♪♪.ကျော်နှင်းဆီလွင်.♪♪

Sep 4, 2010

ဆောင်းတွင်းရဲ့ရေအိမ်အဖုံး

ခုဆို ဂျပန်မှာ နွေအလွန် ဆောင်းဦးအကူးပေါ့
သို့ငြားလူအတော်များများနွေအ၀တ်စားတွေဝတ်နေဆဲ
၉လပိုင်းကုန်ခန့်အထိ ပူနေဦးမှာဖြစ်ကြောင်း
မိုးလေ၀သသတင်းတွေကလည်း ကြေငြာကြတယ်။

ဂျပန်က ရာသီဥတုအပူအအေးခြားနားမှု ပြင်းထန်တာကြောင့်
အ၀တ်စားဆိုလည်း နွေဝတ်နဲ့ဆောင်းဝတ်က မှားဝတ်လို့ကိုမဖြစ်ပဲ
အခြားနားကြီးခြားနားပါတယ်။ ဒါကြောင့်ရာသီဝတ်အသုံးဆောင်တွေကို
အဲသည့်ရာသီပြီးခါစမှာ ဈေးတွေချလေ့ရှိပါတယ်။ အဲလိုအချိန်ဝယ်ထားရင်
သုံးရတန်ပါတယ်။ အဲလိုနဲ့ လျှော့ဈေးတွေချနေတဲ့ ဆိုဒ်ထဲဟိုကြည့်သည်ကြည့်
လုပ်ရင်း ဆောင်းရာသီသုံး ရေအိမ်အစွပ်လေးတွေသွားတွေ့ပါတယ်။

ရေအိမ်အစွပ်ဆို ပြီးခဲ့တဲ့ဆောင်းတွင်းက ယူပုံစံကို အိုပုံစံမှားဝယ်လာတာမို့
သုံးမရဖြစ်ဖူးတာ သတိသွားရမိတယ်။
နေတာကြာသူတွေတော့ သိမှာပါ။ သို့ငြားအင်တာနက်မှာဝယ်လျှင်
ဆိုဒ်ရွေးရခက်တဲ့အခါ၊ ဂျပန်လိုတွေလိုက်ဖတ်ရတာမျက်စိနောက်တယ်
သို့ ဖတ်ရခက်တယ်လို့ ထင်တဲ့သူတွေအတွက်
ခုလည်း ဆောင်းဝင်ဖို့အတော်လိုသေးပေမဲ့
သတိရတုန်း ပို့စ်တင်လိုက်ပါတယ်။

ဂျပန်မှာ လျှပ်စစ်နဲ့အနွေးပေးရေအိမ်တွေလည်းရှိပေမဲ့ အိမ်အတော်များများမှာ
ဒီလို မွှေးပွ အစွပ်လေးတွေသုံးကြတာတွေ့ရများပါတယ်။


ဘယ်ဘက်က အို သို့ ယူ ပုံစံလို့ခေါ်ပြီး ညာဘက်ကတော့နောက်ပိုင်းပေါ်တဲ့ပုံပါ

 
ဒါကတော့ အို၊ ယူ နဲ့ ရေနွေးပါသုံးနိုင်တဲ့စက်ကလေး၃ပုံပါ။


ယူပုံစံပါ


အိုပုံစံပါ


ရေနွေးပါသုံးနိုင်တဲ့ ရေအိမ်ပုံစံပါ


အဖုံးပါ

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪



8 comments:

SHWE ZIN U said...

ညီမ ရေ

လိုလည်း ရှိ မလိုလည်း ရှိ ကြည့်သွားပါတယ်

ခင်တဲ့
ရွှေစင်ဦး

khun said...

ခွန့် အိမ်လည်းအဲဒါမျိုးဘဲ သုံးတယ်။

ခုနောက်ပိုင်းတော့ သုံးတောင်မသုံးတော့ဘူး။
အေးလည်းခဏဘဲ ထိုင်ပြီးသွားရင် နွေးသွားတာဘဲ
ဆိုပြီးလေ။
အိပ်ချင်မူးတူးဆို အဲ့အေးတာက မျက်စိတောင်
ကျယ်သေး ;P

ကျော်နှင်းဆီလွင် said...

မမရွှေဇင်ရေ
ဟိုရောက်ဒီရောက်ပေါ့နော်
:)

ခွန်ရေ
ညီမကသတ္တိခဲပဲ ;P
အမကအအေးကြောက်တယ်

လသာည said...

အခုလို တင်ပေးတာ ကျေးဇူးနော်။ အစ်မလည်း မှားဝယ်ဖူးတယ်။ ၀ယ်ခါနီး သေချာမကြည့်သွားပဲ စိတ်ကူးနဲ့ မှန်းဝယ်တာ ဆိုတော့ ၂ ခါတောင် မှားတာ။ ဘာမှ လုပ်လို့မရလို့ အခုထိ အဲဒီအတိုင်းပဲလေး))

အိမ်ပြောင်းရတာ မောနေပြီလား။ အိုဆုကာရဲ ဆမနော်။

Myanmar Good Knowledg Co., Ltd said...

ညီမရေ
နေကောင်းလား
ကျွန်မလည်း စိတ်ရှိပြီးမရောက်ဖြစ်ဘူး။
အလုပ်ရှုတ်နေလား

အဖုံးတွေလာကြည့်သွားတယ်။
ကျွန်မက အပြာရောင်ကြိုက်လို့ အများအားဖြင့် တစ်အိမ်လုံးအပြာတွေများတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီဘလော့ဂ်အရောင်က အပြာနော်။
ညီမကော အပြာရောင်ကြိုက်လား။

ဘာလိုလိုနဲ့ အာ့ကိနော်။
သိသာတာက အိမ်မှာအဲယားကွန်း သိပ်မဖွင့်ရတော့ဘူး။
ပြီးခဲ့တဲ့ ၇လပိုင်း၈လပိုင်းက မီတာခက၇ထောင်။
တစ်ခါမှ အဲလောက်မရောက်ဘူးတော့ ခေါင်းနည်းနည်းကိုက်သွားတယ်။

ကော်မန့်ကနေ ပြောချင်တာတွေအကုန်လာပြောသွားမိတယ်။

ခင်မင်လျှက်

ကျော်နှင်းဆီလွင် said...

မညရယ်
၂ခါတောင်မှားတာလား ခစ်
ညီမက တခါဆိုတော့ မက ပိုသွားပြီ
:D

မမွန်ရေ
ဟုတ်တယ်နော် ဂျပန်ပူလာတာ ကြောက်ဖို့တောင်ကောင်းတယ်
အဲကွန်းကစဖွင့်ခါစပဲခပ်ပြင်းပြင်းဖွင့်ပြီး
တနေ့လုံး ၂၈ သို့ ၂၉ နဲ့ မျဉ်းနေတာတောင်မှပဲ
ကျတာမနည်းဘူး။
ညီမက အိမ်အသုံးဆောင်ဆိုရင် အစိမ်း သစ်ပင်စိမ်းရောင်တွေပိုကြိုက်တယ်။
ဘလော့ဂ်ကျတော့အပြာလေးချစ်လို့။ စိတ်အေးလို့။
ညီမလည်းအများကြီးပြောမိသွားပြီ :)

Myanmar Good Knowledg Co., Ltd said...

ညီမရေ
နေကောင်းလား
စာလာဖတ်ပြီးအားပေးသွားလို့ကျေးဇူးအမြဲတင်နေပါတယ်။
အခုတလော နေလို့ထိုင်လို့ကောင်းတဲ့ ရာသီဥတုလေးနော်။
ကျွန်မကတော့ ကလေးတစ်ယောက်နဲ့ ဟိုလုပ်ဒီလုပ်၊ရှုတ်နေတာပါပဲ။
သုံးရက်ပိတ်လို့ အရမ်းကိုပျော်နေတယ်လေ။
ခင်မင်လျှက်

ကျော်နှင်းဆီလွင် said...

ဟုတ်မ နေကောင်းတယ်
၃ရက်တောင်ပိတ်တယ်ဆိုပျော်စရာကြီးနေမှာ..
ညီမငယ်

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews