♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဂျပန်သတင်း. Show all posts
Showing posts with label ဂျပန်သတင်း. Show all posts
Jan 10, 2012
iPad လိုချင်တယ်ဆိုလျှင်
လွန်ခဲ့တဲ့ဒီဇင်ဘာခရစ်စမတ်ရက်မှာ နှစ်ကုန်ခါနီးသူ့အတွက်အမှတ်တရ အိုင်ပတ်ဝယ်
ပေးမယ် လို့စိတ်ကူးမိတော့ကျမကံကောင်းသွားပါတယ်။
ဒီဇင်ဘာ၁၂ရက်နေ့ကမှစတင်လိုက်တဲ့ဆော့ဖ်ဘန့်ခ်ရဲ့ အစီစဉ်အရ အိုင်ဖုံးသုံးစွဲသူ
ဖြစ်လျှင် အိုင်ပတ်တူးကို အင်တာနက်လစဉ်ကြေး ဇီးရိုးယမ်းကစလို့ သုံးလျှင်သုံးသလို
ကျသင့်တဲ့ စနစ် အသုံးပြုနိုင်တာမို့ သက်သာသွားပါတယ်။ တလ ၂၈၅၀ယမ်းနှုန်းဖြင့်
၂၄လပေးသွင်းတဲ့စနစ်ကိုအသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာကြည့်ပါ။
ဒီ Campaign ဟာ ၁၂လပိုင်း၁၆ရက်မှ ၁လပိုင်း ၃၁ရက် ၂၀၁၂ ထိဖြစ်တာမို့ အိုင်ဖုံး
သုံးနေသူတွေ အိုင်ပတ်သုံးလိုလျှင် အချိန်မီသွားလုပ်သင့်ပါတယ်ရှင်။
ပျော်ရွှင်ပါစေရှင်
Jun 10, 2011
ရှီဘူယဘူတာကပန်းချီကားချပ်ကြီး
ဂျပန်ရဲ့အစည်ကားဆုံးနှင့်အကြီးဆုံးရပ်ကွက်ကြီးတခုရဲ့ဘူတာဖြစ်သော
(KEIO)ခဲအိုးရထားလိုင်း နှင့် (YamaNoTe)ယာမနိုတဲမြို့ပတ်ရထားလိုင်း၂ခုအကြား
ယင်းအပြင် အခြားရထားလိုင်းများလည်းဆုံရာ ရှီဘူယဘူတာဧ။် ဖြတ်သွားဖြတ်လာလူ
တရက်လျှင် သောင်း၃၀ဦးခန့်ရှိသည့် MarkCityလို့ ခေါ်သောအဆောက်ဦးကိုဖြတ်ရာ ၂ထပ်မှာရှိတဲ့ခန်းမကျယ်လူသွားလမ်းကြီးရဲ့နံရံတဘက်မှာ အတော့်ကိုကြီးမားသော
ပန်းချီကားကြီးတချပ်ကိုတွေ့ရပါတယ်။
ရေးဆွဲသူကတော့ 岡本 太郎(おかもと たろう)OkamotoTarouဆိုသူ ဂျပန်နိုင်ငံရဲ့
နာမည်ကျော် ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ၁၉၆၈ခုနှစ် မက္ကဆီကိုတွင် ဖြစ်ပွားခဲ့သော
နူကလီးယားပေါက်ကွဲနေစဉ်အခိုက်အတန့်ကိုရေးဆွဲထားတာဖြစ်ပြီး အလျား ၃၀မီတာ
အနံ ၅.၅မီတာရှိတယ်လို့ဆိုပါတယ်။ နာမည်ကျော်ပန်းချီဆရာတစ်ဦးဖြစ်တာနှင့်အညီ
ဂျပန်များအကြား အတော်လည်း ရေပန်းစားအလေးထားကြတဲ့သတင်းတစ်ခုလည်း
ဖြစ်ပါတယ်။ ရှီဘူယဘူတာကိုရောက်တဲ့အခါတိုင်းပန်းချီကားကြီးကို အနီးကတဖုံ အဝေး
ကတဖုံ ကြည့်ရှုငေးမောနေသူတွေ၊ ဓါတ်ပုံရိုက်သူတွေကို တွေ့ရလေ့ရှိပါတယ်။
ပန်းချီအနုပညာကို သိပ်နားမလည်တဲ့ကျမအဖို့တောင် ပန်းချီကားကိုကြည့်တဲ့အခါ
တိုင်း စိတ်လှုပ်ရှားမိပါတယ်။ သို့ငြား လက်ရှိနူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား
ပေးစက်ရုံများအား မထိန်းချုပ်နိုင်သေးခင် ခက်ခဲသောအခြေနေ၊ ရေဒီယိုသတ္တိကြွဓါတ်များ
ပျံ့နှံမှု၊ တနိုင်ငံလုံး လျှပ်စစ်ဓါတ်အားခြွေတာကာလျှော့သုံးနေရသောအခြေနေ၊ အိုးမဲ့
အိမ်မဲ့ ဘေးဒုက္ခသည်ပေါင်းများစွာရဲ့ ပြန်လည်ထူထောင်ရေးအတွက်လုံးပမ်းနေရပြီး
နိုင်ငံစီးပွားရေးအခြေနေကလည်း ဆုတ်ယုတ်လျှက်ရှိနေတဲ့နိုင်ငံကြီးကို ဒီပန်းချီကားကြီး
ကြည့်တိုင်း ဆက်စပ်တွေးတောသတိရမိတာမို့ အလွန်ပဲစိတ်မောလူမောဖြစ်မိပါတယ်။
ဒါဟာလည်း ပန်းချီကားကလက်ရာမြောက်လွန်းလို့ ဒီလောက်ထိခံစားမိတာဖြစ်နိုင်ပါတယ်။
သို့ငြား ယခုကဲ့သို့သောအချိန်မျိုးမှာ ယင်းသို့သောပန်းချီကားကြီးကို စိတ်မောလူမော
ဖြစ်နေတဲ့ ဂျပန်ပြည်သူတွေကြား ချပြဖို့ရာ အချိန်မသင့်ကြောင်းနှင့် အနည်းငယ်စောများ
နေသလားဟု တွေးတောနေမိတတ်ပါတယ်။ သည်လိုဖြင့် ပန်းချီကားအသစ်တခု ထပ်မံ
လဲလှယ်ချိတ်ဆွဲမည့်ရက်ကို မျှော်လင့်စောင့်စားလျှက်ရှိပါတယ်။
:)))
အားလုံးပဲ စိတ်ရွှင်လန်းချမ်းမြေ့ပါစေရှင်
♪♪♪
Mar 29, 2011
ငလျှင်ဒဏ်ဖြင့် Japan စီးကရက် ပြတ်လပ်မှု
ဂျပန်နေ့စဉ်သတင်းစာမှကိုးကားဖော်ပြပါသည်။
ဂျပန်စီးကရက်ကုမ္ပဏီ(JT = Japan Tobacco)သည် စီးကရက် အားလုံးပေါင်းတံဆိပ်၉၇မျိုး
အား ဖြန့်ချီခြင်းကို ၃၀ရက်နေ့မှ ၄လပိုင်း ၁၀ရက်နေ့အထိ ခေတ္တယာယီရပ်နားမည်ဟု
၂၅ရက်နေ့တွင် ထုတ်ဖော်ကြောငြာခဲ့သည်။
ဂျပန်အရှေ့ပိုင်းငလျှင်ကြောင့်တနိုင်ငံလုံးတွင်ရှိသော စက်ရုံ၆ရုံအနက် ၂ရုံမှာ ဆုံးရှုံးပျက်စီး
မှုများရှိပြီး ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်မည်ဟုခန့်မှန်းရပြီး၊ ပစ္စည်းပြတ်လပ်မှု
ဖြစ်ပွားနိုင်ချေရှိသည်။ ကုန်ပစ္စည်းဖြန့်ချီခြင်းရပ်နားသည့်ကာလအတွင်း နာမည်ကြီးရောင်း
ကောင်းသောတံဆိပ်များလည်းပါဝင်မည့်ပုံပေါ်သည်။
၎လပိုင်း၁၁ရက်နေ့မှစကာ တံဆိပ် ၆မျိုး၊ရမျိုးခန့်ကို စတင်ပြန်လည်ဖြန့်ချီပြီး ၅လပိုင်း
လလယ်ခန့်တွင်မူ Mild Seven နှင့် Seven Star အစရှိသော အဓိကတံဆိပ်၂၅မျိုးခန့်
ပြန်လည်ဖြန့်ချီနိုင်မည်ဟု မှန်းဆလျှက်ရှိသည်။ Pianissimo အစရှိသည့် ကျန်ရှိသော
တံဆိပ်၇၂မျိုးခန့်အားပြန်လည်ဖြန့်ချီမည့်အချိန်ကို အတိကျမခန့်မှန်းနိုင်သေးပေ။
ဘေးသင့်ပျက်စီးခဲ့သည်မှာ 宇都宮市 နှင့် 福島県郡山市တို့မှ စက်ရုံနှစ်ရုံဖြစ်ပြီး
အဆောက်ဦးနှင့်ထုတ်လုပ်ရေးစက်များပျက်စီးကာ၊ လည်ပတ်မှုကိုရပ်နားထားသည်။
၅လပိုင်းလလယ်ခန့်တွင်ပြန်လည်ဖြန့်ချီမည့် တံဆိပ်၂၅မျိုးခန့်မှာ စီးကရက်ရောင်း
အားမြင့် ၆၅ရာခိုင်နှုံးကျော်ဖြစ်ပြီး အရှေ့ပင်လယ်စက်ရုံ(ရှီဇုအိုကခရိုင်)စသောကျန်ရှိ
သည့်စက်ရုံများတွင် ထုတ်လုပ်မည်ဟုဆိုသည်။
စက်ရုံ၆ရုံအပြင် ထုတ်လုပ်မည့်စီးကရက်ဧ။် ထက်ဝက်ကုန်ချောပစ္စည်းများ အစီခံများ
စသည့် ကုန်ကြမ်းပစ္စည်းများနှင့်ပတ်သက်ပြီးလည်း ထုတ်လုပ်သည့်စက်ရုံများပျက်စီးခြင်း
တိုကျိုလျှပ်စစ်ကုမ္ပဏီဧ။်မီးဖြတ်တောက်ရေးစီမံကိန်းစသည်တို့ကြောင့်ပစ္စည်းထုတ်ခြင်းမှာ
အခက်အခဲနှင့်ရင်ဆိုင်နေရသည်။
JTမှစီးကရက်တံဆိပ်အချို့မှာအောက်ပါအတိုင်းဖြစ်ပြီး အပြည့်စုံကို JT website တွင်
သွားရောက်ကြည့်ရှုနိုင်ပါသည်။
Mar 25, 2011
Fukushima မှ လူငါးဆယ်
Fukushima 50 (အင်္ဂလိပ်ဘာသာ)
ဂျပန်ဘာသာ တို့အားကိုးကားပါသည်။
ဂျပန်နိုင်ငံတွင်လတ်တလောအရေးကြုံနေသောဖုကုရှိမဒေသရှိ၊ အမှတ်(၁)အနုမြူစွမ်းအင်
သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ကြံ့ကြံ့ခံတာဝန်ထမ်းဆောင်နေသော ၀န်ထမ်း၅၀ဦး
ဧ။်အကြောင်းသည် ဂျပန်တစ်နိုင်ငံလုံးတွင်သာမက နိုင်ငံအသီးသီးသို့ပါပျံ့နှံ့အမည်ကျော်
ခဲ့လေသည်။ ယင်းအပြင် ဖုကုရှီမ အနုမြူပေါင်းဖိုအရေးခင်းတွင် ဂျပန်ဝန်ကြီးချူပ်ထက်ပင်
တီဗွီတွင် ကြိမ်ဖန်များစွာ သတင်းစာရှင်းလင်းပွဲလုပ်ရသော၊ မေးမြန်းချက်များဖြေကြားခြင်း၊
သတင်းထုတ်ပြန်ခြင်းတို့ကိုဆောင်ရွက်နေသော တိုကျိုလျှပ်စစ်ဧ။်ဥပဒေအကြံပေးဝန်ထမ်း
တဦးဖြစ်သူ 内閣官房長官 (the Chief Cabinet Secretary တနည်း နိုင်ငံတော်အစိုးရ
အဖွဲ့အတွင်းရေးမှူး)  နှင့် Minister of State for Special Missions (Okinawa နှင့်
မြောက်ပိုင်း တာဝန်ခံ) (တနည်း  အထူးမစ်ရှင် ၀န်ကြီး အိုကီနာဝါနှင့်မြောက်ပိုင်းဒေသ
တာဝန်ခံ) (အထူးမစ်ရှင်ဝန်ကြီးသည် ပြည်ထဲရေးဝန်ကြီးထဲတွင်အပါဝင်ဖြစ်သည်။)
အဲဒနို(EDANO)ဟုဆိုသူမှာလည်းအလားတူ အမည်ကျော်ခဲ့ပြီး twitterကဲ့သို့သော
မက်ဆေ့ခ်ျများတွင် ကမ္ဘာအနှံ့မှ အဲဒါနို အိပ်ပါဦး ဟုပင် ရယ်ရခက်ငိုရခက် အကြံပေး
တိုက်တွန်းခံရသူဖြစ်ပေသည်။
 အဲဒါနိုစံ
ဆက်ရလျှင် ၂၀၁၁ခုနှစ်၃လပိုင်း၁၁ရက်နေ့တွင်ဖြစ်ပွားခဲ့သောဂျပန်အရှေ့ပိုင်းငလျှင်ကြီး
ဧ။်နောက်ဆက်တွဲဆူနာမီပင်လယ်လှိုင်းလုံးကြီးများကြောင့်ဖုကုရှိမနူကလီးယားစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံဧ။် အနုမြူပေါင်းဖိုဧ။်အအေးခံစနစ်ရပ်တန့်သွားရာ၊ ယင်းကိုပြန်
လည်ပြုပြင်သည့်လုပ်ငန်းအတွက် ယင်းစက်ရုံတွင် ၀န်ထမ်းပေါင်း၈၀၀ခန့်ဖြင့်ဆောင်ရွက်
ခဲ့လေသည်။ သို့သော်၊ အသက်ကိုပဓါနမထားပဲ တာဝန်ထမ်းဆောင်နေသောအလုပ်ပင်
ဖြစ်ငြား နူပေါင်းဖိုအမှတ်၁စက်ရုံဧ။် ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုစသည့်အနုမြူပေါင်းဖိုအကာ
အဆောက်အဦး
ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ၃လပိုင်း၁၅ရက်နေ့တွင်မူကား နူပေါင်းဖို စက်အမှတ်၎မှပေါက်
ကွဲမှုနှင့်မီးလောင်မှုများ ဖြစ်ပွားခဲ့ပေသည်။ ယင်း စက်အမှတ်၎ဧ။်ပေါက်ကွဲမှုသည် အသုံး
ပြုပြီးသား နူကလီးယားလောင်စာများထားရှိရာရေကန်တွင် သိမ်းဆည်းထားရှိသော အသုံး
ပြုပြီးသား နူကလီးယားလောင်စာများက အဆောက်ဦး(နူကလီးယားပေါင်းဖိုရှိရာ)ဧ။် အပေါ်
ပိုင်းတွင်ထားရှိပြီး၊ အထက်ပါပေါက်ကွဲမှုကြောင့် ယင်းလောင်စာများမှရေဒီယိုသတ္တိကြွဓါတ်
များ ထွက်နိုင်ခြေမြင့်မားသည့်အတွက် ယင်းအန္တရာယ်မှရှောင်ရှားရန်အလို့ငှာ ၀န်ထမ်းဦး
ရေ ၇၅၀ ဦးခန့်သည် တိုကျိုလျှပ်စစ်ကုမ္ပဏီဧ။်ညွှန်ကြားချက်ဖြင့် ထွက်ခွာတိမ်းရှောင်ခဲ့
လေသည်။ သို့ငြား ခန့်မှန်းခြေ ၀န်ထမ်း ၅၀ဦးခန့်မှအခင်းဖြစ်စက်ရုံသို့ ပြန်လည်သွား
ရောက်ပြီး ဖုကုရှိမအမှတ်၁နူကလီးယားစွမ်းအင်သုံးလျှပ်စစ်စက်ရုံဧ။်ပျက်စီးမှုအား ရပ်တန့်
စေရန် အစွမ်းကုန်ကြိုးစားအားထုတ်လေသည။် မီဒီယာများမှ ယင်းတို့အား အခင်းဖြစ်ဒေသ
ဧ။်အမည်နှင့်အတူပူးတွဲ၍ ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟုစတင်ခေါ်ဆိုခဲ့ကြခြင်းပင်။
(အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောဆောင်းပါးတွင်မူကား
တိုကျိုလျှပ်စစ်ကုမ္ပဏီမှတင်သွင်းသော အခင်းဖြစ်နူစက်ရုံမှ ၀န်ထမ်းများကိုဆုတ်ခွာရုပ်သိမ်း
ခွင့်ပြုရန် အဆိုသွင်းခြင်းကို ၂၀၁၁ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ဂျပန်ဝန်ကြီးချူပ်မှပယ်ချ
ခဲ့ပြီး ယင်းအခင်းဖြစ်စက်ရုံများကိုအတတ်နိုင်ဆုံးရွပ်ရွပ်ချွံချွံဖြင့် ထိန်းချုပ်နိုင်သောအခြေနေ
ရောက်ရှိသည်အထိ ဆက်လုပ်သွားရန် ညွှန်ကြားခဲ့လေသည်။
ယင်းအခြေနေတွင် ဖုကုရှိမမှယင်းဝန်ထမ်း၅၀ဦးခန့်သည် ယင်းတို့ကျန်ရစ်ကာဆက်လက်
တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ကာ နေရစ်ခဲ့ကြပေသည်။
)
သို့ငြား၁၆ရက်နေ့တွင်မတော့ စစ်ဆေးတွေ့ရှိရသော  ရေဒီယိုသတ္တိကြွဓါတ်မြင့်မားမှု
ကြောင့် ကျန်းမာရေးအတွက်စိုးရိမ်ရသည့်အတွက် ယင်းတို့အားခေတ္တတိမ်းရှောင်စေခဲ့
သည်။ ယင်းတို့အခင်းဖြစ်စက်ရုံသို့ပြန်လည်သွားရောက်သောအခါတွင်မူကား အခြားသော
ဝန်ထမ်း၁၃၀ဦးပါ ထပ်မံအင်အားတိုးပွားလာကာ ၁၈၀ဦးသို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။
၃လပိုင်း၁၈ရက်တွေ့င်မူ ၀န်ထမ်းပေါင်း ၅၈၀ဦးခန့်တိုးပွားလာခဲ့သည်။ ယင်းသို့တိုးပွား
လာသော်ငြား  ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟူသောအမည်သည် မီဒီယာများတွင်
ဆက်လက်အသုံးပြုခံရနေရဆဲ အညွှန်းနာမ်စားဖြစ်လာခဲ့ပေသည်။
ယနေ့ဂျပန်နိုင်ငံဧ။်အခြေအနေဟုဆိုရလျှင်မူကား
အခင်းဖြစ်ဒေသရှိ ဖုကုရှိမအမှတ်၁စက်ရုံဧ။်လက်ရှိအခြေနေကို ဂျပန်နိုင်ငံအာဆာဟိ
သတင်းစာမှ  အန္တရာယ်ရှိမှုအဆင့်၆အဖြစ်သတ်မှတ်ခံရကြောင်း ရေးသားခဲ့ပါသည်။
သို့ငြား International Atomic Energy Agency ဧ။်ဖုကုရှိမအရေးခင်းအစီရင်ခံစာတွင်
မူကား အဆင့်၆အဖြစ်သတ်မှတ်သည်ကို မတွေ့ရှိရပေ။
တနည်းအားဖြင့်ဆိုသော လက်ရှိဂျပန်ရှိနူကလီးယားပေါင်းဖိုအရေးခင်းသည် အဆင့်၅
ဟုဆိုရမည်ဖြစ်သည်။
(သတင်းဌာနတခုတည်းမှသတင်းဖတ်ရှုဖော်ပြပြီးစိတ်ပူစေသည့်အတွက်ခွင့်လွှတ်ပါရန်)
ပုဂ္ဂလိကားအတွေးအားဖြင့်မူ
သို့ငြား အသက်ကိုပဓါနမထားပဲ ကိုယ်ကျိုးစွန့်ကာ တာဝန်ထမ်းနေသူများလည်း ထမ်း
နေကြသလို ယင်းကိုယုံကြည်သူဂျပန်လူမျိုးများဧ။်သွေးအေးမှုကိုလည်း တချိန်တည်းမှာ
မြင်တွေ့ရသည်။ ဘယ်လောက်သေးမွှားသောကိစ္စဖြစ်ပါစေ ပုံကြီးချဲ့အသေးစိတ်သော
ဂျပန်သတင်းမီဒီယာများသည် တခါတရံစိတ်အနှောင့်ယှက်ဖြစ်ဖွယ်ရာဖြစ်ငြား လူထုက
စိုးရိမ်ပူပန်ကာ သိရှိလိုသော သတင်းအချက်လက်များကို အသေးစိတ်သုတေသနလုပ်
စုံစမ်းကာ အချက်လက်ကျိုးကြောင်းခိုင်လုံစွာ တနည်း ပညာရှင်များဖြင့်မေးမြန်းခန်းများ
လက်တွေ့စမ်းသပ်ခြင်းတိုင်းထွာခြင်းများလုပ်ကာ အနုစိတ် သတင်းတင်ပြပေးသဖြင့်
တနည်းအားဖြင့် ကျေးဇူးတင်ဖွယ်ကောင်းသလို ဝေဖန်ပိုင်းခြားနိုင်သော အကျိုးကျေးဇူး
လည်းရပေသည်။
ငလျှင်ဒဏ်ခံဒေသများဧ။်ဒုက္ခသည်များနှင့်တွေ့ဆုံမေးမြန်းခန်းများအားကြည့်ကာ စိတ်
မကောင်းကြီးစွာလည်း ခံစားရသည်။ စဖြစ်ကာစရက်များတွင် မနက်စာနှင့်နေ့လည်စာ
ကို တမိသားစု ဘီစကစ်တထုပ်နှင့် တယောက် ပေါင်မုန့်တလုံးစားကြရသူတွေကို ကြည့်
ကာ မတည်မြဲသော သင်္ခါရတရားကို မေ့ပျောက်နေရာက ပြန်လည်အမှတ်ရသည်။ မနေ့
ကအထိ မေးမြန်းခန်းများတွင် မတော်သောဖိနပ်များစီးနေရသဖြင့် အေးလှသော ဖိနပ်မရှိ
မဖြစ်သော ဂျပန်ဧ။်ဆောင်းရာသီတွင် ဖိနပ်လှူဖို့ ဖြေကြားမေတ္တာရပ်ခံနေသော ရုပ်ရည်
သန့်သန့် အမျိုးသမီးကြီးအားကြည့်ကာ သူနှင့်အတူ ၀မ်းနည်းမှုကို ရင်မှထပ်တူခံစားရ
သည်။ ပေါင်မုန့်တွေလိုက်ဝေနေစဉ် ၂ချပ်ယူလည်းရတယ်လို့ပြောစဉ် ''မဟုတ်တာ၊
တချပ်ပဲယူမယ်။ ၂ချပ်ယူရင် ဇိမ်ခံတာပဲ။'' လို့ဆိုပါတယ်။
တီဗွီကနေ နိုင်ငံတော်ရဲ့ ပြည်သူတွေကို အားပေးတဲ့ ကြော်ငြာလို အတိုလေးတွေလာလေ့
ရှိပြီး နှစ်သက်မိသော ကြော်ငြာတခုဆိုလျှင်
''မလိုအပ်တဲ့မီးခလုတ်တွေကို ဖြုတ်ထားကြရအောင်
မလိုအပ်တာဝယ်ခြင်းတွေကို ရပ်ကြရအောင်
အားလုံးနည်းနည်းစီ ပူးပေါင်းလုပ်ဆောင်ကြရင်
အားလုံးရဲ့အင်အားဖြင့်ပေါင်းစုရင် သေချာပေါက် အောင်မြင်စွာကျော်လွှားနိုင်မယ်
''
မှတ်မိသလောက်ပါ။
:))
ဝိုင်းဝန်းအကြံပေးသောမိတ်ဆွေများအားကျေးဇူးတင်လျှက်
အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်
ကျော်နှင်းဆီလွင်
Mar 19, 2011
နြူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးရုံများပေါက်ကွဲခဲ့သော်
လက်ရှိဂျပန်နိုင်ငံမှာ
စားသောက်ကုန်အရောင်းဆိုင်တွေမှာ စားသောက်ကုန်ကိုအဓိကထားလို့ လက်နှိပ်ဓါတ်မီး၊
ဘထ္တရီ အစရှိတာများကို လူတွေကအလုံးအရင်းလိုက်ဝယ်ယူစုဆောင်းကြတာကတကြောင်း
ယင်းအပြင် ပေါင်မုန့်၊ ထမင်းဆုပ်၊ ရေ၊ အချိုရည် အစရှိသော စားသောက်ကုန်ထုတ်လုပ်
ရေးလုပ်ငန်းများအနေဖြင့်လည်း ငလျှင်ဘေးသင့်ဒေသများသို့ သတ်မှတ်ထားသော ဝေငှ
ရေး ခွဲတမ်းများကိုခွဲပို့ပေးရတာကြောင့် မူလရောင်းနေကျပမာဏထက် နည်းပါးစွာရောင်း
ချနေတာဖြစ်သည်မို့ ဆိုင်တွေမှာ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်နည်းပါးလျှက်ရှိတာ
တွေ့ရပါတယ်။
အလုပ်ကြိုးစားတဲ့နိုင်ငံဖြစ်တာနှင့်အတူ အစိုးရအပေါ်ယုံကြည်မှုဖြင့်ပေါင်းစပ်ပြီး၊ စိုးရိမ်ရေ
မှတ်ရောက်နေတဲ့ ပေါက်ကွဲလုဆဲဆဲ နြူကလီးပေါင်းဖိုအရေးခင်းနှင့်ကြုံတွေ့နေရသော်ငြား
တိုကျိုဝန်းကျင်မှာရှိတဲ့ လူများအပါဝင်၊ သတ်မှတ်မိုင် ပြင်ပမှလူများသည် အလုပ်ပုံမှန်လုပ်
နေသည်ကို တွေ့ရှိရငြား အစိုးရဧ။်အရေးပေါ်ကြေငြာချက်ကိုအမြဲနားစွင့်နေရသည့်အခြေ
နေဖြစ်သည်။
ငလျှင်ဘေးသင့်ဒေသများနှင့်အချို့နေရာများတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်
အလှည့်ကျမီးဖြတ်တောက်မှုများ၊ ရေပြတ်လပ်မှုများနှင့်အတူ၊ ရထားလိုင်းများပြေးဆွဲမှု
လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းများလည်းရှိသဖြင့် ညဘက်ဆိုင်အတော်များများပိတ်ထားသည်
ကိုတွေ့ရှိရသည်။
လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲပေးပါရန် တနိုင်ငံလုံးသို့အစိုးရကမေတ္တာရပ်ခံပြီးနောက်
ရန်သူကိုနှိမ်နှင်းရန် လျှပ်စစ်ဓါတ်အားသိုလှောင်ရန်အတွက် လျှပ်စစ်ဓါတ်အားချွေတာရေး
စီမံကိန်းဖြစ်သော ယာရှီမ စကုဆန်းYashima Sakusen (ယာရှီမစစ်ဆင်ရေး) ဟူ၍
ဂျပန်ဧ။် နာမည်ကျော်လူကြိုက်များခဲ့သော ကာတွန်းတစ်ခုထဲကအတိုင်း ယင်းအမည်ဖြင့်
ဂျပန်ပြည်သူများဧ။် လျှပ်စစ်ဓါတ်အားချွေတာရေး လှုံ့ဆော်မှုသည် ခေတ်စားလာခဲ့သည်။
ရထားများနေ့လည်ခင်းအချိန်ပြေးဆွဲရာတွင် ရထားပေါ်ရှိမီးများပိတ်ထားခြင်း၊ ဆိုင်များ၊
ရုံးများဧ။် မလိုအပ်သော မီးသုံးစွဲမှုများလျှော့ချခြင်းများအား မျက်မြင်တွေ့ရှိရသည်။
ယင်းဧ။်အကျိုးဆက်အဖြစ် မီးအလှည့်ကျဖြတ်မည်ဟု ကြေငြာထားသော ရပ်ကွက်ကြီး
အများစု မီးဖြတ်တောက်မှုမခံရသည်ကို ကိုယ်တွေ့ကြုံရသည်။
ယမန်နေ့၁၈ရက်နေ့တွင်ကြေငြာသွားသောတီဗွီသတင်းတစ်ခုတွင် နြူကလီးယားစွမ်းအင်
သုံးလျှပ်စစ်ဓါတ်အားပေးရုံ အအေးပေးရေးကို ၄၈နာရီအတွင်း စိတ်ချရလောက်သည်အထိ
အားမထုတ်နိုင်လျှင် စိုးရိမ်ရသည့်အခြေနေရှိသည်ဟူသောကြေငြာချက်နှင့်အတူ အကယ်
ပေါက်ကွဲခဲ့လျှင် လုပ်ဆောင်ရန်များကိုကြေငြာခဲ့သည်။
၁။ ရွှေ့ပြောင်းသွားလာရာတွင် လမ်းလျှောက်ခြင်းထက် ကားဖြင့်သာသွားလာရန်။
၂။မျက်နှာဖုံးအစွပ်ကိုအသုံးပြုရန်။
၃။အသားကို အပြင်ဖြင့်ထိတွေ့မှုမရှိနိုင်ရန် လက်ရှည်စသည်တို့ကိုဝတ်ဆင်ရန်။
၎။မိုးရွာလာလျှင် မိုးရေမစိုစေရန် သေချာကာကွယ်ရန်။
စသည်တို့ဖြစ်သည်။
အမေရိကန်သံရုံးဧ။်ကြေငြာချက်အရ အချင်းဖြစ်ပေါက်ကွဲရာနေရာမှ မိုင်၅၀(ကီလိုမီတာ
ရှစ်ဆယ်) ပတ်လည်အတွင်းမှ ထွက်ခွာရှောင်ရှားနေသင့်ကြောင်းအကြံပြုထားပြီး
တိုကျိုသည် အချင်းဖြစ်နေရာမှ ကီလိုမီတာ ၂၅၀အကွာတွင်တည်ရှိသဖြင့် မစိုးရိမ်ရ
ကြောင်း တီဗွီမေးမြန်းခန်းမှ ပညာရှင်များမှ ဖြေကြားသုံးသပ်ကြသောလည်း ပေါက်ကွဲ
မှုဖြစ်လာလျှင် အထက်ဖော်ပြပါ အချက် ၄ချက်အား လိုက်နာသည်မှာ အကောင်းဆုံး
ပင်ဖြစ်ပါသည်။
ယင်းထက်စိုးရိမ်ရသောအန္တရယ်ရှိနိုင်သည့်အချက်မှာ ပေါက်ကွဲမှုဖြစ်လာလျှင် လူများ
panic ကြောက်လန့်ပျာယာခတ်ကာ အခြားမလိုသော ဘေးထွက်အန္တရယ်များဖြစ်ပေါ်
လာခြင်းပင် ဟု ပညာရှင်အချို့က တီဗွီသတင်းစဉ်တွင် သုံးသပ်ပြောကြားကြသည်။
အကြံပေးလိုသည်မှာ လိုအပ်သော အ၀တ်စားနှင့်မျက်နှာဖုံးစွပ်၊ ထီး စသည်တို့ကို ကိုယ်နှင့်မကွာဆောင်ထားရန်ဖြစ်ပြီး၊ အခြေနေအရပ်ရပ်ကို သွေးအေးစွာ ရင်ဆိုင်
ကျော်ဖြတ်သွားကြရန်ဖြစ်ပါသည်။
အားလုံးပဲဘေးကင်းကြပါစေ။ မလိုလားအပ်သော အန္တရယ်များရှောင်ရှားနိုင်ကြပါစေ။
Mar 16, 2011
ဏူကလီးယားပေါင်းဖိုပေါက်ကွဲခြင်း
ဂျပန်ကလျှပ်စစ်စွမ်းအင်ထုတ် ဏူကလီးယားပေါင်းဖိုပေါက်ကွဲခြင်း
ယင်းအကြောင်းနှင့်စပ်လျှဉ်းပြီး မိမိကိုယ်တိုင်လည်းသေချာမသိသလို တီဗွီသတင်းတွေ
ကနေ ရှင်းလင်းပြတဲ့ ပညာရှင်တွေရဲ့ရှင်းလင်းချက်တွေဟာလည်း ရှည်ပြီးရှုပ်ထွေးတာ
က တစ်ကြောင်း၊ အဲသည်လိုခက်ခက်ခဲခဲဘာသာရပ်ဆိုင်ရာတွေ စကားလုံးတွေကို တလုံး
ချင်းလိုက်လံရှာဖွေလေ့လာရမှာကိုလည်းကြောက်တာမို့ သိလည်းသိချင်ရက် ခက်နေ
ခဲ့ပါတယ်။
အဲသည်လိုနဲ့အတော်ပြည့်ပြည့်စုံစုံ ကိုးကားပြီး ဖော်ပြထားတဲ့ဆိုဒ်လေး၂ခု ညွှန်းပါ
ရစေ
http://www.sannmaw.com/
http://kawnmon.blogspot.com/2011/03/blog-post_16.html#more
အားလုံးပဲ ကျန်းမာဘေးကင်းပါစေ
Mar 13, 2011
မြန်မာပြည်သို့ဖုံးအခမဲ့ဆက်ခြင်း
မကောင်းမွန်ဝင်းအပါဝင် သူငယ်ချင်း နှစ်ဦးကပြောလာပါတယ်။
အိမ်ဖုံးကတော့မဆက်ရဲပါဘူး။ ဘီလ်လာရင်ဆောင်ရမှာစိုးရိမ်လို့ပါ။
ဒါနဲ့ မြို့ထဲ Shinjukuသွားတုန်း နိုင်ငံတကာ ခေါ်ဆိုလို့ရတဲ့ အများပြည်သူသုံးဖုံးဖြင့်
မြန်မာပြည်ကို ဖုံးစမ်းခေါ်ကြည့်ရာ အခမဲ့ ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ်။
(အချို့ဖုံးများသည် ပြည်တွင်းသာခေါ်ဆိုခွင့်ပြုသော ဖုံးများလည်းရှိတတ်ပါသည်)
နံပါတ်မှာ ၀၀၃၃-၀၁၀-၉၅-ခေါ်ဆိုလိုသောဖုံးနံပါတ် နှိပ်ပြီးခေါ်ဆိုရုံပါ။
တူ တူ ဆိုတဲ့အသံကြားရင် နံပါတ်တွေ ဆက်တိုက်နှိပ်ပြီး စောင့်ပါ။
ဖုံးလိုင်းကျပ်သိပ်မှုတွေများတာမို့ အတတ်နိုင်ဆုံးဖုံးကို ချွေတာအသုံးပြုပါရန်
မေတ္တာရပ်ခံပါတယ်။
ဂျပန်အစိုးရဟာ ဂျပန်ပြည်တွင်းမှာရှိတဲ့ ပြည်သူနှင့် နေထိုင်သူအားလုံးကို
အားကုန်ရေခမ်း ငလျှင်နှင့်စပ်လျဉ်းသည့်ဘေးဒုက္ခမှသက်သာရာရရှိစေရန်
ကြိုးစားအားထုတ်ကူညီနေပါသည်။
ဂျပန်နိုင်ငံရှိကုမဏီကြီးအများစုမှာလည်း ဥပမာ ဖုံးအခမဲ့ဆက်ခွင့်ပြုခြင်း၊
အင်တာနက်အခမဲ့သုံးခွင့်ပြုခြင်း၊ အချိုရည်စက်များမှအခမဲ့အချိုရည်ထုတ်ယူနိုင်ခြင်း
အလားတူ ပံ့ပိုးကူညီမှုများစွာအား ပြည်သူအားထောက်ကူပေးလျှက်ရှိပါသည်။
ယခု 7:40pmတွင် တီဗွီမှ ဂျပန်ဝန်ကြီးချုပ်ဧ။်ရှင်းလင်းပွဲတွင်ပြောကြားမေတ္တာရပ်ခံသွား
သည်မှာ
ယခု လျှပ်စစ်ဓါတ်အားပေးအဏုမြူစွမ်းအင်သုံးစက်ရုံ၂လုံးမှာပျက်စီးသွားပြီး အခြားတလုံး
မှာလည်း ပျက်စီးရန် ဖြစ်နိုင်ခြေအလွန်မြင့်မားလျှက်ရှိတာမို့ နက်ဖြန်ကစလို့ လျှပ်စစ်မီး
အလှည့်ကျဖြတ်တောက်ခြင်းကိုပြုလုပ်သွားမှာဖြစ်တဲ့အတွက်
ပြည်သူလူထုအနေဖြင့် မလိုအပ်သော လျှပ်စစ်မီးအား အသုံးမပြုပဲ အတတ်နိုင်ဆုံး
ချွေတာပေးသွားကြရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်း ပြောကြားသွားပါသည်။
အများပြည်သူဖုံး အခမဲ့
●12, 3, 2011. 13:10pm
အများပြည်သူသုံးဖုံးတွေကနေ နိုင်ငံရပ်ခြားအခမဲ့ခေါ်ဆိုလို့ရတယ်လို့
သူငယ်ချင်းနှစ်ယောက်က သတင်းစကားပါးပါတယ်။
အများပြည်သူသုံးဖုံးမို့ ဘာပဲဖြစ်ဖြစ် ဆက်မရရင်သာရှိမယ်
နောက်မှဘေလ်အများကြီးဆောင်ဖို့ပူစရာလည်းမရှိတာမို့
စမ်းဆက်ကြည့်ချင်သူများရှိလျှင်
၀၀၃၃-၀၀၁-၉၅-ဆက်ချင်တဲ့ဖုံးနံပါတ် နဲ့ဆက်ရတယ်ဆိုပါတယ်
ဒါပေမဲ့ဒီအချိန်ဟာ အားလုံး ဖုံးတွေသုံးစွဲမှုပြည့်ကျပ်နေချိန်မို့
ဖုံး၊ ရေ၊ မီး၊ ဂတ်စ် စတာတွေကို အတတ်နိုင်ဆုံးချွေတာပြီး
မိမိလိုအပ်သလောက်သုံးစွဲပေးရင်ပဲ တခြားလူတွေအတွက်
မိမိအိတ်ထဲက ဘာမှမစိုက်ရတဲ့ ကောင်းကျိုးပြုပါလိမ့်မယ်။
အားလုံးဘေးကင်းရန်ကွာကျန်းမာအဆင်ပြေကြပါစေ။
သတင်းပေးတဲ့မကောင်းမွန်ဝင်းနဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်
ဂျပန်ငလျှင်
●12, 3, 2011. 12:15pm
သေဆုံးသူနှင့်ပျောက်ဆုံးသူအရေတွက် ၂၈၀၀ ဦးကျော်ထိရောက်ရှိ။
ဂျပန်မိုးလေ၀သသတင်းဌာနမှ ယခုဖြစ်ပွားခဲ့သော ငလျှင်သည်
Magnitude မက်ဂနီကျူဒ် ၉ အဆင့်ရှိကြောင်း ပြင်ဆင်ကြေငြာ။
အင်တာနက်အခမဲ့အသုံးပြုနိုင်ခြင်း
Softbank Mobile and Live Doorမှ အခမဲ့LANသုံးခွင့်ပြု
●12, 3, 2011. 10:50am
ငလျှင်ဒဏ်သင့်ခဲ့သောဂျပန်အရှေ့ပိုင်းဒေတွင် တယ်လီဖုံးနှင့်ဆက်သွယ်ရေးပြတ်တောက်
မှုများဖြစ်ပေါ်နေသဖြင့် Softbankနှင့်Live Doorဆက်သွယ်ရေးကုမဏီများမှအများပြည်သူ
အခမဲ့သုံး အင်တာနက် LANကွန်ယက်ကို စတင်အသုံးပြုခွင့်ပေးလိုက်သည်။
အင်တာနက်အသုံးပြုရန်ယင်းကုမဏီများနှင့်စာချူပ်မချူပ်ထားသူများလည်း အင်တာနက်
ချိတ်ဆက်နိုင်သောစနစ်ရှိသည့်ကွန်ပျူတာနှင့်လက်ကိုင်ဖုံးအသုံးပြုသည့် မည်သူမဆို
ယင်းအင်တာနက်ကွက်ယက်အားအခမဲ့ ချိတ်ဆက်အသုံးပြုနိုင်သည်။
Softbankအင်တာနက်ကွန်ယက်ကိုအသုံးပြုလျှင် 
ネットワーク名 (Network အမည်)ကို FON ဟုရိုက်ထည့်လျှင်အသုံးပြုနိုင်မည်။
Live Door အင်တာနက်ကွန်ယက် ကိုအသုံးပြုလျှင်
ログインID (Log In ID) : 01@free@lw
パスワード (Password): livedoor
ログインID
(Log In ID)  : 02@free@lw
パスワード (Password) : livedoor
ログインID (Log In ID) : 03@free@lw
パスワード (Password) : livedoor
ဂျပန်ငလျှင်နောက်ဆုံးသတင်း(၂) 13, 3, 2011
13, 3, 2011 9:45amမတိုင်မီ တီဗွီမှကြေငြာသောသတင်းများအရ
●မနက်ဖြန်၁၄ရက်နေ့မှစကာ ဂျပန်ဒေသအားလုံးတွင် ၃နာရီကြာ အလှည့်ကျ
လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်းကြေငြာ။
●သေဆုံးသူ၈၈၉ဦး၊ပျောက်ဆုံးသူ၆၃၉ဦးအပါဝင်
သေဆုံးသူနှင့်ပျောက်ဆုံးသူအရေတွက် ၁၉၀၀ဦးကျော်ရှိ။
●ဆူနာမီကြောင့် Minamisanrikuတမြို့လုံးလုံးနစ်မြုပ်သွားပြီး ၁၇၈၀၀ ဦး ရှိသော ယင်းမြို့တွင်
၇၈၀၀ဦးသာ ရှာဖွေတွေ့ရှိပြီး ၁သောင်းကျော်မှာ အဆက်သွယ်မရရှိသေး။
●ဂျပန်စာတိုက်ကြီးမှအရှေ့မြောက်ဒေသသို့ ပို့ဆောင်မှုလုပ်ငန်းလက်ခံမှုပိတ်ဆို့
●ဂျပန်ဘဏ်အများစုတနင်္ဂနွေ(ယနေ့)ဖွင့်လှစ်ကြပြီး သက်သေခံစာရွက်စာတမ်းမရှိသူ
ဘေးသင့်သူဒုက္ခသည်များအား ကာယကံရှင်လာရောက်ပါက ၁၀သောင်းထိထုတ်ပေး။
●ကယ်ဆယ်ရေးကိုစောင့်ဆိုင်းနေသော ဒုက္ခသည်အများအပြားလည်းဆက်လက်ရှိနေဆဲ။
●ရေပြတ်တောက်ခြင်း၊ မီးပြတ်တောက်ခြင်း ဖြစ်ပွားနေသော ဒေသအများအပြားရှိ။
●တရုတ်နှင့်ဂျပန်မှကယ်ဆယ်ရေးတပ်ဖွဲ့များစေလွှတ်
●အမေရိကန်ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်သဘောင်္၁၀ဆင်းကျော်စေလွှတ်
●အင်္ဂလန်မှကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၆၃ဦး စတင်ထွက်ခွာလာ။
●နိုင်ငံပေါင်း၅၆နိုင်ငံမှ ကယ်ဆယ်ရေးကူညီပေးရန်ကမ်းလှမ်းလာ
●ငလျှင်ကြောင့်မြေသားများပျော့ပြောင်းမှုရှိသဖြင့်သတိထားကြရန်။
လျှပ်စစ်ဓါတ်အားပြတ်တောက်မှုNihon KeiZai Newspapaer
●သတင်းအကျဉ်းချူပ်မှာFukushimaဒေသရှိ လျှပ်စစ်ဓါတ်အားပေး အမှတ်၁နှင့် အမှတ်၂
ဓါတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် ၁၄ရက်နေ့မှစတင်ကာ ဒေသအသီးသီးကို အလှည့်ကျ
လျှပ်စစ်မီးဖြတ်တောက်သွားမည့်အစီအစဉ်ကို စတင်ပြုလုပ်သွားမည်ဟုဆို။ နေ့စဉ်လူနေ
မှုတွင် မရှိမဖြစ် လျှပ်စစ်ဓါတ်အားမလုံလောက်မှုမှာ အတန်ကြာဖြစ်ပေါ်မည့်အလားလာရှိ။
လျှပ်စစ်ဓါတ်အားပေးနူကလီးယားဓါတ်ပေါင်းဖို
●လျှပ်စစ်ဓါတ်အားပေးနယူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲရန်စိုးရိမ်ရသဖြင့်ယင်းသို့
မပေါက်ကွဲစေရန် လိုအပ်သည့် လုပ်ဆောင်မှုများကို ဂျပန်အစိုးရနှင့်တာဝန်ရှိဝန်ထမ်းများမှ
အပတ်တကုတ် ကြိုးစားလုပ်ဆောင်နေပါသည်။
●တီဗွီသတင်းကိုသို့ ရေဒီယိုသတင်းများကို ဂရုစိုက်နားထောင်ကြပါရန်နှင့် အရေးပေါ်
အခြေနေဖြစ်ပေါ်လာပါက ကြေငြာချက်များလိုက်နာရန်ပြောကြား။
လက်တလောအခြေအနေအရ ဖြစ်ပေါ်လာပါက အပြင်မထွက်ပဲ အိမ်တွင်တံခါးများပိတ်ကာ
လုံခြုံစွာနေရန်၊ နှာခေါင်းကာအစွပ်များ ဦးထုပ်များသုံးရန် အကြံပေး။ ယခုမသုံးခိုင်းသေးပါ။
●ပေါက်ကွဲသွားသည့်ဓါတ်အားပေးပေါင်းဖို အမှတ်၁မှကီလိုမီတာ၂၀အတွင်း၊ အမှတ်၂မှ
၁၀ကီလိုမီတာအတွင်းမှ ဝေးရာသို့ပြောင်းရွှေ့ရှောင်ရှားကြပါရန် ထုတ်ပြန်ကြေငြာ။
ကယ်ဆယ်ရေးအစီစဉ်
13, 3, 2011. 5:25am NHKသတင်းအားကိုးကား၍ အကျဉ်းချူပ်ဖော်ပြသည်။
3月13日5時25分
●ငလျှင်အတွက် နိုင်ငံအသီးသီးမှကယ်ဆယ်ရေးတပ်ဖွဲ့များဘေးသင့်ဒေသသို့
၁၂ရက်နေ့တွင် ကိုရီးယားနှင့်စကာင်္ပူမှကယ်ဆယ်ရေးတပ်ဖွဲ့များဂျပန်သို့ဆိုက်ရောက်၊
၁၃ရက်နေ့မနက်ပိုင်းတွင် အမေရိကန် ကယ်ဆယ်ရေးတပ်များ ဆိုက်ရောက်မည်ဖြစ်။
ကယ်ဆယ်ရေးတပ်များသည် ဆိုက်ရောက်လျှင်ဆိုက်ရောက်ချင်းဘေးသင့်ဒေသများသို့
ဦးတည်ထွက်ခွာကာ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးစသည့် လှုပ်ရှားမှုများကို စတင်
မည်။
ဂျာမနီမှ ကယ်ဆယ်ရေးတပ်သား၄၀ခန့်နှင့်အထူးလေ့ကျင့်ရေးခွေးများသည် ၁၂ရက်
နေ့ ဂျပန်သို့ထွက်ခွာမည်။
အင်္ဂလန်မှကယ်ဆယ်ရေးနှင့်ဆေးကုသရေးနှင့်စပ်လျှဉ်းသည့်သူများ ၆၃ဦးခန့်၊
ကယ်ဆယ်ရေးခွေး၂ကောင်တို့သည် ၁၂ရက်နေ့ည ဂျပန်သို့ထွက်ခွာမည်။
ပြင်သစ်မှ ကယ်ဆယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကိုစေလွှတ်မည်ဟု ကြေငြာထားပြီး ၁၂ရက်နေ့တွင်
ဂျပန်သို့ထွက်ခွာရန်စီစဉ်ထားကြောင်း။
တရုတ်အစိုးရသည်၁၂ရက်နေ့ည ရှိသောနိုင်ငံတကာကယ်ဆယ်ရေးတပ်သား၁၀ဦးကျော်
စေလွှတ်မည်ဟုပြောကြားကြောင်း။ ၁၃ရက်မနက်တွင် ဂျပန်သို့ဆိုက်ရောက်မည်ဖြစ်။
ထိုင်းအစိုးရသည် ကယ်ဆယ်ရေးတပ်သား၂၄ယောက်နှင့်ကယ်ဆယ်ရေးခွေး၆ကောင်ကို
မြန်လျှင် ၁၃ရက်နေ့ ထွက်ခွာစေနိုင်ရန် ပြုလုပ်နေသည်။
ရုရှားဝန်ကြီးချုပ် ပူတင်သည် ငလျှင်နှင့်ပတ်သက်သည့် ၀န်ကြီးအစည်းဝေးကို ၁၂ရက်
နေ့တွင် ကျင်းပပြုလုပ်ပြီး (ရုရှားနှင့်ဂျပန်အကြားတွင် သဘောထားကွဲလွဲမှုပြဿနာများ
ရှိငြား၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ မိမိတို့သည်လည်း မိတ်ဆွေကောင်းဖြစ်
ရန်လိုကြောင်း)ဟုပြောကြားကာ နယ်မြေဒေသပိုင်ဆိုင်မှုအငြင်းပွားရေးပြဿနာများနှင့်
မဆိုင်ပဲ ကယ်ဆယ်ကူညီထောက်ပံ့ရန် စဉ်းစားနေကြောင်း ဆိုသည်။
ယင်းအပြင် ဂျပန်နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားမလုံလောက်မှုက ဆက်လက်ဖြစ်ပွား
နေပါက ယင်းအတွက်ကြိုတင်ပြင်ဆင်ကာ၊ ဂျပန်သည်လည်းပူးပေါင်းလုပ်ဆောင်နေသည့်
Sakhalinဆာခါလင်ကျွန်းမှ ဂတ်စ်နှင့် ဆာခါလင်၂မှ ဂျပန်သို့အရည်အသွင်ပြောင်းဂတ်စ်
အား ပမာဏတိုးမြှင့်ထောက်ပဲ့သွားနိုင်ရန်ပြင်ဆင်နေသည်ဟု ဆိုသည်။
(13,3,2011. 4:40am တွင် နောက်ဆုံးတည်းဖြတ်သည်)
ဂျပန်ငလျှင်နောက်ဆုံးသတင်း 13, 3, 2011
wrote in 2011, 3, 13, Sunday
ယမန်နေ့ညတွင် ၆ခရိုင်တွင် အများပြည်သူသုံးဖုံး အခမဲ့သုံးနိုင်သော သတင်းဖော်ပြခဲ့ပါတယ်
ယခုတဖန် ၂၀၁၁၊ ၃လပိုင်း ၁၁ရက် 8:54pm သတင်းအရ
Shin-Nigata, Nagano, Yamanashi, Kanagawaခရိုင်ဧ။်အရှေ့ဘက် ၁၇ဒေသအား
အများပြည်သူသုံးဖုံးအား အခမဲ့ဆက်သွယ်နိုင်သည့် အစီစဉ်စတင်လိုက်ပါသည်။
ဖုံးခွက်ကိုကောက်ကိုင်ပြီး တူ တူ ဆိုသည့်အသံကြားနိုင်သောအခြေနေဖြစ်ပါက
ယင်းအတိုင်းဖုံးခေါ်ဆိုဆက်သွယ်နိုင်ကြောင်း၊ တူ တူ အသံမကြားရလျှင် ကွိုင်(ပိုက်ဆံ)
ကို တကြိမ်ထည့်ပေးရင် အခမဲ့ဖုံးပြောကြားနိုင်မည်ဖြစ်သည်။ မူလက အရှေ့မြောက်
၆ခရိုင်သာခွင့်ပြုခဲ့ငြား၊ ညနေ၇နာရီမှစကာ ဒေသများတိုးချဲ့လိုက်သည်။
(မှတ်ချက် ဂျပန်ပြည်တွင်း၁၇ဒေသတွင်သာ အများပြည်သူသုံးဖုံး(အိမ်ဖုံးလိုင်းဖုံး၊လက်ကိုင်
ဖုံးမပါဝင်) အခမဲ့အသုံးပြုနိုင်ပါသည်)
NTT東日本、公衆電話を17都道県で無料化 
2011/3/11 20:54
NTT東日本は新潟県と長野県、山梨県、神奈川県以東の17都道県の公衆電話を無料で使える措置を実施した。受話器を取って「プープー」という音が聞こえる場合はそのまま電話をかけられる。音が聞こえない場合も一度コインを投入すれば無料で通話できる。当初は東北6県を対象としていたが、午後7時から地域を拡大した。
Mar 12, 2011
ဂျပန်ပြည်တွင်း၆ခရိုင် ဖုံးအခမဲ့ဆက်နိုင်ခြင်း
日本経済新聞・Nihon Keizai Shinbunမှသတင်းအားကိုးကားဖော်ပြပါသည်။
NTT အရှေ့၊ အရှေ့မြောက် ၆ခရိုင်ဧ။် အများပြည်သူသုံးဖုံးကို အခမဲ့အဖြစ်ပြောင်း
(အများပြည်သူဖုံးဖြင့် ဂျပန်နိုင်ငံတွင်း ၆ခရိုင်သာ)
၂၀၁၁၊ ၃လ၊ ၁၁ရက် 17:11နာရီ
NTT Higashi Nihon ဂျပန်တယ်လီဖုံးဆက်သွယ်ရေးလုပ်ငန်းသည်အရှေ့မြောက်ဒေသ
တွင် ဖြစ်ပွားခဲ့သည့် ငလျှင်ဒဏ်ခံ အရှေ့မြောက်ဧရိယာ ၆ခရိုင်ဖြစ်သော (Fukushima,
Yamagata, Iwate, Miyagi, Akita, Aomori)ဒေသအားလုံးဧ။် အများပြည်သူသုံးဖုံးများ
ကို အခမဲ့ အသုံးပြုနိုင်ရန် ခွင့်ပြုလိုက်သည်။
သာမာန်လိုင်းဖုံး(ပုဂ္ဂလိက အိမ်ဖုံး)တွင် Tokyo, Ibaragi, Tochigi, Fukushima, Yama
gata, Iwate, Miyagi ဒေသများအား ဆက်သွယ်သောဖုံးလိုင်းများ စုပြုံပြည့်ကျပ်မှုဖြင့်
ဖုံးလိုင်းချိတ်ဆက်ပေးသည့် ကွန်ပျူတာထိန်းချုပ်မှုပြုလုပ်နိုင်စွမ်းကို ကျော်လွန်သွား
သည့်အတွက် ယင်းသို့အများပြည်သူသုံးဖုံးအား အခမဲ့စနစ်ကို ကျင့်သုံးနေကြောင်း။
NTT東、東北6県の公衆電話を無料化
2011/3/11 17:11
NTT東日本は、東北地方で午後2時50分ころに発生した地震を受け、東北エリア6県(福島、山形、岩手、宮城、秋田、青森)全域の公衆電話を無料で使えるように解放した。
一般加入電話では東京・茨城・栃木・福島・山形・岩手・宮城方面への通話が集中して交換機の処理能力を超えたため、通話規制を実施中。
အားလုံးအဆင်ပြေ၊ကျန်းမာဘေးကင်းလုံခြုံကြပါစေ။
ဂတ်စ် ပြတ်တောက်သွားလျှင်
ဂျပန်တွင်ငလျှင်စတင်သည်နှင့်ဂတ်စ်များအလိုလိုပြတ်တောက်သွားလေ့ရှိပါသည်။ငလျှင်ကြောင့်အချို့နေရာများမှာမီး၊ရေ၊ဂတ်စ်ပြတ်တောက်သောနေရာများရှိပါသည်။
ငလျှင်ငြိမ်သွားသည့်အခါမီးလာသော်ငြား၊ဂတ်စ်မလာလျှင်၊လျှပ်စစ်မီးဖြတ်တောက်သည့်breakerကဲ့သို့မျိုး၊ဂတ်စ်ခလုတ်၊အများအားဖြင့်အိမ်အပြင်တံခါးအနီးတွင်ထားရှိတတ်ပါသည်။
ယင်းဂတ်စ်မိန်းခလုတ်ကိုသွားကြည့်သည့်အခါ၊အနီမီးလေးမှိတ်တုတ်မှိတ်တုတ်မြင်ရပါမယ်။
ယင်းမှာဂတ်စ်ဖြတ်တောက်ထားခြင်းသင်္ကေတဖြစ်သည်။
ယင်းမီးအနားတွင်မည်သို့လုပ်ရမည်ကိုလုပ်နည်းအဆင့်အားဂျပန်ဘာသာဖြင့်ရေးသားထားသောစာရွက်ချိတ်ထားသောအနက်ရောင်အဖုံးအုပ်ထားသောမိန်းခလုတ်ရှိသည်။
ယင်းအဖုံးဖွင့်ပြီး တချက် အဆုံးထိဖိနှိပ်လိုက်ပါ။
အဖုံးပြန်အုပ်ပြီး ၃မိနစ်စောင့်ပါ။ ၃မိနစ်ကြာလျှင် သွားပြန်ကြည့်ပါ။
မှိတ်တုတ်မီးနီလေး ငြိမ်းသွားလျှင် ဂတ်စ် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။
မရလျှင်အနက်ဖုံးအောက်မှခလုတ်တချက်နှိပ်၊၃မိနစ်စောင့်၊အစအဆုံးပြန်လုပ်ပါ။
အခမဲ့စကားပြန်ဖုံးဝန်ဆောင်မှု
ဘေးဒဏ်သင့်သူနိုင်ငံခြားသားများ အခမဲ့စကားပြန်ဝန်ဆောင်မှု 
၂၄နာရီကြာ အခမဲ့ စနစ်
ဘုရိခုစု တိုကျိုဟုအမည်ရသော ဘာသာပြန်ဝန်ဆောင်မှုလုပ်ငန်းတခုသည်
၁၁ရက်နေ့က ငလျှင်ဖြင့် ဘေးသင့်ကြသော နိုင်ငံခြားသားများအတွက်
အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာများဖြင့် စကားပြန်ပေးသော ဖုံးဝန်ဆောင်မှု
ကို ၂၄နာရီကြာဝန်ဆောင်မှုစနစ် စတင်သည်။
အကူညီလိုအပ်သော နိုင်ငံခြားသားများသည် ရပ်ကွက်ရုံး၊ ဒုက္ခသည်လက်ခံစုဝေးရာနေရာ
စသည်တို့တွင် ဂျပန်နိုင်ငံသားတာဝန်ရှိဝန်ထမ်းများဖြင့်စကားပြောဆိုရာတွင်
ဘာသာစကားအခက်ခဲရှိပါက ဖုံးဆက်လျှင် ကြားမှ ဘာသာပြန်ပြောဆိုပေးမည်ဖြစ်သည်။
မနက် ၉နာရီမှ ည ၈နာရီအထိ ယင်းဘာသာစကား၃ခုအပြင် ပေါ်တူဂီနှင့် စပိန်ဘာသာဖြင့်
လည်း ပြန်ကြားပေးမည်ဖြစ်သည်။
ဘာသာပြန်အတွက်ဖုံးနံပါတ် 050(5814)7230
ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုလျှင် 03(5366)6001
Japan Earthquake Photos 2011, March 11
အင်တာနက်မှရှာဖွေမှီငြမ်းဖော်ပြပါသည်။
နရီတာလေဆိပ်
ချိဘ Chiba ရှိ စက်ရုံတရုံ မီးလောင်နေပုံ
ငလျှင်ကြောင့်ဘေးအသင့်ဆုံးဒေသမှာ အနီရောင်ဖြစ်သည်
ဆူနာမီရေလှိုင်းများလွှမ်းကာ အကြီးကျယ်နစ်မြုပ်သည့်ဒေသတခု
ဂျပန်ရှိလူအစည်ကားဆုံးShibuyaမြို့ရှိဘတ်စ်ကားဂိတ်တစ်ခု
 စတိုးဆိုင်တခု
ဂျပန်ငလျှင် 2011 March 11
ဘေးကင်းစွာ ရှိနေပါတယ်။
စိတ်ပူပေးတဲ့ သူငယ်ချင်း မိတ်ဆွေ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်
ကျော်နှင်းဆီလွင်
ဂျပန်နိုင်ငံရှိဆွေမျိုးသားချင်းများနှင့် အဆက်သွယ်မရ၍ စိတ်ပူနေသူများရှိလျှင်
နာမည် အဖအမည် နှင့်ဖုံးနံပါတ်ကို မေးလ်ပို့ပေးပါရန်။
softbankဖုံးကုမ္မဏီသုံးသူဖြစ်လျှင် ဖုံးဖြင့်smsပို့ကာ မေးပေးပြီး 
ဝက်ဘ်ဆိုဒ်တွင် အမည်၊ အဖအမည် ဖြင့် အခြေအနေကို ဖော်ပြပေးပါမည်။
kyaw.hnin.se@gmail.com
wrote on Saturday, 12, March, 2011 / 1:30pm
http://news.livedoor.com/article/detail/5408381/
ဂျပန်နိုင်ငံတွင် အာမခံထားရှိထားပြီး ငလျှင်ကြောင့်အကြီးအကျယ်ပျက်စီးဆုံးရှုံးသွားသော
လုပ်ငန်းများ အိုးအိမ်များအတွက် ဂျပန်အာမခံလုပ်ငန်းများမှ လျှော်ကြေးပေးလျော်ရမည့်
အတွက် ယင်းအတွက် အာမခံလုပ်ငန်းများမှ ဂျပန်ယမ်းငွေများ ၀ယ်ယူသည်ဖြစ်ရာ
ဂျပန်ယမ်းငွေဈေးသည်တက်သထက်တက်မည်ဖြစ်ကြောင်းကြားသိရသည်။
wrote in 2011 March 12, 11:25
သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေ ၁၃၀၀ ကျော်သို့ရောက်ရှိ။
■死者・不明者1300人超に 
wrote on Saturday, 12, March, 2011
(1)NHKသတင်းဆိုဒ်မှ ဘာသာပြန်ချက်
http://www3.nhk.or.jp/sokuho/tsunami/TN20110312032117.html
2011年 03月 12日 03時21分更新 
၂၀၁၁ခုနှစ် ၃လ ၁၂ရက်နေ့ မနက် ၃နာရီ၂၁မိနစ် နောက်ဆုံးတည်းဖြတ်သတင်း
地震に関する情報 ငလျှင်နှင့်စပ်လျှဉ်းသည့်သတင်း
発生時刻 2011年03月11日 14時46分ごろ
ဖြစ်ပွားချိန် ၂၀၁၁ခုနှစ် ၃လ ၁၁ရက်နေ့ ၁၄နာရီ ၄၆မိနစ် ၀န်းကျင်
震源 三陸沖 ဗဟိုပြုဖြစ်ပွားရာနေရာ Sanrikuoki ဒေသ
緯度 北緯 38.1度 မြောက်လတ္တီကျူဒ် ၃၈.၁ ဒီဂရီ
経度 東経 142.9度 အရှေ့ လတ္တီကျူဒ် ၁၄၂.၉ ဒီဂရီ
マグニチュード 8.8 မက်ဂနီကျုဒ် ၈.၈
深さ 20km အနက် ၂၀ ကီလိုမီတာ
(2)
(သတင်းဌာနများမှ ထုတ်လွှင့်ချက်)
M8.8 ဖြစ်ကြောင်းသတင်းဌာနတွေမှကြေငြာသည်။
သေဆုံးသူ၄၅၆ဦးအပါအ၀င် နှင့် ပျောက်ဆုံးသူ
အားလုံးပေါင်းတစ်ထောင်ကျော်ကြောင်းခန့်မှန်းကြသည်။
သတင်းကြောငြာချက်ကြည့်နေဆဲ အလောင်းများထပ်မံတွေ့ရှိ
တိုကျိုအပေါ်ဘက်ပိုင်း ညာဘက်ရှိ Miyazaki နှင့်  Iwate ခရိုင်တွေ
ဆူနာမီလွှမ်းကာ အကြီးအကျယ်ပျက်စီးသည်။
ယခုအချိန်ငလျှင်ထပ်ဖြစ်လျှင် ငလျှင်အချက်ပြ အလန်းမ်တွေပျက်စီးသော
နေရာအများအပြားရှိသဖြင့် ပိုမိုစိုးရိမ်ရသည်ဆိုသည်။
လတ်တလော ဂျပန်နိုင်ငံအား အကူညီပေးရန် နိုင်ငံပေါင်း ၅၀ခန့်မှ
အကူညီပေးရေးကမ်းလှမ်းလာသည်ဟုဆိုသည်။
တိုကျိုစံချိန် မနက် ၉နာရီ၄၅မိနစ် - တိုကျိုလျှပ်စစ်ဓါတ်အားဌာနမှ
လျှပ်စီးမှုဖြတ်တောက်မှုပေါင်း ၁၀သိန်း၂သောင်းခန့်။
ထပ်မံ၍ မီးအားဖြတ်တောက်မှုများရှိနိုင်ကြောင်းကြေငြာသည်။
မလိုအပ်သော မီးအသုံးမပြုရန် ပြည်သူလူထုထံ မေတ္တာရပ်ခံသည်။
တိုကျိုအနီး မြန်မာများလည်း နေထိုင်လေ့ရှိသော စိုင်းတမခရိုင်တွင်
အိမ်ခြေပေါင်း ၅၄၈လုံးခန့်ပျက်စီး။
မနက်၆နာရီခန့် သူငယ်ချင်းထံမှဖုံးလာသဖြင့် ယင်းအချိန်ဝန်းကျင်ခန့်မှစကာ
မနေ့ကသုံးမရခဲ့သော လက်ကိုင်ဖုံးများအချို့တ၀က်ပြန်လည်အသုံးပြုနိုင်လာဟု
ခန့်မှန်းယူဆရ။ အချို့မှာ ယခုထိခေါ်ဆိုမရပါ။
ရထားလိုင်းအချို့ပြန်လည်ပြေးဆွဲသည်။
wrote on Friday, 11, March, 2011
ဂျပန်ငလျှင် 7.6
8ကျော်တဲ့နေရာတွေလည်းကျော်သည်
တိုကျိုမှာတော့ပြင်းပြင်းထန်၂ခါလှုပ်သည်
အိမ်က ရေခဲသေတ္တာပွင့် တ၀က်ကျော်အပြင်ထွက်ကျသည်။
ပစ္စည်းတွေစင်ပေါ်ကပြုတ်ကျသည်။
ငလျှင်ပြီးနောက် ဆူနာမီတွေကြီးလွန်းတော့
ရွာတခု ပျောက်သွားလောက်အောင်မြုပ်သည်
ဂျပန် ကယ်ဆယ်ရေးတပ်လှန့်ကောင်းတော့ သေဆုံးသူ ၄၀ကျော်မျှသာ။
တိုကျိုနှင့် ဂျပန်ပြည်တ၀က်ကျော်ပြေးဆွဲနေသော
ရထားတွေ ရပ်ဆိုင်းသွားသည်
မီးပျက်သည့်နေရာတွေပျက်သည်
မီးအကြီးကျယ်လောင်သည့်နေရာတွေလောင်သည်။
မြန်မာပြည်က ဂျပန်ရောက်နေသူ သားသည်မိဘမောင်နှမများ
အဆက်သွယ်မရရုံဖြင့် စိတ်မပူစေလိုပါ။
ဟန်းဖုံးတွေတခုနှင့်တခုအဆက်သွယ်မရသဖြင့် အဆက်သွယ်ပြတ်တောက်ရုံ
မျှသာ ဖြစ်သည်ဟုထင်သည်။ အိမ်ဖုံးလိုင်းဖုံးတော့သုံးလို့ရပါသည်။
မက်ဆေ့ခ်ျပို့ငြား ရောက်လိုက်မရောက်လိုက် ဖြစ်သည်။
မြို့လယ်ခေါင်မှာ လူတွေပိတ်မိသည်။ ကားဂိတ်မှာ လူထောင်ပေါင်းများစွာ
တန်းစီနေသည်။ အိမ်မပြန်နိုင်ပဲ နီးရာ ပြည်သူပိုင်နေရာတွေမှာ
တည်းကြသူတွေများသည်။
အားလုံးဘေးကင်းပါစေ
Jun 2, 2010
ဂျပန်နိုင်ငံ ၀န်ကြီးချုပ်အပြောင်းအလဲ သတင်း
ယနေ့ ဖတ်လိုက်ရသောသတင်းတပုဒ်ဖြစ်သည်။ သတင်းအရှည်(ဂျပန်ဘာသာမှာ)
6月2日13時49分配信 産経新聞
鳩山由紀夫首相(民主党代表)の退陣表明を受けて民主党は、後継を選ぶ党 代表選を4日に実施し、7日に国会での首相指名選挙を経て国民新党との連立政権を維持する方針だ。
ဂျပန်နိုင်ငံဝန်ကြီးချုပ်
Hatoyama Yukioဧ။် တာဝန်မှနှုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားချက်ကို the Democratic Party (Jimintoo) မှ လက်ခံရရှိလိုက်အပြီး ပါတီကိုယ်စားပြု ၀န်ကြီးချူပ်တာဝန်ကိုဆက်ခံမည့်သူအား ရွေးချယ်ခြင်းကို ၂၀၁၀ခုနှစ် ဇွန်လ ၄ရက်နေ့တွင်အကောင်ထည်ဖော်ဆောင်ပြီး၊ ၇ရက်နေ့တွင် ရွေးချယ်လိုက်သည့် ၀န်ကြီးချုပ်သစ်အမည်အား လွှတ်တော်သို့တင်သွင်းကာ၊ The People Party (New) နှင့် ညွှန့်ပေါင်းအစိုးရအဖြစ် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားမည့် လမ်းစဉ်ကိုချမှတ်လိုက်သည်။ 
Dec 27, 2009
ဂျပန်မှာ iPhoneသုံးမယ်ဆိုရင်
လွန်ခဲ့တဲ့၂ပတ်မတိုင်ခင်ခန့်က မြန်မာပြည်မှာသိကျွမ်းဖူးခဲ့တဲ့ခလေးတဦးက ဒီမှာဂျပန်စာကျောင်း
လာတက်နေတာ မမျှော်လင့်ပဲသွားဆုံမိပါတယ်။
အိုင်ဖုံးကိုထားတာမို့ကိုယ်ကအနည်းငယ်တော့စိတ်ထဲကအံ့သြမိပါတယ်။
ကျောင်းသားတွေက ငွေချွေတာကြတာမို့ ငွေကုန်တာမျိုးတွေသိပ်မလုပ်ကြတာမို့ပါ။
အဲလိုနဲ့နှစ်ယောက်သားကော်ဖီဆိုင်မှာစကားပြောရင်း အမရေ ဖုံးက ယမ်း၈ထောင်နီးပါးလတိုင်းကျတယ်
ဘာမှလဲမသုံးပဲနဲ့ ရှင်းပြပါဦးဆိုတော့။ တကယ်တော့ ကိုယ်လည်းလတိုင်း၉ထောင် တသောင်းနီးပါး
ဆောင်ရတာပါ။ အင်တာနက်စိတ်ကြိုက်သုံးserviceကိုသုံးထားတာမို့အဲဒါတင် ယမ်း၅ထောင်နီးပါး
ကျတာမို့ အထွေထူးရယ်မတွေးမိပါဘူး။
အဲဒါနဲ့ကိုယ်ကserviceက ဘာတွေသုံးထားလဲဆိုတော့သူငယ်ချင်းနဲ့သွားလုပ်တာမို့ ဂျပန်စကားလည်း
သိပ်မကျွမ်းကျင်ကြတော့ အိုင်ဖုံးလုပ်ချင်တယ် ရလား ရတယ် လုပ်မယ် ဆိုတာမျိုးဖြစ်ခဲ့ပုံပေါ်ပါတယ်။
အဲလိုနဲ့မသုံးဘူးဆိုရင် သူ့ရဲ့အင်တာနက်ဆားဗစ်စ်ကိုဖြုတ်ဖို့အကြံပေးပြီး ၂ဦးသား ဆိုင်ကိုသွားကြပါ
တယ်။
အဲဒီတော့မှကိုယ်လည်းသိပါတော့တယ်။ အိုင်ဖုံးရဲ့အခြေခံစာချုပ်စည်းမျဉ်းတွေကို။
အချက်၁
အိုင်ဖုံးသုံးမယ်ဆိုရင်အင်တာနက်(パケット)မသုံးလို့မရပါဘူး။ အင်တာနက်မသုံးရင်အိုင်ဖုံးလုပ်ခွင့်
မရှိပါဘူး။
သုံးမယ်ဆိုရင်ဆားဗစ်စ်၂မျိုးရှိပါတယ်။
တခုကသက်သာတယ်။ ယမ်း၁ထောင်ကျော်ခန့်ကျပြီး ကိုယ်သုံးတဲ့အင်တာနက် ပက်ကေ့ခ်ျက 
လစ်မစ်ပြည့်ပြီးကျော်သွားရင် ကြောက်ဖို့ကောင်းလောက်အောင် ကျသင့်ပါတယ်။ 
နောက်တခုကယမ်း5985ကျသင့်ပြီး ခုပရိုမိုးရှင်းကာလမို့ခုလုပ်ရင် ယမ်း4410ပါ။ အဲဒါကတော့
စိတ်ကြိုက်အကန့်သတ်မရှိသုံးခွင့်ပါ။ ကြိုက်သလောက်သုံးသုံးမသုံးသုံးပေါ့။
အချက်၂
ဖုံး(စက်)ဖိုးက ၂၆လအတွင်း ၂၄ကြိမ် တလကို ၂၄၀၀ယမ်း အရစ်ကျပေးရပါတယ်။
အချက်၃
ဖုံးပြောခအခြေခံလစဉ်ကြေးက ယမ်း၉၈၀ပါ။
softbankဟာ softbankဖုံးအချင်းချင်းပြောရင် ည၉နာရီမှ ည၁နာရီကြားမှလွဲလျှင်ဖုံးအခမဲ့ပြောခွင့်
serviceကိုပေးထားတာမို့ အဆင်ပြေငြား၊ အခြားကုမဏီမတူတဲ့ဖုံးဆီဆက်ရင် စက္ကန့်၃၀ကို ယမ်း
၄၀နှုန်းနဲ့တွက်တာမို့ သတိထားသင့်ကြောင်းပါ။
ဒါကြောင့်အိုင်ဖုံးသုံးမယ်ဆိုရင်ပဲအခြေခံကိုက ယမ်း၈ထောင်နီးပါးလစဉ်မပေးလို့မရပါဘူး။
ဒါဆိုအိုင်ဖုံးမသုံးပဲရပ်ပစ်ပြီးတခြားဖုံးအမျိုးစားပြောင်းသုံးမယ်ဆိုတော့စာချုပ်ပါစည်းကမ်းအရ
၆လမပြည့်မချင်းပြောင်းလို့မရပါဘူး။
၆လပြည့်ပြီးပြောင်းမယ်ဆိုရင် ဖုံးအမျိုးစားသစ်မှာအင်တာနက်အ၀သုံးမထည့်လည်းရတော့
ယမ်း၅ထောင်ခန့်သက်သာသွားမှာပါ။ သို့ငြား ဖုံးအသစ်ရဲ့စက်ဖိုးကိုလစဉ်အရစ်ကျပေးရမှာ
ဖြစ်သလို တဖက်မှာလည်းအိုင်ဖုံးရဲ့စက်ဖိုးကို သတ်မှတ်ထားတဲ့၂၄ကြိမ်ပြည့်အောင်လစဉ်
ပေးသွားရမှာဖြစ်ပါတယ်။
ဂျပန်ဟာတိုးတက်တာနှင့်အမျှဆားဗစ်စ်တွေကလည်းရှုပ်ထွေးပါတယ်။ ကိုယ်သုံးခါစကတချို့ဆားဗစ်စ်
တွေငွေယူပုံမသိလို့အိမ်ကလူကိုမေးရင်သူတောင်မသိပါဘူး။ အဲလိုနဲ့softbankမှာခဏခဏသွားသွားမေး
လိုက် လုပ်ခဲ့ပါသေးတယ်။
သိလို့သုံးတာ အကုန်ခံနိုင်လို့သုံးရင် အားပေးပါတယ်။ နောက်ဆုံးပေါ်နည်းပညာမို့ မျက်စိပွင့် နားပွင့်
စေမဲ့functionတွေအတော်များများပါတာမို့ပါ။ သို့ငြားမသိပဲသုံးလျှင်တော့ နှမြောဖို့ကောင်းတဲ့အပြင်
ကျောင်းသားဆိုတာ အစစအရာရာ ပင်ပန်းပြီးအကုန်ကျများတာမို့ကိုယ်ချင်းစာမိပါတယ်။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေ
Nov 28, 2009
ဂျပန်တွင်ကျောင်းတက်မည်ဆိုလျှင်
အရှေ့တောင်အာရှထိပ်သီးနိုင်ငံကြီးတစ်ခုဖြစ်တဲ့ဂျပန်မှာ ပညာရေးဝန်ဆောင်မှု(ကျောင်းများ)ဟာ
The gross domestic product (GDP) or gross domestic income (GDI)ုဟုခေါ်သော
နိုင်ငံရဲ့အသားတင်ပြည်တွင်းဝင်ငွေရဲ့ကိုအတော်ကြီးအထောက်ကူပြုဝင်ငွေရရှိစေသည့်လုပ်ငန်း
များပင်ဖြစ်သည်။ တနည်းဆိုလျှင် ကျောင်းသည်စီးပွားရေးလုပ်ငန်းဖြစ်ပေသည်။
ဂျပန်တွင်ကျောင်းတက်ခြင်း၊ ပညာလာရောက်သင်ကြားခြင်းသည် မြန်မာနိုင်ငံတွင်အတော်ခေတ်စား
ပါသည်။ ထို့ကြောင့် ဂျပန်တွင်ကျောင်းလာတက်မည် (သို့) ကျောင်းလာတက်ချင်သည် ဆိုလျှင်
အောက်ပါအချက်လက်များကို ဖတ်ရှုကြည့်သင့်ကြောင်း အကြံပြုပါရစေ။
ဂျပန်နိုင်ငံရဲ့ပညာရေး
ဂျပန်ဘာသာစကားဖွဲ့စည်းမှုဟာ အသံထွက်ပိုင်းဆိုင်ရာစုံလင်မှုမရှိကြောင့် နိုင်ငံရပ်ခြားအသံထွက်ဟာ
ဂျပန်လူမျိုးတွေအတွက် ခက်ခဲလှပါတယ်။ အင်္ဂလိပ်စာဟာ အက္ခရာ a မှ z အထိ၊ မြန်မာစာဟာ အခြေခံ
အက္ခရာ က မှ အ အထိ ဖွဲ့စည်းထားပါတယ်။ ဂျပန်စာဟာ အက္ခရာ အ(あ) မှ အွန်(ん)အထိသော
အက္ခရာဖြင့်ဖွဲ့စည်းထားပြီး ယင်းကို ရေးနည်း၂မျိုးဖြင့်ရေးပါတယ်။
ဟိရဂန (Hiragana) နှင့် ခတခန(Katakana)လို့ခေါ်ပါတယ်။ အသံထွက်မပြောင်းပါဘူး။
ဥပမာ အ ဟု အသံထွက်သော အက္ခရာကို
ဟိရဂန (Hiragana)ဖြင့်ရေးလျှင်    あ (စုတ်ချက်အပျော့ဖြင့်ရေးပြီး)
တဖန် ခတခန(Katakana)ဖြင့်    ア  (စုတ်ချက်အမာဖြင့် ရေးသားခြင်း)ဖြစ်ပါတယ်။
ခတခန (Katakana)ဖြင့်(စုတ်ချက်အမာဖြင့် ရေးသားခြင်း)ဟာ တိုင်းတပါးဘာသာစကားအသံထွက်နှင့်
အခေါ်ဝေါ်တွေကိုခေါ်ဆိုသောစကားလုံးများကို သီးသန့်ရေးသားခြင်းဖြစ်ပါတယ်။
ယင်းကိုကြည့်ခြင်းအားဖြင့် ဂျပန်ဘာသာစကားဟာ နိုင်ငံခြားဘာသာစကားနှင့်ပတ်သက်လျှင်
အားနည်းကြောင်းအထင်ရှားသိနိုင်ပါတယ်။ ဒါကြောင့်ဂျပန်မှာကျောင်းတက်မည်ဆိုလျှင်ဂျပန်ဘာသာဖြင့်
သင်ကြားမှုများတာကြောင့် ဂျပန်စာကို မတတ်မဖြစ် တက်ထားသင့်ကြောင်းပါ။
ဂျပန်ဘာသာစကား
JLPTဟုခေါ်သောဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲရှိပြီး အဆင့်၅ခုရှိပါတယ်။
မြန်မာပြည်မှာနှစ်စဉ်၁၂လပိုင်းပထမပတ်တနင်္ဂနွေတိုင်းစာမေးပွဲကို Maja မှတဆင့် ကြီးမှူးကျင်းပလေ့
ရှိပြီး၊ ဂျပန်မှာကတော့ ၂၀၀၉ခုနှစ်၇လပိုင်းကစလို့ ၇လပိုင်းပထမပါတ် တနင်္ဂနွေမှာပါ တကြိမ် တိုးမြှင့်
ကျင်းပပေးတာမို့ တနှစ် ၂ကြိမ်ကျင်းပလျှက်ရှိပါတယ်။
အကြံပေးလိုတာကတော့ဂျပန်မှာကျောင်းတဖက်နှင့်အချိန်ပိုင်းအလုပ်လုပ်ပြီး စရိတ်ရှာရတာမို့
ဂျပန်ရောက်မှ ဂျပန်စာလုပ်ဖို့အချိန်မရှိပါဘူး။ စာကျက်တယ်ဆိုတာ ရထားစီးတဲ့အချိန်လို့ ဆိုရအောင်
ကို အချိန်ရှားပြီး ပင်ပမ်းတဲ့ လူနေမှုဘ၀ပါ။ မြန်မာပြည်မှာတည်းက အဆင့်၂ ဖြစ်နိုင်ရင် အဆင့်၁ အောင်ထားမယ်ဆိုရင်တောင်မှ ဂျပန်ရဲ့အသံထွက် ယဉ်ကျေးမှုတွေနဲ့စိမ်းနေသေး နားမယဉ်သေးတာမို့
အသားကျဖို့ အချိန်ယူရပါတယ်။ ဒါပေမဲ့ စာရထားရင် အသားကျဖို့ အလွန်မြန်ပါတယ်။ စာမရထားလျှင်
အသားကျဖို့လည်းကြာမြင့်ပြီး စာကျက်ရတာလည်းတဖက်မို့ တကယ်မလွယ်ပါဘူး။ ဂျပန်ဟာ လမ်းမ
ပေါ်တောင်စာတွေရေးပြီး ဘာမဆိုလမ်းညွှန်စာသားတွေရှိတဲ့နိုင်ငံမို့ စာရရင် နေထိုင်ရေးလွယ်ကူပါလိမ့်
မယ်။
ကျောင်းအမျိုးအစားများ(နိုင်ငံခြားသားအများစုလျှောက်လေ့ရှိသော)
၁။ ဂျပန်ဘာသာစကားသင်တန်းကြောင်းများ (၃လ၊ ၆လ၊ တနှစ်၊ တနှစ်ခွဲ၊ ၂နှစ်ခန့်)
ဒါကတော့မြန်မာကျောင်းသားအများစုလျှောက်ထားလေ့ရှိပါတယ်။
တချို့ကျောင်းတွေက ဘယ်အဆင့်ရှိတဲ့ကျောင်းသားပဲဖြစ်ဖြစ် အစကစသင်တာမျိုးရှိသလို
တချို့ကျောင်းအများစုက အဆင့်တွေခွဲပြီးသင်ပေးပါတယ်။
စာရပြီးသားသူအတွက်အစကစသင်နေရရင် ကျောင်းလခတွေဟာ နှမြောဖို့ကောင်းပါတယ်။
ကျောင်းလျှောက်ပေးမယ့်အေဂျင်စီကိုမေးသင့်တာက
-ကြိုသွင်းပေးတဲ့ကျောင်းလခဟာ ၃လစာလား ၆လစာလား ၁နှစ်စာလား ဆိုတာပါ
-ရမယ့်ဗီဇာသက်တမ်းက ဘယ်လောက်ကြာသလဲ
-ဘယ်နေရာလည်း ဆိုတာကလည်း အရေးကြီးပါတယ်။
-ပြီးတော့နေထိုင်ရေးက အဆောင်ငှားရသလား။ ငှားခကြိုပေးရလျှင် ဘယ်နှစ်လစာလဲ။
 ရေမီးအပြီးစီးလား ဆိုတာပါ။ တိုကျိုမှာတော့ ဖက်စပ်စုနေကြတာ တဦးကိုေ၇မီးအပြီးစီးယမ်း၃သောင်းခွဲ
 ကောင်းလေပါ။ တချို့ကျောင်းသားတွေကျောင်းရောက်မှ ကျောင်းအဆောင်က မြို့စွန်မှာရှိတာမို့
 အလုပ်နဲ့အတော်ဝေးတာမို့အလုပ်ရှာရ ဒုက္ခရောက်ကြပါတယ်။ အိမ်ပြောင်းချင်ရက်ငွေတွေကြိုပေး
 ထားတာမို့  မပြောင်းနိုင်ကြဘူး။ ဒီ့အပြင် ရေမီးခသက်သက်ထပ်ပေးရတာတွေ အဆောင်ထိန်းသိမ်းခ
 ထပ်ပေးရတာတွေနဲ့ဆို တကယ်ကို မတန်ပါဘူး။
၂။ ပညာရပ်ဆိုင်ရာ ကျောင်းများ (အသက်မွေးဝမ်းကျောင်းပညာသင်ကြားမှု) (၂နှစ်မှ၃နှစ်ခန့်)
.   (Professional Training College) လျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်
ကိုက်ညီရပါမည်။ အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး ဂျပန်ဘာသာအရည်ချင်း ၁ သို့ ၂ အဆင့်
အောင်မြင်ထားရပါမည်။
(a)  ကျောင်းပညာသင်နှစ်၁၂နှစ်ရှိထားသူဖြစ်ရပါမည်။
(b) ကျောင်းပညာသင်နှစ် ၁၀နှစ် သို့ ၁၁နှစ်သာရှိလျှင် ဂျပန်အစိုးရအသိမှတ်ပြု ပညာရေး၊ ယဉ်ကျေးမှု၊
.    အားကစား၊ သိပံနှင့်နည်းပညာဆိုင်ရာ ဘွဲ့ကြိုသင်တန်းတခုခုတက်ရောက်ပြီးသူ။
(c) ယင်းအဆင့်ဖြင့်ညီမျှသည်ဟုအသိမှတ်ပြုခံထားရသည့်ကျောင်းတက်ရောက်ထားသူ။
(d) ဂျပန်ရှိလျှောက်ထားသောကျောင်းမှသတ်မှတ်ထားသည့်သို့စစ်ဆေးသည့်အရည်ချင်းများဖြင့်
.    ကိုက်ညီကြောင်းအသိမှတ်ပြုခံရသူ။
၃။ ကောလိပ်များ (၂နှစ်မှ၃နှစ်ခန့်)
၎။ တက္ကသိုလ်များ (၄နှစ်မှ ၆နှစ်ခန့်)
ကောလိပ်နှင့်တက္ကသိုလ်များလျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်ကိုက်ညီရပါမည်။
အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး ဂျပန်ဘာသာအရည်ချင်း ၁ သို့ ၂ အဆင့်အောင်မြင်ထားရပါမည်။
(a)  ကျောင်းပညာသင်နှစ်၁၂နှစ်ရှိထားသူဖြစ်ရပါမည်။
(b) ကျောင်းပညာသင်နှစ် ၁၀နှစ် သို့ ၁၁နှစ်သာရှိလျှင် ဂျပန်အစိုးရအသိမှတ်ပြု တက္ကသိုလ်၊ ကောလိပ်
.    အကြိုသင်တန်းကို တက်ရောက်အောင်မြင်ပြီးသူဖြစ်ရပါမည်။
(c) ဂျပန်မှာကျင့်သုံးသော Certificate for Students Achieving the Proficiency Level of Upper  
.     Secondary School Gratuates အရည်ချင်းဖြင့်ညီမျှသည်ကို မိမိမူရင်းနိုင်ငံတွင်အောင်မြင်ပြီးသူ။
(d) ဂျပန်ရှိလျှောက်ထားသောကျောင်းမှသတ်မှတ်ထားသည့်သို့စစ်ဆေးသည့်အရည်ချင်းများဖြင့်
.    ကိုက်ညီကြောင်းအသိမှတ်ပြုခံရသူ။
၅။ ဘွဲ့လွန်တက္ကသိုလ်များ
ဘွဲ့လွန်တက္ကသိုလ်များလျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်ကိုက်ညီရပါမည်။
(a) တက္ကသိုလ်၎နှစ်တက်ရောက်ဘွဲ့ရရှိပြီးသူ သို့ ယင်းအရည်ချင်းဖြင့်ညီမျှသူ
(b) ကျောင်းပညာရေး ၁၆ နှစ်တက်ရောက်ထားသူ
(c) ကျောင်းပညာရေး ၁၅နှစ်တက်ရောက်ထားပြီး အမှတ်ရရှိမှုနှင့်ပညာရည်ထူးချွန်သူ
(d) တက္ကသိုလ်အဆင့်ဖြင့်ညီမျှသော ပညာအရည်ချင်းရှိသည်ဟုအသိမှတ်ပြုခံထားရပြီး အသက်
.   ၂၂နှစ်ပြည့်ပြီးသူ။
၆။ သုတေသနဆိုင်ရာ တက္ကသိုလ်များ
ဒါကတော့ကာလတိုဖြစ်ပါတယ်။ ဘွဲ့ရရှိမှာမဟုတ်ပဲ ယင်းသို့သုတေသနပြုလုပ်ခွင့် ကာလတိုအတန်း
တက်ရောက်ရန် ဦးစွာကျောင်းကိုလျှောက်ထားရပါမယ်။ ဗီဇာအမျိုးစားအနေဖြင့် ကောလိပ်အနေဖြင့်
ခွင့်ပြုပြီး တပတ်မှာ ၁၀နာရီခန့်အတန်းတက်ရမယ်လို့ဆိုပါတယ်။
အချိန်ပိုင်းအလုပ်များ
သတ်မှတ်ထားသည်က တရက်၎နာရီနှုန်းပါ။ တကယ်ယင်းနှုန်းထားဖြင့်လုပ်လျှင်မကိုက်ပေ။ ယခင်က
တော့ အချိန်ပိုတွေအများကြီးကျုံးလုပ်လည်းပြသနာမရှိ။ ယခုတော့အလုပ်အများစုက ကျောင်းသားဆို
လျှင် ၄နာရီထက်ပိုပေးမလုပ်သော ဆိုင်တွေတအားများလာသည်။ ထို့ကြောင့်ကျောင်းသားများက ၂ဆိုင်
၃ဆိုင် ခွဲလုပ်ကြပေသည်။ ဆိုင်တွေကဘာကြောင့်ပေးမလုပ်သလဲ ဆိုတော့ ဂျပန်ဧ။်အခွန်ထမ်းစနစ်က
အလွန်ကောင်းပေသည်။ လစာပေးစနစ်က ဘဏ်အတွင်းသို့ လစာထုတ်ရက်တွင်တိုက်ရိုက်သွင်းပေး
ပေသည်။ ယင်းလစာတွင် အခွန်နှုတ်ပြီးဖြစ်သည်။ ထို့ကြောင့်ဆိုင်အနေဖြင့်လည်း ၄နာရီထက်ပိုခန့်
ပါက အခွန်ရုံးက သိသဖြင့် မလုပ်နိုင်ပေ။ အခွန်ရုံးအနေဖြင့်လည်း ဘယ်သူက ဘယ်လောက်ထိ
အလုပ်လုပ်ပြီး ၀င်ငွေဘယ်လောက်ဝင်သည်ကို အလွယ်တကူ သိရှိနေပေသည်။ အလုပ်ချိန်သို့ဝင်ငွေ
အလွန်များနေလျှင် ဆိုင်သို့ အခွန်ရုံးမှအကြောင်းကြားတတ်ပေသည်။ သို့ဆိုလျှင်ဆိုင်ခွဲလုပ်ကာ ၀င်ငွေ
များလျှင်ကော မသိဘူးလားဟုမေးစရာရှိသည်။ သိပါသည်။ သို့ငြားကျောင်းသားဖြစ်ပါက ကျောင်းသို့
အကြောင်းကြားမည်ဟု ထင်ပါသည်။ သို့သော ကျောင်းသားက ကျောင်းတက်မှန်လျှင် ကျောင်းတွေက
နှုတ်ဆိတ်နေတတ်သည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေကြသောကြောင့်ပင်။
ဘယ်လိုအလုပ်တွေလဲဆိုလျှင်စကားပြောနိုင်လျှင်စားပွဲထိုးလိုအလုပ်မျိုး၊ စကားမရလျှင် ပန်းကန်ဆေး၊
မီးဖိုချောင်အကူအချက်ပြုတ် ဆိုတာက ၉၀ရာခိုင်နှုန်းဖြစ်သည်။ စားပွဲထိုးလုပ်ရလျှင် သက်သာသည်ဟု
လျှော့တွက်ပါကမှားပေမည်။ ၀န်ထမ်းတိုင်းသည် ဆိုင်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေး၊အမှိုက်ပစ်ခြင်း
စသည့် ဆိုင်ဧ။်အထွေထွေအောက်ခြေသိမ်းလုပ်ငန်းအစုံကို သူ့တာဝန်ဖြင့်သူ အလှည့်ကျလုပ်ရသည်။
အရက်နှင့်စားသောက်ဆိုင်(ဂျပန်အခေါ်Izakaya)နှင့်ခေါက်ဆွဲဆိုင်စသည့်အစားစာဆိုင်တွေမှာလုပ်လျှင်
ထမင်းတနပ်ကျွေးသည်။ အလုပ်ကအချိန်ပိုင်းအလုပ်ဖြစ်တာမို့တနာရီလုပ်ခဘယ်လောက်ဆိုတာအပြင်
လမ်းစရိတ်(ရထားခအသွားပြန်)ပေးတာထုံးစံဖြစ်သည်။ မပေးသောဆိုင်များလည်းရှိပါသည်။ ဟိုတယ်
တွင် Maidဟုခေါ်သောအခန်းရှင်းလင်းရေးလည်းလုပ်ကြသူများသည်။ Business နှင့် Love ဟိုတယ်ဟူ
သော ၂မျိုးရှိပြီး Loveဟိုတယ်များကညစ်ပတ်တာမို့ လုပ်သူသိပ်မရှိပါ။ ကွန်ဗီနီ ဟုခေါ်သော၂၄နာရီ
စတိုးတွေမှာလည်းကျောင်းသားအများစုလုပ်ကြသည်။ သက်သာကာသန့်လည်းသန့်ပါသည်။ သို့ငြား
ထမင်းမကျွေးပေ။
ကျောင်းပြီးသည့်နောက်အလုပ်အခြေနေ
ဂျပန်ဘာသာကျောင်းတက်သူများအတွက်ကတော့ကျောင်းပြီးလျှင် အလုပ်မရနိုင်ပါ။ အများစုလုပ်နေ
ကြသည်မှာ တဆင့်ပိုမြင့်သော အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်း သို့ ကောလိပ် သို့
တက္ကသိုလ်များသို့ ကျောင်းဝင်ခြင်းဖြစ်သည်။ ယင်းသို့ဖြင့် ဗီဇာသက်တမ်းကိုဆွဲချဲ့ကြပေသည်။
ကျောင်းလျှောက်ခြင်းကပူစရာမလိုပေ။ ဂျပန်ဘာသာကျောင်းမှအားလုံးစီစဉ်ဆောင်ရွက်လျှောက်ထား
ပေးသောကြောင့်ဖြစ်ပေသည်။
အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်း သို့ ကောလိပ် သို့တက္ကသိုလ်များတွင် ဘွဲ့ရပါက
ဂျပန်စာနှင့်အတတ်ပညာကိုအမှန်တကယ်တတ်မြောက်သူဖြစ်လျှင်အလုပ်လျှောက်ပြီး အလုပ်ဗီဇာဖြင့်
ဆက်နေနိုင်ပေသည်။ အင်္ဂလိပ်စာပါကျွမ်းကျင်လျှင် အလုပ်ရရန်အခွင့်လမ်းပိုပေမည်။
လတ်တလောဂျပန်အခြေအနေ
၂၀၀၉ခုနှစ်မှာ ဂျပန်ဟာ နိုင်ငံခြားသားပညာသင်ကျောင်းသားအတော်များများကို ဗီဇာအလွယ်တကူ
ချပေးခဲ့ပါတယ်။ဒါ့အပြင် မြန်မာကိုအတော်မျက်နှာသာပေးတယ်လို့ဆိုရမှာပါပဲ။မြန်မာပြည်မှာကျင်းပတဲ့
ဂျပန်စကားပြောပြိုင်ပွဲမှာဆုရရှိသူကို ဂျပန်ကို ၁လခွဲကြာ လေ့လာရေးခရီးပို့ဆောင်ပေးပါတယ်။
တိုကျိုအနီးတ၀ိုက်ကိုရောက်လာတဲ့ကျောင်းသားတွေမနည်းပါဘူး။ အလုပ်ရှားနေပါတယ်။
တခြားဒေသတွေကတော့သိပ်မသိပါဘူး။ ပိုဆိုးမယ်လို့တော့ထင်ပါတယ်။ ဒါကြောင့်ကျောင်းလာတက်
မယ်ဆိုလျှင် ဂျပန်ဘာသာစကားမကျွမ်းကျင်ရင် ရောက်လာတဲ့အခါ အလုပ်ရဖို့ခက်ပါလိမ့်မယ်။
ဒီမှာက ၁လဆိုလျှင်ဆိုသလောက် အနည်းဆုံးနေစရိတ် ၃သောင်းခွဲကုန်မှာမို့ အလုပ်မရှိတာ အတော်
ရင်ပူဖွယ်ပါ။
ပုဂ္ဂိုလ်ရေးသတင်း
ကျောင်းလာတက်သူ အသိတဦးရဲ့အဆောင်က ၁လ ၃သောင်းခွဲ၊ အဆောင်ကြီးကြပ်ခ
တလတသောင်း၊ ရေမီးသက်သက်ပေးရပြီး ယခုလ ရေဖိုး ၅သောင်းကျော် နှင့်မီးဖိုး၂သောင်းကျော်ကို
ကျောင်းသား၁၁ယောက်ခွဲဆောင်ရမှာမို့ငြီးညူနေပါတယ်။
မြန်မာပြည်မှာကွန်ပျူတာတက္ကသိုလ်ကဘွဲ့ရပြီးမာစတာတက်ခွင့်ရတဲ့ညီမ၀မ်းကွဲလေးကဂျပန်မှာကျောင်း
လာတက်ဖို့ ဂျီတော့ခ်ကနေတိုင်ပင်ပါတယ်။ မိဘတွေကကြွယ်ဝတာမို့ ခုထွက်ချင်ချက်ချင်းထွက်နိုင်တဲ့
ငွေကြေးရော ပညာပါ ပြည့်စုံတဲ့ခလေးပါ။ သို့ငြား ချက်ချင်းလာဖို့ကိုယ်အားမပေးပါ။ အင်္ဂလိပ်စာနှင့်
ဂျပန်စာကို အနည်းဆုံးအဆင့်၂အောင်အောင်လုပ်ဖို့အကြံပေးလိုက်တာမို့ ခုဆိုရင်ဒီခလေး သင်တန်း
တွေ စအပ်နေပါသတဲ့။
ဂျပန်နိုင်ငံပညာသင်ကျောင်းသားရေးရာဝန်ဆောင်မှုအဖွဲ့စည်းJassoမှာအသေးစိတ်ဝင်ရောက်ကြည့်ရှု
လေ့လာနိုင်ကြောင်းပါ။
ဒီမှာကတော့ကျောင်းတက်မည်ဆိုလျှင်မိမိသိလိုသောခေါင်းစဉ်ကိုရွေးချယ်ပြီးအသေးစိတ်စုံလင်စွာ
ဖတ်ရှုနိုင်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
အလည်လာသူများ
free counters
Total Pageviews