မနေ့က ဂျပန်တီဗွီအစီစဉ်လေးမှာထုတ်လွှင့်သွားတာပါ။
ဂျပန်မှာ အားကစားမှာ ထူးချွန်တဲ့ ခလေးတွေရဲ့ မိဘတွေကိုရော
စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကိုရော အားလုံးကိုမေးမြန်းသုံးသပ်ထားတဲ့
မိမိခလေးကို ထူးချွန်သောအားကစားပညာရှင်ဖြစ်လာအောင်
အောက်ဖော်ပြပါ ၆ ချက်ကို ဘုံအဖြစ် တူညီစွာတွေ့ရှိရတယ်လို့ဆိုပါတယ်။
၁။၁၀နှစ်အထိခြေဖနောင့်ကိုနှိပ်နယ်ပေးတယ်လို့ဆိုပါတယ်
(သို့)ခလေးကို ခြေဗလာဖြင့် ဆော့ကစားလှုပ်ရှားစေပါတယ်။
၂။ခလေးရဲ့ပြုလုပ်မှုအတွက် ချီးမွမ်းပါတယ်။
(စိတ်ဆိုးတာမရှိပဲ ခလေးကိုအတင်းလုပ်ခိုင်းတာမျိုးလည်းမရှိပဲ ကစားတဲ့ပုံစံသာလုပ်ပါတယ်)
၃။မိဘနှစ်ပါးအနက် အနည်းဆုံး တဦးဦးက အားကစားကိုနှစ်သက်သူဖြစ်ပါတယ်
၎။ခလေးကို ၁၀ရာခိုင်နှုန်းပိုမိုတော်လာ ကျွမ်းကျင်လာရင်တော်ပြီဆိုတဲ့စိတ်ထားပါတယ်။
၅။ခလေးအိမ်ပြန်လာတဲ့အခါ မိဘနှစ်ပါးအနက် တဦးဦးကအိမ်မှာရှိနေပါတယ်။
၆။မိဘနှစ်ဦးချစ်ခင်သင့်မြတ်ခြင်းပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
May 24, 2010
ခလေးကို ထူးချွန်သောသူဖြစ်စေကြောင်း...
6:56 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


6 comments:
ဖတ်လို့ကောင်းလိုက်တာ..
အစ်မလည်း မနေ့က တ၀က်တပျက်ကြည့်ဖြစ်တယ်။ အခုမှ အသေးစိတ်သိရတော့တယ်။ ကျေးဇူးနော်။
အစ်မ့ဇူးဇူးလေးအတွက် မှတ်သွားတယ် ညလေး
နောင်လာနောင်သားများအတွက် မှတ်သားသွားပါသည်။း)
ညီမရေ.. ဗဟုသုတအနေနဲ့ ဖတ်သွားတယ်နော်.. ကလေးကြီးလာလို့ သူအားကစား ၀ါသနာပါတယ်ဆိုရင်လည်း အခုကတည်းက လေ့ကျင့်ပေးထားလို့ရအောင်ပါ.. အခုလိုလေးတွေ ဘာသာပြန်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ညီမရေ.. :)
ဗဟုသုတများစွာရလို့ ကျေးကျေးပါ..
အဲဒီလို အကြောင်းအရာမျိုးတွေကို စိတ်ဝင်စားပါတယ်။
Thank for sharing!
မညနဲ့မမနုရေ
တူမလေးတွေအတွက်စဉ်းစားပြီး
ကိုယ့်အမတွေအတွက်သတိတရရေးပေးတာ ခစ်
အမှတ်ကပ်ယူပစ်တာ...
ကာရံရေ အစီစဉ်ရှိသလား ဒီလိုမျိုးပျိုးထောင်သွားဖို့..
:D
ရီတာရေ..
စိတ်ဝင်စားရုံပဲဆို မရဘူးနော်
;)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ