ဘာလိုလိုနှင့် ကုန်သွားပြန်ပါပြီ ၂၀၁၀ တနှစ်တာ...
မြန်မာပြည်မှာရှိစဉ်တော့ နှစ်ကူးခါနီး နောက်ဆုံးရက်ဒီဇင်ဘာညတွေဆို
ညနက် စတိတ်ရှိုးတွေ ပွဲတွေဆို အိမ်ကဘယ်တော့မှပေးမလွှတ်တာမို့
အလုပ်ကြောင့်ကလွဲလို့ မဆင်နွှဲဘူးပါဘူး။
များသောအားဖြင့် ညီအမတွေ၊ ၀မ်းကွဲမောင်နှမတွေစုပြီး အိမ်ဘေးစင်္ကြံရှည်
ကွင်းပြင်မြေလွတ်ကြီးနဘေးမှာ စားပွဲတွေ ခုံတွေ ၀ိုင်းလို့
အိုးသူကြီးလုပ်ရရင် မမောတမ်းပျော်တဲ့ ကိုယ်က ဒိုင်ခံ အားလုံးဝိုင်းဝန်းချက်ပြုတ်ပေးရင်း
ခေါက်ဆွဲကြော် ကြာဇံကြော် အကင်တွေလုပ်စား စကားတွေဖောင်ဖွဲ့ရင်းပေါ့
လေလည်းတိုက် ခြင်လည်းကိုက်ပါတယ်။
အရက်နည်းနည်းဝင်ရင် မူးသွားပြီး စကားများတတ်တဲ့ ..၀မ်းနည်းစရာတွေပြောရင်း
ငိုတတ်တဲ့ .. အကိုမောင်ဝမ်းကွဲတွေနဲ့ ငြင်းခုံရယ်ပွဲဖွဲ့ကြတာလည်း လွမ်းမိပါတယ်။
တခါတလေလူစုမရတဲ့နှစ်တွေဆို အိမ်ကညီအမတွေချည်း လုပ်စားရင်း
တီဗွီကြည့်လိုက် စကားတွေများလိုက်နဲ့ပေါ့။
အိမ်ကို နှစ်ကူးနှုတ်ဆက်ဖို့ဖုံးဆက်တော့ မောင်နှမ၀မ်းကွဲတွေ တယောက်ပြီးတယောက်
ဖုံးခွက်ကို အလှည့်ကျလဲလို့ နှုတ်ဆက်ကြတော့ ချက်ချင်းကို ပြေးသွားချင်မိတာပေါ့။
ဂျပန်မှာတော့ နှစ်ကူးချိန်ဆို ပိတ်ရက်တွေကြား မိဘအိမ် ဇာတိပြန်လေ့ရှိတာများပါတယ်။
ဒါကြောင့် နှစ်ကူးခရီးသွားမယ်ဆိုလျှင် ကား၊ရထား လက်မှတ်တွေ ကြိုဝယ်ထားမှ စိတ်ချ
ရလေ့ရှိပါတယ်။ ပြီးရင်မိသားစုနဲ့ မောင်နှမတွေ စုလို့ စားသောက်ပွဲလုပ်လေ့ရှိပါတယ်။
နှစ်ကူးမှာ အများအားဖြင့်စားလေ့ရှိတာကတော့ အိုဆဲချိရရောရိおせち料理လို့ခေါ်ပါတယ်။
ချက်ပြုတ်ပြင်ဆင်ထားတာဖြစ်ပါတယ်။ နှစ်မကူးခင်ညမှာစားသောက်ကြတာပါ။
မကောင်းမွန်ဝင်းဘလော့မှာရေးထားသလို ခေါက်ဆွဲပြုတ်စားသလို အဓိပါယ်ပါ။
ခေါက်ဆွဲကို ဂျပန်လို အဓိပါယ်နောက်တမျိုးက နံဘေး ဆိုတာပါ။
နှစ်သက်ရာကို ဆိုင်တွေကနေ အော်ဒါမှာစားလေ့ရှိပြီး အိမ်မှာ ဖွယ်ဖွယ်ရာရာချက်စားလေ့လည်း
ရှိပါတယ်။
တီဗွီကလာသွားတဲ့အစီစဉ်တခုကတော့ နှစ်ကူးချိန် ကိုယ်အလေးချိန်တက်ခြင်းတဲ့။
ဆိုရလျှင် မြန်မာပြည်နဲ့ကွာခြားချက်တခုက ဂျပန်အမျိုးသမီးအများစုဟာ ဘီယာ နှင့် အရက်
သောက်သုံးလေ့ရှိတာမို့ နှစ်ကူးချိန်ဟာ သောက်လိုက်စားလိုက် သောက်လိုက်စားလိုက်နှင့်
အ၀လွယ်ပါတယ်။ ယင်းအပြင် osechi ryooriလို့ခေါ်တဲ့နှစ်ကူးဟင်းလျာတွေဟာ ရက်အထားခံဖို့
နှင့် အရက်သောက်ရင်း စားလို့ကောင်းအောင် ချက်ပြုတ်ထားတာမို့ အရသာလေးပြီး
ဆားဓါတ်များပါတယ်။ ဒါဟာ ကိုယ်အလေးချိန်ကို တက်စေတယ်လို့ဆိုပါတယ်။
နှစ်ကူးချိန်မှာ အနှစ်သက်ဆုံးကတော့illuminationလို့ခေါ်တဲ့ နီယွန်မီးအလှဆင်ထားတာတွေဟာ
နေရာအနှံ့ပါပဲ။ ပုံသဏ္ဍန်အမျိုးမျိုး အရောင်သွေးစုံလင်စွာဖြင့် သိပ်ကိုလှပပါတယ်။
နောက်အနှစ်သက်ဆုံးတခုကတော့ နှစ်ကူးတီဗွီအစီအစဉ်တွေ သိပ်ကိုကောင်းတာပါ။
လိုင်းတွေအတော်များများက အထူးအစီစဉ်တွေလွှင့်ရတာမို့ အိမ်မှာနေလည်း မငြီးမငွေ့တမ်း
ပါပဲ။
ကဲ ပြီးတာတွေချန်ရစ်လို့ ဒီနှစ်သစ်မှာလည်း ကောင်းမွန်စွာ ဆက်လက်ရှင်သန်သွားရပါဦးမယ်
အားလုံးပဲ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ
1:52 PM
ကျော်နှင်းဆီလွင်





Posted in


6 comments:
နှစ်ကူးတွေ ဘာတွေ စိတ်ထဲ ထူးထူးခြားခြား မရှိလှပေမယ့် ခုတလော အရင်ကတို့၊ ဟိုတုန်းကတို့ အကြောင်းတွေ ကြားရင် စိတ်မခိုင်ဘူး ဖြစ်နေတယ်။ ဒီပို့စ် ဖတ်ရတာ လွမ်းတယ်။
နှစ်ကူးအစားအသောက်တွေထဲမှာ ပုဇွန်အကောင်ကြီးကြီးက သွားရေကျချင်စရာကြီး
မီးလုံးလေးတွေ ဆင်ထားတာ လှလိုက်တာနော်... လက်တွေ့မမြင်ရတောင် ပုံလေးကြည့်ပြီး ပျော်ရွှင်မိတယ်..
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
ရီတာရေ
ဒီနှစ်ကူးကဘာရယ်မဟုတ် တို့လည်းအိမ်အတော်လွမ်းတယ်
မချောရေ
ဆုတောင်းပေးတာကျေးဇူးနော်
မချောလည်းစိတ်ရောကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့ပါစေလို့နော်
ညီမ ရေ
နှစ်ကူး အစာအစား တွေထဲက ကျောက်ပုဇွန်ကြီး ကို ထပ်ထပ် ကြည့်သွားတယ် အဲဒီအချိန်မှာတော့ ဂျပန်အမျိုးသမီးဖြစ်ချင်သား သောက်လိုက်စားလိုက် သောက်လိုက်စားလိုက် ကောင်းတာ ဝစမ်းပါစေ
ခင်မင်စွာဖြင့် မင်္ဂလာနှစ်သစ် ဖြစ်ပါစေ
ရွှေစင်ဦး
နှစ်ကူးဟင်းလျှာ လာကြည့်သွားတယ်။
စားချင်စရာလေးတွေ။
မမရွှေစင်က အစားဆိုတော့ သဘောပေါက်တယ် :D
မမြတ်မွန်ရေ လာလည်တာ နွေးထွေးစွာကြိုဆိုပါတယ် :))
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ