ワサビ(山葵)လို့အမည်ရသော ၀ါဆာဘိဟာ ဂျပန်ရိုးရာ အစပ်တမျိုးဖြစ်ပါတယ်။
ကြက်သွန်ဖြူအနှစ်လိုအနှစ်ပျစ်ပျစ်မျိုးဖြစ်ပြီး အနည်းငယ်ပြင်းသောအမွှေးနံ့လည်းရှိပါ
တယ်။ ယင်းမှာ ရေစီးရေလာကောင်းသော ရေသန့်သန့်ဖြင့် စိုက်ပျိုးရသည်ဖြစ်ပြီး
ယင်းအပင်ဧ။်ပင်စည်ကို ကြိတ်ကာ အစပ်အနှစ်အဖြစ် အသုံးပြုကြခြင်းပင်။ ဟိုးယခင်တည်းက အရှေ့ဥရောပဘက်မှာလည်း စတင်စိုက်ပျိုးစားသုံးခဲ့ကြတယ်လို့
ဆိုပါတယ်။ ဂျပန်မှာတော့Meijiခေတ်ခန့်ကစလို့အသုံးပြုလာကြတယ်လို့ဆိုပါတယ်။
ဆူရှီတွေပြုလုပ်ရမှာ ထမင်းပေါ် အသားသို့ငါးစိမ်းမဖုံးခင် ၀ါဆာဘိအနည်းငယ်ထည့်သွင်း
ပြုလုပ်ထားတတ်ပြီး၊ ဆူရှီနှင့်ဆာရှီမီပန်းကန်ထောင့်လေးတွေမှာ ခပ်စိမ်းစိမ်း ၀ါဆာဘီ
အနှစ်လေးတွေပုံပေးထားတတ်ပါတယ်။
ပမာဏအနည်းငယ်များသွားတာနဲ့ နှာခေါင်းထိမွှန်ထူသွားတတ်တဲ့ ခပ်ပြင်းပြင်းအစပ်
အရသာမျိုးဖြစ်ပြီး ညှီနံ့ကိုသက်သာစေပါတယ်။
အထူးသဖြင့် အသားငါးစိမ်းကိုစားသောအခါမှာ အသားငါးမှာ ၀ါဆာဘိအနည်းငယ်တို့ပြီး
မှ ငံပြာရည်တို့ကာ စားလေ့ရှိကြတာမို့ ဂျပန်စတိုင်လ်ဆူရှီ၊ ဆာရှီမီစားဖူးသူတိုင်း ၀ါဆာ
ဘိ အရသာ မြည်းစမ်းဖူးကြမယ်လို့ ထင်ပါတယ။်
အထူးသတိပြုရမှာကတော့ ၀ါဆာဘီနှင့်ငံပြာရည်ကို ရောမပစ်တတ်တဲ့ ဂျပန်ဓလေ့ပဲ
ဖြစ်ပါတယ်။
ထပ်မံပြီး ၀ါဆာဘိပါဝင်တဲ့ နာမည်ကျော်ဂျပန်ရိုးရာအမြည်းတခုကတော့ တာ့ကိုးဝါဆ
လို့ခေါ်ဆိုပြီး (たこ)တာ့ကိုဆိုတာကတော့ ရေဘ၀ဲကိုခေါ်ဆိုတာပါ။ ယင်းရေဘ၀ဲကို
ခပ်သေးသေးလှီးပြီး အရသာစပ်ကာ ၀ါဆဘိရဲ့အရွက်နှင့်ရိုးတံလေးတွေကိုပါနုတ်နုတ်စင်း
ပြီး ထည့်ထားတာမို့ ခပ်စပ်စပ် ခပ်လေးလေးနှင့် တာ့ကိုကလည်းတထောက်ထောက်၊
နေညိုရင်လေပြိုတဲ့သူတွေအကြိုက်လို့ဆိုရမှာဖြစ်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
ပုံများကိုတော့အင်တာနက်မှရှာဖွေကူးယူဖော်ပြပါသည်။