♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 17, 2012

စကာင်္ပူသို့တခေါက်

မရေးတာလည်းကြာတော့၊ စကာင်္ပူကိုသွားတုန်းက ပုံလေးတွေဝေမျှလိုက်ပါတယ်။



 Marina Bay Sands Hotel ပေါ်တက်ပြီး ရေကူးကန်ဘေးက clubမှရိုက်သောပုံ၊ ရေကူး
ကန်ကိုတော့တည်းသူမှလွဲပြီးဝင်ခွင့်မရှိတာမို့ မ၀င်လိုက်ရပါဘူး။


 မြန်မာတွေပြောလေ့ရှိတဲ့ပင်နီစူလာ ကျမတည်းတဲ့ဟိုတယ်ခန်းကမြင်နေရတာပျော်စရာ
ပါ။ ဒါကတော့ ကားနဲ့အဖြတ်ရိုက်သောပုံပါ။ ၁၀မိနစ်ခန့်အထဲလည်းရောက်ခဲ့ပါတယ်။ :))

တည်းတဲ့ဟိုတယ်မှာစားတဲ့မနက်စာပါ။ အစားနည်းတဲ့ကျမအတွက်တော့မတန်ပါဘူး



 ပြီးတော့ဒီအဆောက်ဦး ၃၈လွှာမှာ ညစာစားပါတယ်။ စားရင်းနှင့်သဘောကျတဲ့ပုံလေး
တွေကို အုပ်စုကြီးကိုရှေ့မျက်နှာနောက်ထားပြီး ရိုက်ယူပါတယ်။


ရယ်စရာလေးတခုကတော့စကာင်္ပူက ကောင်းပေ့ဆိုတဲ့ဆိုင်တွေမှာစားပေမဲ့ရေနွေးကြမ်း
ငှဲ့ရာမှာ ကရားနှင့် ဝေါခနဲလောင်းထည့်ကာ စားပွဲပေါ် စင်တာတွေကြည့်ရင်း ဂျပန်အုပ်စု
ကြီးက တ၀ါးဝါးနှင့် တကယ့်ကိုဖြစ်ကတတ်ဆန်းပဲ လို့ဆိုတာနားထောင်ရင်း ဂျပန်ရဲ့စနစ်
အကောင်းလွန်နေတဲ့ဝန်ဆောင်မှုနှင့် စကာင်္ပူရဲ့ဝန်ဆောင်မှုတစွန်းတစကို နှိုင်းယှဉ်ခံစား
မိပါတယ်။
ဒီမှာနေ့လည်စာစားပါတယ်။



အလုပ်နဲ့သွားတာလည်းဖြစ်၊ သူဌေးမိန်းမနှင့်တခန်းတည်းတည်းတာလည်းဖြစ်တော့
အချိန်ကအတော်လေး ကျပ်ပါတယ်။ ဂျပန်ထုံးစံအတိုင်း schedule အပြည့်နှင့် မနက်က
စလို့ မနက်စာကို ဟိုတယ်မှာဘူဖေးစား၊ ယင်းနောက်အုပ်စုလိုက် စက်ရုံလေ့လာရေးခရီး
သို့ အစည်းဝေးတွေတက်၊ နေ့လည်စာစား၊ ညနေတခါထပ်ထွက်၊ ညစာစား၊ ပြီးရင်တော့
အုပ်စုလိုက် အချိန်လေးရသမျှ စကာင်္ပူရဲ့နာမည်ကြီးနေရာတွေသွားကြည့်ကြပါတယ်။ လို့
ဆိုငြား ၂ရက် ၃ရက်မို့ သိပ်လည်းမကြည့်လိုက်နိုင်ပါဘူး။

ညစာစားလျှင် ဂျပန်ထုံးစံအတိုင်း အုပ်စုလိုက် စကားတွေပြောရင်း ဆွေးနွေးရင်းစားကြတာ
တကြောင်း၊ သွားစားတဲ့စကာင်္ပူကဆိုင်တိုင်းဟာ တရုတ်စတိုင် ဟင်းကိုတဦးတပွဲစီ၊တဆင့်
ချင်း လာချတဲ့စနစ်ကြောင့်လည်း ဟိုတယ်အပြန်နောက်ကျပါတယ်။

ဒါကတော့ မားလိုင်းရွင်းဘေးက ဆိုင်မှာစားခဲ့ကြတာရယ်ပါ။







သူငယ်ချင်းတွေကိုချိန်းတွေ့ဖို့တောင် နယ်မြေလည်းမကျွမ်းတာတကြောင်း၊ အချိန်လည်း
မရှိတာတကြောင်း၊ ညနက်မှပြန်လာတာတကြောင်းမို့ညဘက်ဟိုတယ်ကိုလာတွေ့ပေးနိုင်
ချေရှိတဲ့မိတ်ဆွေတွေကိုပဲ အကြောင်းကြားခဲ့တာမို့ ၅ဦးမှ ၄ဦးနှင့်သာတွေ့နိုင်ပါတယ်။

ညဘက်ကြီးမှာ အလွန်ရည်မွန်သော ခင်ပွန်းသည်က ကားမောင်းလိုက်ပို့ပေးပြီး လာတွေ့
ပေးတဲ့ ချောလည်းချော ခန့်လည်းခန့် မာန်မာနလည်း လုံးဝမရှိတဲ့ မမCathrine Nyo
က မြန်မာမုန့်တွေ အများကြီးယူလာတာမို့သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျမနှင့်သူစားရုံ
မက အုန်းထညက်တွေကို ယောက္ခမနှင့် ခယ်မ အတွက်ပါ ပို့ပေးဖို့စိတ်ကူးပါတယ်။

နောက်ရက်မှာ ဆရာလည်းဖြစ်၊မြန်မာပြည်ကအင်တာနက်သင်တန်းတွေအချိန်ပိုင်းသင်တဲ့
အလုပ်ကို လုပ်ခဲ့စဉ်က မိတ်ဆွေကလာတွေ့ပေးပါတယ်။

နောက်ရက်မှာတော့ စကာင်္ပူက မဒီချောချောလေး၂ဦးနှင့်တွေ့ပါတယ်။ :D

ဈေးပတ်ဖို့အချိန်တောင်မရှိငြား၊ နောက်ဆုံးရက်အုပ်စုလိုက်သွားစားတဲ့ ဒင်နာကို သနား
စဖွယ် ရုပ်တည်နဲ့ မလိုက်ဖို့ ခွင့်တောင်းကာ ကျန်ရစ်ပါတယ်။ မစီစဉ်ထားပဲ ရတဲ့အချိန်
လေးမို့ အဲသည့်နေ့လာတွေ့တဲ့ မဗစ်စ်က လိုက်ပို့ပေးကာမှပဲ City Linkမှာ နည်းနည်း
လျှောက်ကြည့်ရင်း၊စကာင်္ပူကိုရောက်ခဲ့တယ်ဆိုတဲ့စိတ်ကျေနပ်မှုလေးရအောင် ဂါဝန်
လေးတထည်၊ စကဒ်လေးတထည်၊ဖိနပ်လေးတရံ ၀ယ်ခွင့်ရပါတယ်။ နောက်တော့
မဗစ်စ်ကခေါ်သွားပေးတဲ့ မြန်မာထမင်းဆိုင် အင်းလေးမှာ ထမင်းစားကြပါတယ်။

 မြင်းခွာရွက်သုပ်
 သဘောင်္သီးသုပ်နှင့်ဝက်သားနီချက်
 မကျည်းသီးဖျော်ရည်
 ငါးသလောက်ပေါင်း

ပြီးတော့ မဗစ်စ်ဆီကလည်း ဂျူးမြစ်နဲ့အပ်ငရုတ်သီးစိမ်းကဲ့သို့ရှားပါးပစ္စည်းများအပါဝင်
မြန်မာအစားစာ အများကြီးလက်ဆောင်ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
အာဘွားစ်။

မဗစ်စ်ကဘယ်လိုရုပ်လေးလဲဟင်။ လာမေးနဲ့နော်။ တော်ဝင်တဲ့အလှမျိုးဆိုတာကလွဲလို့
ပြောပြဖူး။ :)))

မမလာသာညကိုအိုကရာမမှာသွားတွေ့ခဲ့တာပြန်သတိရပါတယ်။ မညလည်းပျောက်နေ
တာပဲ။ ကျမလိုပဲနေမှာပေါ့လေ။ :D

နောက်တော့ ရီတာကဟိုတယ်မှာလာတွေ့ပေးတယ်။ ညနက်တာမို့ ခဏပဲစကားပြော
လိုက်ရပေမဲ့ ရီတာက ဆွဲဆောင်မှုသိပ်ရှိတာပဲ။ သူ့ဝတ္ထုတွေလိုပေါ့။ ထုံးစံအတိုင်း မောင်
ကိုကိုနဲ့ရီတာအကြောင်းတောင်မေးလိုက်သေးတယ်။ ဒါလဲပြောပြဖူး။ :D
ရီတာ စာအရေးကောင်းသလို ရိုးရှင်းပြီး သိပ်လှတဲ့ခရစ္စတယ် လည်ဆွဲလေးတကုံးလက်
ဆောင်ပေးတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ရီတာ။ အာဘွားးးး။

ကျမကတော့သယ်ရလွယ်အောင်ယူသွားတဲ့အိတ်ကလေးကသေးတာရော၊ ဂျပန်ဆောင်း
မို့ ကုတ်အကျီ င်္နှင့်အလုပ်မှာဝတ်ဖို့ suitတစုံနှင့်၊ အောက်ခံအဖြူနှင့်ဘောင်းဘီနက်၂စုံ
မှလွဲလို့ ဖိနပ်လည်းရုံးဖိနပ်တရံ၊အိတ်လည်းရုံးသုံးအိတ်တလုံးသာမို့ အပြင်ထွက်ဖို့အခွင့်
နှင့်အချိန်မရှိမှာသိတာမို့ နွေဝတ်စုံပါးပါး၁စုံသာထည့်ခဲ့တာပါတယ်။
ကျန်တဲ့နေရာလွတ်ကို မိတ်ဆွေ၅ဦးစာလက်ဆောင်ကိုသာ အတင်းဖိထည့်ပါတယ်။
ဒါကြောင့်ကျမလက်ဆောင်ကအများကြီးမသယ်နိုင်တော့ အားနာလို့မဆုံးပါဘူး။ နောက်
တခါ လာလည်ရင် အများကြီး ယူလာမယ်နော်။ လာမတွေ့ပေးကြမှာစိုးလို့ :D
ရခဲ့သောလက်ဆောင်များ

ဂျပန်ကတော့မနေ့ကတင် ခပ်ရမ်းရမ်းကလေး တိုကျိုမှာလှုပ်သွားပါသေးတယ်။
ဂျပန်မှာရှိနေဦးမယ်ဆိုရင်တော့ ငလျှင်အတွက် လိုတာလေးတွေဝယ်ထားသင့်ပါတယ်။
ဓါတ်မီး၊ရေ၊ဆန် တာတွေပေါ့လိုပေါ့။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


23 comments:

Yeemon Thet said...

စကာင်္ပူက ပြန်လာတည်းက ဒီပို့စ်ကိုမျှော်တာ .. ဖတ်လို့တအားကောင်း .. ပုံတွေကြည့်ရတာလည်း စားလို့တအားကောင်းမဲ့ပုံ .. ဟိ .. <3

ကျော်နှင်းဆီလွင် said...

မြန်မာပြည်လာလည်ရင်တော့ ရီမွန်လက်ရာလာစားမှာနော် ထွက်မပြေးရဘူး
:D

Yeemon Thet said...

ဂတိနော် .. အကြောင်းမကြားပဲ ပြန်တွားရင် ချိတ်ချိုးမှာ ..;))

ကျော်နှင်းဆီလွင် said...

ိစားပွဲကိုလက်လွှတ်ခံပါ့မလား ဒါပေမဲ့
ငါ့ညီမ ဟင်းချက်တတ်သလားပဲစိတ်ပူတယ်
:P

မီးမီးငယ် said...

စားစာရာတွေအများကြီးဘဲ..။
သားရေတွေတလှေကြီးနဲ့ လာငမ်းသွားပါတယ်။
:))

စူးနွယ်လေး said...

ဟေး... တထောကြီးပါလား ကျော်ရေ... ဒီမှာတော့ ပြတ်လပ်တော့မယ် :P

Kyaw Hnin Se Lwin said...

မမီးရေ အများကြီးစားသွားနော် :D

မနွယ်လေး ကိုလွမ်းလိုက်တာ စီဘောက်ဖြစ်ဖြစ် ကွန်မန့်ဖြစ်ဖြစ် ထားဘူးလား
ပြောချင်တာရှိရင်မရလို့ :)))))

Kyaw Hnin Se Lwin said...

မနွယ်လေး လှမ်းပို့လိုက်ရမလား
:D

စူးနွယ်လေး said...

စီဘောက်စ် ကွန်မဲန့် မထားဘူး ကျော်ရေ.. ဖေ့စ်ဘွခ်မှာ အက်ဒ်လိုက်ရမလား။
တို့က ပုံမတင်တော့ ပုံတင်တဲ့သူတွေကို အက်ဒ်ဖို့ အားနာလို့ :P

Yeemon Thet said...

ဟီးးး .. ဟင်းမချက်တတ်ပေမဲ့ ဆိုင်ကောင်းကောင်းတွေ သိပါတယ် ..လာသာလာခဲ့ မ ရေ ..;)

Kyaw Hnin Se Lwin said...

ကျေးဇူးမ မနွယ်လေးကိုဖဘမှာလိုက်ရှာသေးတယ်
ညီမမေးလ်ကို မနွယ်လေး ဖဘ မေးလ်ပို့ပေးလေ ညီမအဒ်လိုက်မယ်

ညီမရည်မွန်ရေ
အားကိုးမယ်နော် ထင်တဲ့အတိုင်းပဲ :D

စူးနွယ်လေး said...

ညီမမေးလ် မသိဘူး။ ဖဘမှာလည်း ရှာမတွေ့ဘူး။ ဟိုးတုန်းကတော့တခါတလေ တွေ့မိတယ်။

Kyaw Hnin Se Lwin said...

kyaw.hnin.se@gmail.com မ
မေးလ်ပို့ပေးနော်
ညီမကတခြားမေးလ်နဲ့အက်ဒ်မှာ အကျီ င်္အစင်းကျားလေးနဲ့ဆိုလက်ခံလိုက်နော်

စူးနွယ်လေး said...

မေးလ်ပို့လိုက်ပြီ

မဒမ်ကိုး said...

သြော် အမ စကာင်္ပူရောက်လာသေးတာကိုးး
စကာင်္ပူသစ်ခွဥယျာဉ်ရောမရောက်ခဲ့ဖူးလား

ခင်မင်လေးစားလျှက်

မဒိုးကန်

မိစံ said...

စားစရာတွေကော လည်စရာတွေပါ
အားလုံးပြည့်ပြည့်စုံစုံသိရလို့ ကျေးဇူးပါနော်အစ်မး)
ဒါပေမယ့်..
ကလေးတွေပုံမပါတော့ တစ်ခုခုလိုနေသလိုလိုပါဘဲ :P
နောက်ခေါက်ကြုံရင် တင်ပေးပါနော် :D

ချစ်ခင်လျှက်

rose of sharon said...

ပျော်စရာကြီး... အစားအသောက်တွေက ပုံထဲမှာတောင် စားချင်စရာတော်တော်ကောင်းနေတော့ အရသာရှိလိုက်မယ့်ဖြစ်ခြင်းနော်...

Kyaw Hnin Se Lwin said...

မကိုးရေ
သစ်ခွဥယျဉ်တော့မရောက်ဖြစ်ဘူး
အလုပ်နဲ့ဆိုတော့လေ
လူကြီးတွေသွားတဲ့နေရာတွေပဲကပ်လိုက်တာဆိုတော့လေ
:))

Unknown said...

ခုမှလာ မန်.ဖြစ်တယ်။ ခုတစ်ခေါက်အနှံ့မလည်ဖြစ်တော. နောက်တစ်ခေါက်ပေါ.ကျော်ရယ်။ အေးအေးဆေးဆေးနှစ်ယောက်သားသွားလည်ကြပေါ.နော်။ :P

ဟန်ကြည် said...

အင်း ပုံတွေကြည့်ပြီး ဗိုက်ဆာလိုက်တာလေ...သွားရည်ဆက်ကျနေရင်ဖြင့် မတော်ချေဘူးလို့ ဘရိတ်အမြန်အုပ်ပြီး လစ်ရသပ...

Anonymous said...

စုံနေတာဘဲ။
စားစရာတွေကလည်းကောင်းမဲ့ပုံဘဲ။
အိုင်အိုရာ

Rita said...

ခုမှ ဖတ်ရတယ်။
တော်ပါသေးရဲ့။ ပြောလိုက်တာတွေ ပြန်မပြောဘူးဆိုလို့။
=D

ကျော်နှင်းဆီလွင် said...

အဟင်းဟင်း

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews