♪♪.ကျော်နှင်းဆီလွင်.♪♪

Jul 29, 2012

နိုင်ငံဂျားကလာတဲ့သူ

ရယ်စရာလေးတွေပြောရဦးမယ်။ နိုင်ငံရပ်ခြား(ဂျပန်)မှာနေတယ်ဆိုလျှင် မြန်မာပြည်ကလူတွေက အထင်ကြီးကြတယ်။ တနာရီကိုအနည်းဆုံးလုပ်ခ ကျပ်ခုနှစ်ထောင်၊ ရှစ်ထောင်ကျော်၊ တလလခ
အနည်းလေး သိန်း၂၀ကျော်ရတယ်ဆိုတော့ဗမာပြည်ကလူတွေကြားတဲ့အခါ ငွေတွေသုံးကုန်မှာ
မဟုတ်ဘူးလို့ထင်ကြမှာလည်းမဆန်းဘူးပေါ့။ ပြည်တော်အလည်ပြန်တိုင်း တွေ့ဆုံနှုတ်ဆက်
ကြတဲ့သူငယ်ချင်းတွေနဲ့စုဝေးတဲ့အခါ မိန့်မိန့်ကြီးရှင်းကြကျွေးမွေးပြုစုကြတာပေါ့။ဒါပေမဲ့အခါ
ခါတွေ့တိုင်း မိမိကိုပဲရှင်းစေချင်တဲ့ အလိုက်မသိသူတွေလည်းရှိတော့ ပြန်တော်ပြန်ညည်းချင်း
ချသူ သူငယ်ချင်းတွေလည်းရှိလေတော့ ရယ်ရခက် ငိုရခက်နဲ့ပါ။

ဒါကြောင့်နိုင်ငံရပ်ခြားမှာငွေရှာရတာမလွယ်ပါဘူးလို့ ဒီပို့စ်လေးကတဆင့်တိုးတိုးကလေးပြော
ဦးမယ်။:))
အခြေခံအချက်အနေဖြင့်ကတော့ နိုင်ငံရပ်ခြားသွားမယ်ဆိုတာနဲ့ပဲ ရောက်ဖို့ကို ငွေလုံးငွေရင်း
တနင့်တပိုးထုတ်ပြီး လာရပါတယ်။

တစ်အချက်က နိုင်ငံရပ်ခြားမှာ ငွေရှာတယ်ဆိုတာ ဗမာငွေနဲ့တွက်လျှင် အများကြီးရသလောက်
အများကြီးပြန်ကုန်တယ်ဆိုတဲ့အချက်ပါ။ ကျန်းမာရေးအာမခံ၊ အလုပ်ထဲနှစ်ရှည်ဝန်ထမ်းစုငွေ
စုပေးတာတွေစတဲ့ဝန်ဆောင်မှုတွေ ကောင်းသလောက် သည့်အတွက် ပေးဆောင်ရတဲ့အခွန်
အခတွေကလည်း မနည်းမနောပါ။ တလထုတ်တဲ့လခဟာ ပြေစာစာရွက်မှာ အတော်များများ
နှုတ်ပြီးမှ မိမိဆီကိုရောက်လာပါတယ်။ ယင်းအပြင် ဂျပန်မှာ နိုင်ငံခြားသားအများစုလုပ်ကြတဲ့
တိုကျိုဟာ နိုင်ငံတကာမှာ အိမ်ငှားခဈေးကြီးသောနိုင်ငံ တခုလည်းဖြစ်ပါတယ်။ ဆိုရလျှင် ကျမ
နေတဲ့အိမ်ဆိုလျှင်ယမ်းရှစ်သောင်း၊တခြားသူငယ်ချင်းတွေအတော်များများကယမ်း၁၀သောင်း
အထက်မှာရှိပါတယ်။ ဒါကြောင့်ကျောင်းသားကျောင်းသူတွေဟာ စုနေကြလေ့ရှိပါတယ်။ ဒါတောင်မှအနည်းဆုံး ယမ်း၃သောင်းကျော်ပါတယ်။
အဲတော့တကိုယ်ရေတကာယနေသူတွေဟာ(ဂျပန်တွေအပါအ၀င်)အိမ်လခတခုတည်းနဲ့တင်
မစားရမသောက်ရ နင့်နေအောင်ကုန်ပါတယ်။ ဒါဟာ ဂျပန်မှာအတူနေစုံတွဲတွေဘာကြောင့်
များရလဲဆိုတာရဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါလိမ့်မယ်။

နှစ်အချက်က ကျန်းမာရေးအာမခံကဒ်လုပ်ထားတဲ့အခါဆေးခန်းသွားပြလျှင်အများအားဖြင့်
၃၀ရာခိုင်နှုန်းခန့်ပဲမိမိကစိုက်ရပြီး ကျန်ငွေကို နိုင်ငံတော်ကစိုက်ပေးတဲ့စနစ်ပါ။ အခြေခံအား
ဖြင့်နိုင်ငံခြားသားတိုင်း(ကာလရှည်ဗီဇာ)ပြုလုပ်ရပြီး လစဉ်အခွန်ဆောင်ရပါတယ်။ ဥပမာ
တသောင်း၂ထောင်ကျသင့်လျှင် မိမိက ယမ်း၎ထောင်သာပေးချေရတာမျိုးပါ။ ယင်းလစဉ်
အခွန်ဟာ မိမိရရှိသောဝင်ငွေပေါ်မူတည်ပြီး တဦးချင်စီ ဆောင်ရငွေပမာဏ ကွဲပြားပါတယ်။
 အလားတူဝင်ငွေခွန်ကိုတော့လစာထဲမှနှုတ်ပြီးသားပေးတာများပြီး၊နေထိုင်ခွန်ကဲ့သို့သော
အခွန်တွေကိုတော့ အခွန်ရုံး(ရပ်ကွက်ရုံး)မှာသွားဆောင်ရလေ့ရှိပါတယ်။ အချူပ်ဆိုရလျှင်
အခွန်အခတွေဟာလည်း ကြီးမြင့်ပါတယ်။

သုံးအချက်က အစစအရာအထွေထွေစရိတ်တိုင်းဟာဗမာပြည်နဲ့ယှဉ်လျှင်ဈေးကြီးပါတယ်။
စက်ပစ္စည်းတွေထုတ်လုပ်ခြင်းနှင့်မြင့်မားသောနည်းပညာတွေနှင့်အတူနာမည်ကျော်သော
ဂျပန်ဟာအခြားလူသုံးကုန်ပစ္စည်းအများစုကို အများဆုံးမှာတရုတ်ပြည်နှင့် ဗီယက်နမ်၊ထိုင်း၊
ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယစတဲ့နိုင်ငံတွေမှတင်သွင်းသုံးစွဲနေရသောနိုင်ငံမို့ဗမာပြည်မှာ၁သောင်း
ခွဲလောက်ပေးဝယ်ရတဲ့ အမေရိကန်နိုင်ငံလုပ်တီရှပ်မျိုးဟာ ဂျပန်မှာဝယ်လျှင် ၅သောင်း၆
သောင်းကျပ်ခန့်ကျသင့်ပါတယ်။အချုပ်ဆိုရလျှင်ကုန်ပစ္စည်းဈေးတွေလည်း ကြီးမြင့်ပါတယ်။

လေးအချက်ကတော့ မိမိနိုင်ငံ၊မိမိလူမျိုးမဟုတ်တဲ့အရပ်တပါးမှာနိုင်ငံခြားဘာသာစကားကို
သုံးစွဲပြီးအလုပ်လုပ်နေရတာဖြစ်ပြီး၊ အလုပ်လုပ်သူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုအတော်ကြီး
ပါတယ်။ အထူးသဖြင့် ပန်းကန်ဆေး၊ သန့်ရှင်းရေး၊ စားပွဲထိုး၊ အရောင်းဝန်ထမ်းစတဲ့ အချိန်
ပိုင်းအလုပ်လုပ်နေသူတွေဟာ အလွန်စိတ်ဖိစီးမှုများပါတယ်။ကျမကတော့ကိုယ်တွေ့ပဲဖြစ်ပြီး
ကျောင်းတဖက်တက်ရင်းစတိုးဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေစဉ်ကဆိုတချိန်လုံးစိတ်တိုလွယ်
နေတယ်လို့ အမျိုးသားကဆိုပါတယ်။ အဲလိုကိုယ်တွေ့ကြုံဖူးတော့ကိုယ်ချင်းလဲစာ၊ နားလည်း
လည်ပါတယ်။ဂျပန်ကဲ့သို့နိုင်ငံခြားတိုင်းပြည်ကိုလာသောဗမာဆိုတာ ဗမာပြည်မှာ နည်းနည်း
ထက်တယ်ဆိုတဲ့အုပ်စုထဲမပါလျှင်မလာဖြစ်တာများပါတယ်။ပညာတတ်အများစုဖြစ်ပါတယ်။
မြန်မာပြည်မှာငွေရင်းထုတ်ရင်းနိုင်တဲ့မိသားစုကမွေးဖွားလာသူတွေများပါတယ်။အဲတော့
မြန်မာပြည်မှာ အညွန့်ကလေးတလူလူနဲ့နေလာသူတွေဆိုတော့ နိုင်ငံရပ်ခြားမှာ အောက်ခြေ
သိမ်းအလုပ်လုပ်ရတော့သည်းခံရတာတွေ၊ထိန်းသိမ်းရတာတွေများသလို စိတ်ပင်ပမ်းမှုလည်း
တအားကြီးမားပါတယ်။ ဒါဟာ ဘယ်အရာထက်မဆိုတန်ဖိုးကြီးလှတဲ့ပေးဆပ်ရမှုပါ။

ငါးအချက်ကတော့ ဗမာပြည်မှာ ကုန်ဈေးနှုန်းတွေကလည်းတက်၊ အိမ်ခြံတလုံးဝယ်ဖို့တောင်
သိန်းရာဂဏန်းမရှိလျှင်မ၀ယ်နိုင်လေတော့ နိုင်ငံရပ်ခြားမှာလုပ်သူတွေမောရပြန်ပါတယ်။
ဒါဟာ တွေးမိသလောက် ဥပမာလေးတွေပါ။

သူငယ်ချင်းတွေအချင်းချင်းတဦးနှင့်တဦးကိုယ်ချင်းစာ၊ ခင်မင်စွာပေါင်းသင်းနိုင်ကြပါစေရှင်


4 comments:

khin said...

အပြည်.အ၀ ထောက်ခံသွားပါတယ် ညီမလေးရေ။

မိုးသက် said...

လာရောက်မှတ်သားသွားပါတယ်ခင်ဗျာ.။

Thazin said...

မှန်လိုက်တာညီမရေ

ကျော်နှင်းဆီလွင် said...

:P

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews