♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဥပဒေရေးရာ. Show all posts
Showing posts with label ဥပဒေရေးရာ. Show all posts

May 27, 2012

နိုင်ငံခြားသားမှတ်ပုံတင်ကဒ် ဥပဒေသစ်

ဂျပန်နိုင်ငံရဲ့ ပြင်ဆင်အတည်ပြုလိုက်တဲ့ဥပဒေသစ်အရ ယခင် နိုင်ငံခြားသားမှတ်ပုံတင်(外国人
登録カード)ထုတ်ပေးသောစနစ်ကို ဖျက်သိမ်းပြီး၊ ယင်းအစား ယာယီနေထိုင်ခွင့် (仮住民表) စနစ်ကိုပြောင်းလဲကျင့်သုံးမှာဖြစ်ပါတယ်။ 2012ခုနှစ်7လပိုင်း9ရက်မှစတင် အတည်ပြုကျင့်သုံး
မှာဖြစ်ပြီး၊ နိုင်ငံခြားသားမှတ်ပုံတင်(外国人登録カード )ကဒ်ပြားဟောင်းများအားဖျက်သိမ်းပြီး၊
ယင်းအစား 在留カードလို့ခေါ်သော နေထိုင်ကဒ်များ ပြောင်းလဲထုတ်ပေးမည်ဖြစ်သည်။

ထို့ကြောင့် ကျမဆီလည်း ရပ်ကွက်ရုံးမှစာ၂စောင်ရှေ့ဆင့်နောက်ဆင့်ရောက်လာပါတယ်။ ဥပ
ဒေသစ်ကို အကြောင်းကြားစာနှင့် အခြားတစောင်မှာမူ မဖတ်မဖြစ်ဖတ်ရန် အရေးကြီးကြောင်း
ရေးသားဖော်ပြထားပါတယ်။ ယင်းစာတွင်ဖော်ပြပါအကြောင်းအရာမှာမူကား 2012ခုနှစ်၅လပိုင်း
မှစတင်၍ ကဒ်ပြားသစ်များစတင်ပြုလုပ်မည်ဖြစ်ပြီး ယင်းကဒ်ပြားတွင်ဖော်ပြရေးသားထည့်သွင်း
မည့် အချက်လက်များ မှားယွင်းမှုမရှိစေရန် ကျမရဲ့အိမ်ထောင်စုစာရင်းနှင့်ယာယီနေထိုင်သော
ကဒ်တွင်ရေးသားမည့်အချက်လက်များကို ပူးတွဲပေးပို့လာပါတယ်။ အမှားရှိလျှင် ရပ်ကွက်ရုံးသို့
2012ခုနှစ်7လပိုင်6းရက်နေ့မတိုင်ခင်အကြောင်းကြားရန် ဖော်ပြထားပါတယ်။

ကျောင်းသား၊ကျောင်းသူ၊ မြန်မာလူမျိုးအချင်းချင်းလက်ထပ်ထားသူဖြစ်လျှင် ထိုသူ၏ကိုယ်ရေး
အချက်လက်များဖော်ပြထားသော စာရွက်တရွက်ပူးတွဲပေးပို့မှာဖြစ်ပြီး၊ ဂျပန်နိုင်ငံသားနှင့်လက်
ထပ်ထားသူဖြစ်လျှင် အိမ်ထောင်စုစာရင်းတရွက်ပါ ပူးတွဲပါရှိမှာဖြစ်ပါတယ်။ တခုသတိထားရမှာ
ကတော့ အိမ်ပြောင်းရွှေ့နေထိုင်ထားပြီး လိပ်စာမပြောင်းရသေးသူများရှိလျှင် သွားပြောင်းထား
ဖို့အကြံပေးပါတယ်ရှင်။ ပို့လိုက်တဲ့ကဒ်ဟာ မိမိတရားဝင်မှတ်ပုံတင်ထားတဲ့လိပ်စာကိုပေးပို့
မှာဖြစ်ပြီး ကဒ်ပြားဟောင်းဟာလည်း ၇လပိုင်း၉ရက်နေ့မှစတင်ကာ အသက်မ၀င်တော့မှာဖြစ်
လို့ပါ။

စနစ်သစ်ရဲ့ ထူးခြားသောအချက်တွေကတော့
(ဗီဇာ၃လနှင့်အထက်ရှိသောသူများအတွက်သာအကျုံးဝင်ပါတယ်။)

(၁)在留カード(zai ryuu kaa do)လို့ခေါ်သော နေထိုင်ခြင်းကဒ်ပြားတွေထုတ်ပေးမှာဖြစ်ပြီး၊
ယင်းကဒ်ဧ၊၊်သက်တမ်းမှာ
(က)ဗီဇာဖြင့်နေထိုင်သူဖြစ်လျှင်
      (၁) အသက်၁၆နှစ်ပြည့်ပြီးသူသည် ဗီဇာသက်တမ်းကုန်ဆုံးသည်အထိ၊
      (၂)အသက်၁၆နှစ်မပြည့်သေးသူသည် ဗီဇာသက်တမ်းကုန်ဆုံးသည့်အချိန် (သို့)
          အသက်၁၆နှစ်ပြည့်သည့်အချိန် ယင်းနှစ်ခုအနက် ပိုစောသော သက်တမ်းအထိ
(ခ)အမြဲတမ်းနေထိုင်ခွင့်ရထားသူဖြစ်လျှင်
      (၁)အသက်၁၆နှစ်ပြည့်ပြီးသူသည် (၇)နှစ်ပြည့်သည်အထိ
      (၂)အသက်၁၆နှစ်မပြည့်သေးသူသည်  အသက်၁၆နှစ်ပြည့်သည်အထိ

(၂) ဗီဇာသက်တမ်းအနေဖြင့် ယခင်အကြာရှည်ဆုံး၃နှစ်ဖြစ်ခဲ့ငြား၊ ၅နှစ်တာကာလထိတိုးမြှင့်
ပေးမှာဖြစ်ပါတယ်။

(၃)Re-entry Visa စနစ်ကပြောင်းလဲသွားမှာဖြစ်ပြီး၊ ဗီဇာသက်တမ်းနှင့်ပတ်စ်ပို့သက်တမ်းရှိ
နေလျှင် ဂျပန်နိုင်ငံမှာ ထွက်သွားပြီး တနှစ်အတွင်းပြန်ဝင်လာလျှင် အ၀င်အထွက်ခွင့်ပြုချက်
Re-entry Permitထပ်လျှောက်စရာမလိုတော့ပါဘူး။ သို့ငြား တနှစ်ကျော်ခဲ့လျှင် ကဒ်ပြား
ဟာ အသက်မဲ့သွားပြီး ဗီဇာကိုအစကနေပြန်လျှောက်ရပါမယ်။

(၄)နိုင်ငံခြားသားတွေလက်ရှိကိုင်ဆောင်အသုံးပြုနေတဲ့နိုင်ငံခြားသားကဒ်တွေကိုဖျက်သိမ်း
ပါမယ်။

(၅)仮住民票(kari juumin hyoo)ဟုခေါ်သော ယာယီနေထိုင်မှုစာရင်း(ဇယား)ပုံစံဖြင့်
ပြောင်းလဲအုပ်ချုပ်သွားမည်ဖြစ်သည်။

(၆)ယင်းသို့ပြောင်းလဲလိုက်သည့်အတွက် ယခင်က ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထားသော်
လည်း အိမ်ထောင်စုစာရင်းတွင်သာရှိပြီး နေထိုင်မှုစာရင်းပုံစံမှာ သီးသန့်သာရှိခဲ့သည့် စနစ်
သည် ပြောင်းကာ၊ မိသားစုဝင်တိုင်း နိုင်ငံသား၊ နိုင်ငံခြားသားအားလုံး တစုတည်း နေထိုင်မှု
စာရင်းတွင် ထည့်သွင်းပါရှိမည်ဖြစ်သည်။

(၇)ယင်းအပြင် နိုင်ငံခြားသား အမျိုးသား (သို့)အမျိုးသမီးဖြင့်လက်ထပ်ထားသူသည် ယင်း
နိုင်ငံခြားသားကိုအိမ်ထောင်ဦးစီးအဖြစ်သတ်မှတ်ပိုင်ခွင့်၊ဖော်ပြပိုင်ခွင့်ရှိလာမည် အစရှိသည့်
အချက်များကိုအခြေခံပါသည်။

ဂျပန်နိုင်ငံတွင်ရောက်ရှိနေထိုင်သော မြန်မာများအနေဖြင့်ကတော့ လိပ်စာ၊ ဗီဇာအမျိုးစား
ပြောင်းခဲ့သည်ရှိသော် ယင်းကိုရပ်ကွက်ရုံးသို့သွားရောက်အကြောင်းကြားထားရန်၊ရပ်ကွက်
ရုံးမှ ပို့လာသော စာများကို သေချာဖတ်ရှုရန်၊ ညွှန်ကြားထားသည့်အတိုင်းပြုလုပ်ရန်လိုအပ်
ကြောင်း အကြံပေးပါရစေရှင်။

အားလုံးပဲ အဆင်ပြေပါစေ။


Feb 19, 2012

မြန်မာသံရုံး

ကျမရုံးအစည်းဝေးတခုအတွက် နိုင်ငံခြားရက်တိုခရီးထွက်ဖို့ဖြစ်လာတော့ပတ်စပို့ကို
ကြည့်မိတဲ့အခါ ၃လပိုင်းလောက်မှာ သက်တမ်းကုန်မှာမို့ သက်တမ်းမတိုးခင် မြန်မာ
သံရုံး ဂျပန် လို့ရိုက်ပြီးရှာကြည့်တော့ ဘာမှသိပ်မတွေ့ရပါဘူး။ ကျမအတွေ့ကြုံလေး
တွေ ဝေမျှလိုက်ပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးအကြောင်းပါရေးသားပါမယ်ရှင်။

(မသိသူများအတွက် ရည်ရွယ်ရေးသားပါသည်။)

မြန်မာသံရုံးသွားနည်း
JR Yamanote လိုင်းကိုစီးပြီး Shinagawa ဘူတာမှာဆင်းပါတယ်။
အလယ်မိန်းထွက်ပေါက် 中央口ကိုထွက်ပြီး၊ ဘယ်ဘက်ချိုးကာ လှေခါးကိုဆင်းပါမယ်။
လှေခါးအောက်ရောက်တဲ့အခါ ဘယ်ဘယ်ကမီးပွိုင့်ထိပ်ကနေကားလမ်းကူးပြီးတာနဲ့
ဘယ်ဘက်ကိုချိုးသွားပြီး ယင်းကတ္တရာလမ်းကြယ်ကြီးအတိုင်း တည့်တည့်လျှောက်ပါ
မယ်။ လမ်းက ညဘက်ကိုကွေ့ကွေ့ဝိုက်ဝိုက်ကလေးပါ။ ယင်းလမ်းကိုလျှောက်လာရင်း
မီးပွိုင့်တခုထိပ်မှာ ရဲကင်းကလေးတွေ့ပါမယ်။ တွေ့လျှင် ယင်းမီးပွိုင့်ရဲ့ ဘယ်ဘက်ကို
( ခုနကမိမိတောက်လျှောက်လာခဲ့တဲ့ လမ်းရဲ့ဘယ်ဘက်ကိုဆိုလိုတာပါ)လမ်းကူးလျှင်
လမ်းသွယ်လေးတခုထိပ်ရောက်မှာဖြစ်ပြီး၊ ယင်းလမ်းသွယ်အတိုင်းဝင်ပြီးတည့်တည့်
လျှောက်ခါလမ်းဆုံးလျှင် မြန်မာသံရုံးတံခါးကြီးဆီးတွေ့ရမှာဖြစ်ပါတယ်။


သံရုံးမှာ မြန်မာအချို့ရှိတဲ့နေ့ဆိုအဆင်ပြေပါတယ်။ များသောအားဖြင့်ဘာနိုင်ငံသားမှန်း
မသိတဲ့ မြန်မာနိုင်ငံသားမဟုတ်သူ ကုလားစင်အမျိုးသားတဦးရှိနေတာတွေ့ရပါတယ်။
ဂျပန်လိုပြောပါဆိုလို့ပြောကြည့်တော့လည်း ထမင်းစားရေသောက်ထက်မပိုတာမို့
ကျမလည်း  ဂျပန်စာကိုဂျပန်လိုပြန်ရှင်းရင်းချာလည်ရမ်းသွားပါတယ်။ ဆက်ဆံရေးအလွန်
ညံ့ပါတယ်။ မြန်မာပြည်သူတွေထမ်းတဲ့အခွန်ကရတဲ့လစာဖြင့် ထမင်းစားနေပြီး မြန်မာ
ပြည်သူတွေအပေါ် မောက်မောက်မာမာဆက်ဆံသော ယင်းနိုင်ငံခြားသားတံခါးမှူးအား
ကြည့်ကာ အလွန်အံ့သြရပါတယ်။

ရုံးချိန်
သံရုံးဟာ ၉နာရီမှညနေ၃နာရီထိပဲဖွင့်ပါတယ်။
လစဉ်ပထမပတ်တနင်္ဂနွေမှာ ၉နာရီမှ ၁၃နာရီထိ ဖွင့်လေ့ရှိပါတယ်။ ပိတ်ရက်တွေကို
သံရုံးဝက်ဆိုဒ်မှာသွားကြည့်တာအကောင်းဆုံးပါ။

လျှောက်လွှာ
ဖြစ်နိုင်ရင်သံရုံးဝက်ဆိုဒ်ဒီနေရာကနေ လျှောက်မဲ့အကြောင်းရာကိုရွေးချယ်ကာ ယင်းအ
တွက် လျှောက်လွှာတွေ ပရင့်ထုတ်ပြီး ဖြည့်ပြီး သွားတင်တာ အမြန်ဆုံးဖြစ်ပါလိမ့်မယ်။
အိမ်မှာပရင်တာမရှိလျှင် ကွန်ဗီနီစတိုးတွေမှာပရင့်ထုတ်လို့ရတဲ့စနစ်နဲ့ထုတ်နိုင်ပါတယ်။
အဲလိုမှမဟုတ်ရင် လူ၂ဦးသာရှိပြီး၊ တဦးကသာ တက်လိုက်ဆင်းလိုက် ဖောင်လက်ခံ၊မေး
မြန်းချက်ဖြေကြားစတာတွေလုပ်တာမို့ တဦးတဦးအတော်ကြာပါတယ်။ စကားတခါပြော
ခွင့် မေးခွင့်ရဖို့တောင် အတော်စောင့်ရပါတယ်။

ငွေသွင်းခြင်း
အခွန်ငွေလက်ကျန်တွေကတော့ တိုက်ရိုက်ဆောင်လို့ရတာတွေများတာမို့အဆင်ပြေပါ
တယ်။ ဘဏ်မှာငွေသွင်းရတာမျိုးရှိသူတွေအတွက် ငွေလွှဲနိုင်မယ့်ဘဏ်ကိုလမ်းညွှန်လိုပါ
တယ်။ မြန်မာသံရုံးကို ရိုးရိုး ATMကဲ့သို့လူမရှိသော ငွေထုတ်စက်တွေကနေငွေလွှဲလို့
မရပါဘူး။ ကျမအတွေ့ကြုံပြောရလျှင် ကျမလွှဲတဲ့အခါမရတော့ ဖုံးဆက်မေးမြန်းကြည့်
တဲ့အခါ သံရုံးမှ ဘဏ်မှတိုက်ရိုက်လွှဲသောစနစ်သာ စာရင်းဖွင့်ထားပြီး၊ ATMစက်တွေ
ကနေငွေလွှဲလက်ခံစနစ်ကို စာရင်းမဖွင့်ထားကြောင်းပါ။ သည်လောက်လွယ်ကူအဆင်
ပြေတဲ့စနစ်ကိုဘာကြောင့်မသုံးတာလဲလို့ အားမလိုအားမရဖြစ်မိပါတယ်။ ဆိုရလျှင်
ယင်းဘူတာ Center Exitကိုထွက်ပြီး ညာဘက်ချိုးကာ တီဗွီတွေတန်းစီချိတ်ထားတဲ့
လမ်းကိုလျှောက်၊ အဆုံးမှာ အောက်ဆင်းတဲ့လှေခါးထိပ်ရောက်ပါမယ်။ မဆင်းပါဘူး။
အဲသည့်အပေါ်စင်္ကြ့အတိုင်းညာဘက်ချိုးကာအဆောက်ဦးကြီးမျက်နှာစာလမ်းအတိုင်း
လျှောက်သွားလျှင် ညာဘက်မှာ SMBCဘဏ်ရုံးခွဲရှိပြီး စနေနေ့ထိ ဖွင့်ပါတယ်။

နိုင်ငံခြားသားနှင့်လက်ထပ်ထားသူများ
 ကျမကတော့ နိုင်ငံခြားသားနှင့်လက်ထပ်ထားသူမို့ မျှဝေရလျှင်
၂၀၁၂ ဇန်န၀ါရီနောက်ပိုင်းမှာလက်ထပ်သူဖြစ်လျှင် အခွန်ဆောင်စရာမလိုတော့ပါဘူး။
ယင်းရှေ့မှာလက်ထပ်ထားလျှင်၂၀၁၂ဇန်န၀ါရီအထိအကျုံးဝင်တဲ့ ၁၈လစာအခွန်၊တလ
တသောင်းနှုန်းဖြင့်၁၈လစာဆောင်ရပါတယ်။ ယင်းနောက် အိမ်ထောင်ကွဲကာတိုင်းပြည်
ပြန်ခြင်း၊ အပြီးပြန်ခြင်း၊ ဂျပန်နိုင်ငံသားခံယူခြင်းတွေလုပ်လျှင် ပြန်အမ်းမည်ဟုဆိုသော
လေယာဉ်စရိတ် ယမ်း၁၂သောင်းခွဲဘဏ်သို့သွင်းပေးရပါတယ်။ ဒါကြောင့်အပြန်လေ
ယာဉ်စရိတ်သွင်းစရာမရှိသူများ နိုင်ငံခြားသားနှင့်မင်္ဂလာဆောင်လိုလျှင်အောင့်ထားကြ
ပါ။ ငွေအရင်စုပြီးမှဆောင်သင့်ပါတယ်။ စလာကတည်းကမှီခိုသူဗီဇာနှင့်လာသူဖြစ်လည်း
အခွန်ဆောင်ရတာပဲလား၊ဘာကြောင့်လဲလို့ မေးကြည့်တော့ ဆောင်ရပါတယ်။ ဘာ
ကြောင့်လဲဆိုတာတော့ မပြောတတ်ပါဘူး၊ အထက်ကဒီလိုနည်းဥပေဒေထုတ်ထားလို့ဒီ
အတိုင်းလုပ်ပါတယ်တဲ့။ အိမ်ကယောကျာင်္းကိုတော့နားလည်အောင်မနည်းရှင်းပြရပါ
တယ်။ အဲလိုဥပဒေမျိုး တခါမှမကြားဖူးဘူးလို့ဆိုပါတယ်။ ဟုတ်ကဲ့၊မြန်မာနိုင်ငံမှာတော့
ရှိပါတယ်လို့ရှင်းပြရပါတယ်။ ခုတော့ နောက်လူတွေအတွက်အခွန်မရှိတော့လို့ ကျေးဇူး
တင်ရပါတယ်။ ကျမကတော့မလွတ်တာမို့ အားလုံးဆောင်ရပါတယ်။

တင်ရသောစာရွက်စာတမ်းတွေကတော့
၁။ပတ်စ်ပို့မူရင်း၊ ၂။ဓါတ်ပုံကပ်ထားသောကိုယ်ရေးရာဇ၀င်၊ ၃။လေယာဉ်စရိတ်၁၂သောင်း
ခွဲဆောင်ထားသော ဖြတ်ပိုင်း ၄။၁လတသောင်းနှုန်းဖြင့် အခွန်ငွေ၁၈သောင်း (၂ရစ်၊၃ရစ်
ခွဲဆောင်လို့ရတယ်လို့လည်းဆိုပါတယ်။) ၅။အိမ်ထောင်ဘက်နိုင်ငံခြားသားနှင့်တွဲရိုက်
ထားသည့်ဓါတ်ပုံ၎ပုံ(၃ပုံက ပြန်ပေးပါသည်။ ကျမကိုပေးဖို့မေ့နေလို့ကျမကပြန်တောင်း
ခဲ့ပါသည်။) မင်္ဂလာဆောင်ပုံမဟုတ်လျှင်မရဘူးလို့သံရုံးဝန်ထမ်းညီမငယ်တဦးကပြောတာ
မို့၊ ညီမရေ မင်္ဂလာမဆောင်ပဲလက်ထပ်လျှင် ဘယ်လိုလုပ်မလဲ၊ လို့ဆိုတော့ မရဘူးထင်
တာပဲ၊အထက်ကိုမေးကြည့်မယ် လို့ပြောပြီး အဆုံးမှာရပါတယ်ရှင်။
၆။ဂျပန်လို Kosekitoohon 戸籍謄本လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းမူရင်းတရွက်
ဖြစ်ပါတယ်။

အဲသည့်မှာလည်း မနည်းရှင်းရပါသေးတယ်။
ကျမက Kosekitoohon 戸籍謄本လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းကိုတင်တော့၊ လက်
ထပ်ထားကြောင်းထောက်ခံစာ Marriage Registration Certificate ဘယ်မှာလည်း လို့
မေးပါတယ်။ မပါဘူးဆိုတော့ ဒါဆိုမရဘူးတဲ့။ အဲတော့ကျမလည်းရှင်းပြရပါတယ်။ နား
မထောင်ချင်လည်းအတင်းရှင်းပါတယ်။ ကျမအတင်းရှင်းတာကိုမဆုံးတဆုံးနားထောင်
အပြီးမှာ ညီမလေး ဂျပန်ရုံးတွေမှာဘာကဘယ်လိုရှိရှိ မြန်မာသံရုံးကဒါလိုတယ်ဆိုရင်
ဒါမပါရင်မရဘူးလို့ဆိုပါတယ်။ အထက်ကိုမေးကြည့်မယ်ဆိုပါတယ်။ ကျမလည်းအထက်
ကိုရှင်းဖို့အားမွေးလည်ချောင်းရှင်းနေတုံးအခိုက်မှာ မရှင်းလိုက်ရဘဲ အဆင်ပြေသွားပါ
တယ်။ ဗဟုသုတအနေဖြင့်ဖတ်ရအောင်အောက်ကလင့်ခ်တွေမှာ ဂျပန်လိုတွေသွားဖတ်
နိုင်ပါတယ်ရှင်။
Kosekitoohon 戸籍謄本လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်း
ဂျပန်ကအိမ်ထောင်စုစာရင်းဆိုတာ မြန်မာပြည်လိုမိသားစုနာမည်တွေနဲ့လိပ်စာရေးထား
ရုံမဟုတ်ပါဘူး။ တကယ့်ကို confidentialစာရွက်ပါ။ တကယ်တော့ဂျပန်လူမျိုးတွေမှာ
ကျမတို့ဗမာတွေလို ID card နိုင်ငံသားစိစစ်ရေးကဒ်လိုမျိုးမရှိပါဘူး။ လူတဦးရဲ့ကိုယ်ပိုင်
အချက်လက်ကိုထိန်းချုပ်သလိုဖြစ်တာမို့မထားတာပါ။ဒါကြောင့်ကာယကံရှင်ဖြစ်ကြောင်း
ကျန်းမာရေးအာမခံကဒ် သို့ ယာဉ်မောင်းလိုင်စင် သို့ ပတ်စ်ပို့ဖြင့် စစ်လေ့ရှိပါတယ်။
ကျန်းမာရေးအာမခံကဒ်ဟာ သူတို့အတွက် ID card လိုပဲ ဖြစ်ပါတယ်။ သည့်ထက်ပိုပြီး
မိသားစုဝင်အမည်များ၊ အချက်လက်များ၊ အိမ်ထောင်ပြုသည့်၊ကွာရှင်းသည့်၊ခလေးမွေး
နေ့ရက်များ၊ မူရင်းနေရပ်များစသောအဓိကအချက်လက်များ အားလုံးရေးသားထားတာ
ကတော့Kosekitoohon 戸籍謄本ဖြစ်ပါတယ်။ သည့်အတွက်ယင်းစာရွက်ကိုထုတ်ရာ
မှာ ကာယကံရှင်သို့ ကာယကံရှင်ကကိုယ်စားလှယ်လွှဲစာမှာလက်မှတ်ထိုးသောစာရွက်
ပါသူမှလွဲပြီး မည်သူမျှထုတ်လို့မရပါဘူး။ဒါကြောင့်ဂျပန်နှင့်အိမ်ထောင်ပြုသူများအတွက်
ကတော့ Kosekitoohon 戸籍謄本ဆိုတာ လက်ထပ်ထားကြောင်းသက်သေခံအဖြစ်
စာရွက်လည်းသုံးပါတယ်။ အထက်ကပြောခဲ့သလိုလက်ထပ်ထားတဲ့နေ့ရက်တွေအကုန်
recordလုပ်ထားတာပါ။ လျှောက်ပြီး ၂ရက်ခန့်အနည်းလေးကြာတတ်ပါတယ်။
သည့်အတွက် Kosekitoohon 戸籍謄本ထုတ်ရဖို့မအားလပ်လျှင်၊ ဇာတိမပြန်နိုင်လျှင်
လက်ထပ်ထားကြောင်းတခုသာ သက်သေခံပေးသော စာတိုက်စနစ်ဖြင့်လျှောက်ထား
နိုင်ပြီး၊ စာတိုက်မှပို့ပေးသော Marriage Registration Certificate (結婚受理証明
書)ကို အလွယ်တကူအစားထိုးသုံးပါတယ်။ ယင်းကတော့လျှောက်လျှင် ရုံးအများစုက
ချက်ချင်းထုတ်ပေးလေ့ရှိပါတယ်။ သို့ငြား မိမိကစာရင်းသွင်းခဲ့တဲ့ဒေသကရုံးမှာပဲ
လျှောက်ထားလို့ရပါတယ်။

Marriage Registration Certificate (結婚受理証明書)
မြန်မာနိုင်ငံသားအချင်းချင်းလက်ထပ်ထားသူတွေအတွက်တော့ ယင်းKosekitoohon
戸籍謄本ဆိုတာမရှိပါဘူး။ ဒါကြောင့်နိုင်ငံခြားသားတွေလက်ထပ်လျှင်၊ခလေးမွေးလျှင်
ရပ်ကွက်ရုံးစာရင်းသွားသွင်းအကြောင်းကြားရပြီး၊လက်ထပ်ထားကြောင်းထောက်ခံစာကို
Marriage Registration Certificate(結婚受理証明書)ကို လျှောက်ထားရရှိပါတယ်။

အလည်ပြန်တဲ့အခါ ဂျပန်ပြည်ပြန်ဝင်ခွင့် လျှောက်ခြင်း
ဂျပန်ပြည်မှခေတ္တထွက်ခွာပြီး ပြန်လာမှာဖြစ်လျှင် 再入国လို့ခေါ်တဲ့ Re-entry Visa
လျှောက်ထားရပါတယ်။ ယင်းကိုမလျှောက်ပဲထွက်သွားလျှင် ဗီဇာသက်တမ်းမည်မျှကျန်
ရှိစေကာမူ ပျက်ပြယ်ကာ ဗီဇာအသစ်ထပ်မံလျှောက်ရပါတယ်။
Re-entry Visaကတော့ ၂မျိုးလျှောက်နိုင်ပြီး
၁။တကြိမ်ထွက်ပြီးပြန်ဝင်သည့် Single Re-entry Visa, ¥3000
၂။အကြိမ်ကြိမ်ဝင်ထွက်နိုင်သည့် Multiple Re-entry Visa, ¥6000
ဖြစ်ပါတယ်။
လျှောက်လွှာပုံစံဒီမှာရပါတယ်။ PDF Form
Excel ဆိုလျှင်တော့ ဒီနေရာကနေ ဒေါင်းလုတ်လုပ်ပါ။

၁၅မိနစ်ဖြင့်ရသည့်နည်းကိုပြောပြပါမယ။်
လျှောက်လွှာကိုပရင့်ထုတ်ဖြည့်ပြီးယူသွားပါ။
Immigration ရုံးရောက်တာနှင့် အောက်က ကွန်ဗီနီစတိုးမှာ Re-entry ဖောင်မှာကပ်
ရတဲ့ အထက်ကပြောတဲ့ ၂မျိုးမှ မိမိလျှောက်မည့်အမျိုးအစားအတွက် တံဆိပ်ခေါင်း
၃ထောင်တန် သို့ ၆ထောင်တန်ဝယ်ကာ ကပ်ပြီး၊ ဖောင်ရေးနည်းကိုလည်း ယင်းကွန်ဗီ
နီစားပွဲလေးမှာနမူနာရေးပြထားပါတယ်။
ပြီးလျှင်အပေါ်တက် နံပါတ်ယူကာ လျှောက်လိုက်လျှင် မိနစ်ပိုင်းအတွင်းရပါတယ်။

ရယ်မောစရာနှင့်အတွေ့ကြုံလေးတွေကတော့
မြန်မာသံရုံးမှာဝန်ထမ်း၂ဦး၃ဦးခန့်ရှိပြီး လာလျှောက်သူတွေက ၁၀ဦးဝန်းကျင်တွေ့ရပါ
တယ်။ အန်ကယ်ကြီးတဦးတည်းက တက်လိုက်ဆင်းလိုက်လုပ်ပေးတာမို့ တဦးတဦး
အတော်ကြာပါတယ်။ ယင်းအန်ကယ်ကြီးက အတော်ရည်မွန်ကာသဘောကောင်းပါတယ်။
သေချာလည်းရှင်းပြပေးပါတယ်။
ဂျပန်လူဝင်မှုကြီးကြပ်ရေးRe-entryဌာနကတော့ ၀န်ထမ်း ၄ဦးခန့်ရှိပြီး၊ လာလျှောက်သူ
တွေ အယောက်၎၊၅ဆယ်ရှိပါတယ်။ နံပါတ်ယူကာကျမအကြံပေးသလိုလျှောက်လျှင်ချက်
ချင်းနီးပါးပြီးပါတယ်။
မြန်မာသံရုံးမှာမောင်ငယ်လေးတဦးက အမဘယ်လောက်ပေးရလဲလို့မေးတော့ ရေးထား
တဲ့အတိုင်းပဲလေ။ ကိုယ်ကအမှန်အကန်ဆိုဘာမှမလိုပါဘူးလို့ကျမကလည်း ပြန်ဖြေပါ
တယ်။
နောက်ညီမငယ်လေးတဦးက ကျောင်းပြီးပေမဲ့အလုပ်လျှောက်ဖို့အတွက် ၆လတန်သည်
ဂျပန်မှာဆက်နေခွင့်ရတာမို့၊ ပတ်စ်ပို့သက်တမ်းတိုးဖို့လာလျှောက်ရာမှာ အခွန်ဆောင်
ဖို့ပြောတာကြားရတာမို့ ကျမကကြားကမျက်လုံးပြူးနေပါတယ်။ အလုပ်လျှောက်ဖို့ပါဆို
မှ အခွန်ဆောင်ရသည်ဆိုပဲ။
ကျမကတော့ ဂျပန်နိုင်ငံသားခံယူပြီးမှပဲ မြန်မာပြည်အလည်ပြန်ဖို့စိတ်ကူးသည်။
:))))


Nov 28, 2010

မြန်မာတိုင်းမ်သို့ စာတစောင် (ဂျပန်နိုင်ငံသားလျှောက်ခြင်း)

ဒီနေ့ ဘလော့က ခင်ရတဲ့ မလသာညရဲ့ဘလော့ဂ်က ဆောင်းပါးတပုဒ်ကိုသွားလည်ဖတ်ပါတယ်။
သိပ်ကိုတန်ဖိုးရှိတဲ့ပို့စ်လေးပါ။ စိတ်ရှည်လက်ရှည် လင့်ခ်တွေအတော်များများကိုလည်း ဖော်ပြပေးထားတာ
တွေ့ရပါတယ်။ အဲလိုဖြင့် မြန်မာတိုင်းမ်ဂျာနယ်ဆောင်းပါးသွားရောက်ဖတ်ရှုမိတဲ့အခါ အယ်ဒီတာကို မရေးပဲ မနေနိုင်လို့ စာတစောင် ရေးလိုက်မိပါတယ်။

အားလုံးလည်း စိတ်ဝင်စားလျှင်ဖတ်ရအောင် ဘလော့ဂ်မှာလည်းတင်လိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

သို့
အယ်ဒီတာ

ကျမဟာ မြန်မာတိုင်းမ်ကို လေးစားသလို နှစ်လည်းနှစ်သက်ပြီး နိုင်ငံတကာအဆင့်မီ ဂျာနယ်တစောင်ရယ်လို့ သတ်မှတ်ထားတဲ့ စာဖတ်ပရိတ်သတ်တဦးပါ။ ဒီလိုလေးစားသောဂျာနယ်မို့ ဂျာနယ်မှပါရှိသောသတင်းအချက်လက်
လွဲမှားမှုကို အချိန်ပေးပြီး ခုလိုစာမရေးပဲ မနေနိုင်ဖြစ်လို့ ရေးလိုက်ရပါတယ်။

ယနေ့တော့ ဒီဆောင်းပါးလေးကို အမှတ်မထင်ဖတ်မိပါတယ်။
http://www.myanmar.mmtimes.com/2009/timeout/442/t001.htm
လှူမှုဘ၀ရသစုံလင် ထဲမှ  ဂျပန်မှာနေမယ်ဆိုရင် ဆိုသော ဆောင်းပါးဖြစ်ပါတယ်။

ယင်းထဲမှအောက်ပါစာပိုဒ်နှင့်ပတ်သက်ပြီး အကြံပေးလိုပါတယ်။
(
နောက် နိုင်ငံသားကိုယူရင် အလို အလျောက်နိုင်ငံသားဖြစ်တာမျိုး မရှိဘဲ ဥပဒေအရ ရ၅ နှစ်လောက် နေပြီးရင် ကိုယ်က အလုပ်အကိုင် လည်း ရှိတယ် ဆိုရင် နိုင်ငံသားအဖြစ် လျှောက်ထားခွင့် ရှိပါတယ်။
ဒီလို လျှောက်တိုင်းလည်း နိုင်ငံသား ဖြစ်ဖို့ မလွယ်ပါဘူး။ ဂျပန်အစိုးရက လျှောက်ထားသူဟာ ဂျပန်နိုင်ငံ အတွက် အကျိုးရှိမရှိ၊ အန္တရာယ်ပေးနိုင်သလားစတဲ့ အချက်တွေပေါ်မူတည်ပြီး နောက်ကြောင်းရာဇ၀င် ကအစ လိုက်လံ စစ်ဆေးတယ်လို့ သိရပါတယ်။
)

ပထမအပိုဒ်မှာ ရ နှစ်ခု ဖြစ်သွားပုံပေါ်ပြီး ၇၅နှစ် ဖြစ်နေတာတချက်ပါ။ ဒါဟာဖြစ်လေ့ရှိတဲ့စာစီစာရိုက်အမှားမို့ အမှားပြင်ဆင်ချက်တောင်
ထည့်သွင်းပြီးဖြစ်လျှင် ဖြစ်မှာပါ။ လူတွေလက်ထဲက ဂျာနယ်စာရွက်တွေ ပြန်လိုက်ကောက်ပြီးပြင်မရတာမို့ အမှားပြင်ဆင်ချက်နှင့်
လုံလောက်ငြား၊ အင်တာနက်စာမျက်နှာအပေါ်မှာတော့ အမှားပြင်ရိုက်တာမျိုးလုပ်ပေးသင့်တယ်လို့ထင်ပါတယ်။

ဒုတိယအချက်ကတော့ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်တာမျိုးမရှိဘူး ဆိုတဲ့အချက်ကတော့ မှန်ကန်ပေမဲ့ မရှင်းလင်းပါဘူး။ ဗဟုသုတမကြွယ်ဝတာမို့ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်တာမျိုးမရှိဘူး ဆိုတဲ့စာသားကို ဖတ်ရတဲ့အခါ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်သော နိုင်ငံမျိုး ရှိပါသလားလို့ ဗဟုသုတအဖြစ် သင်ကြားပြောပြပေးဖို့ မေတ္တာရပ်ခံပါရစေ။
ဒေါက်တာမောင်မောင်ရေးသားသော (တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ စာမျက်နှာ ၇၆)မှာ ဖတ်ရှုရတာကတော့
(
ပြည်ထောင်စုနိုင်ငံသားတစ်ဦးနှင့်လက်ထပ်သောနိုင်ငံခြားသူတစ်ဦးသည် လက်ထပ်ပြီးနောက် တစ်နှစ်ကျော်လွန်လျှင် ၄င်းသည် ပြည်ထောင်စုနိုင်ငံသားဘ၀ကို ခံယူလိုကြောင်းဖြင့် လျှောက်ထားတောင်းဆိုနိုင်သည်။ ၄င်းသည်အိမ်ထောင်ရေးအားဖြင့် မြန်မာနိုင်ငံနှင့်
ဂဟေဆက်မိပြီဖြစ်၍ မြန်မာနိုင်ငံတွင်း၌ငါးနှစ်ကြာနေထိုင်ရန်မလို။ တစိမ်းနိုင်ငံခြားသားထက် လွယ်ကူစွာပြည်ထောင်စုနိုင်ငံသားဘ၀ကို ရယူနိုင်လေသည်။
)
ဟု ဖော်ပြပါရှိပါတယ်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထက်စာလျှင် ဥပဒေအားဖြင့် စည်းကြပ်မှု သက်သာမှုရှိငြား မြန်မာနိုင်ငံသည်ပင် နိုင်ငံသားကို ယူပြီး တနှစ်ကျော်လွန်မှ နိုင်ငံခြားသားအနေဖြင့် မြန်မာနိုင်ငံသားလျှောက်ထားခွင့်ရှိသည် ဆိုသောအချက် ဖြစ်ပါသည်။

တတိယအချက် ကတော့ အထက်ပါ အရေးသားနှင့်ပတ်သက်ပြီး ပြောခွင့်ပြုပါ။
ကျမလည်း ဂျပန်ရောက်တာ မကြာသေးသူမို့ ဗဟုသုတသိပ်မကြွယ်ဝတာမို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးနှင့် တရားရေးဝန်ကြီးဌာနရဲ့ (ဂျပန်)နိုင်ငံသားဥပဒေကို သွားရောက်ဖတ်ရှုကြည့်တဲ့အခါ ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားသော နိုင်ငံခြားသားတဦးမှ ဂျပန်နိုင်ငံသားလျှောက်ထားခြင်းနှင့်စပ်လျဉ်းသော ဥပဒေများကို ယခုလို တွေ့ရှိရပါတယ်။


ဒါကတော့ ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထားသည့်နိုင်ငံခြားသားတဦးက လျှောက်ထားလျှင် သက်မှတ်ထားသောအချက်များပါ။
第七条  日本国民の配偶者たる外国人で引き続き三年以上日本に住所又は居所を有し、かつ、現に日本に住所を有するものについては、法務大臣は、その者が第五条第 一項第一号及び第二号の条件を備えないときでも、帰化を許可することができる。
日本国民の配偶者たる外国人で婚姻の日から三年を経過し、かつ、引き続き一 年以上日本に住所を有するものについても、同様とする。
ဂျပန်လူမျိုးဧ။်အိမ်ထောင်ဘက်ပြုထားသူနိုင်ငံခြားသားဖြစ်ပြီး ၃နှစ်အထက် ဆက်တိုက်ဂျပန်တွင်နေထိုင်လာသောသူ တနည်းမှာ နေထိုင်သည့်လိပ်စာ ရှိခြင်း၊ ယင်းအပြင် လက်ရှိဂျပန်တွင်လိပ်စာရှိသူ နေထိုင်သူနှင့်စပ်လျှဉ်း၍ တရားရေးဝန်ကြီးသည် ယင်းသူက ပုဒ်မ၅ စာပိုဒ်၁ရှိ ပုဒ်ခွဲ၁ နှင့် ပုဒ်ခွဲ ၂ ဖြင့် မကိုက်ညီငြား နိုင်ငံသားခံယူခြင်းကို ခွင့်ပြုနိုင်သည်။
ဂျပန်နိုင်ငံသားဧ။်အိမ်ထောင်ဘက်ပြုထားသူ နိုင်ငံခြားသားဖြစ်ပြီး လက်ထပ်ထိမ်းမြားသည့်နေ့ရက်မှစကာ ၃နှစ်ပြည့်မြောက်ကျော်လွန်ပြီး၊ ယင်းအပြင် ဂျပန်တွင် တစ်နှစ်အထက် လိပ်စာရှိကာ နေထိုင်သူဖြစ်လျှင်လည်း ယင်းနည်းတူခွင့်ပြုနိုင်သည်။

ယင်းကိုဖတ်ရှုခြင်းအားဖြင့် ဂျာနယ်ပါအထက်ပါကွင်းတွင်းရှိ သတင်းအချက်လက်ဟာလွဲမှားနေတာကို စိတ်မကောင်းစွာတွေ့ရှိရပါတယ်။
ပုဂ္ဂလိကအမြင်အားဖြင့်ပြောရရင် ဂျပန်ဧ။်နိုင်ငံသားခံယူနိုင်ခွင့်ရရှိခြင်းဟာ ယခုလိုဥပဒေမှာ ဖော်ပြထားတာထက် လက်တွေ့မှာ ပိုမိုတင်းကြပ်တာ တွေ့ရှိရသော်ငြား ယင်းဥပဒေနှင့်တင်းပြည့်ကြပ်ပြည့်ကိုက်ညီသူမှန်လျှင် သိပ်ကိုတိကျသေချာစွာ ခွင့်ပြုပေးတာမျိုး လည်း များစွာရှိပါတယ်။

တဖန် သာမာန်နိုင်ငံခြားသားတစ်ဦးမှ ဂျပန်နိုင်ငံသားလျှောက်ထားခြင်းနှင့်စပ်လျဉ်းသော ဥပဒေများကို ယခုလို တွေ့ရှိရပါတယ်။

第五条
 法務大臣は、次の条件を備える外国人でなければ、その帰化を許可することができない。
ပုဒ်မ ၅ တရားရေးဝန်ကြီးသည် အောက်ပါသတ်မှတ်ချက်များနှင့်ညီသောနိုင်ငံခြားသားမဖြစ်လျှင်  နိုင်ငံသားပြောင်းလဲခွင့်ကိုမပြုနိုင်ပါ။
 引き続き五年以上日本に住所を有すること。
ပုဒ်ခွဲ ၁ ဂျပန်တွင် ၅နှစ်အထက် ဆက်တိုင်နေထိုင်လာခြင်း။ လက်ရှိနေထိုင်ဆဲဖြစ်ခြင်း။
 二十歳以上で本国法によつて行為能力を有すること。
ပုဒ်ခွဲ ၂ အသက်နှစ်ဆယ်အထက်ဖြစ်ပြီး တိုင်းပြည်ဥပဒေနှင့်အညီ ပုံမှန်ဥာဏ်ရည်မီသူ ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့သူ မဖြစ်ရခြင်း။
 素行が善良であること。
ပုဒ်ခွဲ ၃ အကျင့်စာရိတ္တကောင်းမွန်ခြင်း။
 自己又は生計を一にする配偶者その他の親族の資産又は技能によつて生計を営むことができること。
ပုဒ်ခွဲ ၄ ကာယကံရှင် သို့ စားဝတ်နေရေးစရိတ်ကိုထောက်ပံ့ပေးနိုင်သော အိမ်ထောင်ဘက်၊ ယင်းအပြင်အခြားသောဆွေမျိုးမှအမွေဆက်ခံခြင်း၊ သို့ အတတ်ပညာဖြင့် စားဝတ်နေရေးစရိတ်တတ်နိုင်ခြင်း။
 国籍を有せず、又は日本の国籍の取得によつてその国籍を失うべきこと。
ပုဒ်ခွဲ ၅ နိုင်ငံသားဖြစ်ခြင်းမပြုပဲ တနည်းမှာ ဂျပန်ဧ။်နိုင်ငံသားဖြစ်ခွင့်ရယူခြင်းဖြင့် ယင်းနိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသင့်သူ။
 日本国憲法 施行の日以後において、日本国憲法 又はその下に成立した政府を暴力で破壊することを企て、若しくは主張し、又はこれを企て、若しくは主張する政党その他の団体を結成し、若しくはこれに加入したことがないこと。
ပုဒ်ခွဲ ၆ ဂျပန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုသည့်ရက်နောက်ပိုင်းတွင်၊ ဂျပန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ တနည်းမှာ ယင်းဥပဒေ အရဖွဲ့စည်းထားသောအစိုးရကို အကြမ်းဖက်ခြင်းဖြင့်ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ခြင်း၊ တနည်းမှာ အဆိုပြုခြင်း၊ တနည်းမှာ ယင်းသို့ ကြံစည်ပြီး ယင်းသို့ အဆိုပြုသော အဖွဲစည်း ယင်းအပြင်အခြားအသင်းအဖွဲ့များဖြင့်ဆက်နွယ်ခြင်း၊ တနည်းမှာ ယင်းတွင်ပါဝင်ခြင်းများ မရှိရခြင်း။

မြန်မာတိုင်းမ်ဟာ တိကျမှန်ကန်သော သတင်းအချက်လက်တွေနှင့်အတူ လူတွေလေးစားယုံကြည်ရသောဂျာနယ်ကြီးတစောင်အဖြစ် အဓွန့်ရှည်တည်တံ့ပါစေလို့ဆုတောင်းရင်း
လေးစားစွာဖြင့်
ကျော်နှင်းဆီလွင်

3, 12, 2010 ထပ်မံဖြည့်စွက်ချက်...ယနေ့ထိမည်သို့မျှအကြောင်းပြန်ခြင်းမပြုလာပါ။ :)))
3, 12, 2010 ထပ်မံဖြည့်စွက်ချက်...ပုဒ်မ ၅ နိုင်ငံခြားရေးဝန်ကြီးဟု မှားယွင်းရေးထားမိသည်ကို တရားရေးဝန်ကြီး ဟု ပြန်ပြင်လိုက်ပါသည်။ ပြောပြပေးသော မကောင်းမွန်ဝင်းအား ကျေးဇူးတင်ပါတယ်။


Jun 13, 2010

ထိမ်းမြားလက်ထပ်ခြင်း Myanmar and Japanese Marriage Law

တက္ကသိုလ်မှာတုံးက စာသင်ချိန် ဆရာမက
မြန်မာနိုင်ငံမှာကျင့်သုံးတဲ့လက်ထပ်ထိမ်းမြားခြင်းဆိုင်ရောဥပဒေဟာ
တစ်လင်တစ်မယားစနစ်လား ဇနီးများတာကိုအသိမှတ်ပြုစနစ်လားလို့
မေးခံရစဉ်က အတော်များများက တစ်လင်တစ်မယားလို့ဖြေခဲ့ကြတာ
ပြန်သတိရမိတယ်။

အဲဒီမှာကိုဝတုတ်ရဲ့ ရာဇ၀တ်မှုအကြောင်းရေးထားတဲ့ပို့စ်လေးသွား
သတိရမိတယ်။ ဥပဒေအရတော့ ရာဇ၀တ်မှုမမြောက်ပေမယ့်
ဘာသာတရားနှင့် ကျင့်ဝတ်ပိုင်းအရ
လူတွေရဲ့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ စံတခုကို ဖောက်ဖျက်သလိုမို့
ဇနီးနှစ်ယောက်ယူခြင်းကို လူတွေက လက်မခံကြတာပဲဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာဥပဒေအရ မယားပြိုင်စနစ် ခွင့်မပြုဟု
တစ်လင်တစ်မယားစနစ် သတ်မှတ်ထားခြင်း မရှိပါဘူး။
ဆိုရလျှင် မယားပြိုင်ကို အသိမှတ်ပြုပါတယ်။
ဒါဟာ ရှေးယခင်က ဘာသာခြား၊ လူမျိုးခြားနှင့် ဒုတိယဇနီးအဖြစ်
လက်ထပ်ခဲ့ရတဲ့ မိန်းမပျိုတွေရဲ့အခွင့်ရေးကို ကာကွယ်ပေးရာကနေ
ဒီလို သတ်မှတ်ခြင်းဖြစ်လာတယ်လို့ ဆိုပါတယ်။
တခါတစ်ရံတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွေဟာ နားလည်ရခက်သလို
ဖြစ်ငြား စီရင်ထုံးတွေကိုးကားပြီး အလျှောက်ကောင်း အကိုးကားကောင်းလျှင်
က မှ ယ ဖြစ်လေ့ရှိတာမို့ စီရင်ထုံးသစ်တွေ မကြာခဏဆိုသလို
ပေါ်ထွက်လာလေ့လည်း ရှိပါတယ်။

တခါတရံတော့လည်း ခေတ်မမီတာလည်းပါမယ်။ နည်းပညာထွန်းကားမှု
လိုအပ်ခြင်းလည်းပါမယ်။ ပုဆိုးတန်းတင် အကြင်လင်မယားဆိုသလိုပဲ။
ရှေ့နောက် ပတ်ဝန်းကျင် ခုနှစ်အိမ်က အကြင်လင်မယားဖြစ်ကြောင်း
အသိမှတ်ပြုရင်ပဲ လင်မယားအရာမြောက်တာမို့ လန့်စရာလို့
တွေးမိခဲ့ဖူးတယ်။

ဒီစနစ်ဟာ လက်မထပ်သေးဘဲ အတူနေထိုင်မှုတွေများသော နိုင်ငံရပ်ခြား
တိုင်းပြည်တခုအနေဖြင့်ကြည့်ရင် သိပ်ကိုအံ့သြစရာကောင်းပေမဲ့
မြန်မာအမျိုးသမီးတွေအတွက် တနည်းအားဖြင့် အပြည့်ဝကာကွယ်မှု
ပေးထားတယ်လို့ ဆိုလျှင်လည်းမမှားပါဘူး။ သို့ငြား သွေးသားဆန္ဒဆိုတာ
သဘာဝမို့ ဒီ့အတွက် အိမ်ထောင်ပြုမှပဲဖြစ်မယ်ဆိုတဲ့သဘောမျိုး ရောထွေးပြီး
သတ်မှတ်ထားခြင်းခံရတာကကော ကောင်းတယ် ဖြစ်သင့်တယ်လို့ ယူဆမိပါသလား။

တကယ်တော့အိမ်ထောင်ပြုတယ်ဆိုတာဟာ မြန်မာစကားပုံမှာတင်စားထားသလိုပဲ
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး သုံးမျိုးဟာပြင်ရန်ခက် ဆိုသလိုပဲ
ချစ်လို့ လက်ထပ်လိုက်ပြီး သဘောထားတွေမတိုက်ဆိုင်လို့ ကွဲကွာတာမျိုးတွေ
ထက်စာလျှင်တော့ အတူနေထိုင်ကြည့်ခြင်းအားဖြင့် တယောက်စရိုက်တယောက်
သိနားလည်လာတာမို့ နောက်ဆုတ်ဖို့လည်းလွယ်ပါတယ်။
သို့ငြား မြန်မာ့ဓလေ့အရတော့ လက်ခံနိုင်မည်မထင်ပါ။
မိမိလည်းမြန်ပြည်ဖွားမိန်းမသားတစ်ဦးမို့ ယင်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ဖူးငြား
အသက်ရွယ်ရလာပြီး နိုင်ငံတကာနှင့်ယှဉ်ထိုးကြည့်မိတဲ့အခါမှာတော့
ခုလိုအတွေးလိုမျိုးတွေ တွေးမိလာပါတယ်။

ဆက်ရလျှင် ဂျပန်နိုင်ငံရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေကတော့
တစ်လင်တစ်မယားစနစ်ဖြစ်ပါတယ် လင်ပြိုင်မယားပြိုင်ယူခွင့်မပြုပါဘူး။
ဒီလိုပြဌာန်းထားတာကိုတွေ့ရပါတယ်။

တရားဝင်အိမ်ထောင်ပြုခြင်းမြောက်စေတာကတော့  family registerလို့ခေါ်တဲ့
အိမ်ထောင်စုစာရင်းကို ရပ်ကွက်ရုံးဌာနမှာ စာရင်းသွားသွင်းရပါတယ်။
အဲဒီ့အတွက် လက်ထပ်ထိမ်းမြားခြင်းကို နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားတဲ့
(ရပ်ကွက်ရုံးမှာပုံစံရှိပါတယ်)သဘောတူစာရွက်လိုအပ်ပါတယ်။
နှစ်ဦးလုံးဟာ ဂျပန်လူမျိုးဖြစ်မယ်ဆိုလျှင် တစ်ဦးဟာ အိမ်ထောင်ဦးစီးအဖြစ်
စာရင်းသွင်းရပါပြီး မိသားစု အမည်လည်း တူညီသင့်တယ်လို့ဆိုပါတယ်။
တစ်ဦးဦးကနိုင်ငံခြားသားဖြစ်လျှင် ယင်းအချက်အားပယ်ပါသည်။
တစ်ဦးဦးက နိုင်ငံခြားသားဖြစ်မည်ဆိုလျှင် နိုင်ငံခြားသားအနေဖြင့်
အိမ်ထောင်ဦးစီးဖြစ်ခွင့်မရှိဘူး။ မှီခိုသာဖြစ်ရမယ်လို့ဆိုပါတယ်။

(အဲဒီမှာ နည်းပညာထွန်းကားတဲ့အတွက် ဂျပန်ရဲ့အားသာချက်ကတော့
တနေရာမှာ စာရင်းသွင်းလက်ထပ်လိုက်ပြီ ဆိုတာနဲ့ ကာယကံရှင် က
ဘယ်ဒေသ(ဂျပန်နိုင်ငံတွင်း)မှနေပြီး စာရွက်စာတမ်းထုတ်ထုတ်
အဲဒီမှတ်တမ်းဟာ စာရင်းဝင်နေပါတယ်။ အိမ်ထောင်ဘယ်နှစ်ဆက်
ဆိုတာကအစ စာရင်းဖျောက်လို့မရနိုင်ပါဘူး။)
ဒီ့အတွက် အိမ်ထောင်ရှိလျှက် လိမ်ပြီးလက်ထပ်ဖို့လည်း
ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ပြဌာန်းချက်များကတော့
၁။အမျိုးသားဆိုလျှင် အသက်၁၈နှစ်မပြည့်သူ၊ အမျိုးသမီးဆိုလျှင်
  အသက်၁၆နှစ်မပြည့်လျှင်ထိမ်းမြားခွင့်မရှိပါဘူး။(ပုဒ်မ ၇၃၁)
၂။အဓိကမကျပေမဲ့အသက်မပြည့်သေးသူဖြစ်လျှင် သူ သို့ သူမ ဧ။် မိဘများက
 သဘောတူလက်ခံခွင့်ပြုချက်ရှိရပါမယ်။
 (ပုဒ်မ ၇၃၇)
၃။တရားဝင်အိမ်ထောင်ပြုထားဆဲဖြစ်သူသည် (အခြားတဦးနှင့်အပြိုင်)
လက်ထပ်ခြင်းကို တားမြစ်သည်။
 (ပုဒ်မ ၇၃၂)
၎။အမျိုးသမီးတဦးဟာ ကွာရှင်းပြတ်စဲပြီး ၆လအတွင်း နောက်အိမ်ထောင်ပြုခွင့်မပြုပါ။
(ပုဒ်မ ၇၃၃)
(ထပ်မံဖြည့်စွက်ချက်)  အမျိုးသမီးဟာ ယင်းရက်မတိုင်မီ ကိုယ်ဝန်ရှိပြီး ခလေးမွေးဖွားပြီးသူ
ဖြစ်ရင်တော့ခြွင်းချက်ဖြစ်သည်။
(မှတ်ချက်။ ။ ပထမအိမ်ထောင်နှင့်ရသော ကိုယ်ဝန်ရှိမရှိအတွက် ၆လသတ်မှတ်သည် ဟု
ဆိုကြပါသည်။)

၅။သွေးသားတိုက်ရိုက်တော်စပ်ခြင်း၊ ဆွေမျိုးတော်စပ်ခြင်းသုံးဆက်အထိ လက်ထပ်ခွင့်
 မပြုပါ။မွေးစားထားသောခလေးနှင့် တော်စပ်ခြင်းက ခြွင်းချက်ဖြစ်ပါသည်။
 (ပုဒ်မ ၇၃၄)
၆။သွေးသားအရင်းချာဖြစ်ပါက လက်ထပ်ခွင့်မပြု။
 (ပုဒ်မ ၇၃၅)
၇။မွေးစားမိဘ သို့ (မွေးစားခလေးနှင့်)သွေးသားတော်စပ်သူမိဘမှမွေးဖွားလာသူ၊
 မွေးစားမိဘဧ။်ဇနီးသို့ခင်ပွန်း သို့ ယင်းဧ။်သွေးသားတော်စပ်သူ၊ သို့ သွေးသားတော်
 စပ်သူဧ။်ဇနီးသို့ခင်ပွန်းအား မွေးစားခလေးဖြင့်လက်ထပ်ခွင့်မပြု။
 (ပုဒ်မ ၇၃၆)

 (၁)လက်ထပ်ခွင့်တားမြစ်ခြင်းတွင် အောက်ပါအခြင်းရာများကို
    ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ဥပမာ ခလေးဧ။် ဖခင်ဖြစ်သူ။
 (၂)တအူတုံဆင်းမောင်နှမ၊ဦးလေး၊အဒေါ်၊တူ၊တူမစသော သွေးသားရင်းချာသူများကြား။
 (၃)နှစ်ဦးနှစ်ဖက်ဧ။်သွေးသားတော်စပ်မှုအခြေအနေ။
    စသဖြင့်တွေ့ရှိရပါတယ။်

ဂျပန်မှာရောက်ရှိနေတာမို့ တချို့မြန်မာဥပဒေစာအုပ်တွေ မွှေနှောက်ဖတ်ကြည့်လိုပေမဲ့
အခွင့်မပေးတာမို့ မပြည့်စုံတာများတွေ့လျှင် အကြံပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Oct 15, 2009

ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့် အဲဂျူး 永住 eijuu

အပိုင်း(၁)

永住 - EiJuu - အမြဲနေထိုင်ခြင်း
永住許可 - EiJuuKyoKa -
အမြဲနေထိုင်ခွင့်ပြုခြင်း
永住者 - EiJuuSha - အမြဲနေထိုင်သူ

ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့် အဲဂျူး 永住 eijuuဆိုတာ
ကာလအကန့်သတ်မရှိ အမြဲတမ်းနေထိုင်ခွင့်ကိုဆိုလိုပါတယ်။
ယင်းတွင်

(က)အမြဲတမ်းနေထိုင်ခွင့်


ပထမအချက်အနေဖြင့်ကတော့ လျှောက်ထားရန် ဥပဒေအရလိုအပ်ချက်များကတော့
(၁)အကျင့်စာရိတ္တကောင်းမွန်ခြင်း
ဥပဒေနှင့်အညီကျင့်ကြံနေထိုင်ပြီးလူ့ဘောင်ဝန်းကျင်ကိုလည်းအနှောင့်ယှက်မပြုဖူးပဲ
ကောင်းမွန်စွာနေထိုင်နေခြင်း။
(၂)တကိုယ်ရေရပ်တည်နေထိုင်ရေးအတွက် လုံလောက်သောအရင်းအနှီးနှင့်စွမ်းရည်ရှိခြင်း
နေ့စဉ်လူနေမှုဘ၀မှာအများပြည်သူသို့ဝန်မဖြစ်စေပဲ၊ ယင်းအရင်းနှီးနှင့်စွမ်းရည်အား
တည်မှီပြီး အနာဂတ်တွင် စိတ်ချရသောနေထိုင်နိုင်စွမ်းရည်ရှိသည်ကို ကြိုတင်မှန်းဆနိုင်ခြင်း။
(၃)ထိုသူ၏အမြဲတမ်းနေထိုင်ခြင်းသည်ဂျပန်နိုင်ငံ၏အကျိုးကိုရှိစေသည် ကိုက်ညီသည်ဟု
သတ်မှတ်ခြင်းခံရခြင်း။
(က)အခြေခံသတ်မှတ်ချက်အဖြစ်၁၀နှစ်အထက်ဂျပန်တွင်တောက်လျှောက်နေထိုင်ခြင်း။
ယင်းကာလအတွင်းအလုပ်အကိုင်သို့နေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်နေထိုင်ခြင်းကို
လိုအပ်သည်။

(ခ)ဒဏ်ငွေနှင့်ပြစ်ဒဏ်ကျခံဖူးသူမဖြစ်ခြင်း။ အခွန်ငွေများကိုပျက်ကွက်ခြင်းမရှိပေးခြေနေခြင်း။
(ဂ)လက်ရှိကိုင်ဆောင်ထားသောနေထိုင်ခွင့်နှင့်ပတ်သတ်ပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ခိုလှုံခွင့်
အသိမှတ်ပြုရေး၏သီးခြားဖော်ပြချက်အပိုဒ်၂တွင်သတ်မှတ်ထားသည့်
အရှည်ကြာဆုံးနေထိုင်ခွင့်ကာလဟူသော ခွင့်ပြုချက်ဖြင့်နေထိုင်နေခြင်း။

(ဃ)အများပြည်သူအားထိခိုက်ဖျက်ဆီးစေခြင်းစသည့်အန္တရာယ်မရှိခြင်း

(*)အထူးခြွင်းချက်အနေဖြင့်
ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်
သို့ ခလေးဖြစ်သောအခါ အထက်ဖော်ပြပါ အချက် (၁)နှင့် (၂)မလိုအပ်ပါဘူး။ တဖန်
ခိုလှုံခွင့်ရထားသူဆိုလျှင်တော့ အမှတ် (၂)ကိုက်ညီဖို့ရာမလိုအပ်ကြောင်းပါ။

ဒုတိယအချက်အနေဖြင့်ကတော့ လျှောက်ထားသူအနေဖြင့်ရှိရမည့်နေထိုင်မှုကာလ
Bold (၁)ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်
ဖြစ်သောအခါ အမှန်တကယ်ပေါင်းသင်းနေထိုင်ခြင်းဟာ၃နှစ်ကျော်ပြီး ၁နှစ်ကျော်ဂျပန်တွင်
တောက်လျှောက်နေထိုင်နေခြင်း။ ယင်း၏သွေးသားဖြစ်ပါက ၁နှစ်ကျော်ဂျပန်တွင်တောက်လျှောက်
နေထိုင်နေခြင်း။
(၂)အခြေချနေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်ဂျပန်တွင်နေထိုင်နေခြင်း။
(၃)ခိုလှုံခွင့်ရသူများ(ဒုက္ခသည်)အနေဖြင့်သတ်မှတ်ခံရပြီးနောက် ၅နှစ်ကျော်တောက်လျှောက်
ဂျပန်တွင်နေထိုင်နေခြင်း။
(၄)နိုင်ငံရပ်ခြားအဖွဲ့စည်းဆိုင်ရာ၊လူ့ဘောင်၊စီးပွားရေး၊ယဉ်ကျေးမှုဆိုင်ရာများနှင့်စပ်လျှဉ်းပြီး
မိမိတို့နိုင်ငံအားအကျိုးပြူသည်ဟု အသိမှတ်ပြုခံရသူဖြစ်ပြီး ၅နှစ်ကျော်ဂျပန်တွင်နေထိုင်နေခြင်း။
မူရင်းစာမျက်နှာ

လျှောက်ထားပုံ(သိရမည့်၊ပြင်ဆင်ရမည့်အချက်များ)
1 永住許可申請書(အမြဲတမ်းနေထိုင်ခွင့်လျှောက်လွှာ)【PDF】 【EXCEL】
2 (1)(အာမခံထောက်ခံစာ၊ဂျပန်ဘာသာ)身元保証書(日本語版)【PDF】  
     (2)(အာမခံထောက်ခံစာ၊အင်္ဂလိပ်ဘာသာ) 身元保証書(英語版)【PDF】
(注1)日本工業規格A列4番の用紙に印刷してお使いになれます。
အေဖိုးစာရွက်ဆိုဒ်သုံးပါရန်။
・「その1」,「その2」の2枚1組
ယင်း၁နှင့်၂အား၂ရွက်ပေါင်းကာ တစ်စုံ။
မူရင်းစာမျက်နှာ
(ခ)အထူးအမြဲတမ်းနေထိုင်ခွင့် (ရရှိထားသူများဆိုသည်မှာ)
ယင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း၊ ၁၉၄၅၊ ၉လပိုင်း၊ ၂ရက်နေ့
မတိုင်မီမှစပြီး
ဂျပန်မှာတောက်လျှောက်နေထိုင်(ကျန်ရစ်)ပြီး
ဂျပန်နိုင်ငံသားမဟုတ်သော ကိုရီးယား၊ထိုင်ဝမ်အစရှိသောနိုင်ငံခြားသားများနှင့်ယင်းတို့၏
ဂျပန်နိုင်ငံတွင်းမွေးဖွးသည့်သားစဉ်မြေးဆက်အား ပေးအပ်သောနေထိုင်ခွင့်ဖြစ်ပါတယ်။
wikiမှာ ဒီလိုဖော်ပြထားပါတယ်။

၂၀၁၂ခုနှစ် ၁လပိုင်းတွင် အနည်းငယ် ထပ်မံဖြည့်စွက်ပါသည်။




Oct 8, 2009

ဂျပန်၏ဗီဇာအမျိုးအစားများ


ဂျပန်၏ဗီဇာအမျိုးအစားများ
အများစုဟာ အများသိပြီးသားလို့ယူဆတာမို့အကျဉ်းချုပ်ဆိုရလျှင်

အပိုင်း (၁) - ၁၅ရက်ခန့်မှ၁လ၊၃လ၊၆လမှ၃နှစ်ခန့်ထိ

- သံရေးတမန်ရေး၊ အဖွဲ့စည်းဆိုင်ရာ
- မင်းမှုထမ်း
- ပါမောက္ခ(တက္ကသိုလ်)
- အနုပညာဆိုင်ရာ (တေးရေးဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာစသည့် )
- ဘာသာရေးဆိုင်ရာ
- သတင်းထုတ်လွှင့်ရေးဆိုင်ရာ(ဆောင်းပါးရေးဆရာ၊ကင်မရာသမားစသည့်)
- လုပ်ငန်းရှင် (စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ)
- ဥပဒေနှင့် စာရင်းအင်းပညာရှင် (ရှေ့နေ၊ စာရင်းကိုင် စသည့်)
- ဆေးပညာရှင် (ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြုစသည့်)
- သုတေသနဆိုင်ရာ
- ပညာရေးဆိုင်ရာ
- နည်းပညာဆိုင်ရာ
- ဘာသာပြန်၊ ဒီဇိုင်နာ၊ ပုဂလိကကျောင်းရဲ့ဘာသာစကားသင်ကြားရေးဆရာ စသည့်
- ဂျပန်ရုံးခွဲတွင်ရုံးပြောင်းရန်စေလွှတ်တာဝန်ပေးခြင်းခံရသူ
- ဖျော်ဖြေရေးဆိုင်ရာ (ပြဇာတ်၊ဖျော်ဖြေပွဲ၊အားကစားနှင့်သရုပ်ဆောင်၊အဆိုတော်၊အကသမား
. ၊ အားကစားလက်ရွေးစင်စသည့်)
- အတတ်ပညာရှင်(နိုင်ငံခြားဟင်းလျာစားဖိုမှူး၊အားကစားနည်းပြ၊လေယာဉ်မှူး၊ပန်းထိမ်ပညာရှင်စသည့်)
- ယဉ်ကျေးမှုဆိုင်ရာ(သုတေသနပညာရှင်စသည့်)
- အချိန်တိုလာရောက်ခြင်း (အလည်ပတ်၊ အစည်းဝေးတက်ခြင်းစသည့်)
- ပညာသင်လာရောက်ခြင်း (တက္ကသိုလ်၊ကောလိပ်စသည့်)
- ကျောင်းတက်ခြင်း (အထက်တန်းကျောင်း၊အတတ်မွေးဝမ်းကြောင်းပညာသင်ကျောင်းစသည့်)
- သုတေသန (သုတေသနသမား)
- မိသားစုမှီခို (ပညာသင်ကျောင်းသား၏မှီခိုဇနီး၊ခလေးစသည့်)
- အထူးသတ်မှတ်ထားသောလုပ်ရှားမှုဆိုင်ရာ(တရားရေးဝန်ကြီးကသီးသန့်သတ်မှတ်
. ညွှန်ကြားထားသော နိုင်ငံခြားသားဆိုင်ရာ၊ သံတမန်၊ အလုပ်ပိတ်ရက်လာရောက်ခြင်းနှင့်အတတ်ပညာ
. ရှင် လက်တွေ့လေ့ကျင့်ဖလှယ်ခြင်းသည့် )

အပိုင်း (၂) - ၁နှစ်၊၃နှစ်နှင့် ကာလရှည်

- အမြဲတမ်းနေထိုင်ခွင့် (တရားရေးဝန်ကြီးမှအမြဲတမ်းနေထိုင်ခွင့်အသိမှတ်ပြုခံရသူ)
. (အကန့်သတ်သတ်မှတ်ကာလမရှိ၊ တနည်းကာလရှည်)
- ဂျပန်လူမျိုး၏အိမ်ထောင်ဘက် (ယင်းအပြင်အထူးမွေးစားကလေး၊ ဂျပန်လူမျိုး၏ခလေးအဖြစ်မွေးဖွားသူ)
- အမြဲတမ်းနေထိုင်ခွင့်ရှိသူ၏အိမ်ထောင်ဘက် (ယင်းအပြင်ဂျပန်တွင်မွေးဖွားပြီးဆက်လက်နေထိုင်နေသည့်
. ခလေးစသည့်)
- အခြေချနေထိုင်ခွင့် (တရားရေးဝန်ကြီးမှအထူးအကြောင်းပြချက်တခုခုကိုကိုးကားကာသတ်မှတ်ထားသော
. ကာလတွင် နေထိုင်ခွင့်ကို အသိမှတ်ပြုခြင်းခံရသူ) (နိုင်ငံရေးသမားစသည့်)
. (၃နှစ်ထက်မကျော်သောအတိုင်းတာတွင်း)

ယင်းတို့အပြင် အထူးအမြဲတမ်းနေထိုင်ခွင့်နှင့်ဂျပန်နိုင်ငံသားခံယူခွင့်တွေလည်းရှိပါသေးတယ်။


Oct 5, 2009

ဂျပန်ဥပဒေရေးရာ

ဂျပန်ဥပဒေရေးရာ
ဒီကဏ္ဍလေးကိုရေးဖို့ယနေ့အကြံရလိုက်တယ်
မြန်မာပြည်မှာကိုယ်ယူလာတာကလည်းဥပဒေဘွဲ့၊
ဂျပန်ရောက်တော့လည်းအကျင့်ကမပျောက်ဘူး
တခုခုသိချင်ရင်မြေလှန်ရှာတတ်တာဝါသနာနဲ့
ဂျပန်ဥပဒေတွေသွားဖတ်မိတတ်ရင်း
အားလုံးကိုပါဝေမျှသိစေချင်တဲ့စိတ်နဲ့ရေးဖို့စိတ်ကူးမိတာပါ။
ဂျပန်လိုရေးထားတာတွေချည်းများတာမို့ ဂျပန်လိုနားမလည်သူတွေအနေနဲ့လည်း
သိချင်တာရှိရင် ကွန်မန့်ကတဆင့်မေးလို့ရအောင်
အားလုံးအချင်းချင်းမျှဝေဖလှယ်သွားချင်ပါတယ်။

ဗုဒွဟူးလောက်ကစပြီးတခုခုစရေးဖြစ်မယ်ထင်ပါတယ်။


အလည်လာသူများ

free counters

Total Pageviews