♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ကုန်ပစ္စည်းအညွှန်း. Show all posts
Showing posts with label ကုန်ပစ္စည်းအညွှန်း. Show all posts

Aug 26, 2012

မိတ်ကပ်ရည် Aqua Lift BB

မရေးတာကြာတော့ ရေးချင်တာတွေအများကြီးထဲကမှ လတ်တလော ၀ယ်သုံးဖြစ်တဲ့မိတ်ကပ်ရည်
အကြောင်းပဲ စရေးလိုက်ပါတယ်။

ကျမက မျက်နှာမှာဝက်ခြံတို့အဖုတို့ ဟိုးငယ်ငယ်တည်းက မထွက်သလောက်ရှားတယ်။ သနပ်ခါး
သိပ်မလိမ်းသလို လိမ်းလျှင်လည်းပါးပါးလေးမို့ သူငယ်ချင်းတွေကအမြဲ မျက်နှာဗြောင်နဲ့လို့ ထင်
လေ့ရှိကြတယ်။

ဂျပန်ကနေ ဗမာပြည်ကိုခဏပြန်တော့ ဗမာပြည်မှာ နေပူလည်းမကြောက်မို့ မြန်မာပြည်မှာရှိခဲ့စဉ်
က ညီအမတွေထဲအညိုဆုံးဖြစ်တဲ့ကျမ အသားဖြူသွားပါတယ်။ သူငယ်ချင်းတွေကအဖုကင်းရှင်း
ဖြူတဲ့ (ဗမာပြည်ကလူတွေထဲပါ)ကျမကို ဘာမိတ်ကပ်လိမ်းလဲ လို့ခဏခဏမေးကြတယ်ရှင့်။
ခက်တာက ကျမကအဲသည့်တုံး က biore moisture cream ဂျပန်သုံး ကလွဲလို့ ဘာမှမလိမ်းတာ
ပါပဲ။ ဂျပန်ကလာတာဆိုတော့ အားလုံးက ဂျပန်မိတ်ပဲထင်ကြတာ။ ဖြေရတာအားနာနာပေါ့။

တကယ်တော့ကျမက သဘာဝကိုဦးစားပေးပြီး chemical သိပ်မသုံးတာကိုနှစ်သက်တာလည်း
တကြောင်း၊ နောက်တစ်ခုက ကျမကအသားရေက အလာဂျီသိပ်ဖြစ်လွယ်တယ်။ နေအရမ်းပူရင်
အနီကွက်လေးတွေ ထွက်တာတို့၊ ခြင်ကိုက်တာချင်းအတူတူ ကျမက အကြီးကြီးယောင်တာတို့
အဲဒါအပြင် နှုတ်ခမ်းနီ၊ မိတ်ကပ် အလှပြင်ပစ္စည်းတွေလည်းမတည့်တာများတယ်။ သူများတွေက
ဗီတာမင်အီးပါတာ ရှာသုံးချိန် ခေတ်စားချိန်မှာ ကျမက ဗီတာမင်အီးပါတာသုံးရင် အလာဂျီဖြစ်
ရော။ မိတ်ကပ်သုံးနေမကျတော့ သုံးလိုက်ရင် ချွေးပေါက်ပိတ်သလိုဖြစ်ပီး အဖုထွက်လာရော။

ပြီးတော့ အရောင်ကျတော့လည်း ကျမက မျက်နှာတရောင် တခြားနေရာတွေကတရောင်ဆို
မကြိုက်ပြန်ဘူး။ ပြီးတော့ ပျစ်ပြီး မျက်နှာပေါ်အားနဲ့ဆွဲရရင်လည်းမကြိုက်ဘူး။ ဘာကြောင့်ဆို
မိတ်ကပ်ဆိုတာနေ့တိုင်းလိမ်းပီး နေ့တိုင်းအဲလိုဆွဲရင် အရေပြားတွန့်တယ်လို့ထင်လို့ပါ။

ခုနောက်ပိုင်း bb creamလို့ခေါ်တဲ့ all in one မိတ်ကပ်တွေတအားခေတ်စားလာတယ်။ မိတ်
ကပ်လိမ်းသူမဟုတ်တော့ ဗမာပြည်ကလာလည်တဲ့သူငယ်ချင်းက လာလည်လို့ဈေးအတူသွား
ဝယ်မှပဲ ကျမက ဂျပန်မှာ bb cream ခေတ်စားနေတာ သိရတော့တယ်။

ခုနောက်ပိုင်း နွေရာသီလည်းဖြစ်လာ၊ ၆ထပ်က လေလည်းတိုက်၊ ရုံးမှာနေ့လည်ထမင်းစားချိန်
ထီးမဆောင်းပဲ ထမင်းဘူးသွားသွားဝယ်လေ့ရှိတဲ့ကျမ မျက်နှာညိုလာတာကို စိတ်အနှောင့်
ယှက်ဖြစ်လာတယ်။ အဲလိုနဲ့ ကျဲကျဲလေးဖြစ်တဲ့ BB CREAM တဗူးလောက်ဝယ်မယ်လို့စိတ်
ကူးတာ လွန်ခဲ့တဲ့ ၃လလောက်တည်းကပါ။ မိတ်ကပ်ရည်ရောင်းတဲ့ဆိုင်တွေရောက်တိုင်း အမျိုး
စားတွေကလည်းများနဲ့ တဗူးပြီးတဗူးညှစ်ပြီး လက်ပေါ် ပါးပေါ် အရောင်နဲ့မိတ်ကပ်သားစမ်းလိမ်း
ခဲ့တာ မနည်းပါဘူး။ ကျမမှန်းထားတဲ့ အကျဲအပြစ်အချိုးစား၊ အရောင် ကို စိတ်ကြိုက်မတွေ့ပါ
ဘူး။ အမြဲစိတ်ထဲ တခုခုလိုနေသလိုချည်းပါပဲ။

အဲလိုနဲ့ တနေ့က ရုံးအပြန်နှစ်ဦးသားခေါက်ဆွဲသွားစားမယ်ဆိုပြီး၊ အမျိုးသားက အလုပ်အပြန်
သွားလုပ်လေ့ရှိတဲ့ GYMရှိရာ အောက်မှာစောင့်ရင်း အဲသည့်ထဲက ဆိုင်မှာ ဟိုဟိုသည်သည်
လျှောက်ကြည့်ရင်း အသစ်ထုတ်လိုက်တဲ့  3D မိတ်ကပ်ရည်ဆိုပြီး တွေ့တော့ စမ်းလိမ်းကြည့်
တော့ အလွန်နှစ်သက်သွားပြီးချက်ချင်းပဲဝယ်လာဖြစ်ပါတယ်။
 

 
ပစ္စည်းသစ်မို့ ပေါင်ဒါဘူးလေးတဘူးပါလက်ဆောင်ပေးပါတယ်။

ရေစိုလည်း မပျက်ပါဘူးတဲ့။









အပျစ်အကျဲလည်းအနေတော်နှင့်မပျစ်လွန်းမကျဲလွန်းပါဘူး။
ငွေရောင်မှုန်လေးတွေလည်းခပ်ပါးပါးပါပါတယ်။
လိမ်းလိုက်လျှင်မပြောင်တပြောင်နဲ့အသားလည်းညက်ပါတယ်။
မေ့နေတယ်။ ဈေးကတော့ ယမ်း 4200ပါ။

ကျမဆီမေးလ်လှမ်းပို့မေးကြတဲ့မိတ်ဆွေတွေလည်းများတာမို့ ရေးရာမှာကျန်ခဲ့တာလေးတွေ
ထပ်ဖြည့်လိုက်ပါတယ်။ ကုန်ပစ္စည်းအကြောင်းအသေးစိတ်ပါ။

brand ကတော့ only minerals လို့ခေါ်ပါတယ်။ ဒီနေရာမှာ home page ပါ။
လောလောဆယ် ရောင်းအရဆုံးနံပါတ်တစ်ဖြစ်နေတဲ့ Only Mineral BB Cream
(オンリーミネラル BB クリーム)ဟာ ထူးခြားချက် ၃ခုရှိပါတယ်တဲ့။ဒီနေရာမှာဖတ်ပါ။
1)အသားရေကိုပြောင်လက်တင်းရင်းစေပြီး၊ လင်းလက်ကာ၊ ညက်နေစေပါတယ်
2)အသက်ကြီးလာလို့ဖြစ်တဲ့ရင့်ရော်မှုကိုကုစားပေးတဲ့ဓါတ်ဖြစ်ပြီးခုတလော အလွန်ခေတ်
စားလာနေတဲ့ EGFကိုသုံးထားပါတယ်။ အခြားသော...ဓါတ်တွေကိုလည်းသုံးထားလို့ အသား
ရေတင်းရင်းနုပျိုစေခြင်းပါ။
3)မိတ်ကပ်အောက်ခံဘေ့စ်၊ ခရင်မ်၊ ဖောင်ဒေးရှင်း၊ အသားလှရည်၊ နေလောင်ခံ ဒီ၅မျိုးလုံးပါဝင်
ပြီးသားဖြစ်တာမို့ ဒီတမျိုးတည်းသုံးရုံပါပဲတဲ့။


အားလုံးပဲလှပပျော်ရွှင်ပါစေရှင်။
 


Nov 5, 2011

ဂျပန်က အိတ်ကြမ်းကြီးများ

ကျမက ချစ်စနိုးဖြင့် အိတ်ကြမ်းကြီးများလို့ခေါ်တာပါ။ ဟိုနားသည်နားလမ်းထွက်တဲ့အခါ
ဈေးဝယ်ထွက်တဲ့အခါ မသေးလွန်း၊ မကြီးလွန်း၊ ပိုက်ဆံအိတ်သေး၊ အကြွေအိတ်၊ထီး၊
အလှပြင်ပစ္စည်းအတိုထွာလေးတွေ၊ ဘောပင် စတာတွေထည့်တဲ့အိတ်ဖြစ်ပြီး ပခုံးလွယ်
တဲ့အခါ ကြိုးကအနေတော်ဖြင့်၊ အလွယ်ဖွင့်ယူနိုင်အောင် ဖြစ်နိုင်လျှင်ဇစ်မပါသောအိတ်
ဟိုနားသည်နားချတဲ့အခါ အပေတေခံပြီး၊ အကြမ်းခံတဲ့အသားမျိုး အဲလိုရှုပ်ယှက်ခတ်နေ
သော ရည်မှန်းချက်များဖြင့် အကြမ်းခံအိတ်တလုံးဝယ်ဖို့ ကျမ ရှာဖွေနေတာ သူမြင်သွား
တဲ့အခါ ထုံးစံအတိုင်း ဘာဝယ်ဝယ် ဂျပန်မိတ်သာအရင်ဦးဆုံးရှာတဲ့သူကြီးမို့ ကျမကို
သူရှာပေးတဲ့အိတ်တွေထဲက ကျမစိတ်ကြိုက်အိတ်လေးတလုံးသွားတွေ့ပါတယ်။ သူက
ညွှန်းလို့သာဝယ်ဖြစ်တယ်။မ၀ယ်ခင်သည်လောက်မကြိုက်ပါဘူး။ဒါ့အပြင်ကျမစိတ်ကြိုက်
တခြားအိတ်တလုံးလည်း သူ့မပြောပဲ ၀ယ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ကျမသည်အိတ်လေး
ကိုပဲ သုံးဖြစ်တာများပါတယ်။

ဘာကြောင့်သည်အိတ်လေးအညွှန်းကိုရေးချင်စိတ်ပေါက်လာရသလဲဆိုလျှင် သုံးရင်း
သုံးရင်းဖြင့် အလွန်ကိုနှစ်သက်လာတဲ့အတွက်ပါ။

သည်လိုအိတ်မျိုးတွေကို persimmon juice ဂျပန်လို 柿渋လို့ခေါ်တဲ့ ဆေးရည်ဆိုးထား
တာဖြစ်ပြီး၊ ယင်းဆေးရည်ဟာ ခခိ (かき)လို့ခေါ်တဲ့သစ်သီးမှပြုလုပ်တာဖြစ်ပါတယ်။
ပြုလုပ်ပုံ အပိုင်း၁ နှင့် အပိုင်း၂
ယင်းဆေးရည်ကို ပိတ်သားတင်သာမက ပရိဘောကပစ္စည်းတွေအရောင်တင်ရာမှာလည်း
သုံးလေ့ရှိပါတယ်။ အရောင်ဆိုးပုံနှင့်ဆေးဆိုးထားသောပစ္စည်းအမျိုးမျိုး

အိတ်အသားကိုတော့ ဂျင်းသားကဲ့သို့ ပိတ်သားထူကြီးတွေအသုံးပြုထားပါတယ်။

ခခိ အသီး

မြန်မာပြည်က ဒဂုံစင်တာထဲက စီးတီးမတ်မှာရောင်းတာ ကျမတွေ့ဖူးပေမဲ့ခခိဟာ မြန်မာ
ပြည်မှာ ဖြစ်ထွန်းသလား ဆိုတာကျမမသိပါဘူး။

ကျမသုံးနေတဲ့အိတ်လေးကတော့ ဒီနေရာမှာအသေးစိတ်ကြည့်နိုင်ပြီး ၊ အခြားဒီဇိုင်းများ
ကိုကြည့်လိုလျှင်တော့ ဒီနေရာမှာကြည့်ပါ။


အပေါ်ကအဖုံးလေးဟာ မသုံးလိုတဲ့အချိန်မှာ အတွင်းဘက် ကပ်ထားလိုက်လျှင် အဖုံးရှိမှန်း
မသိရပါဘူး။ ပစ္စည်းတွေနည်းနည်းရှုပ်လာလျှင်တော့ အဖုံးလေးကောက်ဖုံးလိုက်ပါတယ်။
အရောင်မှိုင်းမှိုင်းကြိုက်ကာ၊ ဇစ်အဖွင့်ပိတ်ကိုစိတ်မရှည်တတ်ပဲ၊ အိတ်ထဲကဟိုဟာထုတ်
လိုက် သည်ဟာထုတ်လိုက်ဖြင့်အလုပ်ရှုပ်တတ်တဲ့ကျမအတွက်တော့ အတော်ကို အဆင်
ပြေလှပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Oct 15, 2011

ပရုတ်လုံး

မြန်မာပြည်မှာတော့ အ၀တ်တွေ၊ စောင်တွေ စတာတွေကို ဗီရိုထဲသိမ်းဆည်းတဲ့အခါ
ဘယ်နေရာမှာမဆို အလွယ်တကူဝယ်သုံးနိုင်တာ ပရုတ်လုံးရယ်ပါ။ ဂျပန်ရောက်တဲ့
အခါမှာတော့ ပရုတ်လုံးလိုက်ရှာတာမတွေ့ပါဘူး။ ယမ်း၁၀၀ဆိုင်တွေမှာတော့ ရေအိမ်
သုံး ပရုတ်ခဲလေးတွေသာရှိပါတယ်။

ခုတော့ဂျပန်မှာ ဆောင်းဦးရာသီဝင်လို့ တဖြည်းဖြည်းအအေးပိုလာပြီး ၁၂လပိုင်းခန့်မှ
စလို့ အင်မတန်အေးတဲ့ဆောင်းရာသီထဲဝင်မှာမို့ ထုံးစံအတိုင်း အပူအအေးကွာဟမှု
ကွာဟမှုကြီးမားတဲ့နိုင်ငံမို့ နွေရာသီသုံး အ၀တ်စားတွေ၊ စောင်တွေ စတင်သိမ်းဆည်း
ရတော့မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံမှာသုံးကြတဲ့ ပိုးမွှားကာကွယ်ပြီး၊ အနံ့သက်ပျောက်
အမွှေးနံ့ထုပ်ကလေးတွေကို ညွှန်းလိုပါတယ်ရှင်။

ဆဲယူးလိုစတိုးဆိုင်မျိုးမှာပင် အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဈေးနှုန်းသိလိုသူတွေ
ရှိလျှင်သိရအောင် Amazonကလင့်တွေပါတပါတည်း ဖော်ပြသွားပါမယ်။

အ၀တ်ဗီရိုတွေထဲအ၀တ်တွေချိတ်ထား၇င်း အမွှေးနံ့ထုပ်လေးတွေပါရောချိတ်နိုင်အောင်
ချိတ်တာကလေးပါတဲ့クローゼット用(Closetသုံး)နှင့်ခေါက်ထားသောအ၀တ်ထည်
များ၊ စောင်များကြားတွင် ရောထည့်ရတဲ့သာမန်အထုပ်လေးတွေဖြစ်တဲ့ 引き出し用
・衣類箱用(အံဆွဲနှင့်အ၀တ်ထည်ထည့်ဗီရိုများသုံး)ဆိုတာအပြင် အခြားအမျိုးအစား
ပေါင်း မြောက်များစွာလည်းရှိပါတယ်။

ညွှန်းလိုသောတံဆိပ်ကတော့ ピレパラ(アース)(PiRePaRa・AaSu)ဖြစ်ပါတယ်။

ကျမအိမ်မှာသုံးတာကတော့အ၀တ်တွေစောင်တွေထဲထည့်ပြီး၊ရောသိမ်းနိုင်တဲ့အထုပ်
လေး၄၈ထုပ်ပါဝင်တဲ့ 引き出し用ဖြစ်ပြီး အမွှေးနံ့ပါဝင်ပါတယ။်

Amazon မှာဈေးနှုန်းသွားကြည့်လို့ရပါတယ်။


ယခုလိုပန်းရောင်အထုပ်လေးတွေဖြစ်ပြီး ခရမ်းရောင်ပြောင်းသွားတဲ့အခါ အသစ်လဲပေးရ
မယ်လို့ဆိုပါတယ်။


နောက်တခုကတော့ချိတ်ထားတဲ့အ၀တ်တွေနှင့်ရောထည့်ချိတ်တာမျိုးပါ။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်


Oct 13, 2011

မျက်တောင်ကော့ဆေး

အလှပြင်ပစ္စည်းတွေထဲ ကျမအတွက်မရှိမဖြစ်တာဆိုလျှင် မျက်ခုံးမွှေးပါးသူဖြစ်တာမို့
မျက်ခုံးမွှေးဆွဲခဲတံလို့ဆိုရမှာပါ။ အနှစ်သက်ဆုံးကဘာလဲလို့မေးလာလျှင် မျက်တောင်
ကော့ဆေးလို့ဆိုရမှာပါ။ မျက်ရစ်သိပ်မကြီးပဲ မျက်နှာကသေးသေးသွယ်သွယ်မို့ မျက်
တောင်ကော့ဆေးမသုံးလျှင် မထင်ပေါ်သလို ကိုယ်ပိုင်ဟန်မရှိသလိုခံစားရပါတယ်။

မျက်ဝန်းထောင့်တွေ ရွှေရောင်ဖျော့ဖျော့ဖတ်ခနဲတို့ပြီး၊ မျက်တောင်ကော့ဆေးဆိုး
လိုက်လျှင်ပဲ အရောင်လက်သွားသလိုခံစားရပါတယ်။

ကျမရွေးချယ်တာကတော့ ခပ်ထူထူနှစ်သက်သူမို့ အမြဲ volume ပါတာကိုပဲရွေးချယ်
လေ့ရှိပါတယ်။ နဂိုကော့သူဖြစ်ပြီး ကော့လွန်းလျှင် အလွန်ခလေးဆန်သွားသလိုခံစား
ရတာမို့ ၃၀ကျော် လူကြီးသိပ်ဖြစ်ချင်တဲ့ကျမဟာ curlကို မပါအောင်ရွေးဝယ်ပါတယ်။
ပြီးတော့ရှည်ပြီးကော့တက်သွားတတ်လို့ နည်းနည်းရှည်တာနဲ့ညှပ်ပစ်တတ်သူမို့
longမပါအောင်လည်းရွေးပါတယ်။



ပြီးတော့ mascaraမှာ water-proof ဖြစ်မဖြစ်လည်း ရှိသေးတာမို့၊ water-proofတွေ
သုံးဖူးခဲ့သူမို့ သုံးပြီးနောက်ရက်ထိ ဆေးတွေစွဲကျန်နေတတ်ပြီး ဖျက်ဆေးသက်သက်
မသုံးလျှင် အဆင်မပြေတာကို မနှစ်သက်သူမို့ water-proofမပါတာကိုသုံးပါတယ်။
ရေနွေးဖြင့်ဆေးကြောရုံဖြင့် ခပ်လွယ်လွယ် ဆေးပြယ်သွားတာမို့ပါ။

ခုတလောနှစ်သက်နေတာကတော့ Maybelline ရဲ့ အသစ်ထွက်တဲ့အထူ၇ဆလို့ဆိုတဲ့
အ၀ါရောင်ဗူးကိုနှစ်နှစ်သက်သက်သုံးဖြစ်နေပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်လှပပါစေ


Jun 22, 2011

မျက်ဝန်းရောင်ခြယ်ခဲတံ

eye linerတောင့်ကလေးပါ။

တံဆိပ်တွေအမျိုးမျိုး အရောင်တွေအမျိုးမျိုးရှိတဲ့အလှကုန်ပစ္စည်းတွေကြား
မျက်ဝန်းအရောင်ခြယ်ဖို့ဆိုရင် အရောင်မတောက်လွန်း မမှိန်လွန်းကိုရွေးရတာ
ခေါင်းစားစရာပါ။ ဒီ့အတွက် သုံးမိရင်း အလွန်ကြိုက်သလို ဈေးလဲသက်သာတဲ့
kate တံဆိပ် my color pencil ဆိုတာလေးကိုညွှန်းချင်ပါတယ်။



 ဒါကတော့တတောင့်တည်းစွပ်သုံးတာရယ်ပါ။

အတောင့်ကလေးက သေးသွယ်ရှည်မျောတာမို့ ထူပိန်းသွားမှာလည်းမစိုးရိမ်ရပါဘူး။
တရောင် တတောင့်ကို ၃၇၈ယမ်းခန့်ပေးရပြီး 

အနက်ရောင် အဖုံးကိုလေးစွပ်ပြီးသုံးရပါတယ်။
အစွပ်လေးက ၈၄ယမ်းဖြစ်ပြီး ဟိုဘက်သည်ဘက် ၂တောင့်စွပ်ပြီးသုံးလို့ရပါတယ်။
 ဂျပန်နိုင်ငံမှထုတ်တာဖြစ်ပါတယ်။

အားလုံးပဲလှပပျော်ရွှင်ပါစေနော်
♪♪♪


May 31, 2011

ကြိတ်စက် မွှေစက်

အိမ်ရှင်မတို့အတွက်  山本電気 MICHIBA KITCHEN PRODUCT マルチスピードミキサー
MASTER MIX MB-MM91G လို့ခေါ်တဲ့Multi-speed Mixerလေးအကြောင်းသတင်းပါး
လိုပါတယ်။
အမှုန့်ကြိတ်တာအပါအ၀င် လုပ်ဆောင်ချက်၈မျိုးပါဝင်ပြီး၊ အရှိန်အတိုးအလျှော့လုပ်လို့
လည်းရတာမို့ မီးဖိုချောင်မှာ ဒီစက်လေးတခုရှိလျှင်ပဲ အတော်သက်သာလွယ်ကူမြန်ဆန်
မယ်လို့ထင်ပါတယ်။









ခြွင်းချက်အနေဖြင့် ဆိုဒ်ကသိပ်မသေးတာရယ်၊ ပစ္စည်းကောင်းတို့ထုံးစံ ဈေးနှုန်းအားဖြင့်
လည်း အခြားစက်တွေနှင့်ယှဉ်လျှင် အနည်းငယ်ဈေးမြင့်တယ်ဆိုတဲ့အချက်ပါ။ဂျပန်နိုင်ငံ
ထုတ်ဖြစ်ပြီး ရေရှည်ပစ္စည်းကောင်းသုံးချင်သူတွေအတွက် သင့်တော်ပါတယ်။

စက်ရဲ့အသေးစိတ်အချက်လက်နှင့်လုပ်ဆောင်မှုတွေကိုဒီဆိုဒ်လေးမှာသွားကြည့်နိုင်ပါ
တယ်။


Product Code No. :MB-MM91R
■Size: width 210× inside length 160×height 250mm
■Weight : 約3.1kg
■Material: acryl、ABS、stainless、PP
■Made in Japan

Price - around Yen 12000

သိပ်နေမကောင်းလို့လွယ်တာလေးတွေပဲရှာရှာရေးနေမိတယ်။ :))
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


May 7, 2011

သိုးမွှေးထည်အမွှေးပွများဖြတ်ခြင်း

ခရီးထွက်နေတာနဲ့ဘလော့ဂ်လေးပစ်ထားမိပါတယ်။
 
ဂျပန်မှာဆောင်းတွင်းကလွတ်ကင်းစွာကုန်လွန်ပြီဆိုတော့ဆောင်းတွင်းထည်တွေဒီနေ့
ရှင်းလင်းထုပ်ပိုးသိမ်းဆည်းပါတယ်။

ကုတ်အကျီ င်္၊သိုးမွှေးနှင့်သားမွှေးထည်တွေဟာ ၀တ်ဖန်များ၊လျှော်ဖန်များလာလျှင်
အမွှေးလေးတွေပွထွက်လာပြီး အထူးသဖြင့် လက်တံတောင်ဆစ်နှင့် လက်အိုးတ၀ိုက်မှာ
အမွှေးလေးတွေလုံးပြီး သီးနေတတ်ပါတယ်။

ပြီးခဲ့တဲ့ဆောင်းဦးကုန်တည်းက စမ်းသုံးကြည့်ခဲ့ချင်ပေမဲ့ သိမ်းထားတဲ့အ၀တ်တွေ
ပြန်ထုတ်ရမှာစိုးတာနဲ့ပဲမသုံးဖြစ်ခဲ့တဲ့ ယင်းအမွှေးပွဖြတ်စက် ဂျပန်အခေါ် 毛玉
クリーナー သို့ 毛玉取りလို့ခေါ်တဲ့လက်ကိုင်စက်ကလေးကို တနေ့က ယမ်း၁၀၀တန်
ဆိုင်က ၀ယ်လာခဲ့တာမို့ မသိမ်းခင် အမွှေးပွကလေးတွေဖြတ်ရင်း သဘောကျမိတာမို့
ဒီပို့စ်ကလေးတင်လိုက်ပါတယ်။ ယမ်း၁၀၀ဆိုင် မိတ်အင်တရုတ် ထုံးစံအတိုင်း ကြာကြာ
ခံပုံတော့မပေါ်ငြား ဒီတနှစ်အတွက်တော့ ယမ်း၁၀၀နဲ့အလုပ်ဖြစ်သွားပါတယ်။
နောက်နှစ်မှပဲကောင်းတာကလေးရှာဝယ်ပေးဖို့ စိတ်ကူးမိပါတယ်။
 ဖြတ်ပစ်လိုက်တဲ့အမွှေးပွလေးတွေဟာ အောက်က ဘူးခွံအကြည်လေးထဲမှာစုနေတာမို့
အသာလေး အဖုံးဖွင့်ပြီးလွှင့်ပစ်ရုံပါပဲ။
ထင်သာမြင်သာရှိအောင် ဒီပုံကလေးလည်း တင်လိုက်ပါတယ်။

ပုံများကိုတော့အင်တာနက်မှာရှာဖွေကူးယူဖော်ပြပါတယ်။

အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေရှင်
♪♪♪


Mar 27, 2011

ခေတ်စားနေသောမျက်ခုံးမွှေးဆွဲခဲတံ

ဂျပန်နိုင်ငံမှထုတ်လုပ်တာဖြစ်ပြီး
ဂျပန်လိုကတော့ エクセル パウダー&ペンシル アイブロウဟုခေါ်ဆိုပြီး
အင်္ဂလိပ်လိုကတော့ Excel Powder & Pencil Eyebrow ဟုခေါ်ဆိုပါသည်။
အရောင်၆မျိုးရှိပြီး ဈေးနှုန်းမှာ ဂျပန်ယမ်း ၁၅၂၂ ယမ်းခန့်ရှိသည်။

(a)ထိပ်တစ်ဖက်တွင် ချွန်စရာမလိုပဲ လှည့်ကာထုတ်ရသော မျက်ခုံးမွှေးဆွဲခဲသားချောင်း
(b)အခြားထိပ်တစ်ဖက်တွင်မူကား ညှိရန် ဘရပ်ရှ်
(c)အလည်တွင်မူကား ဖောင်းကြွဆေးခြယ်ညှိရန် စုတ်တံနှင့်အတွင်းတွင် ရှဲဒိုးအနှစ်


(a)ဖြစ်ပြီး အရင်ဆုံး မျက်ခုံးမွှေးကို ပုံဖော်ဆွဲသည်။

(b)ဖြစ်ပြီး (a)ဖြင့်ဆွဲထားပြီးသားကို အရောင်အနုရင့်မကွဲစေရန် ဘရပ်ရှ်ဖြင့်ညှိသည်။

(c)သည် အပြီးသတ် အရိပ်လိုက်ထည့်သော စုတ်တံဖြစ်သည်။

မျက်ခုံးမွှေးဆွဲနည်း (you tube)

အားလုံးပဲ ကျန်းမာလှပပျော်ရွှင်ပါစေ


အလည်လာသူများ

free counters

Total Pageviews