တခါတလေ မင်းကိုသတိရရင် ပြုံးမိတယ်။ ခပ်သဲ့သဲ့လေး...
ကြည်သာရွှင်လန်းပြီးပေါ့ပါးတဲ့စိတ်နဲ့ပေါ့ ...
အမှန်က လွန်ခဲ့တဲ့၅နှစ်လောက်ကဆို အဲလိုမပြုံးနိုင်ခဲ့တာအမှန်ပေါ့။ မင်းအကြောင်း
တွေးရင် ရင်ထဲမှာ ကျဉ်နေအောင်နာတယ်။ မေ့ချင်ရက် မေ့ရခက်တယ်။ မာလှပြီလို့
လူတွေထင်တဲ့ အသဲက ပျော့လွန်းတာ ကိုယ်ကိုယ်တိုင်ပဲသိရက်၊ခံရခက်တယ်။
မကောင်းမှန်းသိရက် တခါတခါ လွမ်းမိတတ်တာကို ကိုယ့်ကိုယ်ကိုစိတ်နာတယ်။
အပြောအရမ်းချိုတယ်။ မျက်နှာကတအားနူးညံ့တယ်။ သိပ်ဂရုစိုက်တာပဲ။
လူတိုင်းအကြင်နာဟာ လိုအပ်တယ်။ ဂရုစိုက်ရင်ကျေနပ်တယ်။
နှလုံးသားကြွေကျအရည်ပျော်သွားတဲ့ထဲ ကိုယ်လည်း တယောက်အပါအ၀င်ပေါ့။ ရည်းစားသက်တမ်းတလမပြည့်ခင်ပဲ၊သိုးရေခြုံထားတဲ့ဝံပုလွေလေးအကြောင်းကို တဖြည်း
ဖြည်း နားလည်လာတယ်။ အကြောင်းရင်းကမင်းအီးမေးလ်တွေ ကိုယ်ကြည့်လိုက်မိတာ ကိုး။တလမပြည့်ခင်မှာပဲလမ်းခွဲခဲ့တဲ့မင်းနဲ့ကိုယ့်ရဲ့ဇာတ်လမ်းမင်းကိုဖြူစင်ရိုးသားသူလို့
ဝိုင်းသတ်မှတ်တဲ့မင်းသူငယ်ချင်းတွေမျက်ဝန်းမှာကိုယ်က၁၂ကြိုးကဝေလို၊အချစ်ဇာတ်
ဆရာမကြီးလို၊ အရိပ်တွေထင်ဟပ်နေလေရဲ့။တခါတလေ လောကကြီးက သိပ်ရယ်ဖို့
ကောင်းတာ အတွေ့ကြုံရခဲ့တာပေါ့။ ရှင်းပြဖို့စကားအစရှာမရပဲ၊ပြောပြလို့လည်း
မဖြစ်တာတွေရှိရက်၊ တစုံတယောက်တွေများစွာကို ထိခိုက်နစ်နာသွားစေမဲ့ ထုချေ
စကားလုံးတွေကို ဒီရင်ထဲမှာပဲ မခံချိမခံသာသော့ခတ်သိမ်းထားခဲ့သူပါ။
ဇာတ်လမ်းပေါင်းမြောက်များစွာထဲ ငွေကြေးပြည့်စုံကြွယ်ဝပုံပေါက်မယ်၊ မနူးမနပ်မိုက်မိုက်
ကလေးတွေနဲ့ အီထားတာ အစုံစုံအဖုံဖုံပေါ့။ ရိုးရိုးသားသား အနာဂတ်ခရီးရှည်အထိ
မျှော်လင့်ပုံဖော်ထားတဲ့နှလုံးသားလေးဖတ်ခနဲကြေအက်သွားတယ်။မင်းမိတ်ဆက်ပေးပြီး
နှုတ်ဖျားက တဖွဖွပြောနေတတ်တဲ့ မင်းမမလိုပါပဲဆိုတဲ့ ချစ်စရာ မမက မင်းရဲ့အချစ်ဆုံး
ဆိုပဲ။ မမကကိုယ်နှင့် အခြားကောင်မလေးတယောက် ဘယ်သူ့ကိုရွေးသင့်သလဲဆိုပြီး
အကြံတော်ပေး ဆိုပဲ။ ကြေအက်တဲ့နှလုံးသားက ရုတ်တရက် အစစအနနကွဲကြေပြီး
ရင်အနှံ့စူးစိုက်တယ်။ မခံချိမခံသာ၊အချစ်ကြီးလို့အမျက်ကြီးရပြီ။ သို့ငြား စူဠသုဘဒ္ဒါ
တော့ မဖြစ်ချင်ပါလေ။ ၀ဋ်ရှိတယ်ဆိုရင်လည်းကြေစေတော့။ မင်းကိုမေ့နိုင်အောင်
ကြိုးစားနိုင်တဲ့ တနေ့ဟာ ကိုယ့်အတွက် အောင်နိုင်ခြင်းသာဖြစ်မယ်။
အဲသည့်နောက် မင်းနဲ့ဝေးကွာစွာ ပင်လယ်ကြီးခြားသော တနေရာမှာကိုယ်ရှိနေခဲ့တယ်။
ဂျီတော့ခ်ထဲ မင်းကို ထည့်လိုက်၊ ပြန်ဖျက်လိုက်လုပ်နေခဲ့တဲ့ ခပ်နှမ်းနှမ်းကောင်မလေးတ
ယောက်ရှိနေခဲ့တယ်။ ကိုယ် မင်းကို မုန်းလို့မရပါဘူး။ ဆက်လက်တွဲသွားဖို့လည်း လက်မခံ
နိုင်တော့ဘူး။ ဒါပေမဲ့ ပြတ်ပြတ်သားသားမဖြတ်တောက်နိုင်တဲ့ သံယောဇဉ်ကြွင်းတွေနှင့်
စီးဆင်းနေဆဲ စေတနာအပိုင်းစလေးတွေကြောင့် မိတ်ဆွေအဖြစ်တော့ခင်မင်ခွင့်ပေးပါ။
ဆိုးတဲ့မင်းကို အားပေးဖို့မဟုတ်ပါဘူး။ မင်းဆိုးရတဲ့အကြောင်းရင်းကိုကိုယ်ကနားလည်နေ
လို့ပါ။ မမေ့နိုင်တာကို သည်လိုအကြောင်းပြပြီး မင်းကို ဂျီတော့ခ်ထဲစကားလာလာပြော
တတ်တဲ့ သို့ စကားလာပြောရင် ပြန်ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုအားမရတတ်တဲ့ ကောင်
မလေးဖြစ်ခဲ့တာပေါ့။
နေ့လည်စာစားဖို့ထမင်းပေါ် ရယ်ဒီမိတ်ငါးပိကြော်မှုန့်ဖြူးလိုက်တဲ့အခါ ပရွတ်ဆိတ်ကလေး
တွေမွနေလို့ အိုး၊စားမရတော့ဘူးလို့အထိတ်တလန့်သတိပေးတဲ့ကိုယ့်ကို ရပါတယ်၊ဘာမှ
မဖြစ်ဘူး လို့ ပြောပြီး စားလိုက်တဲ့မင်းကို ပြန်မြင်ယောင်တိုင်း၊ နယ်မြို့လေးတခုကလာပြီး
ရန်ကုန်မှာ တကိုယ်ရေ ကွန်ပျူတာကျောင်းတက်နေတဲ့မင်းဘယ်လောက်ရုန်းကန်နေရမယ်
ဆိုတာ တွေးမိတတ်တယ်။ ပရွတ်ဆိတ်တက်နေတဲ့ထမင်းတပန်းကန်ကိုယ့်ကိုစားခိုင်းရင်
အန်မိမယ်ထင်တယ်။ ဒီလိုစားတတ်တဲ့မင်းဟာဘယ်လိုအသိုင်းဝိုင်းကြားကြီးပြင်းလာခဲ့ရလဲ
ဆိုဆာ အမှတ်မထင် မှန်းဆမိတတ်တယ်။ မင်းဘ၀ရုန်းကန်ရေးမှာလိုအပ်တာတွေများလို့
လိုအပ်တဲ့အစစအရာရာဖြည့်ဆည်းပေးတတ်တဲ့ မမကို မင်းက သိပ်ချစ်တယ်လို့ထင်နေ
တာ၊ အမှန်တော့အချစ်မဟုတ်ဘူး၊ သာယာတာလို့ ပြောရင် ကိုယ်တို့မြို့မှာကိုယ်တို့က
သူဌေးပဲလို့ ဆိုပြီး စိတ်ဆိုးတတ်တဲ့မင်း။ ဘယ်လောက်ဌေးတာလဲ၊ဒါဆိုရန်ကုန်မှာကိုယ်ပိုင်
တိုက်ခန်း၊ကား၊ဟန်းဖုံးတွေဝယ်လေ၊ဘာလို့မ၀ယ်နိုင်သလဲလို့ဆိုရင် နာလိုခံခက် စိတ်သိပ်
ဆိုးတတ်တယ်။ မြစ်ကလေးတစင်းလိုပဲ။ စီးဆင်းရာပေါ်မြေလွှာအနိမ့်မြင့်၊အပျော့မာ၊လမ်း
ပေါ်မူတည်ပြီး ကွေ့ရကောက်ရတဲ့လူ့သဘောသဘာဝကိုနားလည်ပါတယ်။ ကိုယ်မင်းကို
အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အမြင်မှန်ရစေချင်ခဲ့တယ်။ ခက်ခဲမှန်းသိသော်ငြားသွားသင့်တဲ့
လမ်းကို တခါတလေအားကုန်ထုတ်လို့ အရှိန်ပြင်းပြင်းနဲ့ မြစ်ရေစီးလိုတိုက်စားပစ်လိုက်စမ်း
စေချင်ခဲ့ရုံပါ။ ဘ၀မှာအဆင်ပြေအောင်မြင်ဖို့ဆိုတာ တခါတလေ ပိုရုန်းကန်တတ်ရပေမဲ့
မှန်ကန်ဖို့လိုတယ်။အခက်ခဲတွေကိုခါးစည်းပြီးသည်းခံနိုင်တဲ့ခွန်အားဟာလည်းနောင်တချိန်
အတွက် အားဖြစ်တယ်။ အခက်ခဲဆုံးအချိန်တွေပြန်တွေးရင် နောင်တချိန်မှာဂုဏ်အယူရဆုံး
အချိန်တွေဖြစ်လာတတ်တယ်ဆိုတာ မင်းကို သိစေချင်ရုံပါ။
ပြောစရာရှိတာကို မင်းကိုခင်လို့ စေတနာနဲ့ပြောတာဆိုတဲ့စကားကိုရှေ့တန်းတင်ပြီး ပိဿ
လေးနဲ့ဘေးပစ်သလိုပြောတတ်တဲ့ ကိုယ်နဲ့ အရမ်းစိတ်ဆိုးတဲ့အချိန် ကိုယ့်ကိုရင့်သီးစွာ
တုံ့ပြန်ပြောဆိုခဲ့တဲ့မင်းအကြား အဲသည့်ကစလို့အဆက်သွယ်ပြတ်တောက်သွားခဲ့ရတယ်။
မင်းနဲ့ကိုယ်စတွေ့ခဲ့သောရက်ကို ပြန်တွက်ကြည့်ရင်တောင် ၅နှစ်ကျော်ခဲ့ပြီပေါ့။
မတွေ့ကြတာတော့တာလည်း ၄နှစ်ကျော်၊ အဆက်သွယ်ပြတ်ခဲ့ကြတာလည်း
၃နှစ်စွန်းလို့ ဒီကမ္ဘာကြီးရဲ့ ဘယ်ထောင့်နားမှာမင်းရှိနေမလဲ တခါတလေတွေးမိတတ်
တယ်။
ဖေ့စ်ဘွတ်ခ်ထဲ မက်ဆေ့ခ်ျ(စာလေးတစောင်)၀င်လာခဲ့တယ။် သြော် မင်းပဲ....
မတွေ့တာကြာပြီ နေကောင်းလား ခု...နိုင်ငံမှာပဲလား ဖုံးဆက်လိုက်မယ်
မိတ်ဆွေဖွဲ့ရအောင် ဆိုတဲ့စာသားလေးတွေပေါ်ကိုယ်မင်သက်သွားတယ်။ ဖုံးနံပါတ်ပေး
ပြီးနောက် ချက်ချင်းဖုံးဆက်ပေးလာတဲ့မင်းနဲ့နှုတ်ဆက်စကားတွေပြောရင်း၊အခုစကာင်္ပူမှာ
အလုပ်ကိုင်အဆင်ပြေတယ်ဆိုတဲ့မင်းအကြောင်းကြားရတာလူလူချင်းထားတဲ့မေတ္တာနှင့်
ဝမ်းသာမိပါတယ်။ မင်းကိုမေ့နိုင်သွားခဲ့တဲ့အချိန်မှာ မင်းနှင့်ရုတ်တရက်အဆက်သွယ်ရခဲ့
တယ်။ အောင်နိုင်သူနှလုံးနှင့်စိတ်ကကြည်ရွှင်နေခဲ့တယ်။ စကာင်္ပူမလေးတွေသိပ်ချောတာ
ဒါကြောင့်ရည်းစားထားရင်၊စကာင်္ပူမလေးတွေပဲထားတယ်လို့ခပ်ရွှင်ရွှင်၊ခပ်ရွှတ်ရွှတ်ဆိုတဲ့
မင်းကတကယ်တော့ပြောပြချင်ခဲ့တဲ့စကားတွေရှိတယ်လို့ဆိုလာခဲ့တယ်။ အင်းကိုယ့်ကို
ကျေးဇူးတင်ကြောင်း၊ကိုယ်ပြောတာတွေနားလည်လာတယ်၊အဲလိုတွေများဖြစ်မလား။ဒါပေမဲ့
ဖြစ်ချင်မှလည်းဖြစ်မယ်။ မမျှော်လင့်တာလည်းကြားချင်ကြားရနိုင်တာပေါ့။ ကိုယ့်ကိုအရင်
ပြောခွင့်ပြုမှဖြစ်မယ်။
ဘေးနားမှာကိုယ့်ခင်ပွန်းရှိတယ်။ အင်္ဂလိပ်လို တခွန်းနှစ်ခွန်းနှုတ်ဆက်လိုက်ပါဦးလို့မင်းကို
ဆိုတဲ့အခါ အိုကေလို့ဆိုတဲ့ ခပ်မြူးမြူးမင်းအသံကို ကြားရတယ်။ ခင်ပွန်းသည်ကို အဆက်
သွယ်ပြတ်နေပြီး စကာင်္ပူမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းဟောင်း၊ နှုတ်ဆက်စကားပြောဖို့
လို့ဆိုတဲ့အခါ ကိုယ့်အကြောင်းဆိုဘာမဆိုရိပ်မိနားလည်နေတတ်တဲ့ ခင်ပွန်းသည်ဟာ
ကျေနပ်စွာနဲ့ နှုတ်ဆက်စကားပြောပေးတယ်။ သူ့အတွက်တော့ ယောကျာင်္းတယောက်နဲ့ စကားပြောနေတဲ့ ဇနီးသည်ကို ဘေးကကြည့်နေရုံထက် စကားဝင်ပြောခွင့်ရတာမို့
ကျေနပ်နေတဲ့မျက်နှာကိုမြင်ရတယ်။ ခင်ပွန်းသည်လက်ဆီက ဖုံးပြန်ယူလိုက်တဲ့အခါ
မင်းဟာ ထင်သလောက်သွေးမအေးခဲ့ဘူးဆိုတာ ဟန်ချက်ပျက်နေတဲ့ မင်းစကားလုံး
တွေကြားမှာ မပီဝိုးတ၀ါး ကိုယ်ရိပ်မိခဲ့ရတယ်။
တချိန်ကဖြစ်တတ်တဲ့လောကကြီးဆိုပြီး မင်းကို ရှင်းပြ၊နှစ်သိမ့်ခဲ့တဲ့ကိုယ့်စကားတွေ
မင်းယုံမယုံတော့ ကိုယ်မသိလိုက်ရပါဘူး။
တစုံတယောက်နှင့်ချစ်ကြိုက်တယ်။အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲတယ်။ဘယ်လောက်
ပဲချစ်ခဲ့စေဦး။ တချိန်မှာမေ့သွားတတ်တယ်။အသစ်တဖန်လည်းပြန်လည်စစ်မှန်စွာချစ်ခွင့်
လည်း ရနိုင်တယ်။ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး။ လက်တွေ့ကျပြီး၊ဖြစ်တတ်တဲ့သဘော
တွေရှိတဲ့ဒီလောကရဲ့ဖြစ်ရိုးဖြစ်စဉ်တွေထဲမှာ ကိုယ်ကတော့ မျောပါအသားကျနေခဲ့ပြီ။
ဆိုးပါရက်ချစ်တယ်လို့ဆိုပြီး ရူးမိုက်တဲ့ဆယ်ကျော်သက်အရွယ်လည်းမဟုတ်တော့တာ
မင်းကို ပြတ်ပြတ်သားသားသိစေချင်ခဲ့တယ်။
အစစအရာရာနားလည်ပေးပြီး ဂရုစိုက်တတ်တဲ့ခင်ပွန်းသည်ကို သိပ်ချစ်ခင်တွယ်တာသော
အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်နေခဲ့ပြီ။ ထားခဲ့ဖူးတဲ့ရည်းစားတွေဆိုတာ မေ့လွယ်
ပျောက်လွယ်၊ နေ့စဉ်အလုပ်များတဲ့အိမ်ရှင်မ၀တ္တရားတွေကြားမှာ ပြန်တွေးဖို့ အချိန်ဆိုတာ
လည်း မဖန်တီးနိုင်ခဲ့တာကြာပေါ့။
မိတ်ဆွေစစ်တွေပြန်လုပ်ရအောင်ဆိုတဲ့မင်းဆီက အဆက်သွယ်ပြန်ပြတ်သွားခဲ့တာလည်း
အတော်ကြာလှပြီ။ တခါတလေတော့လည်း ဖျတ်ခနဲ သတိရမိတတ်ပါတယ်။ ခုလိုပေါ့...
မှတ်ချက်။ ။ဝထ္တုတိုကဏ္ဍ
အချစ်နှင့်မလွတ်ကင်းသူများ...အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်
ကြံ့ခိုင်ရေးပါတီ နဲ့ သိမ်းထားတဲ့ပန်းခြံ
-
ရန်ကုန်မြို့ ဝေဇယန္တာလမ်း နဲ့ သစ္စာလမ်းထောင့်မှာ ရှိတဲ့ အများပြည်သူ
ကစားကွင်းနေရာကို ကြံ့ခိုင်ရေးအသင်းက သိမ်းတယ်၊ အသင်းကို ပါတီအဖြစ်
အသွင်ပြောင်းပြီးတော့လည...
1 hour ago
10:42 AM
ကျော်နှင်းဆီလွင်
Posted in


40 comments:
ခံစားမှုရပ်ဝန်းက ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖတ်သွားတယ်။ စိတ်ဓာတ်အစဉ် ကြည်လင်ပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရွှေစင်ဦး လည်း အားကျသွားပြီ ရီးစားဟောင်း တယောက် မကဘူး အများကြီး အကြောင်းကို ရေးပြစ်မယ်
အန်တီတင့်ရေ ကျေးဇူးပါနော်
မမရွှေစင် လုပ်လိုက်လေ ကြာသလားလို့ :))
ရည်းစားဟောင်းဆိုတာ ဟောင်းသွားတဲ့ အင်္ကျီတစ်ထည်လိုဘဲ.. ပြန်ဝတ်လို့လဲမဖြစ်.. လွှင့်ပစ်ဖို့ကလည်း အမှတ်တရတွေ ရှိနေတယ်။ အင်း ဒီတော့ သံယောဇဉ်ပြတ်အောင် မျက်စိရှေ့မှာ မထားဘဲ မီးရှို့လိုက်တာ ကောင်းမယ်း)
ဖတ်လို့ကောင်းလိုက်တာ.....
ရေးတဲ့သူ ရေးလို့မကောင်းခဲ့တာတော့ ကိုယ်ချင်းစာပါတယ်။
ကျမမှာလည်း "ရည်းစားဟောင်းတယောက်" ရှိခဲ့လို့ပါ... ဟီးးးးး
ငါ့အစ်မ ဒါတွေလည်းရတာဘဲ...
အချစ်နဲ့ လွတ်ကင်းနေတဲ့သူများ.... အတွက်လည်း ဆုထည့်တောင်းပေးအုံးမှပေါ့လို့!!!
မချောရေ
အမှန်ပဲ အမှန်ပဲ :D
ခွန်ရေ
အချစ်နဲ့လွတ်ကင်းသူများအား လုံးဝခွင့်မလွှတ်ပါ
ပုံ အိမ်ထောင်ရှင်မများအသင်း
:P
သဘောထား မပြည့်ဝတဲ့ ခင်ပွန်းသည် သို့မဟုတ် ဇနီးသည်ရှိတဲ့ သူအဖို့တော့ အခုလို ပို့စ်ကြီးက အသဲယားစရာကြီး။ ဒါပေမဲ့ ဖတ်လို့တော့ ကောင်းသား။ စကားမစပ်။ ဒီပို့စ်လေးကို ဘလော့ဂါတွေ အတော်များများကို တဂ်လိုက်ပါလား။ ဖတ်ကြည့်ရအောင်လို့။
ကျနော်ကတော့ တဂ်စာတွေ ရှောင်ထားလို့နော်။း))))
ခင်မင်လျက်
ဖတ်ကြည့်ဖြစ်သေးတယ်..။ မကြုံဖူးသလိုပဲ...။
ဂျပန်မှာကပွင့်လင်းတဲ့တိုက်ပ်တွေများတာမို့ရေးဖြစ်သွားတာပါ။
မြန်မာယောကျာင်္းတွေတော့အူတိုမယ်ထင်တယ်
:)) ဒီမှာ တခါတလေ အဲလို စိတ်ပိုင်းဆိုင်ရာခံစားပုံချင်း ခံယူပုံခြင်း
အတော်ကွာတာတွေတွေ့ရတယ်။
ဘလော့ဂါတွေတက်ဂ်ဖို့အကြံပေးတာကျေးဇူးနော်
ဖတ်ချင်လို့လာသူကိုပဲဖတ်စေချင်တာမို့မလုပ်ဖြစ်တော့ဘူး
ခွန်နဲ့ကိုမောင်ကျေးဇူးပါ
ပေးချင်တဲ့မက်ဆေ့ခ်ျသိပ်မရေးပြနိုင်ခဲ့တာမို့
နည်းနည်းထပ်ပြင်လိုက်တယ်။
:D
ပွင့်လင်းတာကောင်းတာပေါ့... ကျော်က ဒီလိုလည်း ရေးတတ်တာပဲ..:D
အားတက်သွားပြီ တခါတလေတော့လည်းစိတ်ကူးပေါက်ရာပါ မနွယ်လေးရယ် :P
ဟုတ်ပ.. ကျော်ညီမလေး ဒါမျိုးရေးတာ ဖတ်ကောင်းတယ်။ ဟောင်းသွားတဲ့ ဇာတ်လမ်းဆိုပေမယ့် ပြောင်းသွားတဲ့ အတွေးတွေနဲ့ရေးသီထားတာဆိုတော့.. သဘောကျတယ်..
မညရေ အားပေးတာကျေးဂျူး...:D
စိတ်ဓာတ်လေးကို လေးစားစွာနဲ့ တိတ်တဆိတ်ဖတ်သွားပါတယ် :)
သဘောကျသွားပါတယ်။
ပွင့်လင်းတဲ့စာမျိုးတွေ ရေးတာသိပ်ကြိုက်တယ်။ လူဆိုတာ ယောက်ျား မိန်းမ ကွဲတယ်လို့ ယဉ်ကျေးမှုအရ သတ်မှတ်ကြပေမဲ့..ခံစားချက်ရှိတာချင်းတော့ တူတူပါဘဲ။
အိုင်အိုရာ
မအိုင်အိုရာ
ကျမအဖေက ဘုန်းတွေကံတွေ ယောကျာင်္းမိန်းမသိပ်ခွဲတာ
မီးပူတောင် ၂လုံး ထမီတို့ဘာတို့တိုက်တာတလုံး
အ၀တ်လှန်းစင်က အပေါ်ဆင့် အောက်ဆင့် အဲလိုတွေခွဲတာ
ကျမကြီးလာတော့ ပုန်ကန်သူဖြစ်လာတာပေါ့ :))
သိပ်မြင့်မြတ်တဲ့ယောကျာင်္းတွေဘယ်ကဖွားတာလည်းဆိုတဲ့
စကားကိုကိုင်စွဲရင်းပေါ့ :))
မိန်းမနဲ့ပတ်သက်တဲ့အယူဆတွေ နောက်မြန်မာပြည်လည်း ကမ္ဘာပေါ်ကအခြားတိုင်းပြည်တွေလိုပဲ ပြောင်းလဲလာမယ်ထင်ပါတယ်။
ဟိုက်ရှားဘား .. ဖတ်ရတယ် တယ်ကောင်းပါလား
ရင်တွင်းဖြစ်တွေ ရေးတတ်လိုက်တာ။ ခံစားဖတ်သွားသည်။
ရင်တွင်းဖြစ် သို့ ဖြစ်ရပ်မှန်ဟု မီပြောပါ :P
I like the post that shows thinking and feeling change up to time and age.Many people admire franknes including me.But........I urge both Daw Shwezin and Tha gyee min to post about same title (^-^)
longing for
Gyidaw
:))))
ခုမှတွေ့တယ် =)
ခုမှတွေ့လို့ဖတ်ရင်းစီးမျောသွားလေရဲ့း)
ခုမှဒီပို့စ်လေးတွေ့မိပါတယ်..
ဖတ်လို့အတော်.ကောင်းနေတာပဲ။
ငယ်ကအချစ်.အနှစ်တစ်ရာ.မမေ့သာဆိုပေမယ့်
တစ်ယောက်မပြောင်းရင်လဲ.သူကောင်းမဖြစ်ပြန်ဘူးအစ်မ :P
ခပ်သွက်သွက်..ရေးဟန်လေး
သဘောကျမိပါရဲ့..
အားကျသကွာ..ထားကြည့်အုံးမှနဲ့တူတယ်း)
ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ
ထားကြည့်မှာလား
တကယ်မရှိတာလား ညီမရေ
:))))
????
၊၊၊၊
e mail ပိုင်ရှင်မသိအောင်ဖွင့် ကြည်တာတော့ သူတပါးရဲ့ လွတ်လပ်ခွင့် ကိုပိတ်တာပဲ ..သူတာတကယ်အပြင်မှာရှုပ်နေတာမှန်တယ်ဆိုရင်တော..တမျိုးပေါ့ နော်.....အမ ကကော..အမရဲ့ e mail pass word ကိုပေးရဲလား..ဒါမှမဟုတ်..အမ mail ကိုဖွင့် ပြီးသု့ ကိုပြရဲလား..Chatting မှာတော့ ဒီလိုတွေရှိကြတာ အမ လဲသိ မှာပါ..ဖတ်၇တာ..တဖက်သက်ဆန်နေသလားလို.ပါ..စိတ်မဆိုးပါနဲ့ .ဥာဏ်မှီသလောက်ဝေဖန်ကြည့် တာပါ...
သက်စု ညီမလေး
အမရေးတာလိုသွားတယ်နော်
အမက ခိုးကြည့်တာဝါသနာမပါသလို ပိုင်ရှင်မသိအောင်ဖွင့်ကြည့်တယ်လို့လည်းမရေးထားမိပါဘူးနော်
အဲသည့်အချိန် အမသူ့ကို အလေးနက်ရည်ရွယ်တာမို့ သူ့မေးလ်ဖွင့်ကြည့်ချင်တယ်
လို့ သူ့ဆီက တရက်ကြည့်ခွင့်ယူပြီး ပတ်စ်ဝက်ဒ်လဲ သူပဲပြောပြခဲ့တာပါ။
ဒါပေမဲ့ အမကမွှေနှောက်ရှာဖွေတတ်တတ်တယ်လေ
သူကလတ်တလောမေးလ်တွေပဲဖျက်ထားတာကိုး
ပြီးတော့အမမေးလ်လား ပြရဲပါတယ်။
အိမ်မှာယောကျာင်္းလည်း မကြည့်ပေမဲ့
သူ့ရှေ့ဖွင့်ထားတာပဲ အမရှေ့လဲသူဖွင့်ထားတာပဲ
အဓိကက တဦးနဲ့တဦးမဟုတ်တာမလုပ်ဖူးဆိုတဲ့ ယုံကြည်မှု100ရာခိုင်နှုန်းရှိရင် အီးမေးလ်မပြရဲစရာ အကြောင်းမှမရှိပဲ
တဦးနဲ့တဦးမြင်နေရတယ် ဆိုတဲ့အသိကတောင် မလိုတဲ့ အပိုဆာဒါး
ပြသနာတွေ အီစီကလီတာမျိုးတွေ အားနာလို့ဆက်သွယ်တာမျိုးတွေမဖြစ်မိအောင်တောင်
ကာကွယ်သေးတယ်
ဂျပန်မှာလည်းပရိုက်ဗိတ်ဆီသိပ်ပြောတယ်။ ဒါပေမဲ့အမယူဆတာကအဲလိုပဲ။
မဟုတ်တာမလုပ်တဲ့အတွက် မပြရဲစရာလည်းမရှိ တွေ့လို့ စိတ်ထဲမသင့်ဘူးထင်လဲ
ကောက်ဖတ်လိုက်မှာပဲ။
နှစ်ယောက်တဘ၀ တမိသားစုတည်ဆောက်ထားတာလေ။
တဦးနှင့်တဦး ယုံကြည်မှုမှမရှိရင် လက်ထပ်တဲ့အဓိပ္ပါယ်မှမရှိဘဲ။
မဟုတ်ဘူးလား.
စကားမစပ် Chatting မှာတော့ ဒီလိုတွေရှိကြတာ ဆိုတာ
အမက ချက်တင်မှာကြိုက်ခဲ့ဖူးသူလဲမရှိဘူး
အပြင်မှာတောင်အီစီကလီမလုပ်တတ်ဘူး
အလုပ်ရှုပ်လွန်းလို့ ဘ၀မှာလုပ်စရာတွေအများကြီးရယ် အပိုတွေဘာလုပ်မှာလည်း
ခေါင်းထဲတောင်မထည့်ဖူးဘူး
:))
စိတ်လည်းမဆိုးပါဘူး
ပိုပြီးအချက်လက်နဲ့ ကျိုးနဲ့ကြောင်းနဲ့ဝေဖန်ပေးရင် ပိုပျော်ဖို့ကောင်းမယ်
ညီမ ကစိတ်ထဲမှာမရှင်းလို့ မေးကြည့် တာပါ..ထပ်ပြီးတောင်းပန်ပါတယ်..ညီမက.အမထပ်လဲအများကြီးငယ်ပါတယ်..ဒါပေမဲ့ ညီမလဲ..ညီမကိုဖောက်ပြန်တဲ့  ယောက်ျားကိုတော့ အလိုမရှိပါဘူး..ဒါဆို..ညီမထင်တာပြောမယ်နော..သူ e mail..internet မကျွမ်းကျင်ဘူးလို့ ထင်ရတယ်နော..အမေ၇....ဒီအဖြစ်အပြက်ကအမရဲ့ ..true story ကိုအခြေခံပြီးရေးတာ..လို့ ပိုပြီးသေချာသလောက်ပဲနော..ထပ်ပြောပါတယ်..စိတ်မဆိုးပါနဲ့ ..ဆက်ပြီးအားပေးနေမှာပါ....
ညီမလေး အမကတောင်းပန်ရမှာပါ
မနေ့ကအလုပ်ကပြန်လာစ အမြန်ကောက်ရေးလိုက်တာမို့
စကားပြောသလိုအတိုင်းနည်းနည်းပြတ်တောင်းတောင်းဖြစ်သွားရော
အမကစကားပြောကစာရေးသလိုသိပ်မဖွဲ့နွဲ့တတ်လို့ :D
အမှန်ကက ကိုယ်ထင်တာကိုယ်ရေးတာ သဘောသိပ်ကျပါတယ်
လူငယ်တွေ ဝေဖန်ရဲစေချင်တယ်
ဒါပေမဲ့ ကျိုးနဲ့ကြောင်းနဲ့ထောက်ပြပေးတာမျိုးကိုအမကိုသိပ်သဘောကျတာ
အဲသည့်တယောက် အီးမေးလ်အင်တာနက်ကျွမ်းတာမှ အရည်ကျိုသောက်ထားသလား
ထင်ရအောင်ကျွမ်းပါတယ်။
:))
ပုံမှန်အားဖြင့် ၀ထ္တုရေးလေ့မရှိဘူး အမက
၊၊၊
?????
အမရေ..laminlayေ၇းတာတွေကအမှန်လားဟင်....????
အဟားဟား
ညီမလမင်းမေမေးတာကိုတော့အမသဘောကျပါတယ်။
တခုပဲ
အမကမရေးထားတဲ့အမရဲ့ပရိုက်ဗေဆီတွေထည့်ရေးတဲ့အတွက်မကြိုက်ဖူး
အမအကြောင်းကိုအမက အဲလောက်ထိ အိတ်သွန်ဖာမှောက်ချပြစရာမလိုဘူးထင်သလို
အမမရေးချင်တဲ့ အမဘ၀ရဲ့တစိတ်တပိုင်းတွေလည်း အမမရေးချင်လို့မေ၇းတာ အမရဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ထင်လို့ပါ။
ဒါကြောင့်ညီမကွန်မန့်ကိုအမဖျက်ပါတယ်
တခုပဲ အမကမဟုတ်တာတခုမှမရေးထားဖူး
အသက်၂၃မှာရည်းစားစထားတဲ့အမမှာ ရည်းစားဟောင်းကတဦးတည်းရှိတာမဟုတ်ဘူး
ညီမပြောတဲ့တဦးနဲ့ ခုရေးထားတဲ့တဦးက တဦးစီပါ
အဟင်းဟင်း
အမကိုချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်
နောက်တခုက အမကရည်းစားပြတ်ပြီးနောက်တဦးထားတာမြန်တယ်
အဲဒါတော့အမှန်ပါပဲ
ခုရေးထားတဲ့ပို့စ်ကတဦးနဲ့လည်းအမကြိုက်ဖြစ်တာ တလလောက်ပဲရှိပါမယ်
မကောင်းဘူးထင်ရင်လည်းအမကဆုံးဖြတ်တာမြန်တယ်လေ။
:))
Sorry ...
sorry ပါ အမ ရေ.. ညီမသိထားတဲ့ တယောက်နဲ့  အဖြစ်အပြက် ( email ပြသာနာ)နဲ့ ပါသွားတူနေ လို့ ပါ..အမခင်ပွန်း ကိုလဲလေးစားပါတယ်..အမလဲ..အမ ဖြစ်ခြင် လိုချင်တဲ့ ခင်ပွန်းရလို့ ( အချိန်တွေတော့ တောတော ပေးဆပ်လိုက်ရတယ်ထင်ပ ) ဂုဏ်ယူပါတယ်.. ပျော်ရွှင်ကြပါစေ...
ဘာမဟုတ်တဲ့ပို့စ်တခုနဲ့ဒီလောက်အချိန်ပေးပြီးကွန်မန့်တွေရေးရမယ်လို့ထင်မထားခဲ့ဖူး :))
အမခင်ပွန်းကိုလေးစားတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ညီမပြောတဲ့
..အမလဲ..အမ ဖြစ်ခြင် လိုချင်တဲ့ ခင်ပွန်းရလို့ ( အချိန်တွေတော့ တောတော ပေးဆပ်လိုက်ရတယ်ထင်ပ ) ကိုတော့နားမရှင်းဘူး
အမပို့စ်တွေထဲ ဖြစ်ချင်လိုချင်တဲ့ခင်ပွန်းရတယ်ရော
အချိန်တွေပေးဆပ်ရတယ်ရော ရေးမထားသလို လက်တွေ့မှာလည်း မရှိလိုပဲ
ညီမအတွေးတွေ လေထဲအိမ်ဆောက်နေတယ်ထင်တယ်
ကိုယ့်ကိုလေးစားတဲ့ ယုံကြည်ပြီး တကယ်ချစ်တဲ့ယောကျာင်္းတဦးကိုတွေ့လာရင်
ကိုယ်ကအချိန်ပေးစရာမလိုတာ သူကကိုယ့်အတွက်အလိုလိုအချိန်ပေးလာတယ်
ဆိုတဲ့သဘောကို ကြုံဖူးရင် နားလည်လာပါလိမ့်မယ်
ပြီးတော့အိမ်ထောင်ရေးဟာ ဖြစ်ချင်လိုချင်တာနဲ့ တဖက်သတ်တည်ဆောက်ရင်
ပျော်ရွှင်မှုမရနိုင်ဘူး
ပိုဆိုးတာက အမက ကိုယ့်အပေါ်စိတ်မ၀င်စားတဲ့ယောကျာင်္းတယောက်ကိုအချိန်ကုန်
ခံဖို့မပြောနဲ့ စပြီး စိတ်ဝင်စားလို့မရတာဆိုးတာပဲ
အဟင်းဟင်း
ပျော်ရွှင်ပါစေဆိုတဲ့ဆုတောင်းလေးအတွက်ကျေးဇူးတင်ပါတယ်
ညီမလည်း ဖြစ်ချင်တာလိုချင်တာကို အတင်းလုပ်ယူစရာမလိုတဲ့ အမလို ပျော်ရွှင်တဲ့အိမ်ထောင်ရေးလေး ရပါစေလို့ဆုတောင်းပေးပါတယ်
မေတ္တာဖြင့်
ကနဆလ
nice to read ur post...but dont like fighting in comment each other( ==look like finghting==)
အကြံပေးတာကျေးဇူးတင်ပါတယ်နော်
ဘလော့လာဖတ်သူတွေ စိတ်အနှောင့်ယှက်ဖြစ်စရာတွေကူးစက်တာ ကျမလည်းစိတ်မကောင်းပါဘူး
သူမက ကျမဘလော့မှာလာဖတ်ပြီး
ကျမကရေးတာလေးတွေထဲတစွန်းတစသာပါလေ့ရှိတဲ့ကျမယောကျာင်္းကိုလေးစားပြီး
ကျမကိုဘာလို့ အဲလို့ခနဲ့တဲ့တဲ့စော်ကားတဲ့စကားမျိုးပြောသလဲမသိဘူးရှင်
ကျမကသူများကိုမစော်ကားသလို စော်ကားတယ်လို့ထင်လာရင်
ပထမဆုံးခြေတလှမ်းမှာပဲ တုတ်ထိုးအိုးပေါက်ပြောတတ်ပါတယ်
အဲလိုမှမဟုတ်ရင် second, thirdတွေလာလေ့ရှိတယ်ရှင့်
:)))
ဒါတွေဟာလူ့လောကမှာဖြစ်လေ့ရှိပါတယ်။
ရှောင်မရရင်တော့ကျမက၀င်တိုက်ပါတယ်။
ခွင့်လွှတ်နော်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ