♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဂျပန်ဈေးဝယ်အညွှန်း. Show all posts
Showing posts with label ဂျပန်ဈေးဝယ်အညွှန်း. Show all posts

Feb 24, 2013

လက်သည်း အလှ စတစ်ကာ

လက်သည်းမှာကပ်တဲ့စတစ်ကာ တနည်းအားဖြင့် လက်သည်းနီမဆိုးပဲ အလွယ်နှစ်သက်ရာဒီဇိုင်း
ကို ကပ်ရုံဖြင့် အချိန်မကုန်၊လျှင်မြန်စွာအသုံးပြုနိုင်တဲ့စတစ်ကာကို ကျမသတိထားမိတာကတော့
လေဒီဂါဂါအကြောင်း လွှင့်တဲ့ ဂျပန်တီဗွီအစီစဉ်တစ်ခုမှာပါ။ ဂါဂါရဲ့ ဒီဇိုင်းအမျိုးမျိုးသောဆန်းထွေ
လှတဲ့လက်သည်းတွေဟာ အများအားဖြင့်စတစ်ကာကိုအသုံးပြုထားခြင်းဖြစ်တယ်လို့ဆိုပါတယ်

ကျမဗမာပြည်ပြန်တုံးက ကျမအန်တီကသွားနေကျ စမ်းချောင်းထဲက လက်သည်းအလှပြင်ကိုခေါ်
သွားပေးပါတယ်။ ဆိုင်မှာလူအပြည့်နှင့် အနည်းငယ်စောင့်ပြီးမှ ပြင်ခွင့်ရတာမှ ဗမာပြည်မှာလက်
သည်းအလှပြင်ခြင်းခေတ်စားလာတာကို သတိထားပြုမိပါတယ်။

နောက် လက်သည်းအလှပြင်တဲ့အခါ ဒီဇိုင်းအလိုက်ဈေးကွာပြီး၊ကျောက်လေးတွေကပ်တဲ့အခါ
ကျောက်အကြီးအသေး အရေအတွက်အလိုက် အပိုဆောင်း ငွေကျသင့်ပါတယ်။ ပိုအံ့သြရတာ
ကျမက မင်္ဂလာပွဲရှိလို့သွားပြင်တာဖြစ်ပြီး ဘေးနားက ချစ်စရာခလေးမလေးက သန့်ရှင်းရေးနှင့်
လိမ္မော်ရောင်သီးသန့်ဗြောင်စိုးတာရယ်ပါ။ ဒီလောက်ဆိုလျှင်အိမ်မှာကိုယ့်ဘာသာလုပ်တာသက်
သာတာပေါ့ရှင်။ ကြည့်ရတာ ဖေဖေရှာတာ ၀ိုင်းကူသုံးပေးတဲ့ခလေးဖြစ်ပါလိမ့်မယ်။ :))


အဲလိုဖြင့်ဒီတခါတော့ဂျပန်မှာခေတ်စားနေတဲ့လက်သည်းကပ်စတစ်ကာလေးတွေအကြောင်း
ဝေမျှလိုက်ပါတယ်။
ယမ်း၁ရာတန်မှစလို့ ၀ယ်လို့ရတာမို့ နှစ်သက်ရာ အရည်သွေးနှင့် နှစ်သက်ရာဈေးကို
သတ်မှတ်ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

အားလုံးပဲလှပပျော်ရွှင်ပါစေ


Feb 19, 2013

ဂျပန်မှာခေတ်စားနေသော မျက်ရည်အိတ် အလှပြင်နည်း

ခုတလော ဂျပန်က ပျိုမေတွေကြား သိပ်ကိုလူကြိုက်များ ခေတ်စားနေတဲ့ မျက်ရည်အိတ်အလှပြင်
နည်းကို တိုးတိုးကလေးပြောပြမယ်နော်။
ခုလိုမျက်လုံးအောက်ကမျက်ရည်အိတ်မှာ ပြင်တာမို့ မျက်ရည်အိတ်အလှပြင်နည်းလို့ခေါ်ကြ
ပါတယ်။
 မျက်ရည်အိတ်ကလေးပေါ်အောင်ခုလို အညိုရောင်ပြေပြေလေးနဲ့အိတ်ပုံစံ မို့မို့ကလေးဖြစ်
အောင်ပုံဖော်ပါတယ်။

 ဒါကတော့ before, afterပေါ့ရှင်
အောက်ပါပုံတွေကလို အတောင့်ရော၊ အ၀ိုင်းရော ပုံစံမျိုးစုံရွေးချယ်သုံးနိုင်ပါတယ်။



မျက်လုံးအောက်က မျက်ရည်အိတ်ပေါ်မှာ ငွေမှင်ရောင် ၊ ငွေဖြူရောင် ပြောင်ပြောင်ကလေးလိမ်း
တဲ့နည်းပါ။ တီဗွီအစီစဉ်တွေကြည့်တဲ့အခါ မော်ဒယ်လ်တွေ သရုပ်ဆောင်တွေအတော်များများ
လိမ်းခြယ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ကျမတော့ မလိမ်းဖြစ်သေးပါဘူးရှင်။ တခုတော့ ၀ယ်သုံးဖို့စိတ်ကူးပါတယ်။ တခါတလေ အပြင်း
ပြေ ဈေးလေးဘာလေးပတ်တဲ့အခါ၊ ဟိုဟိုဒီဒီ ကိုယ့်ဘာသာ လျှောက်လည်တဲ့အခါမျိုးပြင်ကြည့်
ချင်ပါတယ်။ နေ့စဉ်ကတော့အလုပ်တဖက်နဲ့ ကျမအသက်နဲ့ ရုံးမှာ သိပ်ချစ်စရာကောင်းတဲ့
ကောင်မလေးငယ်ငယ်လေးပုံပေါက်လို့မဖြစ်တာမို့ သုံးဖို့စိတ်ကူးမရှိပါဘူး။
တဖက်သတ်အတွေးပါ။ ပြင်လည်း ချစ်ဖို့ကောင်းတယ်ထင်တာ ကိုယ်တဦးတည်းပဲ ရှိမယ်ထင်
ပါတယ် :)))

မသုံးတာကတော့တကယ်ပါ။ ကျမလှပအောင်သိပ်မ၀တ်စားတတ်ပေမဲ့ အလုပ်နဲ့မလိုက်ဖက်တဲ့
အသက်ရွယ်နဲ့မလိုက်ဖက်မဲ့ အပြင်အဆင်မျိုး တော့ သတိထားပြီး ရှောင်လေ့ရှိပါတယ်။ နဂိုတည်း
ကလူလဲသေး မျက်နှာလည်းသေးတာမို့ပါ။
ဒါကြောင့်လဲသိပ်မလှတာဖြစ်ပါလိမ့်မယ်။ :)))

အားလုံးပဲ လှပပျော်ရွှင်ပါစေနော်


Jul 4, 2012

ဆံကေသာ အလှဆင်ပစ္စည်းများ

အင်တာနက်မှာဟိုရှာဒီရှာရှာရင်း ဖတ်မိတာရယ်ပါ။
ဂျပန်ကတော့သိတဲ့အတိုင်း ဈေးဝယ်မယ်ဆိုလျှင် ဈေးကြီးပါတယ်။ အပေါဆုံးဆိုတဲ့
ယမ်း၁၀၀၀ထောင်တန်ဘလောက်စ်တောင် ဗမာငွေနဲ့တွက်လျှင် ၉ထောင်၁သောင်း
နီးပါးကျပါတယ်။ အဲတော့ ဈေးလျှော့မှပဲ ၀ယ်ရတာ တန်သလိုခံစားရပါတယ်။
သူငယ်ချင်းအချို့ဆို မြန်မာပြည်အလည်ပြန်လျှင် ထိုင်းဝင်ပြီး ဈေးဝယ်လေ့ရှိပါတယ။်
ဒီမှာက လျှော့မဲ့လျှော့တော့လည်း ရာသီကူးခါနီး ဒီဇိုင်းပြောင်းခါနီးဆို 50ရာခိုင်နှုန်း
လျှော့တာ ဘယ်နေရာမှမဆိုတွေ့နိုင်ပြီး၊ ရှာတတ်လျှင် ၇၀ရာခိုင်နှုန်း တို့ အလကား
နီးပါးဝယ်လို့ရတာတို့တောင်ရှိပါတယ်။

ခုလည်း ဆံပင်အလှဆင်ပစ္စည်းတွေဈေးလျှော့နေတာတွေ့တော့ ကြည့်ရအောင်တင်
ပေးလိုက်ပါတယ်။ ဒီနေရာမှာကြည့်ပါ။




All photo is reference to this website.

အားလုံးပဲ အလှတိုးပါစေရှင် :))


Dec 4, 2011

レンジ・オーボン・မိုက်ခရိုဝေ့ဖ်အာဗင်

ကျမကပီဇာလုပ်စားတဲ့အခါ face book မှာတင်ဖြစ်တာမို့ သူငယ်ချင်းအမက သူ့သား
ပီဇာသိပ်ကြိုက်တာမို့ ကျမရဲ့Microwave Ovenအကြောင်းမေးလေ့ရှိပါတယ်။ ခုတဖန်
သူငယ်ချင်းတဦးက သူလည်းဝယ်ဖို့ပြင်တာမို့ ဆိုဒ်တွေကြည့်ရင်း၊ ဂျပန်မှာက အမျိုးအ
စားတွေကများ၊ ဖန်ရှင်တွေကများမို့မျက်စိနောက်လာတယ်ထင်ပါရဲ့ ကျမ၀ယ်တဲ့မော်
ဒယ်လ်ကို နမူနာအနေဖြင့်စဉ်းစားလို့ရအောင်မေးလာတာမို့ ၀ယ်ဖို့စိတ်ကူးသူတွေရှိ
လျှင် အဆင်ပြေအောင် ရေးတင်လိုက်ပါတယ်။
တကယ်ဆိုဝယ်ဖို့အစီစဉ်မရှိပါဘူး။ တိုကျိုကသူ့ဇာတိမဟုတ်တဲ့အတွက်၊ ကျမအဆင်
ပြေအောင် လိုက်နေပေးတာဖြစ်တဲ့အတွက်၊ တခုခုဝယ်မယ်ပြင်တိုင်း အိမ်ပြောင်းတဲ့
အခါ ဆိုတာကို အရင်စဉ်းစားသူမို့၊ သူ့အဘွားအိမ်မှာပိုနေတဲ့တလုံးကို သွားလည်တဲ့
အခါယူလာပြီး အကြမ်းသုံးကြမယ်ဆိုပြီး သူကပြောတော့ ကျမလည်း အင်းတလုံးပါပဲ။
Microwave Ovenကိုလိုချင်ရကောင်းမှန်းသိပ်မသိပါဘူး၊ မြန်မာပြည်မှာမသုံးခဲ့ဖူးသလို
ဒီလောက်အဆင်ပြေလွယ်ကူတယ်၊ အမျိုးမျိုးချက်နိုင်တယ်ဆိုတာ မသိလို့ထင်ပါတယ်။

ကျမကဟင်းချက်ဝါသနာပါတော့ Facebookထဲက သူငယ်ချင်းတွေရဲ့ဟင်းအမျိုးမျိုးကို
ကြည့်၊ ကြိုက်တာတွေရှိရင်သူ့ကိုပြ၊ ကျမကလဲ တတ်သလောက်မှတ်သလောက် လက်
စွမ်းပြပြီးချက်ပြီးတင် ဆိုတော့၊ FB သုံးရင်းကျမအရင်ကထက်စိတ်ပြေလက်ပျောက်ရှိလာ
တာကို မြင်တဲ့သူက ကျမကို ချက်ချင်တာချက်လို့ရအောင် အသစ်ပဲဝယ်ပေးတော့မယ်
လို့ဆိုလာပါတယ်။ သူပဲရွေးတာပါ။ ဖန်ရှင်တွေ၊ ဈေးနှုန်းတွေအမျိုးမျိုးကြည့်ပြီး၊ ကောင်း
တယ်ထင်တဲ့ အမျိုးစားလေးတွေစုပြီး ကျမကို ဘယ်ဒီဇိုင်းကြိုက်လဲ၊ ဘာဖန်ရှင်ကိုရွေးမ
လဲ စသဖြင့်နောက်ဆုံးမှမေးတာမို့ ဈေးနှုန်းတောင်အတိကျမမှတ်မိပါဘူး။ ယမ်း၃သောင်း
၎ထောင်နီးပါး ခန့်လို့ဆိုပါတယ်။

တခုအဆင်ပြေတာက Manual Bookတွဲပါပြီး အခြေခံချက်လို့ရတဲ့ ချက်ပြုတ်နည်းတွေ
ပါ ရေးပေးထားတာမို့ ဥပမာ ပေါင်မုန့်ဖုတ်နည်း၊ ပီဇာလုပ်နည်း၊ ကိတ်လုပ်နည်း၊ စတာ
တွေရယ် အသား၊ ငါးကိုလည်း အကင်၊ အကြော်၊ ရေနွေးငွေ့ဖြင့်ပေါင်းခြင်း စသဖြင့်
ပါရှိတာမို့ မြန်ဆန်လွယ်ကူစွာချက်နိုင်ပါတယ်။


ဂျပန်မှာက အပူပေး နွှေးရုံသက်သက်သာသုံးနိုင်တဲ့ レンジလန်းဂျိလိုစက်တွေချည်းရှိ
သလို အပူပေးနွှေး၊ ကင်၊ ကြော်၊ မုန့်ဖုတ်၊ ပေါင်းခြင်းကဲ့သို့ ဖန်ရှင်တွေပါတဲ့オーボン
တွဲပါသော လန်းဂျိတွေလည်းရှိတာမို့ မ၀ယ်ခင် ယင်းပစ္စည်းကိုထုတ်လုပ်တဲ့ဆိုဒ်ထဲမှာ
ဖန်ရှင်ကိုကြည့်တာအကောင်းဆုံးပါ။

ဥပမာ ကျမ၀ယ်တဲ့ Microwave Oven ရဲ့
●အမေဇွန်ထဲကဆိုင်အသီးသီးရဲ့ဈေးနှုန်းတွေပါ၊ ခခခုထဲမှာကတော့ပစ္စည်းပြတ်သွားတာ
မို့ဈေးနှုန်းကြည့်လို့မရတော့ပါဘူး။ခခခုကပိုကြည့်လို့ကောင်းပါတယ်။
●မူရင်းထုတ်လုတ်သော panasonicရဲ့ဆိုဒ်ထဲမှာ ဖန်ရှင်များကြည့်ခြင်း
တွဲပါသောပစ္စည်းများကြည့်ခြင်း
ယင်းကိုအသုံးပြုနည်းနှင့်ချက်နည်းများစာအုပ်

 ယင်းနောက်
အရေးကြီးဆုံးကတော့ရောင်းအားများမှု売れ筋ランキング၀ယ်ပြီးစိတ်ကျေနပ်မှု
満足度、၀ယ်တဲ့သူရဲ့မှတ်ချက် クチコミ、ပစ္စည်းတခုထဲကိုဈေးတွေအားလုံးယှဉ်ပြပေး
တဲ့ဖန်ရှင်တွေသုံးပြီးကြည့်လျှင် အသက်သာဆုံးနှင့်အကောင်းဆုံးပစ္စည်းကိုရွေးချယ်
နိုင်မယ်လို့ထင်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Nov 5, 2011

ဂျပန်က အိတ်ကြမ်းကြီးများ

ကျမက ချစ်စနိုးဖြင့် အိတ်ကြမ်းကြီးများလို့ခေါ်တာပါ။ ဟိုနားသည်နားလမ်းထွက်တဲ့အခါ
ဈေးဝယ်ထွက်တဲ့အခါ မသေးလွန်း၊ မကြီးလွန်း၊ ပိုက်ဆံအိတ်သေး၊ အကြွေအိတ်၊ထီး၊
အလှပြင်ပစ္စည်းအတိုထွာလေးတွေ၊ ဘောပင် စတာတွေထည့်တဲ့အိတ်ဖြစ်ပြီး ပခုံးလွယ်
တဲ့အခါ ကြိုးကအနေတော်ဖြင့်၊ အလွယ်ဖွင့်ယူနိုင်အောင် ဖြစ်နိုင်လျှင်ဇစ်မပါသောအိတ်
ဟိုနားသည်နားချတဲ့အခါ အပေတေခံပြီး၊ အကြမ်းခံတဲ့အသားမျိုး အဲလိုရှုပ်ယှက်ခတ်နေ
သော ရည်မှန်းချက်များဖြင့် အကြမ်းခံအိတ်တလုံးဝယ်ဖို့ ကျမ ရှာဖွေနေတာ သူမြင်သွား
တဲ့အခါ ထုံးစံအတိုင်း ဘာဝယ်ဝယ် ဂျပန်မိတ်သာအရင်ဦးဆုံးရှာတဲ့သူကြီးမို့ ကျမကို
သူရှာပေးတဲ့အိတ်တွေထဲက ကျမစိတ်ကြိုက်အိတ်လေးတလုံးသွားတွေ့ပါတယ်။ သူက
ညွှန်းလို့သာဝယ်ဖြစ်တယ်။မ၀ယ်ခင်သည်လောက်မကြိုက်ပါဘူး။ဒါ့အပြင်ကျမစိတ်ကြိုက်
တခြားအိတ်တလုံးလည်း သူ့မပြောပဲ ၀ယ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ကျမသည်အိတ်လေး
ကိုပဲ သုံးဖြစ်တာများပါတယ်။

ဘာကြောင့်သည်အိတ်လေးအညွှန်းကိုရေးချင်စိတ်ပေါက်လာရသလဲဆိုလျှင် သုံးရင်း
သုံးရင်းဖြင့် အလွန်ကိုနှစ်သက်လာတဲ့အတွက်ပါ။

သည်လိုအိတ်မျိုးတွေကို persimmon juice ဂျပန်လို 柿渋လို့ခေါ်တဲ့ ဆေးရည်ဆိုးထား
တာဖြစ်ပြီး၊ ယင်းဆေးရည်ဟာ ခခိ (かき)လို့ခေါ်တဲ့သစ်သီးမှပြုလုပ်တာဖြစ်ပါတယ်။
ပြုလုပ်ပုံ အပိုင်း၁ နှင့် အပိုင်း၂
ယင်းဆေးရည်ကို ပိတ်သားတင်သာမက ပရိဘောကပစ္စည်းတွေအရောင်တင်ရာမှာလည်း
သုံးလေ့ရှိပါတယ်။ အရောင်ဆိုးပုံနှင့်ဆေးဆိုးထားသောပစ္စည်းအမျိုးမျိုး

အိတ်အသားကိုတော့ ဂျင်းသားကဲ့သို့ ပိတ်သားထူကြီးတွေအသုံးပြုထားပါတယ်။

ခခိ အသီး

မြန်မာပြည်က ဒဂုံစင်တာထဲက စီးတီးမတ်မှာရောင်းတာ ကျမတွေ့ဖူးပေမဲ့ခခိဟာ မြန်မာ
ပြည်မှာ ဖြစ်ထွန်းသလား ဆိုတာကျမမသိပါဘူး။

ကျမသုံးနေတဲ့အိတ်လေးကတော့ ဒီနေရာမှာအသေးစိတ်ကြည့်နိုင်ပြီး ၊ အခြားဒီဇိုင်းများ
ကိုကြည့်လိုလျှင်တော့ ဒီနေရာမှာကြည့်ပါ။


အပေါ်ကအဖုံးလေးဟာ မသုံးလိုတဲ့အချိန်မှာ အတွင်းဘက် ကပ်ထားလိုက်လျှင် အဖုံးရှိမှန်း
မသိရပါဘူး။ ပစ္စည်းတွေနည်းနည်းရှုပ်လာလျှင်တော့ အဖုံးလေးကောက်ဖုံးလိုက်ပါတယ်။
အရောင်မှိုင်းမှိုင်းကြိုက်ကာ၊ ဇစ်အဖွင့်ပိတ်ကိုစိတ်မရှည်တတ်ပဲ၊ အိတ်ထဲကဟိုဟာထုတ်
လိုက် သည်ဟာထုတ်လိုက်ဖြင့်အလုပ်ရှုပ်တတ်တဲ့ကျမအတွက်တော့ အတော်ကို အဆင်
ပြေလှပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Oct 13, 2011

မျက်တောင်ကော့ဆေး

အလှပြင်ပစ္စည်းတွေထဲ ကျမအတွက်မရှိမဖြစ်တာဆိုလျှင် မျက်ခုံးမွှေးပါးသူဖြစ်တာမို့
မျက်ခုံးမွှေးဆွဲခဲတံလို့ဆိုရမှာပါ။ အနှစ်သက်ဆုံးကဘာလဲလို့မေးလာလျှင် မျက်တောင်
ကော့ဆေးလို့ဆိုရမှာပါ။ မျက်ရစ်သိပ်မကြီးပဲ မျက်နှာကသေးသေးသွယ်သွယ်မို့ မျက်
တောင်ကော့ဆေးမသုံးလျှင် မထင်ပေါ်သလို ကိုယ်ပိုင်ဟန်မရှိသလိုခံစားရပါတယ်။

မျက်ဝန်းထောင့်တွေ ရွှေရောင်ဖျော့ဖျော့ဖတ်ခနဲတို့ပြီး၊ မျက်တောင်ကော့ဆေးဆိုး
လိုက်လျှင်ပဲ အရောင်လက်သွားသလိုခံစားရပါတယ်။

ကျမရွေးချယ်တာကတော့ ခပ်ထူထူနှစ်သက်သူမို့ အမြဲ volume ပါတာကိုပဲရွေးချယ်
လေ့ရှိပါတယ်။ နဂိုကော့သူဖြစ်ပြီး ကော့လွန်းလျှင် အလွန်ခလေးဆန်သွားသလိုခံစား
ရတာမို့ ၃၀ကျော် လူကြီးသိပ်ဖြစ်ချင်တဲ့ကျမဟာ curlကို မပါအောင်ရွေးဝယ်ပါတယ်။
ပြီးတော့ရှည်ပြီးကော့တက်သွားတတ်လို့ နည်းနည်းရှည်တာနဲ့ညှပ်ပစ်တတ်သူမို့
longမပါအောင်လည်းရွေးပါတယ်။



ပြီးတော့ mascaraမှာ water-proof ဖြစ်မဖြစ်လည်း ရှိသေးတာမို့၊ water-proofတွေ
သုံးဖူးခဲ့သူမို့ သုံးပြီးနောက်ရက်ထိ ဆေးတွေစွဲကျန်နေတတ်ပြီး ဖျက်ဆေးသက်သက်
မသုံးလျှင် အဆင်မပြေတာကို မနှစ်သက်သူမို့ water-proofမပါတာကိုသုံးပါတယ်။
ရေနွေးဖြင့်ဆေးကြောရုံဖြင့် ခပ်လွယ်လွယ် ဆေးပြယ်သွားတာမို့ပါ။

ခုတလောနှစ်သက်နေတာကတော့ Maybelline ရဲ့ အသစ်ထွက်တဲ့အထူ၇ဆလို့ဆိုတဲ့
အ၀ါရောင်ဗူးကိုနှစ်နှစ်သက်သက်သုံးဖြစ်နေပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်လှပပါစေ


Jun 22, 2011

မျက်ဝန်းရောင်ခြယ်ခဲတံ

eye linerတောင့်ကလေးပါ။

တံဆိပ်တွေအမျိုးမျိုး အရောင်တွေအမျိုးမျိုးရှိတဲ့အလှကုန်ပစ္စည်းတွေကြား
မျက်ဝန်းအရောင်ခြယ်ဖို့ဆိုရင် အရောင်မတောက်လွန်း မမှိန်လွန်းကိုရွေးရတာ
ခေါင်းစားစရာပါ။ ဒီ့အတွက် သုံးမိရင်း အလွန်ကြိုက်သလို ဈေးလဲသက်သာတဲ့
kate တံဆိပ် my color pencil ဆိုတာလေးကိုညွှန်းချင်ပါတယ်။



 ဒါကတော့တတောင့်တည်းစွပ်သုံးတာရယ်ပါ။

အတောင့်ကလေးက သေးသွယ်ရှည်မျောတာမို့ ထူပိန်းသွားမှာလည်းမစိုးရိမ်ရပါဘူး။
တရောင် တတောင့်ကို ၃၇၈ယမ်းခန့်ပေးရပြီး 

အနက်ရောင် အဖုံးကိုလေးစွပ်ပြီးသုံးရပါတယ်။
အစွပ်လေးက ၈၄ယမ်းဖြစ်ပြီး ဟိုဘက်သည်ဘက် ၂တောင့်စွပ်ပြီးသုံးလို့ရပါတယ်။
 ဂျပန်နိုင်ငံမှထုတ်တာဖြစ်ပါတယ်။

အားလုံးပဲလှပပျော်ရွှင်ပါစေနော်
♪♪♪


May 31, 2011

ကြိတ်စက် မွှေစက်

အိမ်ရှင်မတို့အတွက်  山本電気 MICHIBA KITCHEN PRODUCT マルチスピードミキサー
MASTER MIX MB-MM91G လို့ခေါ်တဲ့Multi-speed Mixerလေးအကြောင်းသတင်းပါး
လိုပါတယ်။
အမှုန့်ကြိတ်တာအပါအ၀င် လုပ်ဆောင်ချက်၈မျိုးပါဝင်ပြီး၊ အရှိန်အတိုးအလျှော့လုပ်လို့
လည်းရတာမို့ မီးဖိုချောင်မှာ ဒီစက်လေးတခုရှိလျှင်ပဲ အတော်သက်သာလွယ်ကူမြန်ဆန်
မယ်လို့ထင်ပါတယ်။









ခြွင်းချက်အနေဖြင့် ဆိုဒ်ကသိပ်မသေးတာရယ်၊ ပစ္စည်းကောင်းတို့ထုံးစံ ဈေးနှုန်းအားဖြင့်
လည်း အခြားစက်တွေနှင့်ယှဉ်လျှင် အနည်းငယ်ဈေးမြင့်တယ်ဆိုတဲ့အချက်ပါ။ဂျပန်နိုင်ငံ
ထုတ်ဖြစ်ပြီး ရေရှည်ပစ္စည်းကောင်းသုံးချင်သူတွေအတွက် သင့်တော်ပါတယ်။

စက်ရဲ့အသေးစိတ်အချက်လက်နှင့်လုပ်ဆောင်မှုတွေကိုဒီဆိုဒ်လေးမှာသွားကြည့်နိုင်ပါ
တယ်။


Product Code No. :MB-MM91R
■Size: width 210× inside length 160×height 250mm
■Weight : 約3.1kg
■Material: acryl、ABS、stainless、PP
■Made in Japan

Price - around Yen 12000

သိပ်နေမကောင်းလို့လွယ်တာလေးတွေပဲရှာရှာရေးနေမိတယ်။ :))
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


May 20, 2011

ပန်ကာ

ဒီနှစ်ဆောင်း ဂျပန်မှာ ငလျှင်ကြီးလှုပ်သွားပြီး ငလျှင်သင့်ဒေမှာရှိတဲ့ အဏုမြူစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ ပြဿနာနှင့်အတူ လျှပ်စစ်မီးချွေတာရေးစီမံကိန်းကို
ကျင့်သုံးလျှက်ရှိပါတယ်။

မိမိရှေ့မြင်တွေ့သလောက်ဥပမာဆိုရလျှင် ရထားတွေပြေးဆွဲသောအခေါက်ရေလျှော့ချ
ခြင်း၊ နေ့ဘက်ရထားမီးများပိတ်ခြင်း၊ မြေအောက်ရထားဘူတာရုံသို့ဆင်းသွားရာ ဓါတ်
လှေကားရှည်ကြီးများကို အချို့တ၀က်ပိတ်ထားခြင်း၊ စတိုးဆိုင်များတွင် မီးထွန်းညှိမှု
လျှော့ချခြင်း စသဖြင့်ရယ်ပါ။ ဒါကြောင့်လည်း ခပ်ပြင်းပြင်းပူတာထက် စိုထိုင်းဆမြင့်မား
တာမို့ အိုက်စပ်စပ် ဂျပန်ရဲ့နွေရာသီမှာ အဲကွန်းတွေမဖွင့်ဖို့၊ အဲကွန်းအစားပန်ကာသုံးဖို့
နှိုးဆော်တာတွေကို တီဗွီမှာ ခဏခဏ ရှုစားရပါတယ်။ သေချာတာကတော့ ပန်ကာဈေး
တက်ဖို့ အလားလာများတာရော၊ အိမ်ထောင်ဦးမို့ ပစ္စည်းမစုံသေးတာရော ပေါင်းပြီး
ခပ်မြန်မြန်ပဲ ပန်ကာ ၀ယ်လိုက်ပါတယ်။

ဒီဆိုဒ်ကလေးမှာ သွားကြည့်လို့ရပါတယ်။
အမြင့်က ၃၀စင်တီမီတာရှိပြီး  အခြားညွှန်းထားသောအချက်များကတော့
(၁)လော့ခ်ချလို့ရပါတယ်
(၂)အောက်ကို ၁၆ဒီဂရီ၊ အပေါ်ကို ၃၅ဒီဂရီစောင်းလို့ရပါတယ်။
(၃)ဖွင့်ထားရင်ပိတ်ဖို့အချိန်နှင့်ပိတ်ထားရင် ဖွင့်ဖို့အချိန်ကိုအချိန်ကိုက် (timer)ပေးလို့
    ရပါတယ်။
(၄)ရီမုကွန်ထရိုးပါပြီး ပန်ကာဘေးမှာ ချိတ်ဖို့နေရာလည်းပါပါတယ်။
    ရီမုကွန်နဲ့တိုင်မာပေးခြင်း၊အရှိန်အတိုးအလျှော့လုပ်ခြင်း၊ပိတ်ခြင်းဖွင့်ခြင်းပြုလုပ်နိုင်ပြီး
    ပန်ကာရဲ့လျှပ်စစ်ကြိုးကို (ဖုန်စုပ်စက်အတော်များများမှာတွေ့ရသလိုမျိုး)သိမ်းလို့ရ
    ပါတယ်။

ကျမကတော့ ပန်ကာလေသိပ်မကြိုက်သူလဲဖြစ်၊ လေအရှိန်ကို အမျိုးမျိုး ခဏခဏပြောင်း
တတ်သူမို့ ၄အချက်ကိုကြိုက်လို့ ဒီပန်ကာလေးအဆိုပြုဖြစ်ပါတယ်။


နွေရာသီမှာအားလုံးပဲ အိုက်စပ်ခြင်းကင်းဝေးပါစေရှင်


May 7, 2011

သိုးမွှေးထည်အမွှေးပွများဖြတ်ခြင်း

ခရီးထွက်နေတာနဲ့ဘလော့ဂ်လေးပစ်ထားမိပါတယ်။
 
ဂျပန်မှာဆောင်းတွင်းကလွတ်ကင်းစွာကုန်လွန်ပြီဆိုတော့ဆောင်းတွင်းထည်တွေဒီနေ့
ရှင်းလင်းထုပ်ပိုးသိမ်းဆည်းပါတယ်။

ကုတ်အကျီ င်္၊သိုးမွှေးနှင့်သားမွှေးထည်တွေဟာ ၀တ်ဖန်များ၊လျှော်ဖန်များလာလျှင်
အမွှေးလေးတွေပွထွက်လာပြီး အထူးသဖြင့် လက်တံတောင်ဆစ်နှင့် လက်အိုးတ၀ိုက်မှာ
အမွှေးလေးတွေလုံးပြီး သီးနေတတ်ပါတယ်။

ပြီးခဲ့တဲ့ဆောင်းဦးကုန်တည်းက စမ်းသုံးကြည့်ခဲ့ချင်ပေမဲ့ သိမ်းထားတဲ့အ၀တ်တွေ
ပြန်ထုတ်ရမှာစိုးတာနဲ့ပဲမသုံးဖြစ်ခဲ့တဲ့ ယင်းအမွှေးပွဖြတ်စက် ဂျပန်အခေါ် 毛玉
クリーナー သို့ 毛玉取りလို့ခေါ်တဲ့လက်ကိုင်စက်ကလေးကို တနေ့က ယမ်း၁၀၀တန်
ဆိုင်က ၀ယ်လာခဲ့တာမို့ မသိမ်းခင် အမွှေးပွကလေးတွေဖြတ်ရင်း သဘောကျမိတာမို့
ဒီပို့စ်ကလေးတင်လိုက်ပါတယ်။ ယမ်း၁၀၀ဆိုင် မိတ်အင်တရုတ် ထုံးစံအတိုင်း ကြာကြာ
ခံပုံတော့မပေါ်ငြား ဒီတနှစ်အတွက်တော့ ယမ်း၁၀၀နဲ့အလုပ်ဖြစ်သွားပါတယ်။
နောက်နှစ်မှပဲကောင်းတာကလေးရှာဝယ်ပေးဖို့ စိတ်ကူးမိပါတယ်။
 ဖြတ်ပစ်လိုက်တဲ့အမွှေးပွလေးတွေဟာ အောက်က ဘူးခွံအကြည်လေးထဲမှာစုနေတာမို့
အသာလေး အဖုံးဖွင့်ပြီးလွှင့်ပစ်ရုံပါပဲ။
ထင်သာမြင်သာရှိအောင် ဒီပုံကလေးလည်း တင်လိုက်ပါတယ်။

ပုံများကိုတော့အင်တာနက်မှာရှာဖွေကူးယူဖော်ပြပါတယ်။

အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေရှင်
♪♪♪


Mar 27, 2011

ခေတ်စားနေသောမျက်ခုံးမွှေးဆွဲခဲတံ

ဂျပန်နိုင်ငံမှထုတ်လုပ်တာဖြစ်ပြီး
ဂျပန်လိုကတော့ エクセル パウダー&ペンシル アイブロウဟုခေါ်ဆိုပြီး
အင်္ဂလိပ်လိုကတော့ Excel Powder & Pencil Eyebrow ဟုခေါ်ဆိုပါသည်။
အရောင်၆မျိုးရှိပြီး ဈေးနှုန်းမှာ ဂျပန်ယမ်း ၁၅၂၂ ယမ်းခန့်ရှိသည်။

(a)ထိပ်တစ်ဖက်တွင် ချွန်စရာမလိုပဲ လှည့်ကာထုတ်ရသော မျက်ခုံးမွှေးဆွဲခဲသားချောင်း
(b)အခြားထိပ်တစ်ဖက်တွင်မူကား ညှိရန် ဘရပ်ရှ်
(c)အလည်တွင်မူကား ဖောင်းကြွဆေးခြယ်ညှိရန် စုတ်တံနှင့်အတွင်းတွင် ရှဲဒိုးအနှစ်


(a)ဖြစ်ပြီး အရင်ဆုံး မျက်ခုံးမွှေးကို ပုံဖော်ဆွဲသည်။

(b)ဖြစ်ပြီး (a)ဖြင့်ဆွဲထားပြီးသားကို အရောင်အနုရင့်မကွဲစေရန် ဘရပ်ရှ်ဖြင့်ညှိသည်။

(c)သည် အပြီးသတ် အရိပ်လိုက်ထည့်သော စုတ်တံဖြစ်သည်။

မျက်ခုံးမွှေးဆွဲနည်း (you tube)

အားလုံးပဲ ကျန်းမာလှပပျော်ရွှင်ပါစေ


အလည်လာသူများ

free counters

Total Pageviews