ကျမက အိမ်ကိုဖုံးလှမ်းဆက်တော့ မေက သမီးရေ မီးဖိုချောင်ထမင်းစားခန်းတွေကြွေပြားစခင်းနေတာ
မီးဖိုချောင်လည်း အမြင့်ပါပြင်လိုက်မလို့လို့ဆိုပါတယ်။ ကျမတို့အိမ်ကမီးဖိုချောင်စင်က ရှေးဘိုးဘွား
ခေတ်က အုတ်ကြောင်အိမ်လိုဖြစ်ပြီး ဒါကိုဖေက လွန်ခဲ့တဲ့10နှစ်ကျော်ခန့်က ကြွေပြားတွေကပ်ပေးခဲ့
ပါတယ်။ စလုပ်ထားစကတော့ အသစ်လေးမို့ သိပ်သန့်ပါတယ်။ ဒါပေမဲ့အဆင်မပြေတာက ဖေကဆီ
စင်တာတို့ မှောက်တာတို့မဖြစ်အောင် ကျမတို့တွေလဲငယ်သေးတော့ ခါးဝက်လောက်အမြင့်နဲ့ လျှပ်
စစ်မီးဖို၂လုံးနဲ့ဂတ်စ်မီးဖိုတလုံးထားပြီးချက်တဲ့ စင်ကလေးပါတွဲလုပ်ပေးထားတာပါ။ တကယ်သုံးတော့
မေက ခါးညောင်းပါတယ်။ ခါးကလေးကုန်းပြီးချက်ရတာကိုး။
ပြီးတော့ ထမင်းစားခန်းကနေ မီးဖိုချောင်အခန်းကို ခြင်စကာတံခါးရှိပြီး၊ လှေကားလေးတထစ်ဆင်းရ
တာမို့ တခါတလေ ကသီပါတယ်။ ပြီးတော့ မီးဖိုချောင်ကနေ ပန်ကန်ဆေးတဲ့ဘေစင်၊အ၀တ်လျှော်
စက်တွေထားတဲ့အခန်းလေးကိုထပ်ထွက်ရပါတယ်။ စတုရန်းပုံအခန်းလေးကိုလေးကန့်ကန့်ပြီးလှေ
ကားထစ်လည်းရှိတာမို့ ခုတော့ ယင်းအခန်း၊မီးဖိုချောင်နဲ့ထမင်းစားခန်းကို တပြေးညီအုတ်ခင်းကြွေ
ပြားကပ်လိုက်မယ်လို့ဆိုတော့ အရင်လို ဖေစိတ်ကူးနဲ့ဖေ လုပ်လိုက်တာမျိုးမဖြစ်ရအောင် ကျမက
ဂျပန်မှာ သတ်မှတ်ထားတဲ့စံညွှန်းမီဖိုချောင်အမြင့်တွက်နည်းကိုရှာပြီးပြောတာမို့ တလက်စတည်း
ဘော်ချက်လိုက်ပါတယ်ရှင်။
တွက်နည်းကတော့
(အရပ်အရှည် cm) ÷ 2 + 2.5 cm = (စံနှုန်းအြ
ကျမတကယ်ရေးချင်တာကတော့ ခုတလောဂျပန်မှာဖြစ်ပွားနေသော ကျွန်းပိုင်ဆိုင်မှုပြသနာပါ။
ဒါပေမဲ့ ဖတ်ရမယ့်စာတွေများတာမို့ မရေးနိုင်သေးပါဘူးရှင်။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
10:01 PM
ကျော်နှင်းဆီလွင်

Posted in


2 comments:
Thanks for sharing formula for the kitchen counter.
When I fixed my kitchen in Yangon, I also carefully set the counter and sink that comfortable with my height. Otherwise dishing and cooking made my back painful.
Iora
You are welcome Ma.
;D
Take care next time when you build a new home sweet home.
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ