♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 16, 2013

Western Union ဖြင့် ဂျပန်မှမြန်မာသို့ငွေလွှဲခြင်း


ဂျပန်မှမြန်မာပြည်သို့ငွေလွှဲခြင်း
ဝန်ဆောင်ခကို ဒီနေရာတွင်ကြည့်ပါ။
ငွေလဲနှုန်းကို ဒီနေရာတွင် (1)受取国တွင် Myanmarကိုရွေးထည့်ပြီး
                                 (2)送金金額တွင် ၁သိန်းခန့်ရိုက်ထည့်ကာကြည့်နိုင်သည်။
                                 (၀န်ဆောင်ခကျသင့်ငွေပါ ထည့်သွင်းတွက်ချက်ပေးသည်။)
များသောအားဖြင့်ငွေလွှဲနှုန်းသည်အချိန်တိုင်းအနည်းနှင့်အများပြောင်းလဲတတ်သည်ဟုဆိုဧ။်။

ပို့နည်းများ
Western Union မှ ကြားခံအဖြစ်၊ ဂျပန်နှင့်မြန်မာရှိငွေလွှဲလုပ်ငန်းများနှင့်ချိတ်ဆက်ကာ ငွေလွှဲ
ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

၁။ Western Union အသုံးပြုနိုင်သော၊ ဆိုင်းဘုတ်ချိတ်ထားသောဆိုင်တိုင်း။
    (နှစ်နိုင်ငံလုံးတွင် ဘဏ်စာရင်းဖွင့်လှစ်ရန်မလိုပဲ အသုံးပြုနိုင်ပါသည်။)
    ရှင်ဂျုကုမှာဆိုလျှင် ယာမနိုတဲလိုင်း အနောက်ပေါက်မှာထွက်လိုက်ပြီးညာဘက်ကွေ့လျှင်
    ယူနီကလော့ဆိုင်ကြီးရှိပါတယ်။ ဘေးကပ်ရက်မှာလမ်းသွယ်လေးရှိပြီး ယင်းလမ်းသွယ်ထိပ်
    မှာ လက်မှတ်တို့ဘာတို့ရောင်းတဲ့ဆိုင်လေးတွေပြုံနေပါတယ်။ ယင်းဆိုင်များထဲ  Western
    Unionလို့ ဆိုင်းဘုတ်ရှိသောဆိုင်မှာတိုက်ရိုက်ပို့နိုင်ပါသည်။
    -မြန်မာပြည်ဘက်မှ လက်ခံသူအမည်ကို အင်္ဂလိပ်လိုသေချာရေးရသည်။
    -ဂျပန်ပြည်မှ လွှဲသူအမည်ကိုသေချာရေးရသည်။
    -ပတ်စ်ပို့၊ ကျန်းမာရေးကဒ်၊ ကားလိုင်စင်လိုမျိုး သက်သေခံကဒ်ပြားတခုခုယူသွားရသည်။
    -ငွေလဲပေါက်ဈေးမေးကာ၊ငွေပို့ပြီး မိမိကိုပေးသည့်ဘောက်ချာစာရွက်တွင်ငွေထုတ်ယူသည့်
    အခါ ပြောရသည့်လျို့ဝှက်ကုဒ်နံပါတ်ကို ရေးထားသည်။ ညာဘက်အပေါ်ဆုံးတွင်ဖြစ်သည်။
    -မြန်မာပြည်တွင်ဘဏ်စာရင်းရှိစရာမလို။Western Unionကောင်တာဖွင့်ထားသောမည့်သည့်
    နေရာကိုမဆို သွားရောက်ပြီး အမည်နှင့်ကုတ်နံပါတ်ပြောကာ ငွေထုတ်ယူနိုင်သည်။
    -ကြာချိန်မှာနိုင်ငံနှင့်ဆိုင်ဖွင့်ချိန်ပေါ်မူတည်သည်။ အင်တာနက်စနစ်ဖြင့်လွှဲခြင်းဖြစ်ရာ ပုံမှန်
    အားဖြင့် မိနစ်ပိုင်းအတွင်းတွင် ငွေထုတ်ယူနိုင်သည်ဟုဆိုသည်။
    Western Union ဧ။်ဆိုင်ခွဲများကို ဒီနေရာတွင်ရှာဖွေနိုင်ပါသည်။
    အပေါ်ကအကွက်၂ခုထဲ ခရိုင်နှင့် ရပ်ကွက်ထည့်လျှင်အလိုလိုအောက်တွင်ဖော်ပြပါမည်။
    -တကြိမ်လျှင် ယမ်းသောင်း၅၀အထိ

၂။ Family Martဧ။် Family iPort ဖြင့်တဆင့်ပို့ခြင်း
    Family Martမှာထားထားလေ့ရှိတဲ့စက်တွေရှိပါတယ်။ ယင်းစက်တွေမှတဆင့် ပို့ခြင်းပါ။
    -ဦးဆုံးမပို့ခင်အရင်လျှောက်ထားရပြီး အမည်(ID)နှင့်ကုတ်နံပါတ်(password)ရယူရပါတယ်။
    -အင်တာနက်မှာလျှောက်လွှာကိုထုတ်ပြီး စာတိုက်မှတဆင့်ပို့ခြင်း သို့ Family Martဆိုင်တွင်
    လျှောက်ထားနိုင်ပါသည်။
    -ယင်းနောက် အမည်(ID)နှင့်ကုတ်နံပါတ်(password)ပေးပို့ရရှိလာလျှင် စတင်ပို့နိုင်ပါပြီ။
    -မနက်၉နာရီမှည၉နာရီအတွင်းအသုံးပြုနိုင်ပါတယ်။
    -တကြိမ်ပို့လျှင် ၀န်ဆောင်ခအပါဝင် တကြိမ်လျှင် ယမ်း၁၀သောင်းအထိ

၃။ Seven Bank မှပို့နည်း
    -Seven Bankတွင် စာရင်းဖွင့်လှစ်ပြီး၊ နိုင်ငံခြားသို့ငွေလွှဲဝန်ဆောင်မှု (外国送金・Gaikoku
    Sookin)ကို အသုံးပြုမည်ဖြစ်ကြောင်း အတူလျှောက်ထားပါသည်။
    -ယင်းနောက်ဘဏ်ကဒ်ရလာသည့်အခါဘဏ်တွင်ငွေထည့်မည်။
    -ယင်းနောက်ဘဏ်ကတိုက်ရိုက်ဖြစ်စေ၊ အင်တာနက်ဘဏ်မှတဆင့်ဖြစ်စေငွေလွှဲနိုင်သည်။
    -ငွေပမာဏမှာ အများဆုံးယမ်း၅၀သောင်းအထိ။ သို့ငြားပမာဏနှင့် ကြိမ်ရေမည်မျှသုံးမည်
    ကို စတင်လျှောက်ထားချိန်တွင် မိမိရွေးခဲ့သည့်အတိုင်း အသုံးပြုခွင့်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်
 နံပါတ်(၂)နှင့်(3)ဖြင့် လျှောက်ထားချိန်တွင် ပတ်စ်ပို့၊ ကျန်းမာရေးကဒ်၊ ကားလိုင်စင်လိုမျိုး
သက်သေခံကဒ်ပြားတခုခုဧ။် မိတ္တူကိုအတူတွဲကာ လျှောက်ထားရသည်။

ပို့ပြီးလျှင်မြန်မာပြည်သို့ ကုတ်နံပါတ်နှင့်ထုတ်မည့်သူဧ။်အမည်ကို အကြောင်းကြားရသည်။
လုံခြုံမှုရှိစေရန် အမည်နှင့် ကုတ်နံပါတ်အနက် တမျိုးကို ဖုံးဖြင့် တမျိုးကို မေးလ်ဖြင့်စသည်
ဖြင့် ခွဲကာအကြောင်းကြားသင့်သည်ဟုအကြံပေးလိုပါသည်။

အားလုံးပဲအဆင်ပြေပါစေရှင်



11 comments:

Unknown said...

၃နည်းလုံး ထည်.ရေးပေးထားတဲ.အတွက် ဘယ်နည်းနဲ.လွှဲလွှဲ အဆင်ပြေစေတာပေါ.။

Anonymous said...

လူတိုင်းကိုယ်တိုင်သိကိုယ်တိုင်လုပ်နိင်ပါတယ် ရီချင်လို့ အံအြလို့...

KNSL said...

မွန်ရေ ဟုတ်မယ်ထင်တယ်နော်

အောက်ကတယောက်ရှင်
သိပြီးသားဆိုရင်ခေါင်းစဉ်ဖတ်ပြီးကျော်သွားလို့ရပါတယ်
ကွန်မန့်တောင်တကူးတက၀င်ရေးတဲ့အချိန်တွေကနှမြောဖို့ကောင်းပါတယ်။
ကျမကိုမုန်းနေရင်အပူလောင်ဆုံးကရှင်ကိုယ်တိုင်ပါပဲ
ငြိမ်းချမ်းပျော်ရွှင်ပါစေ

AMK said...

အစ်မ ဂျပန် က ပို့ တော့  ၇န်ကုန်မှာ ရတဲ့ ပိုက်ဆံ နဲ့  ဟွန်ဒီနဲ့  ပို့ သလောက်ပဲ ရလား ပို ရလားဟင် အိမ်ကိုပို့ ချင်လို့  ရန်ကုန် က ဘဏ်တွေမှာ Western Union ဆို တဲ့ ဆိုင်းပုင်္ဒရှိတဲ့ နေရာတိုင်းမှာ ထုတ်လို့ ၇တာလား ဟင်

Anonymous said...

Thanks

ကနဆလ said...

ပြန်တာနောက်ကျတာခွင့်လွှတ်နော်
ဘယ်ဟာပိုရလဲဆိုတာအခြေနေနဲ့အချိန်ပေါ်မူတည်မယ်ထင်တယ်
အမသိပ်မသိလို့စုံစမ်းကြည့်နော်
Western Union ကဘဏ်တင်မက Western Union သီးသန့်ဆိုင်ဖွင့်ထားတဲ့နေရာတွေမှာလည်းထုတ်လို့ရတယ်။ ဘဏ်တိုင်းWestern Union မဖွင့်ဘူးနော်။

Anonymous said...

Just wish to say your article is as astonishing. The clarity in your post is just spectacular and i could assume you
are an expert on this subject. Well with your permission allow
me to grab your feed to keep updated with forthcoming post.
Thanks a million and please carry on the rewarding work.


Also visit my webpage :: free money making websites

Anonymous said...

Woah! I'm really enjoying the template/theme of this site. It's
simple, yet effective. A lot of times it's hard to get that "perfect balance" between superb usability and visual appeal. I must say you have done a great job with this. In addition, the blog loads very quick for me on Safari. Excellent Blog!

My blog post ... free money for business start up

Anonymous said...

My brother suggested I may like this website.
He used to be totally right. This publish actually made
my day. You can not consider just how much time I had spent for this info!

Thank you!

Also visit my blog: http://www.youtube.com/watch?v=yWtQw9OzNwY

ma said...

ညီမရေ အခုလို ပြည့်ပြည့်စုံစုံရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ။အမတို့ တွေက ဘာသာစကားမကျွမ်းကျင်တော့ ညီမတို့ လို စေတနာရှေ့ ထား ပြောပြပေးသူတွေကို အားကိုးနေရတာပါ ။

Anonymous said...

အမေရိကန်မှာတော့ Western Union ဆိုရင် ဝေးဝေးရှောင်တယ် ပစည်းဝယ်လို့ ဒီဘဏ်သုံးတယ် ဆိုပါတော့ ပစည်းမရောက်လို့ မေးရင် ဒီဘဏ်က တာဝန်မယူဘူး။ ဒီဘဏ်က ပို့ ပေးတာဘဲ ရှိတယ် နောက်ပိုင်းပြသနာ အများကြီးဘဲ

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews