♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဟင်းအိုး. Show all posts
Showing posts with label ဟင်းအိုး. Show all posts

Jan 18, 2012

ငါးဆီပြန် အစပ်

ကျမက ငါးဟင်းသိပ်ကြိုက်ပါတယ်။ ဟင်းရွေးစားပြီး၊ နည်းနည်းပဲစားလေ့ရှိတဲ့ ကျမက
ငါးဟင်းချက်လျှင် အသီးရွက်ရေနွေးဖျော၊ ချဉ်ဖတ်စတဲ့တို့စရာတွေနှင့် ငပိရည်ကို ကြက်
သွန်နီ၊ ငရုတ်သီးစိမ်းထောင်းထည့်ကာ၊နယ်ဖတ်အရိုးနွှင်ပြီးစိမ်ပြေနပြေစားလေ့ရှိပါတယ်။
ဒါကြောင့် ကျမကထမင်းသိပ်မစားမမြိန်တဲ့ရက်တွေ သို့ ကျမ ပိန်လာတယ်လို့ထင်ရင်
ကျမအမေက ငါးဟင်းချက်ကျွေးလေ့ရှိပါတယ်။ ဥပမာ ငါးဇင်ရိုင်းကျမသိပ်ကြိုက်တာမို့
တကောင်ချင်း အရိုးခုတ်၊ ရေသေချာဆေးရတဲ့ငါးဇင်ရိုင်းတွေကအစအမေကအပင်ပမ်းခံ
အိုးကပ်ကလေးချက်ချက်ကျွေးလေ့ရှိပါတယ်။
ကျမက ငါးဟင်းကို ငါးထဲအရသာဝင်ပြီး နူးညံ့နေမှကြိုက်ပါတယ်။ ငါးဟင်းဆို ဘယ်သူ
မဆိုချက်တတ်မှာပဲလို့သိပေမဲ့ ရေမြေဒေသချင်းတူတောင် အိမ်ပေါ်လိုက်လို့ချက်နည်း
အရသာကွဲတတ်တာမို့ ရေးဖို့စိတ်ကူးဖြစ်သွားပါတယ်။
ဂျပန်မှာတော့ပင်လယ်ငါးတွေပဲများပြီး၊ မြစ်ချောင်းငါးကနိုင်ငံခြားအစားစာတွေရောင်း
သောဆိုင်မှာ ရေခဲရိုက်ငါးခူ၊ ငါးကြင်း၊ တိလားပိယားတို့ရှိတတ်ပါတယ်။ ကျမကတော့
ရေခဲရိုက်မြစ်ချောင်းငါးတခါဝယ်ချက်စားတာ အနံ့မခံနိုင်လို့ တအိုးလုံးသွန်ပစ်လိုက်ဖူး
တဲ့ အတွေ့ကြုံရှိတော့ခုထိကို ထပ်မ၀ယ်စားဖြစ်ပါဘူး။ တိလားပိယားအစိမ်းကတော့
အုအဲနိုမှာရှိတတ်ပြီး ကျမ၀ယ်စားဖူးပြီး အတော်ကောင်းပါတယ်။ ဆက်ရလျှင် မြန်မာ
စတိုင်ချက်မယ်ဆိုလျှင် ရှိရိုမိ shiromi(白身)လို့ရေးထားတတ်တဲ့ အဖြူရောင်ငါးသား
ကိုချက်စားရတယ်လို့ ခင်မင်တဲ့မိတ်ဆွေအမတဦးကသင်ပေးလို့ သိရပါတယ်။
shiromi(白身)ထဲမှာမှ မိတ်ဆွေအမသင်ပေးတဲ့အတိုင်း たら တာလ လို့အမည်ရှိတဲ့
ငါးကိုချက်စားပါတယ။်
ဦးဆုံးငါးကို ဆားအနည်းငယ် ရေအနည်းငယ်ထည့်ကာ ဖွဖွဆုပ်နယ်ကာ ရေစင်အောင်
ဆေးပြီးရေစစ်ထားပါတယ်။ရေအေးနဲ့ပါ။ တဦးစာဆိုတော့ကျမ ၂တုံးချက်ပါတယ်။:)
၁။ဆီကို ဇွန်းကြီး၎ဇွန်းထည့်ပါတယ်။ အနှစ်များများစားချင်တာမို့ပါ။
၂။
ကြက်သွန်နီကို အလုံးကြီး(မြန်မာပေါက်စီတ၀က်ခန့်ရှိ)ကို၃လုံးခန့် ကြိတ်စက် သို့
ပါးပါးလှီးပြီး ညက်အောင်ထောင်းထားပါ။ ဂျင်းအနည်းငယ်ကွမ်းသီးစေ့တ၀က်ခန့် နှင့်
ကြက်သွန်ဖြူ ၃မွှာခန့်(ဂျပန်တွင်ကြက်သွန်ဖြူသိပ်မစားလို့ပါ)အတူထည့်ပြီးထောင်းပါ။

၃။
ဆီနည်းနည်းပူလာလျှင် မီးကိုပိတ်ခါ ၁မိနစ်ခန့်စောင့်ပြီး ငရုတ်သီးစိမ်းမှုန့်ဇွန်းကြီး
၎ဇွန်းခန့်ထည့်မွှေပြီး၊ ဆနွင်းအနည်းငယ်(ကျမမရှိလို့မထည့်ပါဘူး)ထည့်မွှေပါ။
ငံပြာရည်ဇွန်းကြီး၂ဇွန်းထည့်ပါတယ်။
(ကြက်သွန်နဲ့ရောဆီသတ်လျှင်တခါတလေ အနံ့မသေတတ်လို့အရင်လုပ်ပါတယ်။)

၎။ယင်းထဲကို ကြက်သွန်နီဖြူဂျင်းထောင်းထည့်ကာရေအနည်းငယ်ထည့်ကာ ကြက်သွန်
နီအနှစ်ကနူးပြီး အကြည်ရောင်ပေါက်သည်ထိ တည်ပါတယ်။
(ငရုတ်သီးအစိမ်းမှုန့်ကိုအရင်ဆီသတ်ထားတဲ့အတွက် ကြက်သွန်ကရေမခန်းလဲနူးလာ
ရင် ရပါပြီ။ ရောသတ်ရင် အနံ့သေအောင် ရေခန်းဆီပြန်တဲ့ထိတည်ရမယ်။ ကြက်သွန်
နှစ်များများစားချင်လို့များများထည့်ထားတော့မကပ်အောင်ဆီလဲအများကြီးထည့်ရမှာ
မို့ပါ။)

၅။ ယင်းအနှစ်ထဲကို ရေအေး ၃၀၀ ml လောက်ထည့်ပြီး ချက်ချင်းငါးထည့်ပါတယ်။
ရေနွေးထဲငါးထည့်ရင်မာသွားတတ်ပါတယ်။ တဖြည်းဖြည်းနွေးလာပြီး ရေခန်းအောင်
မီးအလတ်နဲ့၁၀မိနစ်ခန့်အဖုံးအုပ်တည်ပြီး ဆီပြန်လျှင်စားနိုင်ပါပြီ။

ကြက်သွန်နီမနူးလျှင်အနှစ်ကစားမကောင်းပဲမာတတ်ပါတယ်။

ကျမတော့အနှစ်အများကြီးတခါတည်းချက်ထားပြီး မနက်တခါ၊ညတခါ ငါးဟင်းကိုအနှစ်
များများနှင့်စားတာတောင် အနှစ်ကတ၀က်ခန့်ပိုသေးပါတယ်။ နောက်ရက်ရုံးကပြန်လာ
တော့ အနှစ်ထဲရေနည်းနည်းရောမွှေပြီး ကြက်ဥတလုံးနဲ့ အသင့်ရှိတဲ့ဝက်သားဖက်ထုပ်
၂တုံးထည့်ကာ နောက်တနပ်မြိန်ရည်ရှက်ရည်စားပြီး အပြတ်ရှင်းပလိုက်ပါသေးတယ်။
အားလုံးပဲစားကောင်းပါစေရှင်။

လူတိုင်းသိတာကိုချက်ပြီး ပို့စ်ရေးလို့ ဘော်ချက်လိုက်ပါတယ်နော်။


Jan 6, 2012

ကောက်ညှင်းထောင်းပဲအုပ် အိုဟဂိ お萩


ဂျပန်လိုတော့ အိုဟဂိ お萩 (おはぎ)လို့ခေါ်ပါတယ်။ ကောက်ညှင်းကိုအရင်ပေါင်းပြီး၊
မညက်တညက်လေး ထောင်းကာ၊ ပဲအချိုဖြင့်ပြန်အုပ်ပြီးလုံးထားတာဖြစ်ပါတယ်။ ယင်း
အပြင် ပဲကိုကောက်ညှင်းထဲမှာထာပဌာပြီး၊ ကောက်ညှင်းကိုတော့မကပ်မစေးရလေ
အောင် ပဲမှုန့်ဖြင့်ဖြူးသိပ်ထားတာမျိုးလည်းရှိပါတယ်။ ကျမက ကောက်ညှင်းမကြေတ
ကြေနှင့်အိုဟဂိကိုသိပ်ကြိုက်ပါတယ်။ လုပ်ရတာလက်ဝင်တာမို့ထင်ပါတယ်။ ၀ယ်စား
လျှင် ဈေးအနည်းငယ်ကြီးပြီး၊ နှစ်သက်တဲ့ကျမက မကြာမကြာဝယ်စားလေ့ရှိတာမို့
သူက အဲလောက်ကြိုက်ရလား၊ အဲဒါအမေလုပ်တတ်တယ်လို့ဆိုပါတယ်။

ရေးရင်း စပ်မိစပ်ရာလေးတွေရေးပစ်ပါဦးမယ်။ အချိန်လေးလည်းရတုန်းပေါ့။အဲလိုနှင့်
ကျမတို့ နှစ်သစ်ကူးရက်တွေ အမေ့(ယောက္ခမ)ဆီသွားလည်ပါတယ်။ ယောက္ခမက
သူ့သားကိုသိပ်ချစ်သလို ကျမကိုလည်း ချစ်ပေးတာမို့ ကျမအတွက်တော့ မိခင်ရင်း
နှင့်မခြားချစ်ခင်ရပါတယ်။ ကျမတို့နှစ်ဦးနှစ်စဉ်အလည်သွားလေ့ရှိပြီး၊ ကျမကမနက်
တိုင်း နို့တခွက်ကိုအပူပေးကော်ဖီမှုန့်နှင့်သကြားထည့်သောက်တတ်သူမို့ ကျမလာ
မယ်ဆိုလျှင် နို့ဘူးတွေဝယ်ထည့်ထားလေ့ရှိပြီး၊ ကျမသိပ်ကြိုက်တဲ့ခခိလို့ခေါ်တဲ့
かき(Oyster)တွေကို ၀ယ်ထားတတ်ပြီး ကြော်လိုက်၊ ပေါင်းလိုက် အမျိုးမျိုးလုပ်ကျွေး
လေ့ရှိပါတယ်။ ဒီနှစ်တော့ ကျမက ခရီးမသွားခင် ၀က်နံရိုးကိုဆက်ကျနေပြီး အစပ်
ချက်စားလိုက် အချိုချက်စားလိုက်မို့ ဟိုရောက်တော့ သားတော်မောင်က သတင်းပို့
ထားတယ်ထင်ပါတယ်။ ၀က်နံရိုးကင်ပါ လုပ်ကျွေးပါတယ်။ ကျမပြန်မဲ့ရက် မနက်ပိုင်း
မှာ အိုဟဂိလုပ်လဲလုပ်၊ ကျမကိုလည်းသင်ပေး၊ အပြန်သယ်သွားဖို့လည်းထည့်ပေးနှင့်
မို့ ကျမလည်း လုပ်နည်းဓါတ်ပုံရိုက်လာပါတယ်။ ကျမဘာသာလုပ်ဖို့က ခုရက်ပိုင်းတွေ အလုပ်ရှုပ်နေတာမို့ တော်တော်နှင့်လုပ်ဖြစ်ဦးမယ်မထင်တာမို့ပါ။

ကျမကိုလုပ်ပြတာကို ကျမကလုပ်လိုက်၊ လက်ကိုရေဆေးလိုက် ဓါတ်ပုံရိုက်လိုက်နှင့်
သူက ၀ိုင်းကူလိုက်၊ သူ့အမေက၀ိုင်းကူလိုက်နှင့် ပြီးတော့ အဲလိုပဲထမင်းမစားခင်လည်း
ဓါတ်ပုံအမြဲရိုက်တယ်၊ ဟင်းတွေဆိုအေးမှစားရတယ်လို့ သူက သူ့အမေကိုတိုင်လိုက်ပါ
သေးတယ်။

ပြုလုပ်နည်း

၁။ ကောက်ညှင်း (2合)၃၀၀ ဂရမ်၊  ဆန် (1合)၁၅၀ ဂရမ်။
ဂျပန်ဆန်ကစေးစေးလေးမို့ ဂျပန်မှာတော့ ကောက်ညှင်း၂ဆ၊ ဆန်၁ဆရောပြီး ထမင်း
ပေါင်းအိုးကလေးဖြင့်ချက်ပါတယ။် (ကောက်ညှင်းချည်းချက်လည်းရပါတယ်။)

၂။ယင်းကောက်ညှင်းချက်ကို တ၀က်ခန့်ကျေအောင်မညက်တညက်ထောင်းထားပါတယ်။


၃။ ပဲနီလုံး ၃၀၀ ဂရမ်ခန့်။ သကြား ၂၇၀ ~၃၀၀ ဂရမ်ခန့်။ ဆား ဇွန်းသေးတ၀က်ခန့်။
ပဲကိုရေ၊ဆားနှင့်သကြားထည့်ပြီး နူးသည်အထိပြုတ်ပါတယ်။ သကြားကိုနောက်ဆုံးရေ
ခန်းခါနီးမှထည့်မွှေပေးပါတယ်။ 


၎။လက်မှာရေလေးဆွတ်ပြီး ကောက်ညှင်းထောင်းမညက်တညက်ကို တဆုပ်စာခန့် လုံး
လုံးပြီး ပန်းကန်ပြားပေါ် ခပ်ခွာခွာစီ မကပ်ရအောင်တင်ထားပါတယ်။


၅။ပုံထဲကလိုပဲ ပိတ်သားလက်ကိုင်ပုဝါပေါ် ပဲအရင်ဖြန့်ခင်းပြီး၊ အပေါ်က လုံးထားတဲ့
ကောက်ညှင်းလုံးကို တင်ကာ လက်ကိုင်ပုဝါလေးကိုအုပ်ပြီးဆုပ်လိုက်လျှင် ရေဓါတ်တွေ
က လက်ကိုင်ပုဝါမှာစိမ့်ဝင်သွားပြီး၊ ပဲနှစ်တွေကလည်း ကောက်ညှင်းမှာ အပေါ်ယံ
ခြောက်ခြောက်ကလေးနှင့် ကပ်သွားတာတွေ့ရမှာပါ။



အခြားတနည်းကတော့ ကောက်ညှင်းထဲမှာပဲကိုထာပဌာပြီး၊ ကောက်ညှင်းကိုတော့ပဲမှုန့်
ဖြင့်လှိမ့်ကာ၊ဖြူးကာ အုပ်သည့်နည်းဖြစ်ပါတယ်။ နှစ်သက်လျှင်နှမ်းကိုလှော်ထောင်းကာ ဖြူးစားနိုင်ပါသေးတယ်ရှင်။


အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေရှင်


Dec 18, 2011

揚げ出し豆腐 ဂျပန် တိုဖူးကြော်ချက်

ဒီတခါတော့ ဂျပန်ရိုးရာဟင်းတခွက်ဖြစ်တဲ့ ဂျပန်အခေါ် အဂဲဒရှိတိုဖူး၊ မြန်မာလိုပြန်လျှင်
ကြော်ထားတဲ့တိုဖူးလို့ဆိုရမယ်ထင်ပါတယ်။ အလွန်ကိုလွယ်ကူရိုးရှင်းပြီး ဘယ်နိုင်ငံမှာ
ဖြစ်စေအလွယ်တကူလုပ်စားလို့ရနိုင်ပြီး၊ တိုဖူးဟာကိုလက်စထရောမပါဝင်တာမို့ ကျန်းမာ
ရေးနှင့်လည်းညီညွတ်တဲ့ ဟင်းတခွက်ကို ဝေမျှလိုက်ပါတယ်ရှင်။
အောက်ပါပုံကတော့ကျမကိုယ်တိုင်ချက်ထားတာရယ်ပါ။


တိုဖူးလို့ဆိုလျှင် ဂျပန်ကစတိုးဆိုင်တွေမှာတော့ တိုဖူး၂မျိုးတွေ့ရလေ့ရှိပါတယ်။
(၁)မိုမန်း(木綿)
(၂)ခိနု(絹)လို့ခေါ်ပြီး မိုမန်းကတော့ မြန်မာပြည်ကတိုဖူးနှင့်ဆင်ပြီး အသားကနဲနဲဖွာကာ
ကြမ်းသလိုရှိပါတယ်။ခိနုကတော့ ကျစ်ပြီး တအားနူးညံ့ပါတယ်။
 


ခိနုကိုဂျပန်လူမျိုးတွေဟာ ပန်းကန်သေးလေးထဲထည့် ငံပြာရည်စမ်း၊ ဂျင်းထောင်း၊ ကြက်
သွန်မြိန်ကြီးပါးပါးလှီးထားတာကိုအသာလေးပုံပြီး၊အစိမ်းလိုက်စားလေ့ရှိပါတယ်။ယင်းဟာ
အလွန်နူးညံ့ပြီး ကျေလွယ်တာမို့ ဟင်းချက်ရာမှာသုံးဖို့ခက်ခဲပြီး၊ ပုံမှန်အားဖြင့် အထက်
ဖော်ပြပါအတိုင်းအစိမ်းစားခြင်းနှင့် ဂျပန်လို စုအိမိုနို(吸い物)လို့ခေါ်တဲ့ရေစပ်စပ်ကလေး
ပါတဲ့ဂျပန်ဟင်းလျှာမျိုးမှာသုံးလေ့ရှိပါတယ်။ မိုမန်းကတော့နဲနဲမာတာမို့ ဟင်းချက်ရာမှာ
သုံးလေ့ရှိပါတယ်။

ဆိုရလျှင်ကျမက ပူတင်းလို တအားနူးညံ့တဲ့ ခိနုကိုသုံးပြီးချက်ပါတယ်။ သည့်အတွက်
ပဲ့ကြေမသွားရအောင် အကိုင်အတွယ်အလွန်ကိုသတိထားရပါတယ်။


ပြုလုပ်နည်း

အရသာရည်ကိုဦးဆုံးစပ်ထားပါတယ်။
ငံပြာရည်အချိုအကျဲရည် ဇွန်းကြီးတဇွန်း
みりん မိရင်း ဇွန်းကြီးတဇွန်း (မရှိလျှင် မထည့်ပါနဲ့)
だし ဒရှိ အရည် ဇွန်းကြီးတဇွန်း (မရှိလျှင် အသားမှုန့်ဇွန်းသေးတဇွန်း)
ဆားအနည်းငယ်ထည့်ထားပါတယ်။

ဒုတိယက မုန်လာဥဖြူကို ညက်နေအောင်ခြစ်ပြီး ရေစစ်ထားပါတယ်။မညှစ်ပါဘူး။
မုန်လာဥက နည်းနည်းသက်တတ်တာမို့ မခြစ်ခင်အခွံခွာပြီး ရေအေးထဲ ၁၀မိနစ်ခန့်
စိမ်ထားတာကောင်းပါတယ်။(၀ျပန်မုန်လာပါ)

၁။ တိုဖူးကိုထုတ်ကာ၊ စဉ့်နီတုံးပေါ်တင်၊ ရေစုပ်စက္ကူခင်းပြီး၊ယင်းပေါ်တင်ကာ တိုဖူးကို
အရွယ်တော်(တတုံးလျှင် ၄ပိုင်း)တုံးပါတယ်။
၂။ပန်းကန်ပြားထဲဂျုံမှုန့် (သို့ ကော်မှုန့်)ကိုဖြန့်ခင်းထားပြီး တိုဖူးကိုတတုံးချင်း ၄ဖက်
လုံး မျက်နှာပြင်နှံ့အောင် တဖက်ချင်းကပ်ပါတယ်။
၃။ဆီများများထည့်ထားတဲ့(တိုဖူးမြုပ်မဲ့ပမာဏထိ)အိုးထဲထည့်ကာ ရွှေညိုရောင်သန်း
သည်ထိကြော်ပါတယ်။

ယင်းနောက်ဆယ်ထားတဲ့တိုဖူးတုံးလေးတွေကို ဆီစုပ်စက္ကူပေါ်တင်ကာဆီစစ်ပြီး ၊ ကြော်
ပြီးသွားတာနဲ့ အပေါ်ကစပ်ထားတဲ့အရသာရည်ကို အခြားအိုးတလုံးထဲထည့်ကာ ပွက်
ပွက်ဆူအောင်တည်ပါတယ်။ ဆူလာလျှင် တိုဖူးကို ထည့်ကာ အရည်နှံ့အောင်ဆမ်းပြီး
ချက်ချင်းချကာ ပန်းကန်လုံးထဲထည့်၊ အပေါ်ကအနှစ်လိုခြစ်ထားတဲ့ မုန်လာဥဖြူကိုပုံတင်
ကာစားလို့ရပါပြီ။

ဂျပန်ဟင်းခတ်သုံးတာကတော့ ဂျပန်အနံ့အရသာအတိကျထွက်တာပေါ့ရှင်။ အဓိကက
တော့ ဟင်းရည်ပူပူစွက်စွက်ကလေးနဲ့ အရသာရည်စာ တိုဖူးအရေခွံမှာစိမ့်ဝင်သွားပြီး
ယင်းကို မုန်လာဥဖြူအနှစ်နဲ့တွဲစားတာမို့ ခံတွင်းရှင်းပြီး သိပ်စားလို့ကောင်းပါတယ်။

ဒီမှာတော့အေးနေတာမို့ ပူတာလေးတွေရွေးစားတဲ့ရာသီပေါ့ရှင်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Nov 28, 2011

ကြက်ဟင်းခါးသီးသုပ်

ကြက်ဟင်းခါးသီးသုပ်စားဖြစ်ပါတယ်။
တခါစားဆိုတော့တ၀က်ပဲသုပ်တာမို့ 12cmခန့်အရှည်ရှိပါတယ်။
ဦးဆုံးအရှည်လိုက် ၂ခြမ်းခြမ်းပြီး၊ အစေ့နှင့်အတွင်းသားကိုဇွန်းဖြင့်ခြစ်ထုပ်လိုက်ပါတယ်။
ယင်းနောက် အသုပ်ဆိုတော့မခါးရအောင် 0.3cmခန့်အထူဖြင့် ခပ်ပါးပါးလှီးပါတယ်။
ယင်းနောက် ဆားလဘက်ရည်ဇွန်းဝက်ခန့် ဖြူးနယ်ကာ အခါးကြိုက်လျှင်ကြိုက်သလို
အမြန်ဆေးပြီး၊ ခါးမှာကြောက်လျှင် ၁၀မိနစ်ခန့်ထားပါ။ ယင်းနောက်ရေများများထည့်
ခပ်ဖွဖွနယ်ရင်းရေသွန်ရင်း၊၃ခါခန့်ဆေးပါတယ်။ အငံဓါတ်မကျန်အောင်၊ကျမကနဲနဲဖဲ့ပြီး
ကိုက်ကိုက်ကြည့်ပါတယ်။
(၅မိနစ်ခန့်ထားတာ မခါးတခါးမို့ အကောင်းဆုံးပါလို့ ညွှန်းပါရစေ)

ယင်းနောက်ပွက်ပွက်ဆူအောင်ပြုတ်ထားတဲ့ရေနွေးထဲထည့်ကာ၂မိနစ်ခန့်ပြုတ်ပြီး
ဇကာထဲရေစစ်ကာ၊ မကြေရအောင် လက်ဖြင့်ညှစ်တာမျိုးမလုပ်ပဲ ဆီစုပ်စက္ကူ၂ရွက်ခန့်
ထပ်ပြီး ယင်းတွင်ထည့်ကာအသာလေးရေစုပ်အောင် ထုပ်ထားပါတယ်။


သုပ်နည်း
၁။ယင်းနောက် ဇလုံတခုထဲ ယင်းကြက်ဟင်းခါးသီးနှင့်
၂။ပုဇွန်ခြောက်မှုန့် လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်
၃။နှမ်းနှင့်မြေပဲထောင်းမှုန့် လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်
၎။မြန်မာငံပြာရည်  လဘက်ရည်ဇွန်းသေး၁ဇွန်းခန့်
၅။ဆီလဘက်ရည်ဇွန်းကြီးတဇွန်းခန့်တွင် ကြက်သွန်ဖြူ၃မွှာကိုပါးပါးလှီးဆီသတ်ပြီးအအေးခံ
ထားတာရယ်
၆။အချိုပြင်းပြင်းကြိုက်လျှင်အသားမှုန့်အနည်းငယ်
၇။သံပုရာရည်လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်ထည့်ကာ သုပ်လျှင်ရပါပြီ။

ဒါကလဲအိမ်တိုင်းလုပ်စားလေ့ရှိမယ်ထင်ပါတယ်။
ဒါပေမဲ့ စားကောင်းလွန်းတာမို့ နည်းအမျိုးမျိုးလုပ်တတ်တဲ့ကျမကိုယ်တိုင်မမေ့ရအောင်
ရေးတင်ဖြစ်ပါတယ်ရှင်။

ကြက်ဟင်းခါးသီးရွေးနည်း
ဂျပန်ကဆိုဒ်တခုထဲမှာဖတ်ရတာရယ်ပါ။
အခါးကြိုက်လေ အစိမ်းရောင်ရင့်တာကိုရွေးပါ။ အခါးမကြိုက်လေ အရောင်ဖျော့တာကို
ရွေးပါလို့ ဆိုထားပါတယ်။

ကျမကမစိမ်းတစိမ်းလေးရွေးလာတော့အခါးကအတော်ပေါ့သွားလို့အားမရဘူး။ :))

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Nov 27, 2011

တိုဖူးလုပ်နည်း နှင့် တိုဖူးသုပ်

တိုဖူးသုပ်လုပ်စားမယ်ဆိုပြီး ခက်မယ်ထင်လို့အတော်နှင့်မလုပ်စားဖြစ်ပါဘူး။ ခုတလော
ဘလော့ဂ်ရေးဖို့သိပ်ဈန်မ၀င်တာနဲ့ လွယ်တာလေးပဲရေးတင်ဖြစ်ပါတယ်။ လုပ်စားဖူးသူ
တွေ အတော်များများရှိတာမို့ အမှတ်တရအနေဖြင့်သာရေးလိုက်ခြင်းရယ်ပါ။

ဖေ့စ်ဘွတ်ခ်ထဲက မိတ်ဆွေအမတွေက မြန်မာမုန့်တွေ၊ မြန်မာဟင်းတွေ အမျိုးမျိုးလုပ်စား
ပြီး ဓါတ်ပုံတွေတင်ကြတဲ့အပြင် လုပ်နည်းတွေပါ ဝေမျှပေးထားတာမို့ ကျေးဇူးတင်စရာပါ။
ကျမကတော့ မမညိုနဲ့မမကျော့ဆိုသော အမနှစ်ဦးထံမှ သိရပြီး လိုက်လုပ်တာ အလွန်
လွယ်ပြီး၊ စားလို့လည်းကောင်းတာမို့ အမနှစ်ဦးကိုကျေးဇူးတင်ပါတယ်ရှင်။


တိုဖူးပြုလုပ်နည်း
မွှေးတိုဖူးမှုန့်တစ်ဆ၊ ရေသုံးဆဖြင့်ရောမွှေကာ နာရီဝက်ခန့်အနည်ထိုင်အောင်ထားပါ
တယ်။ ယင်းနောက် အပေါ်ယံအရေကြည်ကိုအရင်ကျိုပြီး၊ အနည်းငယ်စေးလာလျှင် ကျန်
ရှိသော အနည်ထိုင်ထားနေသောတိုဖူးရည်ကိုမွှေပြီးထည့်ရင်း ၊နှံ့အောင်မွှေပေးပါတယ်။
အနည်းငယ်ပျစ်လာလျှင် ပလပ်စတစ်ဘူးပျော့ထဲထည့်ကာအအေးခံပါတယ်။
အပျစ်အကျဲပေါ်မူတည်ပြီး အမာအပျော့ကွာတာမို့ သည်နေရာလေးကအရေးအကြီးဆုံး
လို့ထင်ပါတယ်။
ကျမကတော့ ဂျပန်မှာရာသီအေးအေး၊ ရေဘုံဘိုင်ရေကလဲအေးအေးမို့ ဇလုံထဲရေအေး
ထည့်ကာ၊ယင်းတိုဖူးဗူးကိုထည့်ကာအအေးခံလိုက်တော့၁၅မိနစ်ခန့်ဖြင့်ခဲသွားပါတယ်။


တိုဖူးသုပ်ရန် အနှစ်ပြုလုပ်နည်း

ကျမကရှမ်းသုပ်လိုစေးစေးကလေးကိုကြိုက်ပါတယ်။ လုပ်နည်းသိသလားဆိုတော့မသိပါ
ဘူး။ အဲလိုဖြင့်ကောင်းမယ်ထင်တာ ထည့်ပြီးအနှစ်လုပ်တာ အတော်လေးကိုစားကောင်း
တာမို့ဝေမျှလိုက်ပါတယ်။

၁။ဆီအနည်းငယ်ထည့်ကာ ပူလာလျှင်မီးပိတ်ပြီး ကြက်သွန်ဖြူပါးပါးလှီးတာထည့်ကာ၊
မွှေးပြီး အညိုရောင်သန်းစပြုတာနှင့်မီးခေတ္တပိတ်ကာ
၂။မညက်တညက်ထောင်းထားသောမြေပဲနှင့် နှမ်းလှော်ထောင်းမှုန့်ကိုထည့်ပါတယ်။
တမျိုးဇွန်းကြီး၂ဇွန်းခန့်ပါ။ဆီပူလေးဖြင့်နှံ့အောင်မွှေလိုက်ပါတယ်။
၃။ယင်းနောက်ချက်ချင်း၊ ခရမ်းချဉ်သီးပါးပါးလှီးနုတ်နုတ်စင်းထားတာဇွန်းကြီး၃ဇွန်းခန့်
ထည့်ပါတယ်။
မီးပြန်ဖွင့်ပါတယ။်
ခရမ်းချဉ်သီးရေဓါတ်ကုန်ပြီး နူးပျော့သွားလျှင် ငံပြာရည်၊ အသားမှုန့်ထည့်ကာအနံမွှေး
သွားအောင်ဆီအနည်းငယ်ပြန်သည်အထိမွှေလိုက်ရုံပါပဲ။

ယင်းအနှစ်ဖြင့်တိုဖူးနယ်ကာစားတော့အတော်မြိန်ပါတယ်။ သူကတော့ကောင်းတယ်
ကို ၅ခါလောက်ပြောပြီးစားပါတယ်။ ရှောက်ရွက်မရှိတော့အလွယ်ပဲအိမ်မှာစိုက်ထားတဲ့
ပူတီနံကလေးတပွင့်ပန်ပေးလိုက်ပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်


Oct 29, 2011

ကြက်အရေခွံသုပ်

ဂျပန်မှာတော့ ကြက်အရေခွံချည်းသက်သက်စားကြတာ မရှိသလောက်ကို တွေ့မြင်ရခဲ
ပါတယ်။ ကြက်အရေခွံကင်တမျိုးကလွဲလို့ အခြားစားနည်းတွေ မတွေ့ဖူးပါဘူး။ မြန်မာ
ပြည်မှာရှိစဉ် လုပ်စားလေ့ရှိတဲ့ မြန်မာပုံစံ ကြက်အရေခွံသုပ်ပါ။ အိမ်အများစုသုပ်စား
လေ့ရှိတတ်တာမို့ အများစုသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။

ပြုလုပ်နည်း
၁။ကြက်အရေခွံကို အမွှေးသေချာနှုတ်၊ ဆေးကြောကာ၊ အနေတော်ပိုင်းဖြတ်ပြီး၊ ရေစင်
အောင်စစ်၍ပဲငံပြာရည်အချိုရည်နှင့်သကြားကိုလ္ဘက်ရည်ဇွန်းသေးတဇွန်းစီထည့်နယ်ပါ
တယ်။
၂။ကြက်သွန်နီကိုပါးပါးလှီးကာ ရေဇလုံထဲ ဆားအနည်းငယ်ထည့်ကာစိမ်ထားပါတယ်။
၃။အိုးထဲဆီအနည်းငယ်ထည့်ကာ ယင်းကြက်အရေခွံကိုထည့်ပြီး မီးလတ်နှင့်၅မိနစ်ခန့်

လှိမ့်ကာ အနည်းငယ်ညိုလာသည်အထိ လှိမ့်ပါတယ်။
ပြီးရင် ဆီစစ်ဆယ်ပြီး သုတ်မဲ့ဇလုံထဲ ထည့်ပါတယ်။
၎။ရေစိမ်ထားတဲ့ကြက်သွန်နီကိုရေသွန်၊ ရေတခါထပ်ဆေးပြီး လက်ဖြင့်ဖွဖွဆုပ်ရေညှစ်
ထုတ်ပြီး ကြက်အရေခွံဇလုံထဲထည့်ပါတယ်။
၅။အသားမှုန့်လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ငါးငံပြာရည် လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ပဲမှုန့်အကျက်မှုန့် ထမင်းစားဇွန်းကြီးတဇွန်းခန့် (စီးစီးလေးကြိုက်လို့ပါ)
   သံပုရာသီး အရည်
   ငရုတ်သီးမှုန့်
   ငရုတ်သီးစိမ်းပါးပါးလှီး
   နံနံပင် (သို့) ပူတီနံရွက်ပါးပါးလှီး(ကြိုက်လျှင်ထည့်ပါ)
   ကြက်ကြော်ထားသောဆီကိုသင့်သလိုထည့်ကာ
   အားလုံးကိုရောနယ်ကာစားလို့ရပါပြီ

အားလုံးပဲစားကောင်းပါစေလို့


Oct 24, 2011

ဆီလီကွန်(အပူပေးပေါင်း)ဗူး နှင့် အာလူးအစပ်ဆီပြန်

ခုတလော ဂျပန်လို シリコンスチーマー (Silicone Steamer)လို့ခေါ်တဲ့ဆီလီကွန်ဖြင့်
ပြုလုပ်ထားသောအပူပေးပေါင်းဗူးလေးတွေ ရေပန်းစားလို့နေပါတယ်။

ဟင်းနွှေးတာမျိုးမဟုတ်ပဲ ယင်းဆီလီကွန်ဗူးထဲ အသား၊ငါး၊အသီးရွက်နှင့် ဟင်းခတ်အမွှေး
ကြိုင်များဖြင့်အရသာစပ်ဟပ်ကာ မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ သတ်မှတ်ထားသောမီးအား၊
မိနစ်အတိုင်း ခလုတ်တချက်နှိပ်ကာ ဟင်းချက်နိုင်ပါသည်။

အဲလိုဖြင့်ကျမလည်း စမ်းသပ်ဖို့ တဗူးဝယ်ပြီးသုံးကြည့်ပါတယ်။
ကျမက ဟင်းချက်တာမဟုတ်ပဲ အာလူးဟင်းချက်ရာမှာ အာလူးကိုမီးဖိုပေါ်ကြာကြာမပြုတ်
ချင်တော့ ဆီလီကွန်ဗူးထဲထည့်ကာ ၅၀၀ ၀ဒ်ဖြင့်၇မိနစ်ထားလျှင် အတော်နူးသွားသည်။


ယင်းနောက် ဆီအနည်းငယ်အိုးထဲထည့်ကာ ပူလာလျှင် မီးပိတ်၊ ဆီနည်းနည်းအေးအောင်
စောင့်ကာ ငရုတ်သီးမှုန့်ဇွန်းကြီး၁ဇွန်း၊ထိုင်းငံပြာရည်(ငံသဖြင့်)ဇွန်းသေးတဇွန်းထည့်ပြီး
ရေဓါတ်နည်းနည်းခန်းလျှင် ခရမ်းချဉ်သီးသံဗူးဘူးဝက်ခန့်(200ml)ထည့်ကာ (ငရုတ်သီး
စိမ်းကြိုက်လျှင် အတူရောထည့်ကာ) မွှေပေးပြီး အနည်းငယ်မွှေးလာပြီး ဆီပြန်လာလျှင် အာလူးနှင့် ရေအနည်းငယ်ထည့်ကာမီးအနည်းငယ်ဖြင့်၁၅မိနစ်ခန့်ထားပြီး ဆီပြန်လျှင်
စားလို့ရပါပြီ။ ကျမကငါးနီတူးခြောက်လေးတွေပါထည့်ထားပါတယ်။


နောက်မှ တခြားဟင်းတွေချက်ကြည့်ဦးမယ်စိတ်ကူးပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Oct 11, 2011

ကြက်ကောင်လုံးကင်

ငယ်ငယ်က ကြက်ကောင်းလုံးပေါင်းတာစားချင်ရင် အဘိုးကိုမျှော်ရပါတယ်။ အဘိုးလာတဲ့အခါ
ရှုပ်ယှက်ခက်ပြီး မှတ်ဖို့ကြိုးစားရင်း၊မမှတ်မိရင်းနဲ့ အဘိုးကြက်ပေါင်းသိပ်စားလို့ကောင်းပါတယ်။

ခုတော့ အင်တာနက်ခေတ်ကြီးလဲဖြစ်၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ မတောက်တခေါက်
တတ်ရုံမျှဖြင့် ဘယ်နိုင်ငံကဟင်းချက်မလဲ ကုန်ကြမ်းသာဝယ်လိုက်၊ Ovenတို့လို Food
Processor တို့နဲ့ ဘာဟင်းချက်ချက် မြန်လည်းမြန် လွယ်လည်းလွယ်သော ခေတ်ကို ပြောင်း
လဲလာနေတာမို့ အဆင်ပြေလွန်းလှပါတယ်။ အဲလိုနဲ့ FaceBookက မိတ်ဆွေတွေလုပ်စားတဲ့
ကြက်ကောင်လုံးဓါတ်ပုံတွေကြည့်ပြီး အားကျပြီး စမ်းလုပ်ကြည့်ပါတယ်။


ကြက်အကောင်လိုက်ကို အသက်သာဆုံးဝယ်လို့ရတာကတော့ ဂျပန်စူပါမားကတ်တွေ
မဟုတ်ပဲ မြန်မာစတိုးဆိုင်၊ တရုတ်အစရှိသော နိုင်ငံခြားစတိုးဆိုင်တွေမှာသက်သာပါတယ်။
နှင်းဆီစတိုးမှာတော့ ခုတလော တကောင် (700g) 250Yen ကြီးလျှင် 900g 350Yenဖြင့်
ဝယ်လို့ရတာမို့ ချက်လို့ပျက်သွားလည်း အဆင်ပြေအောင်၊ ၂ယောက်စာတခါစားသဘော
ဖြင့် ၂၅၀ယမ်းဖြင့်ဝယ်လာပါတယ်။

ကျမဖတ်တဲ့ပြုလုပ်နည်းက ဒီနေရာကိုကလစ်နှိပ်ကြည့်ပါ။


 ချက်ပြုတ်နည်း

(A) ကြက်သွန်ဖြူ တမွှာ
      parsley ၄(၅)ညွန့်
      ဆား၊သကြား ဇွန်းကြီး ၂ဇွန်းစီ
      ရေ 200cc


၁။ ၀မ်းတွင်းသားထုတ်ထားတဲ့ကြက်အကောင်လိုက်ကိုသေချာဆေးပြီး အထက်ဖော်ပြပါ
    (A)အုပ်စုနှင့်အတူ ပလတ်စတစ်အိတ်ထဲထည့်ပြီး နေ့ဝက် သို့ တညထားပါတယ်။
၂။ယင်းနောက်ကြက်သားကိုထုတ်ပြီး ရေမကျန်အောင်စစ်တဲ့အပြင် ဆီစုပ်စက္ကူနှင့်သုတ်
   ပါတယ်။ ယင်းကြက်ကို ဆား၊ငရုတ်ကောင်း၊ ကြက်သွန်ဖြူတတက်ထောင်းထားတာကို
   နှံ့အောင်လူးပါတယ်။ ကြက်ဗိုက်ထဲမှာ ညကအရသာရေစိမ်ရာမှာ ထည့်တဲ့ကြက်သွန်
   ဖြူ၊ parsley၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပါတယ်။ (ကြက်သွန်ဖြူအစိမ်းမထည့်ရပါ)
၃။ကင်တဲ့အခါ ခြေတွေတောင်ပံတွေကားမထွက်ရအောင် အကင်ထိုးတဲ့တုတ်တံနှင့်
  ခြေနှင့်တောင်ပံများကိုထိုးပြီးထိန်းပါတယ်။မူရင်းလင့်ခ်မှာပုံသွားကြည့်နိုင်ပါတယ်။
၎။Oven 180ံ ရောက်အောင် ကြိုအပူပေးပါတယ။် 
၅။ကြက်ကိုထည့်မဲ့လင်ပန်း(ခွက်ထဲ)သံလွင်ဆီပါးပါးလူးပါတယ်။ (ကျမကအပူခံစက္ကူခင်း
   ပါတယ်။)
၆။ကြက်အပြင် အခြားအသီးနှံ့ကိုလည်း နှစ်သက်ရာကို ကြက်ဘေးမှာ ဖြန့်ထည့်ပါတယ်။
  ကျမကတော့ မုန်လာဥနီဖြန့်ခင်းရုံမကပဲ ဗိုက်ထဲမှာ မှိုနှင့်ဥနီရောထည့်ပါတယ်။
၇။ကြက်ကိုသံလွင်ဆီပါးပါးလေးသုတ် သို့ ဖြန်းပေးပါတယ်။ rose mary ဖြူးပါတယ်။
   ကျမ မရှိလို့ မဖြူးလိုက်ပါဘူး။
၈။ယင်းနောက် ကြိုအပူပေးထားတဲ့180ံနဲ့ပဲ ၆၀မိနစ်မှ ၉၀မိနစ်Ovenနဲ့အပူပေးပါတယ်။
  ကျမက မိနစ်၂၀စီ ၄ကြိမ်၊ အကြိမ်တိုင်းမှာ ကြက်သားမှထွက်တဲ့အချိုရည်ကို ကြက်တစ်
 ကောင်လုံးနှံ့အောင်ပြန်ပြန်ဆမ်းပေးပြီး၊ နောက်ဆုံးတခေါက် မိနစ်၂၀ကင်တဲ့အခါမှာ 
 မကင်မီ စုတ်တံလေးနဲ့ခရုဆီကိုပါးပါးလိုက်သုတ်ပြီးကင်ပါတယ်။ 


နီညိုရောင်သန်းတဲ့ကြက်ကောင်လုံးကင်မွှေးမွှေးလေးအသင့်စားရုံပါ။
ခရမ်းချဉ်သီးပါးပါးလှီး၊ ပန်းဂေါ်ဖီစိမ်းပွင့်ကိုရေနွေးဖျောရေစစ်၊ ဆလတ်ရွက်ကိုအစိမ်း
ကင်ထားတဲ့မုန်လာဥနီကိုသင့်တော်သလိုစီပြီး အနှစ်ဆမ်းကာစားရန်အသင့်ဖြစ်သွားပါ
တယ်။


အရည်ဆမ်းအနှစ်ပြုလုပ်နည်း
ကြက်သားကထွက်လာတဲ့အချိုရည်ထဲ ၀ိုင်ဖြူအနည်းငယ်၊ ပျားရည်၊ သံပုရာရည်အနည်း
ငယ်၊ ဆား၊ ငရုတ်ကောင်းထည့်ကာ အရသာကိုရေအနည်းအများဖြင့်ချိန်ကာ မီးအနည်း
ငယ်ပေးကာ သုံးဆောင်နိုင်ပါတယ်။


အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Oct 10, 2011

ကြာစွယ်သုပ် (ဂျပန်စတိုင်လ်)

ဂျပန်မှာအစားများကြသောကြာစွယ်ကို RenKon လန်းကွန်း れんこん လို့ခေါ်ပါတယ်။
မြန်မာပြည်မှာရှိစဉ် အိမ်က ဈေးနားနီးတာမို့ ဈေးထဲမှာ ခဏခဏတွေ့ဖူးပေမဲ့ ဂျပန်
မလာခင်အထိ တခါမှမစားဖူးတဲ့ ကြာစွယ်ရယ်ပါ။ ဂျပန်အခြေခံဟင်းချက်စာအုပ်ထဲက
အတိုင်း လွယ်ကူရိုးရှင်းစွာသုပ်လိုက်ပါတယ်။ ထင်တာထက်စားကောင်းလွန်းပါတယ်။


ကြာစွယ်ကိုမလှီးခင် အရေးကြီးတဲ့အချက်လေးတွေပြောပြချင်ပါတယ်။
အိမ်မှာတော့တခါစားလျှင် ကြာစွယ် တဆစ်စာ စားလေ့ရှိပါတယ်။

လှီးတဲ့အခါ
၁ဆစ်ပဲစားစား၊၂ဆစ်ပဲစားစား အခွံခွာတဲ့အခါ အဆစ်ကို မလှီးပစ်ပဲအဆစ်နေရာကို
သည်အတိုင်းချန်ပြီး အခွံခွာပါ။
ပြီးလျှင်အဆစ်နေရာလေးကို ကိုင်ပြီးလှီးလျှင် နောက်ဆုံးအသားအထိ လှလှပပ၊ပါးပါးလှီး
ဖို့ လွယ်ကူအဆင်ပြေပါတယ်။

ပြုလုပ်နည်း (ဂျပန်အခေါ်ဟု ဖော်ပြထားသော ကုန်ကြမ်းများမရှိလျှင် ကွင်းထဲမှ
အလားတူအရသာကို အသုံးပြုနိုင်ပါသည်)


၁။အချဉ်ရည် (ဂျပန်အခေါ် 酢 su) (ဗနီဂါ၊ သံပုရာနှစ်သက်ရာ)
   ရေသို့ အချိုရည် (ဂျပန်အခေါ် 白だし shirodashi) (အသားမှုန့်အနည်းငယ်)
   ဇွန်းကြီး ၁ဇွန်းခန့်စီ
   သကြား လ္ဘက်ရည်ဇွန်းသေး ၁ဇွန်း
   ဆားအနည်းငယ်

၂။ကြာစွယ် ၁ဆစ် (၁၅၀ဂရမ်ခန့်)အခွံခွာပါးပါးလှီးကာ၊ ဗနီဂါ(အချဉ်ရည်ဇွန်းကြီးတဇွန်း၊
   ရေမြုပ်သည်အထိ ရေပမာဏရောကာ)စိမ်ထားပါ။ ၅မိနစ်ခန့်ရှိလျှင် ဆယ်ကာ၊ရေဆေး
   ပါ။ 

၃။ရေနွေးတည်ပြီး ဆူလျှင်၊ ဆေးထားသော ဖော်ပြပြီး ကြာစွယ်အားထည့်ကာ အရောင်
 အကြည်သို့ ကူးပြောင်းသည်နှင့်တပြိုင်နက်ချကာ၊ ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ။
 (၃မိနစ်ခန့်ကြာလေ့ရှိသည်။)

၎။ကြာစွယ်အား နံပါတ်၁ရှိကုန်ကြမ်းများနှင့်ရောနယ်ကာ သုံးဆောင်နိုင်ပါပြီ။

အားလုံးပဲ စားကောင်းပါစေရှင်


Aug 24, 2011

ကြက်ဟင်းခါးသီးတိုဖူးမွှေကြော်

ကြက်ဟင်းခါးသီးကိုဝက်သား၊တိုဖူး၊ကြက်ဥခလောက်ထည့်ကာမွှေကြော်လေ့ရှိသော
ဂျပန်မီးဖိုချောင်ထဲက ဟင်းတခွက်လို့ဆိုရမှာပါ။
ゴーヤチャンプル Gooya Chanpuru လို့ခေါ်ပြီး ဂေါ်ရာဆိုတာ ကြက်ဟင်းခါးသီး
ဖြစ်ပြီး ချန်ပုရုကတော့ အိုကီနာဝါဒေသဘက်မှာ သုံးလေ့ရှိသောဒေသသုံးစကား
ဖြစ်ပြီး မွှေကြော်ဆိုတဲ့အဓိပါယ်ရတယ်လို့ဆိုပါတယ်



ဒီနှစ်နွေပူမယ်ဆိုတော့ အိမ်က ၀ရန်တာမှာမရမကစိုက်တဲ့ ကြက်ဟင်းခါးသီးပင်လေး
တွေ သီးလာတော့ လုပ်စားရင်းသိပ်ကိုကြိုက်လို့ အဲသည့်နောက်ပိုင်း ခဏခဏလုပ်
စားဖြစ်တာမို့ ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ကြက်ဟင်းခါးသီး တလုံး အရှည်၆လက်မခန့်
  ကြက်ဟင်းခါးသီးကို အလုံးလိုက်၂လက်မခန့်ဆီပိုင်းပြီး အစေ့နှင့် အသားနား
 ရောက်သည်ထိကပ်နေတဲ့အဖြူရောင်အသားတွေကို ဇွန်းနဲ့ခြစ်ထုတ်ပါတယ်။
 ပြီးလျှင် (အခါးကြိုက်လျှင်ထူထူ)  ပါးပါးလှီးပြီး ဆားနဲ့နယ်၊ ရေအနည်းငယ်စိမ်ပြီး
 ၂ခါခန့်ဆေးပြီး ရေစစ်ကာ ရေညှစ်ထားပါတယ်။

၂။တိုဖူးကို ပန်းကန်ထဲထည့် အောက်ကဆီစုပ်စက္ကူထူထူခံပြီး ovenထဲ တခါလောက်
 ဟင်းနွေးသလိုနွှေးလိုက်ရင် ပိုခြောက်ပြီး အရေဓါတ်အတော်လျော့သွားပါတယ်။

၃။ကြက်ဥ၂လုံးကိုဆားအနည်းငယ်ဆိုရုံမျှထည့်ပြီး ခေါက်ထားပါတယ်။

၎။ပန်းကန်လုံးသေးတခုထဲ အရသာအတွက်စပ်ဟပ်ပြီး အသင့်ထည့်ထားပါတယ်။

ခရုဆီ ဇွန်းကြီး ၁ဇွန်း (ကျမကထိုင်းခရုဆီသုံးပါတယ် အငံပေါ့ပြီးအချိုလေးပါတယ်)
အသားမှုန့် လဘက်ရည်ဇွန်းသေးမောက်မောက်တဇွန်းခန့်
ဆား အနည်းငယ်
ငရုတ်ကောင်းအနည်းငယ်

၅။အသားကိုပါးပါးလှီး(ဒီမှာတော့အလွှာလိုက်ရောင်းတော့ အနေတော်ဖြတ်ပါတယ်)
ငံပြာရည်နှင့်သကြားအနည်းငယ်ထည့်ပြီးနယ်ထားပါတယ်။

စကြော်ပါတယ်။
၁။ဆီနည်းနည်းထည့်အသားကိုထည့်ပြီးမွှေးတဲ့အထိ ၃မိနစ်ခန့်လှိမ့်ပါတယ်။
၂။ကြက်ဟင်းခါးသီးထည့်ပါတယ်။ အနည်းငယ်ပူအောင်၁မိနစ်ခန့်မွှေပြီး
၃။ တိုဖူးကိုဇွန်းဖြင့်မညီမညာခပ်ပြီး မကြေတကြေထည့်ပါတယ်။ခဏမွှေပါတယ်။
၎။အရသာစပ်ထားတာထည့်ပြီး ရေသိပ်ခြောက်လို့ မနှံ့တနှံဖြစ်နေရင်
ရေနည်းနည်းလေးထည့်ပြီး အရသာနှံ့အောင်မွှေရင်း ရေဓါတ်မကျန်တကျန်လေး
ဖြစ်တဲ့အခါ ကြက်ဥမွှေကိုအနှံ့ထည့်ပြီး မကျက်ခင် အမြန်ရောမွှေပါတယ်

အဲသည့်အခါ ကြက်ဥဟာ အသား၊ကြက်ဟင်းခါးသီး၊တိုဖူးတို့နဲ့တသားတည်းပေါင်း
စပ်သွားပြီး စားလို့ရပါပြီ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Jun 27, 2011

ခေါက်ဆွဲကြော်

မြန်မာပြည်အိမ်က အိမ်သူအိမ်သားတွေအားလုံးကြိုက်ပြီး မကြာခဏ ကျမကကြော်ပေးရ
တဲ့ခေါက်ဆွဲကြော်ပါ။ ဂျပန်ရောက်တော့သူကဆီသိပ်မကြိုက်သလို စားလဲမစားတဲ့အပြင်
သူစားလေ့ရှိတဲ့ အိုခိုနိုမိယာခိစတိုင် ခေါက်ဆွဲကြော်ဟာ အိုးထဲခေါက်ဆွဲထည့်လှိမ့်ပြီး
ငံပြာရည်နဲ့သကြားလေးနည်းနည်းထည့်မွှေ၊ သည့်နောက် ခစုအိုဘုရှိလို့ခေါ်တဲ့ ငါးလွှာ
ခြောက်၊ မရောနိစ်၊ ဆော့စ်တွေထည့်စားရတာမို့ဆီမသုံးပါဘူး။ ဒါကြောင့် မိသားစုကြား
နာမည်ကျော် ကျမလက်ရာခေါက်ဆွဲကြော်လေးလည်း ကြော်မစားဖြစ်တာကြာပါပြီ။


တနေ့ကတော့ ဘာရယ်မဟုတ် စားချင်တာနဲ့ ဆီများရင်သူပြောဦးမှာသိရက် မသိယောင်
ဆောင်ပြီး ကြော်ပါတယ်။ ဆီကို ထမင်းစားဇွန်း၃ဇွန်းခန့်ထည့်ပါတယ်။ တရုတ်စတိုင်
ခေါက်ဆွဲကြော်ရဲ့သဘောကိုက ဆီလေးနဲ့လှိမ့်ပြီး အဲသည့်အရသာစားရတာမို့ ဆီမထည့်
ရင် အရသာမရှိသလိုခံစားရတာမို့ပါ။ ထင်တဲ့အတိုင်းသူစားတော့ ဆီများတယ်လို့ဆိုပါရဲ့။


ကြိုတင်ပြင်ဆင်ခြင်း
၁။အသားကို ပါးပါးလှီးပြီး ငံပြာရည်၊ ဟင်းချက်အရက် သို့ ဗီနီဂါ၊ သကြားအနည်းငယ်နှင့်
  နယ်ထားပါတယ်။
၂။အသီးရွက်ကို ကိုယ်ထည့်ချင်တဲ့ပုံစံလေးတွေ တခုစီလှီးပြီး တပုံစီပုံထားပါတယ်။
၃။ကြက်သွန်ဖြူ၂တက်လောက် မကြေတကြေ ထုထားပါတယ်။
၎။အရသာရည် စပ်ပါတယ်။ အသီးရွက်တွေထည့်ပြီးမှ တခုစီထည့်ရင်မေ့ကျန်တာမျိုး
  အချိန်မကိုက်ရင် အသီးရွက်နွမ်းတာမျိုးဖြစ်တတ်လို့ပါ။

   ခေါက်ဆွဲတပွဲစာအရသာရည်ကို ပန်းကန်လုံးသေးလေးမှာစပ်ထားပါတယ်။
  ခေါက်ဆွဲပမာဏကတော့ ဂျပန်မှာတော့ ဂျပန်ထမင်းစားပန်းကန်လုံးတလုံးထဲ ခေါက်
  ဆွဲ လက်ဖြင့်ဖိသိပ်ထည့်ပြီး နည်းနည်းပြည့်မောက်ရုံချိန်ပါတယ်။(အပေါ်ပုံ)
  အရသာရည် သကြားလက်ဘက်ရည်ဇွန်းသေးတဇွန်းမောက်မောက်၊
                   အရသာမှုန့် (အချိုမှုန့်) လက်ဘက်ရည်ဇွန်းသေးတဇွန်းမောက်မောက်၊
                   ငံပြာရည် အချိုအကျဲရည် ထမင်းစားဇွန်းကြီးတဇွန်း
                   ခရုဆီ(Oyster Sauce) ထမင်းစားဇွန်းကြီးတဇွန်း
                   အလေးကြိုက်လျှင် ဆားအနည်းငယ်ထည့်ပါ။ ကျမကတော့မထည့်ပါဘူး


ကြော်နည်း 

၁။ (မီးပျော့ အသားထည့်ပြီးလျှင် မီးလတ်)
  ဆီထည့်ပြီး နည်းနည်းပူလာရင် ဦးဆုံးကြက်သွန်ဖြူကိုထည့်ကြော်၊ တ၀က်ခန့်နွမ်းပြီး
  မွှေးနံ့ထွက်လာလျှင် အသားကိုထည့်ပြီး အသားမွှေးလာတဲ့ထိ ၂မိနစ်ခန့်ကြော်ပါတယ်။
  ပြီးရင် အသားနှင့်ကြက်သွန်ဖြူကိုဆယ်ထားပါတယ်။ နို့မို့ မာတတ်လို့ပါ။

၂။အသားကြော်ထားတဲ့ဆီမွှေးမွှေးထဲ အသီးရွက်တွေထည့်လိုက်ပါတယ်။
  အရွက်လိုမျိုးပျော့တာပါလျှင် ခေါက်ဆွဲထည့်ကာနီးမှကပ်ထည့်ပါ။

၃။ချက်ချင်းပဲအရသာရည်ထည့်ပါတယ်။ (မီးပြင်း)
  ရေကတော့ခေါက်ဆွဲတပွဲလျှင် ရေနွေးကြမ်းတလုံးစာခန့်ရေကို အရသာရေနဲ့ရောထည့်ပြီး
  ဂျပန်မှာတော့ခေါက်ဆွဲပျော့လို့ တ၀က်စာခန့်ထည့်ပါတယ်။
  ဆူလာလျှင် အသီးရွက်ကို တဖက်ထောင့်ကပ်ပြီး၊ ယင်းအခြမ်းဘက်မီးမပြပဲ ကျန်တခြမ်းကို
  မီးပြပြီး ရေတွေစုနေတဲ့ထဲ ခေါက်ဆွဲထည့် နှံ့အောင်မကြာမကြာမွှေပါတယ်။ ၂မိနစ်ခန့်ပါ။
 အသီးရွက်အနေထားကြည့်ပြီး နွမ်းလာရင် ခေါက်ဆွဲပေါ်တင်ထားပေးပါ။

၎။ရေခမ်းခါနီးမှာ အသားထည့် အသီးရွက်အားလုံးနဲ့ရောမွှေပြီး ရေခမ်းပြီး ဆီကြော်ဖြစ်တဲ့
  အနေထားမှာချရုံပါပဲ။
တွဲစားဖို့အချဉ်ပါ။
ကြက်သွန်နီပါးပါးလှီးဆားရေအေးအေးထဲစိမ်ထားပါတယ်။ စားခါနီးဆယ်ပြီးရေညှစ်ပါတယ်။
ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပါတယ်။ ပူတီနံရွက် ပါးပါးလှီးထည့်ပါတယ်။
နှမ်းဆီ ငံပြာရည် အသားမှုန့် သံပုရာသီးညှစ်ပြီး သုံးဆောင်ရုံပါ။

အားလုံးပဲစားကောင်းပါစေရှင်
♪♪♪


Jun 4, 2011

ဂျပန်စတိုင်ကြက်ဥကြော်

ဂျပန်လို 卵焼きTamagoyaki တာမားဂေါရာခိလို့ခေါ်သောဂျပန်စတိုင်ကြက်ဥကြော်
ဟာ မြန်မာကြက်ဥကြော်နှင့် အနည်းငယ်ကွဲပြားပါတယ်။

ကြက်ဥကိုခေါက်ပြီး dashi (出汁)လို့ခေါ်တဲ့ ဂျပန်အချိုရည်ထည့်ပြီးလုပ်တာကို 出汁
巻き (dashi-maki)လို့ခေါ်ပြီး၊ ကြက်ဥထဲကို မိမိအကြိုက်ပေါ်မူတည်ပြီး သကြား၊ ငရုတ်
ကောင်းမှုန့်၊ အသားအချိုမှုန့် သို့ ဒရှိအချိုရည်၊ ဆား စသဖြင့် မိမိနှစ်သက်သလို အရ
သာ စပ်ဟပ်နိုင်ပြီး၊ အခြားတန်ဆာပလာများကိုလည်း အလည်တွင်ဖြန့်ခင်းကာ အစာသွပ်
ပြီးဖြစ်စေ၊ ရောမွှေ၍ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။


ကျမကိုယ်တိုင်ရဲ့အတွေ့အကြုံကိုပါပေါင်းစပ်ပြီး၊ ယင်းကြက်ဥခေါက်ကြော်ပြုလုပ်ရာမှာ
အရေးအကြီးဆုံးကတော့ မီးအပူချိန်ပါပဲတဲ့။ ကြက်ဥကိုတထပ်ချင်းလိပ်သွားတာမို့မီးပြင်း
လျှင် ဦးဆုံးအလွှာတွေအရောင်ရင့်သွားလျှင် ပြီးတဲ့အခါ၊အတွင်းမှာအရောင်မညီဖြစ်တတ်
ပါတယ်။ အတွင်းပိုင်းသိပ်ကျက်သွားရင် မာလည်းမာတတ်တာမို့ စလုပ်ခါစ မကျွမ်းကျင်
သေးခင်အချိန်အတွင်းနဲ့မီးလျှော့ပြီး ကြော်တာကောင်းမယ်လို့ထင်ပါတယ်။

တခုရှိတာက ဂျပန်မှာတော့ လေးထောင့်ပုံစံလေးရရှိဖို့ရာ ယင်းကြက်ဥလိပ်ကြော်သုံးအိုး
ကို သီးသန့်ဒီဇိုင်းဖြင့်ရောင်းလေ့ရှိပါတယ်။ သို့ငြား အိုးအ၀ိုင်းနှင့်လည်းလုပ်စားလို့ရတာ
မို့ ချက်ချင်းလုပ်စားကြည့်လို့ရမယ်လို့ထင်ပါတယ်ရှင်။

လုပ်နည်းက မြင်ဖူးလျှင်လွယ်ကူသလောက်၊ မလုပ်ဖူးလျှင်ခက်တာမို့ ဒီဗွီဒီယိုလေးကြည့်
လျှင် ချက်ချင်းနားလည်သွားမှာလို့မျှော်လင့်ပါတယ်။
အစအဆုံးစနစ်တကျကြည့်လိုလျှင်တော့သည်မှာကြည့်ပါရှင်
ပုံများကို အင်တာနက်မှကူးယူဖော်ပြပါတယ်။ ကျမကတော့လုပ်နည်းလှအောင်လေ့ကျင့်
ဆဲမို့ လှလှပပလုပ်တတ်တဲ့အခါမှ ဓါတ်ပုံထပ်ရိုက်ပြီးတင်မယ်စိတ်ကူးပါတယ်။ :))

အားလုံးပဲစားကောင်းပါစေလို့
♪♪♪


Jun 3, 2011

ဂျပန်ကခေါက်ဆွဲအနွယ်ဝင်များ ၁။ဆိုးမန်း

ဂျပန်အခေါ်အဝေါ်အရ ထူးခြားတာတစ်ခုကတော့ မုန့်ဖတ်၊ နန်းကြီး၊ ခေါက်ဆွဲစတာတွေ
ကို ခေါက်ဆွဲအနွယ်ဝင် (麺類‐MenRui)(Noodles)လို့ခေါ်လေ့ရှိပါတယ်။ ဥပမာ ဒီနေ့
Menrui မန်းရုအိလုပ်စားမယ်ဆိုရင် အထက်ဖော်ပြပါထဲက တခုခုကိုလုပ်စားမယ်လို့ဆိုလို
တာမျိုးပါ။
ယင်းတို့ထဲကမှ မြန်မာပြည်က မုန့်ဖတ်နှင့်ဆင်တူပြီး မြန်မာအများစုမုန့်ဟင်းခါးဂျပန်မှာ
လုပ်စားတဲ့အခါ မုန့်ဖတ်အဖြစ်စားလေ့ရှိတဲ့ 素麺,そうめん,SooMenလို့ခေါ်တဲ့အမျိုး
အစားအကြောင်း ဖော်ပြလိုပါတယ်။ သို့ငြားဂျပန်မှဆိုးမန်းခေါက်ဆွဲကတော့ ဂျုံမှုန့်ဖြင့်
ပြုလုပ်ထားတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ နဘဲလို့ခေါ်တဲ့မီးဖိုပေါ်တင်လျှက်စားလေ့
ရှိသော ဟော့ပေါ့များကဲ့သို့အလားတူ ဆိုးမန်းသည်လည်း နွေရာသီမှာ မပျက်မကွက်
လုပ်စားကြလေ့ရှိတဲ့ နွေရာသီစာတမျိုးပါ။ ဆိုရလျှင် မြန်မာပြည်မှာ နွေရာသီရောက်လျှင်
မုန့်လက်ဆောင်းသို့ရွှေရင်အေးစားသကဲ့သို့ပါ။

စားနည်းကတော့ ခေါက်ဆွဲကိုအထုပ်မှာရေးထားတဲ့မိနစ်အတိုင်းရေနွေးများများတည်ကာ
ထည့်ပြုတ်ပါတယ်။ ထည့်သင့်တဲ့ရေပမာဏကိုလည်းရေးထားလေ့ရှိပါတယ်။သတိပြုရန်
ကတော့ ထည့်ပြီးတာနဲ့တူလေးနဲ့ခေါက်ဆွဲဖတ်တွေကို  မွှေမွှေပေးနေရပါမယ်။ အဲလိုမှ
မဟုတ်လျှင်ခေါက်ဆွဲဖတ်တွေပူးသွားတာကပ်သွားတာမျိုးဖြစ်လေ့ရှိပါတယ်။ ယင်းနောက်
ဇကာတခုထဲသို့စစ်ထည့်ပြီး ယင်းခေါက်ဆွဲကိုချက်ချင်းရေအေးအေးနဲ့ ၂ကြိမ်၃ကြိမ်ခန့်
ပွတ်ဆေးပြီး ရေစစ်ထားပါတယ်။ ချက်ချင်းစားမည်ဆိုလျှင်အထက်ပါပုံကဲ့သို့ရေခဲရေနှင့်
ရေခဲအနည်းငယ်ထည့်ပြီး ခေါက်ဆွဲကိုအအေးခံထားပါတယ်။
ယင်းနောက်အဓိကဇာတ်ဆောင်ကတော့ စုယု TsuYu つゆလို့ခေါ်တဲ့ငံပြာရည်အပေါ့
အချိုရည်တမျိုးပါ။ ယင်းကဆိုးမန်းခေါက်ဆွဲ(သို့)ခေါက်ဆွဲအမျိုးစားနှင့်သာတွဲစားလေ့ရှိ
ပါတယ်။ ယင်းစုယုငံပြာချိုရည်ကို ဇွန်းကြီး၂ဇွန်းခန့်ထည့်ပြီး အပေါ့အငံက မိမိနှစ်သက်
သလိုချိန်ပြီး ရေရောထည့်ပါတယ်။ ကြက်သွန်မြိတ်၊ နော်ရိလို့ခေါ်သော ရေညှိလေးတွေ
စသဖြင့်မိမိနှစ်သက်သလို စုယုငံပြာရည်ချိုထဲရောထည့်စားနိုင်ပါတယ်။ ကျမကတော့
ယင်းအပြင် နှမ်းဆီနှင့် မြန်မာငရုတ်သီးအကျက်မှုန့်အနည်းငယ်ပါ ထည့်စားလေ့ ရှိပါ
တယ်။
ယင်းငံပြာချိုရည်ကို ငံပြာရည်၊ ရေ၊ ခစုအိုလို့ခေါ်တဲ့ဂျပန်ငါးအချိုခြောက်လွှာ၊ မိရင်းလို့
ခေါ်သော အရည်တမျိုးဖြင့်ပေါင်းစပ်ပြုလုပ်တယ်လို့ဆိုပါတယ။်



ယင်းအပြင် ထူးခြားသော ဂျပန်ဓလေ့လေးတစ်ခုကတော့ အထက်ဖောက်ပြပါပုံအတိုင်း
ဝါးခြမ်းရှည်ထိပ်မှရေနှင့်အတူ(ရေစီးနေသောဝါးခြမ်းရှည်တွင်)ဆိုးမန်းခေါက်ဆွဲဖတ်လေး
များကို အမြင့်တဖက်မှမျှောချပေးပြီး ယင်းကိုမှ စုယုငံပြာရည်ချိုခွက်လေးကိုင်ကာ တူဖြင့်
ဆည်ဆည်ကာ စားလေ့ရှိသည့်အပျော်ဓလေ့လေးတခုပင်ဖြစ်သည်။ ယင်းကို流し素麺
နာဂရှိဆိုးမန်း ဟုခေါ်ပြီး စီးဆင်းနေသောဆိုးမန်းဟုဆိုလိုပေသည်။

ကျမကတော့ဆိုးမန်းသိပ်ကြိုက်ပါတယ။် ခံတွင်းထဲမှာအရသာကရှင်းပြီး ဘယ်လောက်
စားစား စားလို့ကောင်းအောင် ခပ်များများလည်းစားနိုင်ပါတယ်။ နွေရာသီဆိုလျှင် ဆိုးမန်း
အထုပ်မပြတ်လပ်ရအောင် အမြဲဝယ်ထားလေ့ရှိပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
♪♪♪


May 30, 2011

ကြက်တောင်ပံကြော်နှင့်ငရုတ်ကြော်

ကြော်မည့်ပစ္စည်းကိုလိုက်ပြီး ကြော်ပုံကြော်နည်းလည်း ကွဲပြားတာမို့ တလက်စတည်း
အကြော်ပဲ ဆက်တင်လိုက်ပါတယ်။ :)
 

ကြက်တောင်ပံကြော်ရာမှာတော့ တောင်ပံကို ဆေးကြော၊ ရေသေချာစစ်ပြီးနောက်
အသားမှုန့်၊ဆား၊ငရုတ်ကောင်းလေးဖြူးကာ နယ်ပါတယ်။
ပြီးတော့ ဂျုံမှုန့်ကို ပန်းကန်ပြားလေးထဲထည့်ထားပြီး တောင်ပံတခုချင်းကို ဂျုံမှုန့်
ပါးပါးလေးဖုံးသွားအောင် လူးပေးပြီးကြော်ရုံပါ။ သည့်အတွက် တောင်ပံတွေဟာ
အရေခွံမကွဲ၊ ပုံမပျက်ပဲ ရှိသွားပါတယ်။
နည်းအမျိုးမျိုးရှိငြား အရိုးရှင်းဆုံး အိမ်မှာလုပ်စားလို့လွယ်တဲ့နည်းကလေးပါ။


ရှိရှိတိုး ししとうလို့ခေါ်တဲ့ ငရုတ်ချိုလေးတွေကြော်ရာမှာတော့ အကြော်မှုန့်ကို ရေ
နည်းနည်းနှင့် ပျစ်ပျစ်ဖျော်ပြီး (အရသာမထည့်ပါဘူး)၊ နှစ်ပြီး ကြော်ပါတယ်။

ဂျပန်မှာအသီးရွက်တွေကြော်တဲ့အခါ အရသာထည့်လေ့မရှိပဲ ငံပြာရည်ချိုချဉ်လေး
နှင့်တို့စားကြတာများပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်
♪♪♪


May 29, 2011

ကြက်ဟင်းခါးသီးကွင်းကြော်

မြန်မာပြည်မှာတော့ ကြက်ဟင်းခါးသီးဆိုလျှင် ပုဇွန်ခြောက်နိုင်နိုင်ဖြင့် မချက်ခင် အခါး
ပေါ့အောင် ဆားရေနဲ့အရင်ပြုတ်ပြီးမှ ချက်ပေးတဲ့ အမေ့လက်ရာ ကြက်ဟင်းခါးသီး
အချို သို့ အစပ်ချက်အိုးကပ်ကလေးပေါ့။ ကြော်စားလေ့မရှိပါဘူး။ ဂျပန်မှာချက်စားပေ
မဲ့လည်း အမေ့လက်ရာမမီတော့ စိတ်ညစ်ရပါတယ်။

ဂျပန်မှာတော့ပါးပါးလေးတွေလှီးပြီးကြော်စားလေ့ရှိပါတယ်။
ပါဝင်ပစ္စည်းများကတော့
A.ကြက်ဟင်းခါးသီး ၁၀စင်တင်မီတာခန့်
B.ဂျုံမှုန့် ဇွန်းကြီး၂ဇွန်းခန့်
C.ဆား၊ ငရုတ်ကောင်း အနည်းငယ်
D.ကြက်ဥ တလုံး
E.ပေါင်မုန့်အကြေမှုန့် ဇွန်းကြီး၇ဇွန်းခန့်

၁။ ကြက်ဟင်းခါးသီးကို ဦးဆုံး ၅စင်တီမီတာခန့်စီ လှီးလိုက်ပါတယ်။ ဒါမှအစေ့ထုတ်ဖို့
လွယ်တာမို့၊ ဓါးသေး သို့ ဇွန်းသေးလေးရဲ့လက်ကိုင်နဲ့အတွင်းက အစေ့တွေကို အကွင်း
လိုက်ပတ်ပြီး လှီးထုတ်ပါတယ်။

၂။ အစေ့နဲ့အတွင်းသားထုတ်ပြီးနောက်မှာမှာ ၁စင်တီမီတာခန့်စီ မပါးတပါးလှီးပါတယ်။

၃။ဦးဆုံးBနဲCဖြစ်တဲ့ဂျုံမှုန့်နှင့်ဆား၊ငရုတ်ကောင်းကိုမွှေပြီးကြက်ဟင်းခါးသီးပေါ်ဖြူးပြီးနှံ့
အောင် နယ်ပါတယ်။

၎။ ပြီးလျှင်(D)ကြက်ဥကိုခေါက်ပြီးသားကို ထည့်ပြီး နှံ့အောင်ထပ်မံလှိမ့်မွှေပါတယ်။
၅။ပေါင်မုန့်ကြေမှုန့်Eကိုပေါ့ ပန်းကန်ပြားလေးတခုထဲထည့်ထားပြီး ကြက်ဟင်းခါးသီး
တကွင်းချင်းကို ဖုံးသွားအောင်လှိမ့်ကာကပ်ပြီး ကြော်ပြီး စားရုံပါ။

ထုံးစံအတိုင်း ponzu ポン酢လို့ခေါ်တဲ့ငံပြာချဉ်ရည်လေးနဲ့တို့စားပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်


May 28, 2011

ငါးလေးကြော်

ဂျပန်အမည် ワカサギ ၀ါကစဂိလို့ခေါ်တဲ့ငါးကလေးတွေရယ်ပါ


အရသာကတော့တအားစိမ့်ပါတယ်။

၁။ ငါးကလေးတွေကိုရေထဲဆားနည်းနည်းထည့် ၂ရေလောက်ဆေးလိုက်ပါတယ်
၂။ပြီးတော့ရေစစ်ပြီး၊ ယင်းအပြင် ဆီခံ(ဆီစုပ်)စက္ကူနဲ့ရေဓါတ်ကုန်သွားအောင်ခပ်ဖွဖွလေး
အုပ်ပြီးရေထပ်စစ်လိုက်ပါတယ်။

၃။ပြီးတော့ ဂျုံမှုန့်ကိုပန်းကန်ပြားလေးတခုထဲပုံထားပြီး
ကြော်ခါနီးမှာ ငါးကိုတကောင်ချင်း ဂျုံမှုန့်ပါးကန်မှာထည့်ပြီး တကိုယ်လုံးအုပ်သွားအောင်
လှိမ့်လိုက်ပြီး ဆီအိုးထဲထည့် အနည်းငယ် ၀ါရောင်သန်းလာလျှင်ဆယ်ပြီးစားရုံပါပဲ။

ဂျပန်မှာတော့အကြော်တွေကိုများသောအားဖြင့်အရသာမထည့်ပဲကြော်လေ့ရှိပြီး
အကြော်နဲ့တို့စားတဲ့ ငံပြာရည်နှင့် အငံ၊အချဉ်အနည်းငယ်စပ်ထားတဲ့ ငံပြာရည်မျိုးတွေနဲ့
တို့စားလေ့ရှိပါတယ်။

မြန်မာပါးစပ်နဲ့ပေါ့တယ်ထင်ရင်တော့ ကျမလည်း တခါတလေ ဆားငရုတ်ကောင်းကို ဖြန့်
ထားတဲ့ငါးပေါ် ခပ်ပါးပါးဖြူးပြီးနယ်ပြီး ကြော်လေ့ရှိပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေနော်


Apr 28, 2011

ပီဇာလုပ်စားကြမယ်

ပီဇာလုပ်စားကြရအောင်...
အိမ်မှာပီဇာလုပ်စားဖို့ အရင်ဆုံးဈေးဝယ်ထွက်ပါတယ်။
အသားကတော့ ဘေကွန်နဲ့အလိုက်ဆုံးဖြစ်ပြီး အသားစိမ်းကတော့ မဆိုးပါဘူးဆိုရရုံပါ။


 တခါတလေ ဒီလို ဘေကွန်သုံးရင် အသားလွှာသိပ်မလှပေမဲ့ အများကြီးရပါတယ်။
ဒါဆိုတထုပ် ၂၉၈ယမ်းရယ်ပါ။ 

ပြုလုပ်နည်း

အဆင့်၁
အရင်ဆုံး အောက်ခံဂျုံသားကိုလုပ်ပါမယ်
1. ဂျုံမှုန့် strong flour (強力粉) 150 g
2. ဂျုံမှုန့် weak flour (薄力粉)  150 g
   ဂျုံမှုန့် ၃၀၀ ဂရမ်ကို အကြီး၃ချပ်စာခန့်ရပါတယ်။ အလတ် ၄ချပ်စာပါ။
3. တဆေးမှုန့် Dry Yeast (ドライイースト)အမှုန့် ဇွန်းသေး ၁ဇွန်း
4. သံလွင်ဆီ ဇွန်းကြီးတဇွန်း
5. ဆား ဇွန်းသေးတဇွန်း
6. သကြား ဇွန်းသေး၂ဇွန်း (မထည့်လည်းရပါတယ်)
7. ရေမနွေးတနွေး 150 cc
8. Olive Oil ဇွန်းကြီးတဇွန်း
အားလုံးကိုရောပြီး ဂျုံမှုန့်နဲ့အတူသမအောင်နယ်ပြီး လက်ဖနောင့်နဲ့ဖိဖိနယ်ပေးလျှင်
ဂျုံသားပိုညက်စေပါတယ်။ ပြီးလျှင်ယခုလို တချပ်စာစီလုံးပါတယ်။

မိနစ် ၃၀ခန့်ထားပြီး အချဉ်ဖောက်ပေးလို့ရသလို
အိမ်မှာကတော့ Ovenထဲ 35ံထားပြီး Steamနှင့် မိနစ်၃၀ပေါင်းလိုက်ပါတယ်။
မကပ်ပဲခွာရလွယ်စေရန် အောက်မှာ Cooking Sheet Paperခံပြီးအသုံးပြုပါတယ်။


အဆင့် ၂
ပြီးလျှင်ဆော့စ်ကိုလုပ်ပါတယ်။
9.   ကြက်သွန်ဖြူအနှစ် အနည်းငယ်
10. ခရမ်းချဉ်သီးနှစ် (အလွယ်နဲ့သက်သက်သာသာ သံဗူးသုံးလိုက်ပါတယ်)
11. ဆား၊ ငရုတ်ကောင်း၊ သံလွင်ဆီဇွန်းကြီး၁ဇွန်း
12. ချိစ်မှုန့်အနည်းငယ်
 ဦးဆုံးသံလွင်ဆီနည်းနည်းပူလာရင် ကြက်သွန်ဖြူအနှစ်ထည့်ကာ
မွှေးနံ့ရလျှင် ခရမ်းချဉ်သီး၁ဗူးလုံး(၃ချပ်စာ)ထည့်ပါတယ်။
ပြီးလျှင် ၁၀ နှင့် ၁၁ကိုထည့်ပြီး အနေတော် မပျစ်မကျဲအနှစ်ရသည်ထိတည်ပါတယ်။
အအေးခံထားပါတယ်။

အဆင့် ၃
အချဉ်ဖောက်ထားတဲ့ဂျုံလုံးကအချိန်ပြည့်လို့ထုတ်ကြည့်တဲ့အခါ ပွလာပါတယ်။
ယင်းကိုဂျုံမှုန့်ဖြူးပြီး မထူမပါးအ၀ိုင်းပြားလေးဖြစ်အောင်ဒလိမ့်နဲ့လှိမ့်ပါတယ်။
(သတိထားရမှာကတော့အပူခံCooking Sheet Paperခင်းပြီးလုပ်တာပါပဲ။
ယင်းကိုသုံးခြင်းဖြင့် ovenထဲထည့်တဲ့အခါမှာရော နေရာရွှေ့တိုင်းမကပ်ပဲ စက္ကူပါ
တပါတည်း ရွှေ့လို့ရတာမို့ အလုပ်ရှုပ်သက်သာ အဆင်ပြေပါတယ်။)

အဆင့် ၎
ပြီးလျှင်ယင်းဂျုံပြားပေါ် 

13. အဆင့်၂မှာလုပ်ထားတဲ့ခရမ်းချဉ်သီးအနှစ်ဆမ်းပါတယ်။
14. ဘေကွန်ဝက်သားပြားလွှာ (၁လက်ခန့်စီလှီး)ကိုဖြန့်ပြီးထည့်ပါတယ်။

15. Cheese အချောင်းလေးများနေရာအနှံ့ဖြူးပါတယ်
16. မှိုအနည်းငယ် (ပါးပါးလှီး)
17. ငရုတ်ပွနှင့် ခရမ်းချဉ်သီးလှီးထားတာ ဖြူးပါတယ်။
18. ချိစ်ခရင်မ်တုံးကို လှီးပြီး ထည့်ပါတယ်။
နောက်ဆုံးမှာ basil (バジルソース)ဆော့စ်နှင့်သံလွင်ဆီအနည်းငယ်ကိုဆမ်းပါတယ်။
အသီးရွက်ကနှစ်သက်သလိုထည့်နိုင်ပါတယ်။

အဆင့် ၅
oven က သုံးထားလို့အပူဓါတ်ရှိနေရင်ဒီအတိုင်းထည့်ပြီး ပီဇာဖုတ်နိုင်ပေမဲ့
အေးနေရင် အရင် အပူပေးရပါတယ်။
တချို့ ovenတွေကတော့ ပီဇာဆိုပြီး တခါတည်းရွေးခလုတ်နှိပ်လို့ရပါတယ်။
အိမ်မှာတော့ ဦးဆုံး ၁၉၀ံခန့် အပူအရင်ပေးပါတယ်။
ပြီးလျှင် ၁၉၀ံဖြင့် မိနစ် ၂၀ သို့ ၂၅ခန့်ဆိုရပါပြီ။

3. Dry Yeast (ドライイースト)
အောက်ဆုံးမှာကြိုတင်အချဉ်ဖောက်စရာမလိုလို့ရေးထားပြီး ဂျုံနှင့်အသင့်ရောနယ်ရုံမို့လွယ်ပါတယ်။

ဒါကတော့ ချိစ်ရယ် ခရင်မ်မီချိစ်ရယ် ချိစ်မှုန့်ရယ် 
အမွှေးနံ့အတွက် basil ကို အရွက်ပဲသုံးသုံး အိမ်မှာတော့လုပ်ပြီးသား (バジルソース)
ဆော့စ်ပုလင်းပဲသုံးလိုက်ပါတယ်။

အစပ်ကြိုက်တတ်ရင်တွဲစားဖို့ tabasco




အဲလိုနဲ့ အသင့်စားရုံပါရှင်
ကျမတော့ပီဇာသိပ်မကြိုက်တော့ အိမ်ကလူသာ အများဆုံးအားပေးပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
♪♪♪♪


အလည်လာသူများ

free counters

Total Pageviews