၂။ ကြက်သွန်နီပါးပါးလှီးပြီးဆားရည်ထဲထည့်ပြီးစိမ်ထားပါတယ်။ (အနံ့ပျောက်အောင်ပါ)
၃။ နံနံပင်ပါးပါးလှီးထားပါတယ်။
၎။ ဒယ်အိုးပြားထဲဆီအနည်းငယ်(လ္ဘက်ရည်ဇွန်းသေး၂ဇွန်းခန့်)ထည့်ပြီးပူလာရင်
ကြက်သားထည့်ပြီး လှိမ့်ပေးပါတယ်။ ၃မိနစ်ခန့်ပါ။ မီးမပျင်းမပျော့နဲ့ပါ။
၅။ပြီးရင်ကြက်သားကိုပန်းကန်ထဲထည့် ကြက်သွန်ကိုရေညှစ်ပြီးထည့်
အသားမှုန့်၊ ငံပြာရည်အချိုရည်ကျဲ၊ နှမ်းဆီအနည်းငယ်၊ သံပုရာသီးအနည်းငယ်ညှစ်ထည့်
ငရုတ်သီးမှုန့်နှင့်နံနံပင် ငရုတ်သီးစိမ်းပါထည့်လိုကထည့်သုပ်ပြီး စားနိုင်ပါပြီ။
ခပ်လွယ်လွယ်နဲ့အရသာရှိပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ။



