♪♪.ကျော်နှင်းဆီလွင်.♪♪

May 6, 2013

တိုဖူးနွေး (ရှမ်းအစားစာ)

ကျမက ဗမာပြည်ရှိ အစားစာတွေထဲ နှစ်ခြိုက်ခုံမင်စွာစားလေ့ရှိတာက ရှမ်း ရိုးရာအစားစာတွေ
ပါ။ ဒီတခါတော့ ဆန်စီး တိုဖူးနွေး လုပ်စားပါတယ်။ မမချောဆီက နည်းသွားယူပါတယ်။

ကျမဘာသာ နဲနဲကွဲထွက်တဲ့အချက်ကလေးတွေရှိပါတယ်။

မချောလိုကျမကပဲမသုံးပဲ စိန်ဖြိုးတိုဖူးမှုန့်ကိုအလွယ်သုံးပါတယ်။
ရေနွေးကိုမပူတပူလေးအပူပေးပြီး အသားမှုန့်နှင့်ဆားနည်းနည်းထည့်မွှေကာပျော်သွားမှ
တိုဖူးမှုန့်နည်းနည်းချင်းထည့်ရင်းမွှေပါတယ်။ မကြေပဲကျန်တာလေးတွေကို အကြော်ကြော်
တဲ့အခါ ဆယ်တဲ့ စကာပေါက်(ပိတ်ပိတ်လေး)ဇွန်းနဲ့ခပ်ပြီး ချေပါတယ်။

ဆန်စီးက တကာဒါနိုဘာဘာမှမြန်မာဆိုင်မှာဝယ်ပါတယ် ဗီယက်နမ်ကထုတ်တဲ့ ဆန်စီးခြောက်
ပါ။ ရေးထားတဲ့အတိုင်း ၆မိနစ်မှ8မိနစ်ကြားပြုတ်မှ စီးလာပါတယ်။ အောက်ပါပုံပါ။ တထုပ်ကို
၂၅၀ယမ်းပါ။
တိုဖူးနဲ့ဆန်စီးကိုအချိန်ကိုက်ပြီးနောက်ဆုံးမှာ ပြိုင်တူကျက်အောင်ပြုတ်ပါတယ်။
ဆန်စီးကိုရေမစေးပဲ ဒီတိုင်းဆယ်ထည့်ပါတယ်။
ဒါမှစီးစီးလေးရပါတယ်။


မမချောကရေးထားပေမဲ့ အကြမ်း(နဲနဲပြင်ထားတာလည်းရှိတော့)ရေးပါမယ်။
 ၁။ကြက်သွန်ဖြူနှင့်ဆနွင်းထည့်ကာ ဆီသတ်ထားပါတယ်။
၂။ငရုတ်သီးအစိမ်းမှုန့်ကိုဆီပူထဲထည့် အစိမ်းနံ့ပျောက်ရင် ငံပြာရည်လေးထည့်ကာ
   အသားမှုန့်ပါထည့်ပြီး ဆီသတ်ပါတယ်။
၃။နှမ်းမှုန့်ကိုမွှေးအောင် အိုးပူမှာထည့်လှော်ပြီးမှထောင်းထားပါတယ်။
၎။မြေပဲကိုထောင်းပါတယ်။
၅။နံနံပင် ပါးပါးလှီးထားပါတယ်။(အရိုးမထည့်တာကောင်းပါတယ်။ မလိုက်လို့ပါ။)
၆။ကြက်သားထည့်လိုလျှင်နံပါတ်၂အဆင့်မှာကြက်သားအရင်ကြော်ပြီး နံပါတ်၂အတိုင်း
  ဆီသတ်ပါ။
 ပြီးလျှင် နောက်ဆုံးမှာ တိုဖူးမှုန့်ကြို ဆန်စီးပြုတ်ပြီး တရုတ်လိုအခေါ်တော့ ကြာညို့
ဒီမှာတော့ တရုတ်ပြည်မိတ် ခရုဆီအချိုရည်နည်းနည်းထည့်လိုက်ပါတယ်။

စားခါနီးနှစ်သက်သလို ထည့်ပြီးစားနိုင်ပါတယ်။

အားလုံးပဲစားကောင်းပါစေရှင်


0 comments:

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews