေ့ရပါသည်။) ငွေကြေးပြည့်စုံသူလေးတွေက မိဘအရိပ်အောက်မှာ အကောင်းဆုံး ဘာသာစကားကျောင်းတွေသွား၊ မိဘရဲ့ငွေတွေကုန်၊ စာတကယ်မကြိုးစားခဲ့လေသမျှ ဂျပန်ရောက်တော့ ထောင်ချောက်ထဲပိတ်မိသော သားကောင်လေးတွေလို ဖြစ်ကြသည်။ ရင်းလာခဲ့သော သိန်းရာကျော်အတွက် ပြည်တော်ပြန်ရန်လည်းခက်၊ ကျောင်းမှာစာတွေကလည်းခက်၊ နောက်နှစ်ကျောင်းလခနှင့်နေ၊စားစရိတ် သိန်းရာဂဏန်းစုမိဖို့ အချိန်ပိုင်းအလုပ်ကို မချစ်သော်လည်း အောင့်ကာနမ်းလို့၊ စာကျက်ဖို့အချိန်ကလည်းရှားပါးပြန်သည်။
မြန်မာပြည်မှာတော့ ဂျပန်သွား ကျောင်းတက်ပြီး ငွေရှာနိုင်လျှင်ပဲ အထင်တွေကြီးလို့ နိုင်ငံရပ်ခြားမှာ
ဘယ်လောက်ရုန်းကန်ရလည်း ဆိုတာတော့ ကာယကံရှင်သာ ခံစားရာအရာဖြစ်ပေသည်။

ကောလိပ်၊ တက္ကသိုလ်အဆင့်တွေပြီးတော့ ကျောင်းကဘာသင်လိုက်သလည်းတောင်ကောင်းကောင်း
နားမလည်လိုက်သူတွေလည်းရှိသည်။ သည်လိုဖြင့် အလုပ်ရဖို့၊ ဗီဇာဆက်ဖို့အရေးခက်ကြရပြန်သည်။

သည်ပို့စ်လေးဘာကြောင့်ရေးသလည်းဆိုတော့ အားလုံးကို အနာဂတ်ကောင်းစေချင်ပါသည်။
ဂျပန်လာမည် ကျောင်းလာတတ်မည်စိတ်ကူးလျှင် ဂျပန်ဘာသာကို အနည်းဆုံး လယ်ဘယ် ၂ သို့
၁အောင်တဲ့ထိလုပ်ပြီး လာစေချင်ပါသည်။ ဂျပန်မှာ ကော်လာဖြူမြန်မာတွေပြည့်နေတာ မြင်လိုစမ်းပါသည်
...

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪


Oct 6, 2010

အင်တာနက်

ဖြစ်ချင်တော့အိမ်ပြောင်း၊ ပြောင်းတော့လည်း သူက အစစအရာရာ စီစဉ်ရင်း အရေးကြီးတဲ့
အင်တာနက်သုံးခွင့်ကို လျှောက်ဖို့မေ့နေတော့ နီးမှကပ်လျှောက်တဲ့အခါ တပတ်လောက်
နောက်ကျသွားရပါတယ်။  သို့ငြား ပြောင်းပြီးတော့ ခရီးထွက်ပြန်တော့ အင်တာနက်လာချိတ်
ဖို့ကို ရက်ထပ်ဆုတ်ခိုင်းရပြန်တော့ အဲလိုနဲ့အင်တာနက်သုံးတာ နောက်ကျသွားရပါရောပေါ့။

ဖုံးကအင်တာနက်နဲ့ မေးလ်ထဲတော့ ခဏခဏ၀င်၊ ဘာမှမရှိမှန်းသိပေမဲ့လည်း အပျင်းပြေ
နှိပ်နှိပ်မိငြား မြန်မာစာဖတ်လို့မရတော့ ဘလော့ဂ်လည်းမဖတ်နိုင်ပါဘူး။

မနေ့ကတော့ အင်တာနက်မိုဒမ်းလေးလာချိတ်ပေးသွားပါတယ်။ မိုဒမ်းနဲ့ကြိုးလာသွယ်ပေးရုံပါပဲ။
ကွန်ပျူတာဆက်တင်ကတော့ မိမိဘာသာအကုန်ဆင်ရပါတယ်။
သူ့အလာကိုမစောင့်နိုင်တော့ တယောက်တည်းကြဲပါတယ်။

ဂျပန်မှာအင်တာနက်သုံးတဲ့အခါ လာဆင်ပေးတာက NTTအရှေ့ဂျပန်ကုမဏီပါ။
သည့်မတိုင်ခင် NTTက ချိတ်ပိတ်စာကလေး ကြိုရောက်နေပြီး ID နှင့်Access Keyကိုဖော်ပြထား
ပါတယ်။ စီဒီတချပ်တွဲပါပြီး စီဒီကလေးထည့်ပြီး မီနူးစာအုပ်ပါပါတာမို့ စာအုပ်ထဲကအတိုင်း
တဆင့်ချင်းလိုက်လုပ်ပါတယ်။

နောက်ဆုံးချိတ်ဆက်ခါနီး ချိတ်ဆက်ဖို့ အမည်နဲ့ နံပါတ်ထပ်တောင်းတော့ ကြောင်သွားပါတယ်။
NTTကစာအုပ်ထဲရှာတော့လည်း ID နှင့်Access Keyကလွဲလို့မတွေ့တာမို့ NTT service centre
ကိုဖုံးဆက်ပြီး မေးရပါတယ်။ အဲတော့မှ သူတို့က ဘယ် providerနဲ့လုပ်တာပါလည်းတဲ့။ အဲသည့်
က စာတစောင်သက်သက်လာတာမရှိဘူးလား အဲသည့်ထဲမှာပါပါတယ်တဲ့။

သြော..အင်တာနက်သုံးဖို့ကို အဆင့်ဆင့် ID နှင့် Password က နှစ်ဆင့်လိုသည်ကိုး။
ဂလိုနဲ့ စာအိတ်ရှာ အဲသည်လိုနဲ့ အောင်မြင်စွာချိန်ဆက်ပြီးချိန်မှာ မောပမ်းစွာဖြင့် အင်တာနက်
မသုံးဖြစ်တော့ကြောင်းပါ။

အဲလိုနဲ့ ပို့စ်ဦးပို့စ်ဖျားလေးတင်လိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

 


Sep 19, 2010

ဂျပန်မှာအိမ်ငှားခြင်း Renting room in Japan

မနေ့ကပဲ တီဗွီမှာ ဂျပန်မှာ အရစ်ကျအိမ်ဝယ်တာနဲ့အိမ်ငှားတာ ဘယ်ဟာပိုကောင်းလည်းဆိုတဲ့
အစီစဉ်လေးတခုလာသွားပါတယ်။ ဒီပို့စ်လေးမှာတော့ အိမ်ခန်းငှားတာနှင့်စပ်လျဉ်းပြီးရေးသား
ပါမယ်။


အိမ်ခန်းငှားရာမှာ တိုက်ရိုက် အိမ်ခြံမြေအကျိုးဆောင်ရုံးခန်းသွားပြီး မျှော်မှန်းတဲ့အိမ်လခနှုန်း၊ ဘူတာ၊
ဘူတာမှဘယ်နှစ်မိနစ်၊ အခန်းဖွဲ့စည်းပုံ စသဖြင့်အသေးစိတ်ညှိနှိုင်းပြောဆိုလျှင် အကျိုးဆောင်မှ
ငှားရမ်းလိုသူဆန္ဒနှင့်ကိုက်ညီတာတွေ အရင်တအိမ်ချင်းစာရွက်နှင့်ပြပြီး ကြည့်လိုသောနေရာကို လိုက်လံပြသပေးလေ့ရှိပါတယ်။

သို့ငြားအကောင်းဆုံးအနေဖြင့် အကြံပေးလိုတာကတော့ ဂျပန်စာဖတ်တတ်မည်ဆိုလျှင် အောက်ပါ
နာမည်ကြီးဆိုဒ်များရှိပြီး၊yahooဆိုဒ်ထဲမှာ 不動産ဆိုတဲ့အိမ်ခြံမြေအကျိုးဆောင်ကဏ္ဍလေးရှိတာမို့
အဲသည်ထဲသွားရှာတာအကောင်းဆုံးပါ။ ရဟူးထဲမှာရှာလျှင် အိမ်ခြံမြေအကျိုးဆောင်အားလုံးရဲ့အခန်း
တွေကိုဖော်ပြပေးထားတာမို့ နှစ်သက်ရာအခန်းရွေးချယ်ပြီးနောက်မှာ ယင်းအိမ်ခန်းရဲ့တာဝန်ခံအကျိုး
ဆောင်ရုံးခန်းသို့ဆက်သွယ်ရုံသာဖြစ်ဧ။်။ ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေထဲနာမည်ကြီး
သီးသန့်ဆိုဒ်များကတော့
www.athome.co.jp
www.chintai.net တို့ပဲဖြစ်ပါတယ်။


ရှာဖွေရာမှာ ငှားရမ်းလိုသောဘူတာ၊ ဘူတာမှအိမ်သို့မိနစ်အကွာဝေး၊ မျှော်မှန်းသောအခန်းလခ၊
ယင်းအပြင် အခန်းပုံစံ၊ အကျယ်ဝန်း၊ ပါစေလိုသောဆားဗစ်စ်စသဖြင့် အသေးစိတ်အချက်လက်တွေနဲ့ သတ်မှတ်ပြီး ရှာဖွေနိုင်တာမို့ အချိန်ကုန်လည်းအလွန်သက်သာ ဆုံးဖြတ်သုံးသပ်ရလည်းလွယ်ကူ
သက်သာပါတယ်။

အခန်းငှားရမ်းရာမှာ အခြေခံအားဖြင့်ကျသင့်ငွေများကတော့

1. ရှိခိကင်း(敷金) ပေးရငွေ
   Shikikinဆိုတာကတော့ အိမ်စပေါ်သဘောပါ။ အိမ်ပြန်အပ်တဲ့အခါ အခန်းကိုစစ်ဆေးကြည့်ရှုပြီး
   ပျက်စီးဆုံးရှုံးတာတွေရှိလျှင် လျော်ရမယ့်အတွက် ကြိုယူငွေပါ။ မြန်မာထုံးစံအရဆိုလျှင်တော့ ပြန်ရတာ
   များပါတယ်။ သို့ငြားဂျပန်မှာတော့ အခန်းတခန်း နှစ်ချီကာ တခါငှားရမ်းပြီးလျှင် အိမ်ကိုပြင်ဆင်မွမ်းမံ
   သန့်ရှင်းရေးပြန်လုပ်တာ ထုံးစံလိုမို့ ပြန်မရတာ ၉၀ရာခိုင်နှုန်းကျော် ထုံးစံလိုဖြစ်နေပါတယ်။
(အိမ်ကောင်းရင်ကောင်းသလို အိမ်လခရဲ့ ၁လစာ၊ ၂လစာ စသဖြင့်ပေးရပြီး လတ်တလောမှာတော့
စီးပွားကျကပ်နှင့်အတူ ရှိခိကင်း ဇီးရိုးဆိုပြီး မပေးရသောအိမ်တွေလည်း အတော်များလာပါတယ်။ သို့ငြား
အထူးသတိထားသင့်တာကတော့ ရှိခိကင်းရဲ့သဘောဟာ အိမ်ပျက်စီးဆုံးမှုအတွက် လျော်ကြေးသဘော
မို့ ရှီခိကင်းဇီးရိုးနှင့်အိမ်တွေငှားရမ်းလျှင် အိမ်ပြန်အပ်တဲ့အခါ ပျက်စီးပြုပြင်မှုအတွက် သီးသန့်မပျက်
မကွက် ကျသင့်ငွေလျော်ပေးရတာမို့ ဆင်ဖိုးထက်ချွန်းဖိုးကြီးသွားတာမျိုးကြုံလေ့ရှိတာမို့ ရှီခိကင်းကို
ပေးထားရတဲ့အိမ်ဟာ ပြန်အပ်တဲ့အခါ နောက်ကြောင်းရှင်းပါတယ်။
နောက်တခုက ရှီခိကင်းပေးရပေမယ့်လည်း အိမ်ပြန်အပ်တဲ့အခါ သန့်ရှင်းရေးခကို မိမိဘာသာပေးချေ
ရမယ်လို့ သတ်မှတ်ချက် သီးသန့်ထည့်သွင်းထားတဲ့ အိမ်မျိုးတွေလည်းရှိတတ်ပါတယ်။)

2. လဲကင်း(礼金) ပေးရငွေ
  မိမိအပါဝင် နိုင်ငံခြားသားအများစုနားမလည်နိုင်တဲ့ ဂျပန်ရိုးရာအစဉ်လာကျင့်သုံးတဲ့စနစ်တခုဖြစ်ပြီး
  အိမ်ရှင်ကို ကျေးဇူးတင်ခဆိုပြီးပေးရငွေပါ။ ယင်းကတော့၁၀၀ရာခိုင်နှုန်းပြန်မရပါ။ 
  (အိမ်လခရဲ့၁လစာ၊ ၂လစာ စသဖြင့်ရှိပြီး ယခုနောက်ပိုင်း လဲကင်းဇီးရိုးအိမ်တွေလည်းများပါတယ်။)

ကိုယ်ပိုင်အကြံပြုလိုတာကတော့ ရှီခိကင်း ၁လစာ၊ လဲကင်း၁လစာပေးရတဲ့အိမ်ရှာတာကောင်းမယ်လို့
ထင်ပါတယ်။ အခြားတချက်က ရှီခိကင်း၊ လဲကင်းမပေးရသောအိမ်တွေဟာ ဟောင်းတာတွေများပါတယ်။

3. 管理費 KanRiHi
   ဒါကတော့ မြန်မာပြည်က ကွန်ဒိုတွေမှာ တလဘယ်လောက်ဆိုပြီး တိုက်ကိုကြီးကြပ်စောင့်ရှောက်ခ
   ပေးရသလိုမျိုးပါ။ သာမန် အိမ်ဟောင်းနှင့် Apartmentတွေဆိုလျှင် အိမ်ကိုစောင့်ကြပ်သူမရှိသလို
   မပေးရတာများပေမဲ့ မန်ရှောင်လို့ခေါ်တဲ့ တိုက်ခန်းကောင်းကောင်းတွေမှာတော့ ပေးရလေ့ရှိပါတယ်။
   တစ်လ ၂ထောင်ခန့်မှစလို့ အိမ်ကောင်းတာပေါ်မူတည်ပြီး သောင်းကျော်ခန့်ပေးရပါတယ်။

4. မိတ်ဆက်ကြေး
   ဒါကတော့ အိမ်ခြံမြေအကျိုးဆောင်ကိုပေးရငွေပါ။ အများအားဖြင့်အိမ်လခ တလခ၀န်းကျင်ခန့်ပါ။

5. အိမ်အာမခံကြေး
   အိမ်ဟာ မီး၊ ရေ၊ လေစသောဘေးတွေအတွက် ထားရသော အာမခံပါ။
   တနှစ်ကို တသောင်းဝန်းကျင်ခန့်ရှိပါတယ်။ မထားရသောအိမ်တွေလည်းရှိပေမဲ့ ဂျပန်အများစုဟာ
   မပျက်မကွက်ထားလေ့ရှိပါတယ်။ မထားမနေရ သတ်မှတ်ထားတာမျိုးများပါတယ်။

ဒီမှာတခါတည်းဆက်စပ်ပြီး ဖော်ပြချင်တာကတော့ အိမ်ငှားသက်တမ်းပါ။ အများအားဖြင့် ၂နှစ်သက်တမ်း
များပြီး၊ တနှစ်ရှိသလို ၃နှစ်လည်းရှိတတ်ပါတယ်။ တခါတရံ ၃လ ၆လ စသဖြင့်လည်းရှိတတ်ပါတယ်။
ယင်းစာချုပ်ပေါ်မူတည်ပြီး နှစ်ပြည့်လို့ ဆက်နေချင်တယ် သက်တမ်းတိုးချင်တယ်ဆိုလျှင် သက်တမ်းတိုးခ
ဘယ်လောက်ဆိုပြီး စာချုပ်မှာတခါတည်း သတ်မှတ်ထားလေ့ရှိပါတယ်။ အများအားဖြင့်ကတော့ ထပ်မံ
အသစ်သတ်မှတ်မယ့် အိမ်ခန်းငှားခရဲ့၁လခစာခန့်ပါ။

6. အိမ်ခန်းငှားခ တလကြိုပေးရငွေ တလစာ။

ဒါကတော့ မပေးချေမဖြစ် ပေးချေရသော အိမ်ခန်းငှားလျှင် ကနဦးကုန်ကျမည့်ငွေပမာဏပါ။
နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးအချက်တခုကတော့ အာမခံပေးမည့်သူတစ်ဦးရှိရပါတယ်။
မိမိက အလုပ်ဗီဇာဖြင့်နေလျှင် မိမိကုမ္ပဏီကို အာမခံလုပ်လို့ရတာ ထုံးစံဖြစ်ငြား အလုပ်မရှိလျှင်
သီးသန့်အာမခံပေးမည့်သူကို ထားရှိရပါတယ်။
ယင်းအာမခံသူဟာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြဿနာတခုခုဖြစ်လျှင်တာဝန်ခံရမည့်သူဖြစ်ပါတယ်။
ဂျပန်ထုံးစံဟာ မနိုင်ဝန်လို့ထင်လျှင် အစတည်းက ချိုချိုနှင့်ပြတ်ပြတ်သားသားငြင်းတတ်လေ့ရှိတာမို့
တော်ရုံခင်မင်ရင်းနှီးရုံဖြင့် ဂျပန်များဟာ အာမခံလုပ်လေ့မရှိကြပါဘူး။

ဒီအတွက် မြန်မာအများစု အိမ်ခန်းငှားလိုလျှင် အလုပ်အကိုင်ရှိသူ မြန်မာချင်းဖြစ်စေ၊ ဂျပန်နိုင်ငံသားကို
ဖြစ်စေ ဥာဏ်ပူဇော်ခ သီးသန့်ပေးပြီး လုပ်လေ့ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။

အချို့အိမ်တွေမှာ ဂတ်စ်မီးဖိုတွေတွဲရက်ပါသလို မပါလျှင် မီးချောင်း စတာတွေကို မိမိဘာသာ ၀ယ်ယူ
တပ်ဆင်ရပါတယ်။ အခန်းလွတ်ကိုသာ ငှားရမ်းခြင်းဖြစ်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪


Sep 18, 2010

Shibuya ဂျပန်က အထင်ကရ ရှီဘူယ

Shibuya လို့ Google Image မှာရိုက်ထည့်လိုက်ရင် မီးပွိုင့်လမ်းဆုံမှာ လူတွေအများကြီးဖြတ်ကူးနေတဲ့
ပုံတွေအများကြီး ပေါ်လာလေ့ရှိတယ်။ ဂျပန်ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေစုဝေးရာနဲ့ လူငယ်တွေစုဝေး
ရာ အထင်ကရ အစည်ကားဆုံး မြို့နှစ်မြို့က Shinjuku ရှင်ဂျုကုနဲ့ Shibuyaပဲဖြစ်တယ်။

နောက်ထင်ရှားတဲ့မြို့တစ်ခုကတော့ Akihabara အာခိဟဘရ လို့ခေါ်ပြီး ဂျပန်ရဲ့ လျှပ်စစ်မြို့တော်လို့
တင်စားခေါ်ဝေါ်ပါတယ်။ လျှပ်စစ်နှင့်ITဆက်နွယ်ပစ္စည်းတွေရောင်းချသော ဈေးတန်းကြီးများရှိတဲ့မြို့ပါ။
ယင်းအပြင် ဂျပန်က ကာတွန်းဝါသနာရှင်များစုဝေးရာ နေရာလည်းဖြစ်တယ်။

နောက်မြို့တစ်ခုကတော့ Ginza ဂင်ဇာ။ သူကတော့ သူဌေးမြို့လို့ဆိုရမည်။ ကမ္ဘာ့အကောင်းဆုံးအရက်
ဆိုတာမျိုးက ဂင်ဇာမှာရနိုင်သည်။ ကမ္ဘာ့နာမည်ကြီး Brand ဆိုသော ဆိုင်ကြီးတွေခမ်းနားစွာတည်ရှိ
သည်။ နာမည်ကျော် ဆိုတာတွေ ခမ်းနားမှုတွေ ပြည့်လျှမ်းစွာရှိသောမြို့ဟုဆိုရမည်။

သို့ငြား ရှီဘူယကတော့ မီးပွိုင့်မှာလူတွေအများကြီး ပုရွက်ဆိတ်အုံကြီးလိုလမ်းဖြတ်ကူးလေ့ရှိသလို
ဘူတာအဆောက်ဦးပေါ်ကနေ မှန်အကြည်တွေကြားက လှမ်းမြင်ရတာမို့ မီးပွိုင့်လမ်းကူးချိန်ကိုစောင့်ပြီး
ဓါတ်ပုံရိုက်လေ့ရှိတဲ့နိုင်ငံခြားသားအများစုကိုလည်း အမြဲလိုလို တွေ့ရလေ့ရှိတယ်။

ဒီမနက် လူသိပ်မများပေမဲ့ ရိုက်လာတဲ့ဓါတ်ပုံကို အကြံကုန်ဂဠုန်ဆားချက် ပို့စ်တင်လိုက်ပါတယ်။



တခြားမြို့တွေကတော့ ဆက်လေ့လာလိုက်ဦးပါမယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪


Sep 4, 2010

ဆောင်းတွင်းရဲ့ရေအိမ်အဖုံး

ခုဆို ဂျပန်မှာ နွေအလွန် ဆောင်းဦးအကူးပေါ့
သို့ငြားလူအတော်များများနွေအ၀တ်စားတွေဝတ်နေဆဲ
၉လပိုင်းကုန်ခန့်အထိ ပူနေဦးမှာဖြစ်ကြောင်း
မိုးလေ၀သသတင်းတွေကလည်း ကြေငြာကြတယ်။

ဂျပန်က ရာသီဥတုအပူအအေးခြားနားမှု ပြင်းထန်တာကြောင့်
အ၀တ်စားဆိုလည်း နွေဝတ်နဲ့ဆောင်းဝတ်က မှားဝတ်လို့ကိုမဖြစ်ပဲ
အခြားနားကြီးခြားနားပါတယ်။ ဒါကြောင့်ရာသီဝတ်အသုံးဆောင်တွေကို
အဲသည့်ရာသီပြီးခါစမှာ ဈေးတွေချလေ့ရှိပါတယ်။ အဲလိုအချိန်ဝယ်ထားရင်
သုံးရတန်ပါတယ်။ အဲလိုနဲ့ လျှော့ဈေးတွေချနေတဲ့ ဆိုဒ်ထဲဟိုကြည့်သည်ကြည့်
လုပ်ရင်း ဆောင်းရာသီသုံး ရေအိမ်အစွပ်လေးတွေသွားတွေ့ပါတယ်။

ရေအိမ်အစွပ်ဆို ပြီးခဲ့တဲ့ဆောင်းတွင်းက ယူပုံစံကို အိုပုံစံမှားဝယ်လာတာမို့
သုံးမရဖြစ်ဖူးတာ သတိသွားရမိတယ်။
နေတာကြာသူတွေတော့ သိမှာပါ။ သို့ငြားအင်တာနက်မှာဝယ်လျှင်
ဆိုဒ်ရွေးရခက်တဲ့အခါ၊ ဂျပန်လိုတွေလိုက်ဖတ်ရတာမျက်စိနောက်တယ်
သို့ ဖတ်ရခက်တယ်လို့ ထင်တဲ့သူတွေအတွက်
ခုလည်း ဆောင်းဝင်ဖို့အတော်လိုသေးပေမဲ့
သတိရတုန်း ပို့စ်တင်လိုက်ပါတယ်။

ဂျပန်မှာ လျှပ်စစ်နဲ့အနွေးပေးရေအိမ်တွေလည်းရှိပေမဲ့ အိမ်အတော်များများမှာ
ဒီလို မွှေးပွ အစွပ်လေးတွေသုံးကြတာတွေ့ရများပါတယ်။


ဘယ်ဘက်က အို သို့ ယူ ပုံစံလို့ခေါ်ပြီး ညာဘက်ကတော့နောက်ပိုင်းပေါ်တဲ့ပုံပါ

 
ဒါကတော့ အို၊ ယူ နဲ့ ရေနွေးပါသုံးနိုင်တဲ့စက်ကလေး၃ပုံပါ။


ယူပုံစံပါ


အိုပုံစံပါ


ရေနွေးပါသုံးနိုင်တဲ့ ရေအိမ်ပုံစံပါ


အဖုံးပါ

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪



Aug 1, 2010

ဂျပန်က ကာတွန်းများ

ဂျပန်စာသင်ကြားခါစက ဂျပန်ကာတွန်းဆိုတာ အပျော်ဖတ်ပဲဟု ထင်မှတ်ခဲ့ဖူးသည်။ အဆင့်မြင့်တန်းတက်တော့ သင်ရိုးမှာ ကာတွန်းတအုပ်လည်း ပါသည်။
သဲကန္တာရဒေသမှာ အပင်စိုက်လို့ရအောင်လုပ်သောသူတဦးဧ။်အထ္ထုပတ္တိဖြစ်သည်။


ဂျပန်ဟုဆိုလျှင် မန်းဂ ခေါ် ကာတွန်းဧ။် အခန်းကဏ္ဍမှာ ထင်ရှားသော ကိုယ်စားပြု
သင်္ကေတတစ်ရပ်ဟု ဆိုရပေမည်။ ကာတွန်းသည် မြန်မာပြည်လိုမဟုတ်။
ခလေးလေးမှသည် လူငယ်၊ လူလတ်၊ လူကြီး စသဖြင့် အရွယ်စုံဖတ်သော စာပေ
ဖြစ်သည်။

သမိုင်းကြောင်းများ၊ တီထွင်သူများ၊ ခေါင်းဆောင်များ၊ ကျော်ကြားထင်ရှားပုဂ္ဂိုလ်များဧ။်
အထ္ထုပတ္တိများ၊ ဟာသများ၊ ခရီးသွားမှတ်တမ်းများ၊ စီးပွားရေးလုပ်ငန်းသဘောများ၊
ဆိုရလျှင် မဆုံးနိုင်အောင် အကြောင်းရာမျိုးစုံ၊ ရသမျိုးစုံကို ကိုယ်စားပြုရေးဆွဲသော
ကာတွန်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ဖတ်သူပေါ်မူတည်ကာ ကာတွန်းသည်
ဗဟုသုတများစွာကိုပေးစွမ်းနိုင်ပေသည်။

ဆိုရလျှင် မြန်မာပြည်သည် ဗဟုသုတရရှိရန် ခက်ခဲသော အလှမ်းဝေးသော ဒေသတွေ
အများကြီးရှိနေသေးသည်။အင်တာနက်သုံးနိုင်လာသောအခါ ကမ္ဘာတ၀ှမ်းရှိဝက်ဘ်ဆိုဒ် 
အမျိုးမျိုးအားကြည့်ကာ ဗဟုသုတရှာမှီးလာနိုင်သော အနေထားတခုသို့ရောက်လာငြား 
အင်တာနက်မသုံးနိုင်သေးသော၊ တနေ့တနေ့ လယ်ထဲမှာ အလုပ်ထဲမှာ နေ့စဉ်ဘ၀တခုထဲမှာပဲ 
အချိန်ကုန်သွားသော လူနေမှုဘ၀များစွာလည်း ရှိနေသေးသည်။
ဤတွင် ဂျပန်ကာတွန်းစာအုပ်များကို သတိရမိသည်။
ယခုနောက်ပိုင်းမြန်မာ့ကာတွန်းရေးဆွဲရာတွင်အကြောင်းရာများ များလာသည်ကို 
သတိပြုမိငြား၊ မြန်မာပြည်ရှိကာတွန်းလောကကို ယင်းသို့ပြောင်းလဲလာစေချင်ပါသည်။
သည့်ထက်ပိုအရေးကြီးသည်ကတော့မြန်မာပြည်တွင် ယခင် အသုံးလုံးကဲ့သို့
မည်သူမဆို စာတတ်မြောက်စေချင်ပါသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♪♪♪


May 24, 2010

ခလေးကို ထူးချွန်သောသူဖြစ်စေကြောင်း...

မနေ့က ဂျပန်တီဗွီအစီစဉ်လေးမှာထုတ်လွှင့်သွားတာပါ။
ဂျပန်မှာ အားကစားမှာ ထူးချွန်တဲ့ ခလေးတွေရဲ့ မိဘတွေကိုရော
စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကိုရော အားလုံးကိုမေးမြန်းသုံးသပ်ထားတဲ့
မိမိခလေးကို ထူးချွန်သောအားကစားပညာရှင်ဖြစ်လာအောင်
အောက်ဖော်ပြပါ ၆ ချက်ကို ဘုံအဖြစ် တူညီစွာတွေ့ရှိရတယ်လို့ဆိုပါတယ်။

၁။၁၀နှစ်အထိခြေဖနောင့်ကိုနှိပ်နယ်ပေးတယ်လို့ဆိုပါတယ်
(သို့)ခလေးကို ခြေဗလာဖြင့် ဆော့ကစားလှုပ်ရှားစေပါတယ်။
၂။ခလေးရဲ့ပြုလုပ်မှုအတွက်  ချီးမွမ်းပါတယ်။
(စိတ်ဆိုးတာမရှိပဲ ခလေးကိုအတင်းလုပ်ခိုင်းတာမျိုးလည်းမရှိပဲ ကစားတဲ့ပုံစံသာလုပ်ပါတယ်)
၃။မိဘနှစ်ပါးအနက် အနည်းဆုံး တဦးဦးက အားကစားကိုနှစ်သက်သူဖြစ်ပါတယ်
၎။ခလေးကို ၁၀ရာခိုင်နှုန်းပိုမိုတော်လာ ကျွမ်းကျင်လာရင်တော်ပြီဆိုတဲ့စိတ်ထားပါတယ်။
၅။ခလေးအိမ်ပြန်လာတဲ့အခါ မိဘနှစ်ပါးအနက် တဦးဦးကအိမ်မှာရှိနေပါတယ်။
၆။မိဘနှစ်ဦးချစ်ခင်သင့်မြတ်ခြင်းပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


အလည်လာသူများ

free counters

Total Pageviews