♪♪.ကျော်နှင်းဆီလွင်.♪♪

Aug 1, 2010

ဂျပန်က ကာတွန်းများ

ဂျပန်စာသင်ကြားခါစက ဂျပန်ကာတွန်းဆိုတာ အပျော်ဖတ်ပဲဟု ထင်မှတ်ခဲ့ဖူးသည်။ အဆင့်မြင့်တန်းတက်တော့ သင်ရိုးမှာ ကာတွန်းတအုပ်လည်း ပါသည်။
သဲကန္တာရဒေသမှာ အပင်စိုက်လို့ရအောင်လုပ်သောသူတဦးဧ။်အထ္ထုပတ္တိဖြစ်သည်။


ဂျပန်ဟုဆိုလျှင် မန်းဂ ခေါ် ကာတွန်းဧ။် အခန်းကဏ္ဍမှာ ထင်ရှားသော ကိုယ်စားပြု
သင်္ကေတတစ်ရပ်ဟု ဆိုရပေမည်။ ကာတွန်းသည် မြန်မာပြည်လိုမဟုတ်။
ခလေးလေးမှသည် လူငယ်၊ လူလတ်၊ လူကြီး စသဖြင့် အရွယ်စုံဖတ်သော စာပေ
ဖြစ်သည်။

သမိုင်းကြောင်းများ၊ တီထွင်သူများ၊ ခေါင်းဆောင်များ၊ ကျော်ကြားထင်ရှားပုဂ္ဂိုလ်များဧ။်
အထ္ထုပတ္တိများ၊ ဟာသများ၊ ခရီးသွားမှတ်တမ်းများ၊ စီးပွားရေးလုပ်ငန်းသဘောများ၊
ဆိုရလျှင် မဆုံးနိုင်အောင် အကြောင်းရာမျိုးစုံ၊ ရသမျိုးစုံကို ကိုယ်စားပြုရေးဆွဲသော
ကာတွန်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ဖတ်သူပေါ်မူတည်ကာ ကာတွန်းသည်
ဗဟုသုတများစွာကိုပေးစွမ်းနိုင်ပေသည်။

ဆိုရလျှင် မြန်မာပြည်သည် ဗဟုသုတရရှိရန် ခက်ခဲသော အလှမ်းဝေးသော ဒေသတွေ
အများကြီးရှိနေသေးသည်။အင်တာနက်သုံးနိုင်လာသောအခါ ကမ္ဘာတ၀ှမ်းရှိဝက်ဘ်ဆိုဒ် 
အမျိုးမျိုးအားကြည့်ကာ ဗဟုသုတရှာမှီးလာနိုင်သော အနေထားတခုသို့ရောက်လာငြား 
အင်တာနက်မသုံးနိုင်သေးသော၊ တနေ့တနေ့ လယ်ထဲမှာ အလုပ်ထဲမှာ နေ့စဉ်ဘ၀တခုထဲမှာပဲ 
အချိန်ကုန်သွားသော လူနေမှုဘ၀များစွာလည်း ရှိနေသေးသည်။
ဤတွင် ဂျပန်ကာတွန်းစာအုပ်များကို သတိရမိသည်။
ယခုနောက်ပိုင်းမြန်မာ့ကာတွန်းရေးဆွဲရာတွင်အကြောင်းရာများ များလာသည်ကို 
သတိပြုမိငြား၊ မြန်မာပြည်ရှိကာတွန်းလောကကို ယင်းသို့ပြောင်းလဲလာစေချင်ပါသည်။
သည့်ထက်ပိုအရေးကြီးသည်ကတော့မြန်မာပြည်တွင် ယခင် အသုံးလုံးကဲ့သို့
မည်သူမဆို စာတတ်မြောက်စေချင်ပါသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♪♪♪


14 comments:

SHWE ZIN U said...

ညီမ ရေ

ကာတွန်း တွေလည်း ကြိုက်ပါတယ် အခု လည်းဖတ်တယ်

လသာည said...

ကျော်နဲ့ တို့နဲ့ အကြိုက်တူလိုက်တာ။

တို့လည်း Manga တွေဆို တအားကြိုက်တယ်..။ Shin chan, Doraimon, Sazae san ကစပြီး Miyasagi Sanရဲ့ ကာတွန်းရုပ်ရှင်တွေအထိ တအားကြိုက်တယ်။ ဗဟုသုတလည်းရ၊ လူစရိုက်မျိုးစုံလည်း သိရ၊ မမြင်ဖူးတဲ့ ပြင်ပကမ္ဘာတွေ အကြောင်းလည်း ပါတော့ စိတ်ဝင်စားစရာ တအားကောင်းတယ်နော်။
ပြီးခဲ့တဲ့ လကစပြီး အခုတလော တီဗွီကနေပြီး သောကြာနေ့တိုင်း ည-၉နာရီမှာ ကာတွန်းရုပ်ရှင်တွေ လာနေတယ်။ နွေရာသီ အထူးအစီအစဉ်တဲ့..

သူကြီးမင်း (တုံးဖလား) said...

စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကာတွန်းလေးတွေနှင့်ပြန်သရုပ်ဖော်ရင် ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်နော် အမ။ ဒါပေမဲ့လဲ တစ်နိုင်ငံလုံးစာတတ်မြောက်ပါပြီလို့ ကြွေးကြော်ထားခဲ့ပြီးပြီလေ။းဝ)

စိတ်ကူးလေးကောင်းတယ်။

ကိုဇော် said...

အားလုံးကို တကယ်ပဲ တတ်မြောက်စေချင်ပါတယ်။
တိုးလည်း တိုးတတ်စေချင်တယ်။ စိတ်ဓါတ်လေးတွေရောပေါ့။

( မရောက်တာ ကြာလို့ လင့်ချိတ်ရင်း တမင် လာလည်သွားတာ )

ကျော်နှင်းဆီလွင် said...

မမရွှေဇင်ရေ
ညီမလည်း ကာတွန်းကြိုက်ပါတယ် ဘဲဥ ဆို ဖေးဘရိတ်ပဲ :D

မညရေ
မညကညီမထက်ပိုသိမှာပါ သေချာတယ်။
ညီမက သေချာဖတ်ဖူးတာရယ်လို့ အစရိချန်ပဲရှိတယ် :D

ကိုမောင်နဲ့ကိုဇော်ရေ
အားလုံးဆန္ဒရှိရင် အကောင်ထည်ဖော်လာနိုင်မှာပါ။
:)))

ဧည့်သည် said...

“ သည့်ထက်ပိုအရေးကြီးသည်ကတော့မြန်မာပြည်တွင် ယခင် အသုံးလုံး ကဲ့သို့ မည်သူမဆို စာတတ်မြောက်စေချင်ပါသည် ” တဲ့ ဒီစကားလေး အကြိုက်ဆုံးပါပဲဗျာ ....။ ဒီရောက်တော့မှသိလာတာက ကျွန်တော်တို့က ခုမှ သူငယ်တန်းပဲ ရှိသေးတယ်နော် အစ်မ....။

nu-san said...

ကာတွန်းစာအုပ်လည်းကြိုက်တယ်.. ကာတွန်းကားလည်း ကြိုက်တယ်.. ဒီမှာလည်း လူတော်တော်များများလေ ရထားပေါ်မှာ ကာတွန်းစာအုပ်တွေ သည်းကြီးမဲကြီး ဖတ်နေကြတာပဲနော်.. တချို့စာအုပ်တွေဆို ကာတွန်းသာဆိုတယ် အထူကြီးတွေ။ နောက်ပြီး အမလေ ကလေးတွေအတွက် ထုတ်တဲ့အရုပ်နဲ့ စာအုပ်လေးတွေလည်း အရမ်းသဘောကျတယ်.. ပုံတွေ ဆွဲတာ သေသပ်လို့.. :) ဟုတ်တယ် ညီမရေ..ဒီက ကောင်းတာလေးတွေ ကောင်းတဲ့အချက်တွေ တွေ့မိရင် ကိုယ့်တိုင်းပြည်ကိုလည်း အဲဒီလိုဖြစ်စေချင်တယ်.. :)

ကျော်နှင်းဆီလွင် said...

KHTရေ ထောက်ခံပါတယ် မသိတာသေးတွေအများကြီးပဲနော်

မမနုရေ ဟုတ်တယ်နော် ကောင်းတာလေးတွေတွေ့ရင် ဖြစ်စေချင်တဲ့စိတ်ကလေးပေါ်ပေါ်လာတယ် မကောင်းတာတွေတွေ့တော့လည်း သြော် တော်ပါသေးရဲ့ လို့ တွေးမိပြန်ရော :D

Myanmar Good Knowledg Co., Ltd said...

ဟုတ်တယ်။
ဂျပန်နိုင်ငံရဲ့ ကာတွန်းစာအုပ်၊ ကာတွန်းရုပ်ရှင်ယဉ်ကျေးမှုကို သိပ်အားကျမိတယ်။ မြန်မာ့ကာတွန်းနဲ့ မြန်မာကာတွန်းဆရာတွေ ကိုပိုမိုးအားပေးသင့်တယ်လို့ထင်တယ်။

ပို့စ်မှာရေးထားတဲ့ အိုင်ဒီယာသိပ်ကောင်းတယ်။

ကျော်နှင်းဆီလွင် said...

မမွန်ရေ ကျေးဇူး...
မုန့်ဟင်းခါးလေးမြင်ယောင်ပြီး
အိပ်ရေးပျက်သွားသေးတယ်
:)

Unknown said...

Naruto , One Piece သိပ်သိပ်ကြိုက်ပါတယ် ။ manga ကော ၊ Episode တွေကောကို ။ ဒါပေမယ့် ဂျပန်လိုမတတ်တော့ ကျန်တဲ့ ကောင်းတဲ့ ကာတွန်းတွေရဲ့ သတင်းတွေကို ဘယ်လိုမှမသိနိုင်ဘူး :'( Manga ရှာတဲ့ ဆိုက်ဒ်မှာဆို အရမ်းအရမ်းကို များတော့ သိပ်သိပ်ခက်ပါတယ် ။ Manga ကောင်းတာလေးတွေရှိရင် မျှဝေပေးစေလိုပါတယ် ။ :) မန်ဂါဖတ်ချင်လို့ ဂျပန်စာစသင်ဖို့ စိတ်ကူးနေပါတယ် ။ ^^

မန်ဂါချစ်တဲ့သူတွေထဲက တစ်ယောက်
လေရူး

Myanmar Good Knowledg Co., Ltd said...

ညီမရေ
မုန့်ဟင်းခါးနေ့တုန်းက ဇာခြည်ပြောတယ်၊ ညီမမလာနိုင်ဘူးဆိုတာ။ နောက်တစ်ခါပေါ့ကွယ်။ နော်။
အဲဒီနေ့က မာ့ကိစံလာတယ်၊ ညီမနဲ့လည်းသိတယ်တဲ့။
ဒီတစ်ခါဆုံကြမယ်နော်။

ကျော်နှင်းဆီလွင် said...

လေရူးရေ
နည်းနည်းနောက်ကျသွားတယ်
မန်းဂမှာ စိတ်ထဲ သိပ်ဖတ်ချင်တယ်
မဖတ်ဖူးပေမဲ့ ဖတ်ဖို့အားခဲထားတဲ့ အတော့်ကိုနာမည်ကြီး
လူကြိုက်များခဲ့တာတခုရှိတယ်။
ATOMဂျပန်လိုアトムပါ။
ဖတ်ဖူးတဲ့ထဲ ကြိုက်တာက အာဆရိချန် あさりちゃん (Asari Chan) သူက ရယ်ရလို့။

နောက်ပြီး Narutoကြိုက်တယ်ဆိုရင် အလားတူနဲ့တခြားနာမည်ကြီးတာက
ブラックジャック(Black Jack)ရယ်
ドラエもん (Dorae Mon)သူက အီးတီလိုမျိုးလေးပေါ့
オバケのQ太郎 (Obake no Q Taro)ဒါက သူရဲလေးကဇာတ်ကောင်ပေါ့

ジャングル大帝 (Jungle Emperor Leo)
ဒါကတော့ The Lion King ဆိုပြီး ဟောလိဝုဒ်ကတောင်
ပြန်ရိုက်တဲ့ မူလ ကာတွန်းတွဲတွေပေါ့။

ဒီနာမည်တွေနဲ့ ပုံတွေလည်း ဂူဂယ်လ်မှာရှာကြည့်လို့ရတယ်။
ဝီခီမှာလည်းရှိတယ်။ ဖတ်ကြည့်နော်။
(^◇^)

ကျော်နှင်းဆီလွင် said...

မမွန်ရေ
ဒီတခါဆက်ဆက်ဆုံမယ်နော်
အလုပ်များတဲ့ကြားကလာလာရေးပေးတာ
ကျေးဇူးနော်မ
(^◇^)

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews