♪♪.ကျော်နှင်းဆီလွင်.♪♪

Aug 4, 2013

Myanmar Japan Friendship (Facebook)

https://www.facebook.com/MJfriendship

ဒီစာမျက်နှာလေးမှာ ဂျပန်နှင့်မြန်မာ သိသင့်တာလေးတွေအချင်းချင်းမျှဝေဖို့ရာ
မိတ်ဆွေအချို့နှင့်အတူ ပူးပေါင်းပြီး ဖန်တီးထားပါတယ်။

ဂျပန်မှာနေရင်း သိသမျှလေးတွေဝေမျှဖို့နဲ့
မိတ်ဆွေသစ်တွေတိုးပွားလာတာကိုမျှော်လင့်ရင်း
ဒီဘလော့ဂ်လေးကို ရေးဖြစ်သွားခဲ့တာပါ။

ဒီဘလော့ဂ်လေးကြောင့်နဲ့ အသစ်ခင်မင်ရတဲ့မိတ်ဆွေတွေလည်း အများကြီးရခဲ့ပါတယ်။
လာလာဖတ်ပေးကြတဲ့၊ တွေ့ဆုံတဲ့အခါ ရင်းနှီးပွင့်လင်းစွာခင်မင်ပေးကြတဲ့မိတ်ဆွေတွေ
အပြင်မှာတွေ့ဖြစ်သူတွေရောမတွေ့ဖြစ်သူတွေရော
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။
ရပ်ဝေးမြေခြားမှာ ခင်ပွန်းသည်ကလွဲရင် ဆွေမျိုးမရှိနဲ့ဂျပန်ပြည်မှာ
သူငယ်ချင်းအဟောင်းအသစ်တွေရဲ့ခင်မင်မှုတွေဟာ တကယ်ကိုအားဖြစ်ခဲ့ပါတယ်။

မိမိဖြစ်ချင်တဲ့ရည်မှန်းချက်တွေပိုက်ပြီး ရှင်သန်ရုန်းကန်နေတဲ့နိုင်ငံရပ်ခြားတိုင်းပြည်တခုမှာ
ကျောင်းတက်၊ အချိန်ပိုင်းအလုပ်လုပ်၊ ကော်လာဖြူလုပ်နဲ့ မောခဲ့ဖူးတဲ့နေ့တွေလည်း
အများကြီးရှိပါတယ်။ အဲလိုအချိန်တွေတိုင်းမှာ ဒီဘလော့ဂ်လေးနဲ့မိတ်ဆွေတွေနဲ့အားဖြည့်
ခဲ့တာမို့ အမြဲအမှတ်တရနဲ့ကျေးဇူးတင်နေမှာပါ။

ကျမလည်း အလုပ်တွေပိနေတာမို့ နောက်ဆို ဘလော့ဂ်ရေးဖို့အချိန်မရတာရယ်နဲ့
ပိတ်လိုက်ပေမဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပြန်ဆုံနိုင်အောင် ဒီပို့စ်လေးနဲ့နှုတ်ဆက်ပါတယ်။

စာတွေရေးချင်လာတဲ့အခါ Facebook ပေ့ခ်ျမှာ ဝေမျှသွားဖို့စိတ်ကူးပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာပျော်ရွှင်ပါစေရှင်

မေတ္တာများစွာဖြင့်
ကျော်နှင်းဆီလွင်


0 comments:

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews