♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဂျပန်ဘာသာသတင်းများ. Show all posts
Showing posts with label ဂျပန်ဘာသာသတင်းများ. Show all posts

Jul 8, 2010

July 2010 JLPT Exam

၂၀၁၀ ရလပိုင်းမှာကျင်းပသွားသော ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ စနစ်သစ်ကတော့
ပြီးဆုံးသွားလေပြီ။ ရလာဒ်ကိုမျှော်သူတွေလည်း မျှော်ကြဦးမည်။

ဂျပန်စာမေးခွန်းများ ဤဆိုဒ်တွင်ရှာဖွေရနိုင်ဧ။်။
http://jp.hjenglish.com/
သို့ငြား တရုတ်ဆိုဒ်ဖြစ်သဖြင့် Google Translation ကိုလည်း သုံးရန်လိုအပ်ပေဧ။်။


Dec 13, 2009

2009ခုနှစ် JLPT ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ အဖြေများနှင့်အမှတ်တွက်ပုံ



တနှစ်ပြီးသွားပြန်ပေပြီ


ရင်ခုန်စွာနှင့်ထွက်လာမဲ့အဖြေကိုမျှော်ရပေဦးတော့မည်




Level 1 (1級)

1級点数計算

(絵の)聴解 
(絵のない)聴解
聴解(pdf file)

文字語彙 問題 解答
読解 問題 解答 
文法 問題 解答

Level 2 (2 級)
2級点数計算

聴解問題 解答
読解 問題 解答
文字語彙 問題 解答
文法 問題 解答


Level 3 (3 級)
3級点数計算
聴解 問題 解答

読解 問題 解答
文法 問題 解答
文字語彙 問題 解答

Level 4 (4 級)
4級点数計算 


အားလုံးပဲအောင်မြင်ပျော်ရွှင်ပါစေ


Oct 23, 2009

ဂျီတော့ခ်ထဲကအဘိဓ္ဓါန်များ

မြန်မာနိုင်ငံမှာကိုယ်ကဂျပန်စာLevel2ဖြေဖို့သင်ယူရင်းတဖက်၊ အင်တာနက်အီးမေးလ်သင်တန်းရဲ့
အချိန်ပိုင်းဆရာလုပ်ခဲ့စဉ် ထိုစဉ်က လူငယ်လူကြီးအတော်များများဟာ အင်တာနက်ဟာဘာကြီးတုံး
ဆိုရလောက်အောင်စတင်ခောတ်စားခါစအချိန်ပေါ့။ မှတ်မိပါသေးတယ်။
ဂျပန်မလာခင် ၂၀၀၄နှင့်၀၅ခုနှစ်ခန့်ကပေါ့။

အရင်ကကိုယ်လည်းထို့အတူပါပဲ။ အင်တာနက်ဆိုတာအီးမေးလ်သုံးရုံလို့ထင်ထားခဲ့ပေမဲ့
အားလုံးရဲ့အကိုကြီးလိုလည်းဖြစ် ဆရာလည်းဖြစ်တဲ့သူ(ဦးရဲထွန်းအောင်)ရဲ့ကျေးဇူးကြောင့်
မျက်စိနားတွေပွင့်လို့ အတော်များများ ဗဟုသုတကြွှယ်လာခဲ့ရတာပါ။
ဇာခြည်ရေ ငါ့ညီမ ဘလော့ဂ်ရေးပါလားလို့ပြောစဉ်က အယ် ဘာပါလိမ့်လို့ဆိုရအောင် ဘာမှန်းမသိခဲ့
တာပါ။ ဒီလိုနဲ့ဖုံးခတွေဈေးကြီးလို့ နိုင်ငံရပ်ခြားဆက်သွယ်ရေးဈေးပေါတဲ့အပြင်သုံးရလွယ်သော
ဂျီတော့ခ်ကိုစေတနာအပြည့်နဲ့သင်လိုက်ရတာ အသည်းအသန်ပေါ့။ အင်တာနက်ကလည်း ထွန်းကားစ
ဆိုတော့ ကွန်နက်ရှင်လည်းနှေးပါတယ်။ သင်နေရင်း ကွန်နက်ရှင်ကျသွားရင် ရှင်းလင်းချက်တွေ အမြန်
ပြော၊ ကောင်းလာတာနဲ့ လူစုံလိုက်လုပ်နိုင်အောင် အပြေးအလွှားလေ့ကျင့်ကြရပါတယ်။

အဲဒီမှာမတောက်တခေါက်ဘလော့ကလေးစရေးခါစ ဂျပန်ကိုထွက်လာတော့အချိန်မပေးနိုင်ပဲ
အဆက်သွယ်ပြတ်သွားခဲ့ရတာပါ။ တဖန်မြန်မာပြည်ပြန်တော့လည်းကွန်နက်ရှင်မကောင်းတာကို
စိတ်မရှည်တော့မရေးဖြစ်လိုက်တာ ဒီတခါဂျပန်ရောက်မှပဲစရေးနိုင်ပါတော့တယ်။

မြန်မာပြည်ရောက်စဉ်အင်တာနက်ဆိုင်သွားလျှင်အတော်များများကချက်တင်လုပ်နေကြတာကြည့်ပြီး
သူတို့ရဲ့အချိန်တွေနှင့်ဦးနှောက်တွေကိုအနှမြောကြီးနှမြောခဲ့ဖူးပါတယ်။ တကယ်ဆိုအင်တာနက်မှာ
အခမဲ့ ရှာဖွေလေ့လာနိုင် သင်ယူနိုင်တာတွေအများကြီးပါ။ ကမ္ဘာကြီးပြားသွားပြီလို့ ဆိုရလောက်အောင်
ကမ္ဘာပေါ်ကလူသားအားလုံးရဲ့ လေ့လာသင်ယူနိုင်စွမ်းနှင့်ဗဟုသုတရှာဖွေနိုင်မှုကို လူသားအားလုံး
တပြေးညီ ညှိပေးလိုက်တဲ့ နည်းပညာတခုရဲ့စွမ်းအင်ကိုကောင်းစွာအသုံးချနိုင်ဖို့လိုပါတယ်။

အင်တာနက်ခေတ်ကြီးထဲရောက်လာတာမို့ အသိပညာနှင့်ဗဟုသုတစီးဆင်းမှုတွေသိပ်ကိုလွယ်ကူ
လျှင်မြန်လာသလို ကောင်းတဲ့ဘက်ကိုလေ့လာပြီး ကောင်းတဲ့ဘက်မှာအသုံးချတတ်ဖို့ဆိုတာဟာ
လည်း လွန်စွာကိုအရေးကြီးပါတယ်။

အဲလိုနှင့်ပဲ ဒီစာလေးရဲ့ခေါင်းစဉ်လေးဖြင့်နိဂုံးချုပ်ချင်ပါတယ်။
သိသူတွေလဲသိပြီးသားလို့ယူဆပေငြား
မသိသူတွေ အသစ်အသစ်တွေအတွက်မျှဝေခြင်းပါ။

ဂျီတော့ခ် သို့ ဂျီမေးလ်ထဲကဂျီတော့ခ်ကိုသုံးနေရင်းဖြင့် အဘိဓ္ဓါန်ကိုသုံးလို့ရပါတယ်။
သိပ်ပြီးစကားလုံးပြည့်စုံကြွယ်ဝတယ်လို့ကိုယ်မထင်ပေမဲ့ တခြားအဘိဓ္ဓါန်websiteတခုခုကို
ဖွင့်ကြည့်တာထက် ပိုမြန်ပြီး မေးလ်နှင့်ချက်တင်သုံးရင်း လက်တကမ်းမို့
အလွယ်တကူသုံးနိုင်
တာမို့ပါ။

ဂျီတော့ခ်မှာ Add (invite) လုပ်ပေးရပါမယ်။
(ဘယ်ဘာသာမှ)2(ဘယ်ဘာသာသို့)@bot.talk.google.com
ဆိုတာလေးကို ဂျီတော့ခ်မှမိမိနှစ်သက်ရာဘာသာတွေကိုရွေးချယ်ပြီး ယင်းအီးမေးလ်လိပ်စာကို
Invite or Add လုပ်ပေးရမှာဖြစ်ကြောင်းပါ။

ဂျီတော့ခ်Websiteမှာတော့အောက်ပါအတိုင်းဖော်ပြထားပါတယ်။

Translation bots

Send a message in one language and have it instantly translated into another. Just add a translation bot to your contacts using the following format: [from language]2[to language]@bot.talk.google.com. There are 24 bots available:


(ar = Arabic, de = German, el = Greek, en = English, es = Spanish, fr = French, it = Italian, ja = Japanese, ko = Korean, nl = Dutch, ru = Russian, zh = Chinese)

  • ar2en
  • de2en
  • de2fr
  • el2en
  • en2ar
  • en2de
  • en2el
  • en2es
  • en2fr
  • en2it
  • en2ja
  • en2ko
  • en2nl
  • en2ru
  • en2zh
  • es2en
  • fr2de
  • fr2en
  • it2en
  • ja2en
  • ko2en
  • nl2en
  • ru2en
  • zh2en








ဥပမာ ဂျပန်-အင်္ဂလိပ်အဘိဓ္ဓါန်ဆိုလျှင်
ja2en@bot.talk.google.com
ဆိုပြီးInvite or Add လုပ်ပေးရမှာပါ။

အားလုံးပဲတိုးတက်အောင်မြင်ကြပြီး အများကောင်းကျိုးဝိုင်းဝန်းသယ်ပိုးနိုင်ကြပါစေ


Sep 5, 2009

ဂျပန်နိုင်ငံတွင်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြေဆိုခြင်း

စာမေးပွဲစစ်ဌာနဧ။်ထုတ်ပြန်ကြေငြာချက်များ
အပေါ်ကလင့်ခ်ကိုသွားကြည့်ရင် စာမေးပွဲစစ်မယ့်ရက်၊ အချိန်၊ ဖောင်စတင်ရောင်းချရက်၊
ဖောင်ပိတ်ရက် စသဖြင့် အသေးစိတ် update ဖတ်ရှုနိုင်ပါတယ်။

၂၀၀၉ခုနှစ်၊ ၁၂လပိုင်းမှာစစ်မယ့်စာမေးပွဲအကြောင်းက ဒီမှာဖတ်ကြည့်နိုင်ပါတယ်။

ဂျပန်မှာဖြေဆိုမယ့်သူတွေက သူတို့ ဖောင်စတင်ရောင်းချမယ်လို့ကြေငြာထားတဲ့ရက်အတွင်း
ဂျပန်တ၀ှမ်းမှာရှိတဲ့စာအုပ်ဆိုင်ကြီးတွေမှာ ဖောင်ဝယ်ရပါမယ် ယမ်း၅၀၀ပါ။
ပြီးရင် အမည် လိပ်စာ စတာတွေရေးဖြည့်ပြီး ကွန်ဗီနီစတိုးဆိုင်ကိုယူသွားပြပြီး
စာမေးပွဲကြေး ယမ်း ၅၅၀၀ကို ပေးချေပြီး ပြေစာကိုသေချာသိမ်းရပါမယ်။

ဖောင်တင်ရက်ပိတ်သွားပြီး၁လခန့်ကျော်အကြာမှာ စာတိုက်ကနေ မိမိအမည်၊ ခုံနံပါတ်
သွားရောက်ဖြေဆိုရမယ့်ကျောင်း(သို့)တက္ကသိုလ်အမည်နှင့်လိပ်စာတွေကို
ဘူတာမှကျောင်းအထိမြေပုံပါ ရေးဆွဲပြီး စာပို့ပေးပါတယ်။

စာမေးပွဲအောင်စာရင်းကလဲ ၇လပိုင်းဖြေတဲ့စာမေးပွဲကို ၉လပိုင်း ပထမ၂ပတ်အတောတွင်းပို့ပေးမယ်
လို့ဆိုရာမှာ ၉လပိုင်း ၂ရက်နေ့မှာကို အောင်ရှုံးအကြောင်းကြားစာ ရောက်လာပါတယ်။

မြန်မာပြည်နဲ့မတူ ထူးခြားတာတခုက မြန်မာပြည်မှာဆိုရင် စာအိတ်မဖွင့်ပဲစမ်းကြည့်လိုက်ရင်
အောင်ရှုံးသိပါတယ်။ အေဖိုးဆိုဒ်စက္ကူအိတ်ထဲမှာ ကျရှုံးရင် အေဖိုးဆိုဒ်တ၀က်ခန့်ရှိတဲ့အမှတ်စာရင်းစာရွက်
ခပ်ပါးပါးလေးပဲပါပြီး၊ အောင်လျှင် အေဖိုးဆိုဒ်ခပ်ထူထူ အောင်လက်မှတ်တစောင်ပါ ပူးတွဲပါတာမို့ပါ။

ဂျပန်မှာတော့ အကြောင်းကြားစာက ဘီ5ဆိုဒ်လောက်ပဲရှိပြီး အောင်လက်မှတ် အေဖိုးဆိုဒ်လိုချင်လျှင်
တစောင် ယမ်း၁ထောင်နှုန်းဖြင့် ထပ်မံလျှောက်ထားပါလို့ ရေးသားဖော်ပြထားပါတယ်။
ဒါဟာလဲ စာတိုက်စနစ်နှင့်ပဲ လျှောက်ထားရမှာဖြစ်ပါတယ်။

အကြံပေးချင်တာတစ်ခုကတော့ လယ်ဘယ် အဆင့် ၄၊၃၊၂အထိကို မြန်မာပြည်မှာ ဂျပန်လိုနှင့် မြန်မာလို
ပြန်ထားတဲ့ စာအုပ်တွေထုတ်ဝေနေတာ ကိုယ်မလာခင်စာအုပ်ဆိုင်တွေမှာ တွေ့ခဲ့ရတာမို့
မြန်မာပြည်က စာအုပ်လှမ်းမှာပြီး မိမိဘာသာ self studyနှင့် လေ့ကျင့်လို့ရပါတယ်။ ရန်ကုန်စာတိုက်ကြီးမှ
တဆင့် စာအုပ်ပို့ရင် စာအုပ်က ပို့ခသက်သာပါတယ်။ ရာဂဏန်းပဲကျသင့်ပါတယ်။
သို့ငြားတခါပို့ရင်သတ်မှတ်အလေးချိန်ပဲပို့လို့ရတာမို့ စာအုပ်များရင် ရက်ခွဲပို့ရမှာဖြစ်ပါတယ်။

လယ်ဘယ်၁ကတော့ အခြေခံကစပြီး စနစ်တကျလေ့လာကာအဆင့်၂အောင်သွားရင် မိမိဘာသာ
လေ့လာသွားဖို့မခက်တော့ပါဘူး။ ကိုယ်အဆင့်၃ဖြေတုံးက မြောက်ဥက္ကလာက ဆရာမဒေါ်ရင်ရင်ဦး
အိမ်(သင်တန်းကျောင်း)မှာ သင်ယူခဲ့ပြီး၊ အဆင့် ၂ကို ၀င်းဂျပန်ဘာသာကျောင်းမှာတနှစ်တက်ပြီး
ဖြေဆိုအောင်မြင်ပြီး၊ လယ်ဘယ်၁ကိုတော့self studyဖြင့်မနှစ်က ၁၀လပိုင်းခန့်မှာ စတင်လေ့လာ
ခဲ့ပါတယ်။

ဂျပန်စာသင်ကြားရာလမ်းကြောင်းမှာ ကြုံတွေ့သင်ယူခဲ့ဖူးသော ဆရာသမားအားလုံးကို အထူးပင်
ကျေးဇူးတင်ရှိပါကြောင်း။


Sep 4, 2009

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်းသိကောင်းစရာ

စာမေးပွဲလမ်းညွှန်စာအုပ်
အသေးစိတ်သိချင်ပြီးဂျပန်လိုဖတ်တတ်သူတွေကအထက်ကလင့်ခ်ကိုသွားဖတ်ကြပါ

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို ၁၉၈၄ခုနှစ်မှာစတင်ကျင်းပခဲ့တာနှစ်စဉ်ဒီဇင်ဘာလရဲ့ပထမပတ်တနင်္ဂနွေ
တိုင်းမှာပါ။

၂၀၀၉ခုနှစ်ကစလို့
၇လပိုင်း ပထမပတ်တနင်္ဂနွေ နှင့် ကျင်းပမြဲဒီဇင်ဘာလမှာရော တနှစ်၂ကြိမ်ပြုလုပ်ပါတယ်။

ယခုနှစ် ပြုလုပ်သွားတဲ့ ရလပိုင်းမှာ အဆင့် ၁နှင့် အဆင့်၂ပဲ စစ်ပါတယ်

လယ်ဘယ် အဆင့်ပေါင်း ၄ဆင့်ရှိပါတယ်
အဆင့်၎က အခြေခံအစဖြစ်ပြီး အမြင့်ဆုံးက အဆင့် ၁ပါ။
သို့ငြား ၂၀၁၀ခုနှစ်ကစလို့ အဆင့် ၅ဆင့် ခွဲပြီးပြုလုပ်သွားမယ်ဖြစ်ကြောင်းပါ။
အခြေခံဖြစ်တဲ့ အဆင့် ၅ဟာ ယခင်အဆင့်၎နဲ့ တူညီပြီး
အဆင့်၎ဟာ ယခင်အဆင့်၃နဲ့တူညီတာမို့ သင်ရိုးညွှန်းတမ်းမပြောင်းပါဘူး

သို့ငြားအဆင့်၃ဟာ ယခင်အဆင့် ၃နှင့်၂အကြားရဲ့လယ်ဘယ်ဖြစ်တာမို့ ယခင်အဆင့်၃ထက်
ပိုခက်လာပါလိမ့်မယ်။

အဆင့်၂ကလဲ ယခင်အဆင့်၂အတိုင်းမပြောင်းလဲပါဘူး
အဆင့်၁ကတော့ အနည်းငယ်ပိုပြီး လယ်ဘယ်မြှင့်ထားကြောင်းပါ။

အမှတ်ပေးစနစ်လဲ ၆၀မှတ်နှုန်းနဲ့ အားလုံးပေါင်း ၁၈၀မှတ် အဖြစ် စံနှုန်းပြောင်းမှာပါ။
ပြီးတော့ရမှတ်ဖော်ပြခြင်းကို ၆၀မှတ်မှာဘယ်နှစ်မှတ်ရတယ်လို့ အသေးစိတ်ဖော်ပြမှာဖြစ်ပြီး
အပိုင်းတခုချင်းရဲ့ရမှတ်ကိုကြည့်ပြီး အေ(တော်/67%အထက်) ဘီ(သင့်/67%အောက်)
စီ(ညံ့/34%အောက်)ဆိုပြီးပါ ဖော်ပြမှာဖြစ်လို့ တချို့အောင်မှတ်ရပြီးအမှတ်မညီရင်တောင်
ဘယ်အပိုင်းမှာတော်ပြီး၊ဘယ်အပိုင်းညံ့ကြောင်း ဘွင်းဘွင်းကြီးပေါ်နေမှာဖြစ်ပါတယ်။

ဒါ့အပြင်日本語能力試験Can-do リストဆိုတဲ့အစီစဉ်တခုကိုလည်းပြုလုပ်ဖို့စီစဉ်နေကြောင်း
ဖော်ပြထားပါတယ်
ယင်းအစီစဉ်ဟာ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအောင်ရုံမဟုတ်ပဲ ကာယကံရှင်ရဲ့တကယ့်အရည်ချင်းမှန်ကို
စစ်ဆေးမှာဖြစ်ကြောင်းပါ။ အကြား၊အဖတ်၊အပြော၊အရေးဆိုပြီးအပိုင်းလိုက်ပေးမဲ့အမှတ်ဖြစ်ကြောင်းနဲ့
လောလောဆယ် စီစဉ်စီမံကိန်းရေးဆွဲဆဲဖြစ်တာမို့ ၂၀၁၀ခုနှစ်စတင်ကျင့်သုံးမဲ့စနစ်မှာ မပါဝင်ပါဘူး။

http://www.jees.or.jp/jlpt/
စာမေးပွဲအကြောင်းကြေငြာချက်တွေကို အထက်ကလင့်ခ်မှာသွားသွားဖတ်ရှုနိုင်ပါတယ်။


Jul 21, 2009

ဂျပန်စာအဆင့်၂နှင့်၃စာမေးပွဲဖြေမည့်သူများအတွက်

ဂျပန်စာအဆင့်၂နှင့်၃စာမေးပွဲအတွက်ကျက်မှတ်ရန်ဝေါဟာရများ


ဘလော့ဂ်ရဲ့ ညာဘက်ဘေးမှာလဲ ဂျပန်စာအဆင့်၂ ဆိုပြီးရှိပါတယ်
ဂျပန်စာအဆင့်၂စာမေးပွဲဖြေမည့်သူများအတွက်ရည်ရွယ်ပြီး
ကိုယ်ဖြေခဲ့စဉ်ကအတော်နှစ်သက်ခဲ့တဲ့ ကျက်မှတ်ခဲ့တဲ့
စာအုပ်ထဲကဝေါဟာရတွေကို ရေးသားပြီးမျှဝေချင်ပါတယ်
အဲလိုနဲ့မြန်မာပြည်မှာရှိသူတွေကGoogle Blogဖတ်လို့မရတော့
ဘယ်လိုနည်းနဲ့ရေးရင်ကောင်းမလဲလိုက်ရှာကြည့်တော့
Google Websiteလုပ်နည်းလေးသွားတွေ့ပါတယ်
(လုပ်ချင်ရင်သွားလေ့လာနိုင်ပါတယ်
http://sites.google.com)

၂၀၀၉ခုနှစ်ကစပြီး မူလက အဆင့်၎(အခြေခံ)မှအဆင့်၁(အမြင့်ဆုံး)ထိ
စာမေးပွဲစစ်ရာမှာ အဆင့် ၄ခုပဲရှိခဲ့ရာကနေ ၂၀၀၉ကစလို့
အဆင့်၅ထိ ဆိုပြီးသင်ရိုးကွဲပြဌာန်းလိုက်ပါတယ်
ခွဲလိုက်တဲ့နေရာက အဆင့်၂ ပါ
အဆင့်၂ က စာအများဆုံးနဲ့ခက်လို့လူပြောသိပ်များပါတယ်
ယင်းအဆင့်၂ကို ၂ပိုင်းခွဲလိုက်ပြီးတပိုင်းပိုတိုးသွားတဲ့သဘောပါပဲ

ခုဖော်ပြထားတဲ့ဝေါဟာရတွေဟာ ၂၀၀၉ခုနှစ်ကစလို့
အဆင့်၂ နှင့် အဆင့်၃ အတွက် ဝေါဟာရ အနှစ်ချူပ်လို့ပြောရမှာပါ
ဒီထဲက ဝေါဟာရတွေဟာအတော်လေးကိုအမေးများပါတယ်

ဂျပန်လိုရေးသားထားတာကစာအုပ်ထဲကအတိုင်းဖြစ်ပြီး
ကိုယ်က မြန်မာလိုပဲပြန်ပါတယ်
မှားယွင်းတာရှိရင်ဝိုင်းပြောပြပေးကြပါလို့မေတ္တာရပ်ခံပါတယ်
အားလုံးအတွက်မို့ပါ

နာမ် ၁၉၈ လုံး
တြိယာ ၁၀၀လုံး
နာမ၀ိသေသန ၁၀၀လုံး
တြိယာဝိသေသန ၈၈လုံး ဖြစ်ပါတယ်


Jul 8, 2009

စာမေးပွဲ JLPT Level 1 2009 July & Links

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကတော့ပြီးသွားပါပြီ
မသွားဖူးတဲ့တက္ကသိုလ်မို့Google Mapကြည့်လိုက်နဲ့
စိတ်ပူခဲ့ပေမဲ့ ဘူတာကနေထွက်ထွက်ချင်းပဲ
တက္ကသိုလ်နာမည်ဆိုင်းဘုတ်ကိုင်ထားတဲ့
ကျောင်းသားတစ်ဦးကရှိနေပြီး
မေးကြည့်လိုက်တော့ လမ်းညွှန်ပေးပါတယ်
မီတာ၂၀၀စီလောက်အကွာမှာဆိုင်းဘုတ်လေးတွေနဲ့ရပ်နေတာမို့
တကယ်ပဲအဆင်ပြေလွယ်ကူခဲ့ပါတယ်
တနင်္ဂနွေနံနက်ကစလို့ညနေထိတနေ့လုံးဖြေလိုက်ရပါတယ်
ခန်းဂျီးတွေကိုမဲပြီးအပြတ်ဖြတ်နေရလို့
သဒ္ဓါစာအုပ်ကိုလှန်တောင်မကြည့်နိုင်ပါဘူး
ဒါပေမဲ့မြန်မာပြည်မှာလိုမဟုတ်ဘဲအပိုင်းတခုနဲ့တခုကြား၁နာရီလောက်
နားချိန်ပေးထားတာမို့ နားချိန်မှာသဒ္ဓါစာအုပ်ကိုဂျမ်းတောဖတ်ရပါတယ်
၃ပုံ၂ပုံလောက်တော့ပြန်ဖတ်လိုက်တာမို့အဆင်ပြေသွားပါတယ်
အဖြေနိုင်ဆုံးကတော့သဒ္ဓါပါပဲ မမှားသလောက်ပါပဲ
၉၀ရာခိုင်နှုန်းခန့်ပေါ့
စာမေးပွဲမေးခွန်းလင့်ခ်တွေဖော်ပြလိုက်ပါတယ်

JLPT LEVEL 1, 2009 JULY

KANJI
http://jp.hjenglish.com/page/77963/?page=1

READING
http://jp.hjenglish.com/page/77954/?page=2

GRAMMAR
http://jp.hjenglish.com/page/77964/?page=1

LISTENING
http://jp.hjenglish.com/page/78030/?page=1
http://jp.hjenglish.com/page/77962/?page=1


အလည်လာသူများ

free counters

Total Pageviews