♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဖျော်ဖြေရေး. Show all posts
Showing posts with label ဖျော်ဖြေရေး. Show all posts

Nov 12, 2011

ဂျပန်ကအသဲကျော်လေးများ

တနေ့ကကြည့်လိုက်ရတဲ့ ဂျပန်မှာခေတ်အစားဆုံးနှင့် ရေပန်းစားနေသော တေးဆိုရှင်
နံပါတ်၁၊၂၊၃ကို ဂျပန်ချစ်ပရိတ်သတ်တွေနှင့်စိတ်ဝင်စားသူတွေလည်းသိရအောင် ဝေမျှ
ပေးချင်ပါတယ်။ အချိန်သိပ်မရတာမို့ ဖုံးတွေအကြောင်းဆက်ရေးဖို့ကို နည်းနည်းနောက်
ဆုတ်ထားပြီး လောလောဆယ်လွယ်တာလေးရေးတင်လိုက်ပါတယ်။

နံပါတ် ၃ကတော့ ကိုရီးယားအဆိုရှင်အုပ်စုဖြစ်တဲ့ Kara (ကာလာ)ဖြစ်ပြီး၊ ရေပန်းအစား
ဆုံးကတော့ အဆိုရှင်ချောချောလေးတွေကတင်ပါးရမ်းကာရမ်းကာ ကသွားတဲ့ ခပ်မြူး
မြူး တေးအမျိုးအစားဖြစ်ပြီး သီချင်းအမည်ကတော့ မစ်စတာ ミスターလို့ခေါ်ပြီး ဂျပန်
လို သီဆိုထားတာဖြစ်ပါတယ်။ ဒီနေရာမှာကြည့်နိုင်ပါတယ်။
ဒီအုပ်စုရဲ့ သီချင်းခပ်မြူးမြူး၊ ခပ်သွက်သွက်အကတွေဟာ အတော်လူကြိုက်များပြီး
အခြား ရေပန်းစားတဲ့သီချင်းကတော့ Kara Go Go Summerပါ
 နံပါတ်၂ကတော့ ဂျပန်ပြည်သူတွေအသဲစွဲချစ်ကြတဲ့ AKB 48ဆိုတဲ့အဖွဲ့ဖြစ်ပြီး ယင်း
အဖွဲ့ကို စတင်လူကြိုက်များခဲ့တဲ့တေးသီချင်းကတော့ 会いたかった(တွေ့ချင်ခဲ့တာ)
ဆိုတဲ့သီချင်းဖြစ်ပြီး၊ ヘビーローテーション (heavy rotation)လို့ခေါ်တဲ့ယင်းသီချင်း
ကို ခပ်မြူးမြူးလေးရိုက်ကူးတဲ့အခါမှာတော့ အလွန်ရေပန်းစားသွားခဲ့ပါတယ်။
ယင်းအုပ်စုဟာ ဆယ်ကျော်သက် မြီးကောင်ပေါက် အရွယ်လေးများဖြင့်ဖွဲ့စည်းထားပါ
တယ်။ အဖွဲ့ဝင်တွေအများကြီးပါသော အုပ်စုကြီးဖြစ်ပြီး အကလည်းသိပ်မတော်၊ အဆို
လည်းသိပ်မတော်ငြား သည်လိုမျိုးလေးတွေကိုရယ်မောရင်း နှစ်သက်သဘောကျချစ်ခင်
အားပေးတတ်တဲ့ဂျပန်လူမျိုးတွေရဲ့ဓလေ့တမျိုးကိုလည်း ခံစားမိပါတယ်။



နံပါတ်တစ်ကတော့ ဂျပန်ရဲ့အသဲကျော် ခလေးရုပ်ရှင်သရုပ်ဆောင်၂ဦးက သီဆိုထား
တဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။ マルマルモリモリဖြစ်ပြီး ခလေးလူကြီးမကျန် နိုင်ငံ
အ၀ှမ်းရေပန်းစားနေပါတယ်။
 အခြားသီချင်းများကတော့
ayaman japan

少女時代 - Gee  
ပြီးရင်အောက်ကသီချင်းလေးပါဆက်ဆက်တွဲကြည့်စေချင်ပါတယ်ရှင်
Gee

အားလုံးပဲပျော်ရွှင်ပါစေရှင်


Nov 4, 2011

အိမ်ဦးနတ်မြွတ်ဟကြေငြာစကား

ခေတ်အဆက်ဆက်ကျော်ကြားခဲ့တဲ့ သီချင်းတွေကိုမိတ်ဆက်သော တီဗွီအစီအစဉ်လေး
တခုကိုကြည့်မိရင်း အတော်လေးဟောင်းပေမဲ့ နှစ်သက်မိတဲ့သီချင်းလေးတပုဒ်ပါ။
ဂျပန်လို 関白宣言 (かんぱく せんげん)ဖြစ်ပြီး မြန်မာလိုပြန်လျှင်တော့ အိမ်ဦးနတ်
(အိမ်ထောင်ဦးစီး)မြွတ်ဟကြေငြာစကားရယ်ပါ။ အဆိုရှင်ကတော့ သီချင်းစာသားတွေ
ရေးသားခြင်းဖြင့် အထူးနာမည်ကြီးသော きだまさしဖြစ်ပါတယ်။ ရှေးခေတ်ကသီချင်းမို့
မိန်းမနှင့်ယောကျာင်္း ရင်ဘောင်တန်းလာသော ယနေ့ခေတ်ဂျပန်တွေကြားမှာတော့
အနည်းငယ် ယောကျာင်္းကြီးဝါဒဆန်တယ်လို့ဝေဖန်ခံရပေမဲ့ အဆုံးထိနားထောင်လိုက်
ရင် တမျိုးပြောင်းလဲသွားတဲ့ခံစားချက်ကို ကျမလည်းခံစားလိုက်ရပါတယ်။

ဒီနေရာမှာနားထောင်ကြည့်နိုင်ပါတယ်။

お前を嫁にもらう前に 言っておきたい事がある
မင်းကို သတို့သမီးအဖြစ် လက်မခံခင် ကြိုပြောထားချင်တာရှိတယ်
かなりきびしい話もするが 俺の本音を聴いておけ
အတော်စည်းကမ်းကြီး(တင်းကျပ်)တဲ့စကားလို့ဆိုပေမဲ့ငါရဲ့ရင်ထဲကစကားကိုနားထောင်ထားပါ
俺より先に寝てはいけない
ငါ့ထက်အရင်အိပ်လို့မဖြစ်ဘူး
俺より後に起きてもいけない
ငါ့ထက်နောက်ကျပြီးနိုးလို့လည်းမဖြစ်ဘူး
めしは上手く作れ いつもきれいでいろ
ထမင်းဟင်းကိုကောင်းအောင်ချက် အမြဲတမ်းလှအောင်နေ
出来る範囲で構わないから
မင်းတတ်နိုင်သလောက်လေးလုပ်ရင်ရပါပြီ
忘れてくれるな仕事も出来ない男に
မမေ့လိုက်နဲ့နော် အလုပ်ကိုသေချာမလုပ်နိုင်တဲ့ယောကျာင်္းဆိုတာ
家庭を守れるはずなどないってこと
မိသားစုကို ကာကွယ်ပေးနိုင်စွမ်းလုံးဝမရှိဘူးဆိုတာ

お前にはお前にしか できないこともあるから
မင်းမှာလည်း မင်းမှမလုပ်ရင်မဖြစ်တဲ့အရာတွေရှိတာမို့
それ以外は口出しせず黙って俺についてこい
တခြားဟာတွေက ဘာစကားမှမဆို နှုတ်ဆိတ်ပြီး ငါ့နောက်ကလိုက်ခဲ့
お前の親と俺の親と どちらも同じだ大切にしろ
မင်းမိဘနဲ့ငါ့မိဘ ဘယ်ဘက်ပဲဖြစ်ဖြစ် အတူတူမို့ အလေးထားပါ
姑小姑かしこくこなせ たやすいはずだ愛すればいい
ယောက္ခမနဲ့ယောင်းမ၊ခဲအိုတွေကို လိလိမ္မာမ္မာဆက်ဆံတာ မခက်တဲ့အရာမို့
ချစ်ချစ်ခင်ခင်နေရင်ရပါတယ်

人の陰口言うな聞くな
လူတွေရဲ့အတင်းဖျင်း မပြောနဲ့ နားမထောင်နဲ့
それからつまらぬシットはするな
ပြီးတော့အဓိပါယ်မရှိတဲ့မနာလိုဝန်တိုစိတ်မထားနဲ့
俺は浮気はしない たぶんしないと思う
ငါကမဖောက်ပြန်ဘူး အင်းမဖောက်ပြန်ဘူးလို့ထင်တာပဲ
しないんじゃないかな ま、ちょっと覚悟はしておけ
မဖောက်ပြန်ဘူးလေ အဲဒါလေးတော့နည်းနည်းတွေးထား
幸福は二人で 育てるもので
ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ နှစ်ယောက်သားပျိုးထောင်ရမဲ့အရာမို့
どちらかが苦労して つくろうものではないはず
တဦးဦးက စိတ်ပင်ပမ်းဆင်းရဲရမဲ့အရာမဟုတ်တာ သေချာတယ်

お前は俺の処へ 家を捨てて来るのだから
မင်းဟာ ငါရှိတဲ့နေရာကို အိမ်ကိုစွန့်ပြီးလာတာမို့
帰る場所は無いと思え これから俺がお前の家
ပြန်ဖို့နေရာမရှိဘူးလို့မှတ်ပါ ခုကစပြီး ငါဟာ မင်းရဲ့အိမ်ပါ
子供が育って 年をとったら
ခလေးတွေကကြီးပြင်းလာပြီး အသက်ရွယ်ရလာရင်
俺より先に死んではいけない
ငါ့ထက်အရင်သေလို့မရဘူး
例えばわずか一日でもいい
ဥပမာ နည်းနည်းလေး တရက်ပဲဖြစ်ဖြစ်ရတယ်
俺より早く逝ってはいけない
ငါထက်အရင်ဒီလောကကြီးကထွက်ခွာလို့မဖြစ်ဘူး
何もいらない俺の手を握り
ဘာမှမလိုပါဘူး ငါ့ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး
涙のしずくふたつ以上こぼせ
မျက်ရည်စက်၂စက်ကျော်ကျော်လွင့်ကျလာပါ
お前のお陰でいい人生だったと
မင်းရဲ့ကျေးဇူးနဲ့ ငါဟာကောင်းမွန်စွာရှင်သန်ခဲ့တယ်လို့
俺が言うから必ず言うから
ငါကပြောမှာမို့လို့ ဆက်ဆက်ပြောမှာမို့လို့
忘れてくれるな 俺の愛する女は
မမေ့လိုက်ပါနဲ့ ငါချစ်ရတဲ့မိန်းမဟာ
愛する女は 生涯お前ひとり
ချစ်ရတဲ့မိန်းမဟာ ဘ၀တသက်တာ မင်းတယောက်တည်း

忘れてくれるな 俺の愛する女は
မမေ့လိုက်ပါနဲ့ ငါချစ်ရတဲ့မိန်းမဟာ
愛する女は 生涯お前ただ一人
ချစ်ရတဲ့မိန်းမဟာ ဘ၀တသက်တာ မင်းတယောက်တည်း

ယင်းနောက် ကာယကံရှင်အဆိုရှင်ကိုယ်တိုင် ဒီသီချင်းကို ပြောင်းပြန် မိန်းမကြောက်ရ
တဲ့စာသားကိုပြန်ပြောင်းဆိုတာကိုလည်း နားထောင်ကြည့်လိုရင် ဒီနေရာမှာပါ။

 
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ


Oct 18, 2011

အင်္ဂါနေ့ည၁၀နာရီ၅၅ ビターシュガー

ビターシュガー Bitter Sugar


တစ်ည အိမ်ရှေ့ကလူခေါ်ခေါင်းလောင်းသံကြားတဲ့အခါ တံခါးနားက စာဖတ်ခန်းမှာရှိတဲ့
သူက တံခါးဖွင့်ရင်းစကားပြောနေပြီး၊ အဲသည်လူပြန်သွားပြီးမှ ကျမကဘာများလဲလို့လှမ်း
မေးတဲ့အခါ NHKက၀န်ထမ်းဖြစ်ပြီး၊ NHKကြည့်သလား၊ ကြည့်လျှင်လခလာကောက်ခြင်း
ရယ်ပါ။ ကျမခင်ပွန်းက ကျမရုပ်ရှင်ဇာတ်လမ်းတွဲတွေကြည့်နေလျှင် စာဖတ်ခန်းထဲစာဖတ်
နေတတ်သူမို့NHKက၀န်ထမ်းကို ကျနော်တို့NHKမကြည့်သလောက်ပဲလို့ငြင်းလွှတ်လိုက်
ပါတယ်။ ကျမကNHKက အင်္ဂါနေ့တိုင်းလာတတ်တဲ့အပတ်စဉ်ဇာတ်လမ်းတွဲတွေကိုသိပ်
ကြိုက်ပြီး ညတိုင်းမလွတ်တမ်းကြည့်လေ့ရှိတာမို့ သူ့ကိုပြောတဲ့အခါ အသက်ကြီးကြီး
NHK၀န်ထမ်းကိုသူကအလွန်အားနာသွားပါတယ်။ အဲလိုနှင့်တိုက်အောက်သွားရှာမယ်လို့
ဆိုတော့ သူကကျမပင်ပမ်းမှာစိုးတော့ နောက်တခါမှပဲပေးတာပေါ့လို့ဆိုငြား၊စိတ်မသက်
မသာဖြစ်နေတဲ့သူ့ကိုကြည့်ရင်း တိုက်အောက်မှာ ရှာမတွေ့ပေမဲ့ ၅မိနစ်လောက်စောင့်
တဲ့အခါ တခြားတတိုက်ကထွက်လာတဲ့ NHK၀န်ထမ်းဦးလေးကြီးကို ကျမခင်ပွန်းမသိလို့ပါ
ရှင်၊ ကျမက အင်္ဂါနေ့ကားတွေအမြဲကြည့်ပါတယ်လို့ဆိုရင်း အိမ်ပေါ်ပြန်ခေါ်လာရင်း စာရင်း
သွင်းပါတယ်။ တလကို ယမ်း၁၃၀၀နှုန်းခန့်ပေးရပါတယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုရ
လျှင် ကောင်းမွန်တဲ့တာဝန်သိမှုနှင့်တုံ့ပြန်ရမှာမို့ပါ။

ယခုကျမကြည့်ဖို့အားခဲထားတဲ့ ဇာတ်လမ်းတွဲကလေးကိုညွှန်းလိုပါတယ်။ NHKလိုင်းနံပါတ်
၁ မှ အပတ်စဉ်အင်္ဂါနေ့တိုင်း 22:55-23:25(30မိနစ်)ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
သည်အပတ် (ဆိုရလျှင် ယနေ့ အင်္ဂါနေ့၁၈ရက်နေ့မှ စတင်ထုတ်လွှင့်မှာပါ)
NHK総合
22:55-23:25(30分)
【放送スタート日】2011年10月18日(火)

ဇာတ်လမ်းအကျဉ်းကတော့
အသက်၄၀ပြည့်ခါနီးဖြစ်တဲ့ အမျိုးသမီးသူငယ်ချင်း၃ဦးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။
တဦးဟာ ၇နှစ်ခန့်မေတ္တာမျှလာခဲ့သောချစ်သူဖြင့်လမ်းခွဲကာ တခြားယောကျာင်္းကို
စိတ်ဝင်စားလို့မရဘဲ ထိုသူမှထိုသူ အသဲကွဲနေပြီး၊
နောက်တဦးကတော့ယခင်မော်ဒယ်လ်ဟောင်းလုပ်ခဲ့သူဖြစ်ပြီး ပျိုရွယ်စဉ်ဘ၀ ပျားပတုံး
တွေကြားမှ ရိုးရိုးအေးအေးကြီးဖြစ်သူကိုရွေးချယ်လက်ထပ်ကာမှခင်ပွန်းဖြစ်သူဟာ နောက်
မိန်းမနှင့်အတူခြေရာဖျောက်ပျောက်ကွယ်သွားတာမို့လိုက်ရှာသူဖြစ်ပြီး မိမိဘာသာ
ရပ်တည်နိုင်ဖို့ ရုန်းကန်နိုင်ဖို့ကြိုးစားနေရပြီး၊
အခြားသူငယ်ချင်းတဦးဖြစ်သူကတော့ မိမိထက်အသက်ငယ်ကာဓါတ်ပုံပညာကလွဲပြီး
မိမိအပေါ်မှာတောင်အချိန်မပေးနိုင်တဲ့ချစ်သူကိုလမ်းခွဲသူဖြစ်ပြီး
အထက်တန်းတည်းက ငယ်သူငယ်ချင်းဖြစ်သူ ၃ဦးသားဟာပူးပေါင်းဖေးမကာ ဘ၀ကို
ဘယ်လိုဆက်လက်လျှောက်လှမ်းပုံဖော်သွားသလဲဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
လူ့ဘ၀ရဲ့ဖြစ်တတ်ပုံသဘောလေးတွေနှင့် ဂျပန်နိုင်ငံရဲ့လူနေမှုတစိတ်တပိုင်းကိုပါ
ပေါ်လွင်စေတဲ့ဇာတ်လမ်းတပုဒ်ပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Sep 10, 2011

အောက်တန်းလွှာတို့ဆုံဆည်းပွဲ (၃) ဇာတ်သိမ်း

အပိုင်း ၁ ရေးပြီး အပိုင်း၂ကိုအမေ့မေ့အလျှော့လျှော့နဲ့မရေးမိတာမို့ စောင့်ဖတ်
သူများရှိလျှင် ခွင့်လွှတ်ပါရှင်။

အပိုင်း ၁နှင့်၂ ကို ဒီနေရာနှိပ်ပြီး ဖတ်လို့ရပါတယ်။


အပိုင်း၃

မင်းသားမှာ အမတစ်ဦးရှိပြီး သူမကတော့ သာမာန်တက္ကသိုလ်ဘွဲ့ထားပါတယ်။
သူငယ်ချင်းတွေမိတ်ဆက်ပေးမှုကြောင့် နာမည်ကျော်တက္ကသိုလ်ဘွဲ့ရ၊ စီးပွား
ရေးလုပ်ငန်းရှင်လူငယ်တဦးဖြစ်သူနှင့်အိမ်ထောင်ပြုပါတယ်။  အမဖြစ်သူဟာ
သူမရဲ့မင်္ဂလာဆောင်ကိုတက်ချင်တဲ့သူငယ်ချင်းတွေဝိုင်းနေကြောင်း၊ သည်လို
လူနှင့်မင်္ဂလာဆောင်ကိုလာလျှင် သည်လိုဂုဏ်သရေရှိ ဖူးစာဖက်များကိုရှာတွေ့
နိုင်တာမို့ပေါ့လို့ပြောတဲ့အခါ ငါ့သမီးကတယ်ဟုတ်တာပဲလို့ဆိုရင်း သားအမိ
နှစ်ဦးရဲ့ ရယ်မောသံဟာ အိမ်မှာ တလွင်လွင်ဖုံးလွှမ်းသွားပါတော့တယ်။
သူမရဲ့မင်္ဂလာဆောင်သို့မင်းသားကတက်ရောက်တဲ့အခါ မင်းသားဟာတက္ကသိုလ်
ဝင်ခွင့်အတွက် အပြင်မှာအခန်းငှား၊စာလုပ်နေတာဖြစ်ကြောင်း အမဖြစ်သူကလိမ်
လည်ပြောဆိုမိတ်ဆက်ပေးတဲ့အခါ အားလုံးကစိတ်မသက်မသာဖြစ်စွာ ၀ိုင်းဝန်း
ဖာထေးကြပါတယ်။ လောကကြီးရဲ့ဖြစ်လေ့ရှိသောလူတွေရဲ့ဂုဏ်ပကာသနအပေါ်
အလေးထားပုံ၊ အိုးနင်းခွက်နင်း သဘာဝကို သရုပ်ပေါ်လွင်စေပါတယ်။ ကိုယ်ဝန်ရှိ
လို့လက်ထပ်လိုက်ရတာဖြစ်ပါတယ်။

ပထမတနှစ်မှာ ချာလည်ယမ်းလို့ အတော်အမှတ်တွေညံ့ခဲ့တဲ့သူ မင်းသမီးဟာ
လည်း ဒုတိယနှစ်သည်အချိန်မှာ စာအသည်းအသန်ကြိုးစားနေပြီး စာမေးပွဲရက်
နီးလာတာနှင့်အမျှ၊မင်းသားအမေဖြစ်သူဟာလည်းဆောက်တည်ရာမရ၊ဂဏာမငြိမ်
ဖြစ်လာပါတော့တယ်။ အဆိုးဆုံးကတော့ သူငယ်ချင်းဖြစ်သူ ဆရာထံကိုအကျိုး
အကြောင်းသွားရောက်တီးခေါက်စပ်စုရာမှာ ဆရာက မင်းသမီးမှအစမ်းဖြေထားတဲ့
စာမေးပွဲအမှတ်စာရင်းကိုပေးလိုက်ရာမှာ အတော်များများ အဆင့်အေဖြစ်နေတာမို့
ထိုင်မရထမရ၊ ခြောက်ခြားပြီး ဂဏာမငြိမ်ဖြစ်နေတဲ့အမေလုပ်သူကို မင်းသားအဖေ
ရဲ့စကားတခွန်းဟာ အရှိုက်ကိုထိုးသလို ငြိမ်ခနဲ ဆွံ့အသွားစေပါတယ်။
'' ဒီကောင်မလေးသာဆေးကျောင်းဝင်ခွင့်ရသွားရင် မတန်ဘူးလို့ပြောသင့်တာ
သူတို့ဘက်ကဖြစ်သွားမှာ''ဆိုတဲ့စကားပါ။
သည်အချိန်မှာ မင်းသားရဲ့အမဖြစ်သူဧ။်ခင်ပွန်းသည်ဟာလည်း စိတ်ကျရောဂါဖြစ်
ကာစီးပွားလည်းကျလာပြီး ခလေးတဖက်နှင့် သမီးဖြစ်သူကိုကြည့်ရင်း ထင်သလို
မဖြစ်တဲ့လောကကြီးအလယ် သားအမိနှစ်ယောက် အပူမီးဝိုင်းရပါတယ်။

အောင်စာရင်းထွက်လာပါတယ်။ သူမ အောင်မြင်သွားပါတယ်။ မင်းသားကိုချစ်လွန်း
လို့ မင်းသားနှင့်လက်ထပ်ခွင့်ရဖို့ဆိုတဲ့ရည်ရွယ်ချက်တခုတည်းဖြင့်ကြိုးစားလာ
ခဲ့တဲ့သူမ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ မင်းသမီးအမေဖြစ်သူလည်း မောင်
ငယ်နှင့်အတူ နယ်မှရောက်ရှိလာပြီး မင်းသားဖြစ်သူရဲ့မိဘများအိမ်မှာအားလုံးစုဝေး
ကြပါတယ်။ မင်းသမီးမလာသေးတာမို့ သွားကြိုမယ်လို့ပြောပြီး မင်းသားကထွက်ခွာ
သွားပါတယ်။ တွေ့တဲ့အခါ စကားပြောရအောင်လို့ဆိုပြီး နှစ်ယောက်သားစကားဆို
ပါတယ်။ မင်းသားက လမ်းခွဲရအောင်လို့ဆိုတဲ့အခါ မင်းသမီးက တွင်တွင်ငြင်းပြီး
ငိုပါတယ်။ မင်းသားကဆိုပါတယ်။
"မင်းနဲ့ကိုယ်ဟာဘ၀ခြားသွားပြီလေ
မင်းကိုယ့်ကိုဘယ်လောက်ပဲချစ်ချစ်၊ ကိုယ်ကမင်းကိုဘယ်လောက်ပဲချစ်ချစ်
အတူနေရင် ခုကစလို့ ပျော်ရတော့မှာမဟုတ်ဘူး
မင်းက မင်းလိုပဲ ကြိုးစားတဲ့သူတွေ အသိုင်းအ၀ိုင်းကြားခုကစလို့ ရောက်ရှိရှင်သန်
သွားရတော့မယ်။ ကြာလာတဲ့အခါ မင်းကမပြောရင်တော့ မင်းအသိုင်းအ၀ိုင်းကြား
မှာ ငါ့အတွက်နဲ့မင်း အပြောဆိုခံရမယ်။
ငါကတော့မင်းလိုမဟုတ်ဘူး ငါကမကြိုးစားချင်ဘူး ဘ၀ကိုခုလိုပဲ ဘာမှမလုပ်ပဲ
ရေသာခိုနေသွားချင်တာ အဲသည်လိုဂုဏ်ပကာသန တပ်မက်မှုတွေနောက်လိုက်ရင်း
မောပန်းတဲ့ဘ၀ကို မလိုချင်ဘူး ဒီလမ်းကိုပဲဆက်လျှောက်မှာ" လို့ဆိုပါတယ်။
ဒါကိုကြာလို့လိုက်လာတဲ့ မင်းသားအမေဖြစ်သူဟာ အားလုံးကြားသွားပါတယ်။
မျက်ရည်စက်လက်နှင့် သူမတောက်လျှောက်တမ်းတ မက်မောလာတဲ့ဂုဏ်ပကာ
သနတွေကို သူမကြောင့်ပဲ သားဖြစ်သူဟာ အမုန်းကြီးမုန်းနေတာကို ရင်ကွဲပက်
လက်သိရပါတယ်။

အဆုံး ယောကျာင်္းကစိတ်ဖောက်လို့ ခဏခဏပြဿနာတက်တဲ့ဒဏ်ကိုမခံနိုင်တဲ့
မင်းသားအမဖြစ်သူဟာခလေးပိုက်လို့အိမ်ပြန်လာပါတယ်။ အလုပ်ပြုတ် ဖခင်ဖြစ်သူ
ဂုဏ်ကြီးရှင်မိခင်ဖြစ်သူ၊ အိမ်ထောင်ကွဲသမီးနှင့် ဘာမှမလုပ်တဲ့သားဖြစ်သူ
သည်လိုနဲ့ပဲဂုဏ်မက်သူအမေဟာလည်း လောကကြီးကို ခပ်မဲ့မဲ့ရယ်ရင်း အရှိကို
အရှိအတိုင်း လက်ခံနေပျော်တတ်လာပါတော့တယ်။

တနေ့မြေးလေးကိုတွန်းလှည်းကလေးနှင့်လမ်းလျှောက်ထွက်လာသူမင်းသားအမေ
ဖြစ်သူဟာ အထုပ်အပိုးတွေနှင့်မင်းသမီးကို လမ်းမှာဆုံပါတယ်။
နောက်ဆုံးခန်းက စကားလေးတွေပါ။
"မင်းကို ကျောင်းတက်ဖို့(ကျောင်းရှိရာမြို့)သွားပြီထင်နေတာ
မင်းအတွက် သိပ်ကိုဂုဏ်ယူပါတယ်"
"ဟင့်အင်း ခုမှသွားမှာ နေကောင်းကြရဲ့လား"
"အင်း ကောင်းပါတယ် အရင်အတိုင်းပါပဲ
သားကမင်းကို ခေါက်သွားတာ ငါတကယ်ကို စိတ်မကောင်းပါဘူး"
"ရပါတယ် ကျမနဲ့အမေနဲ့အတူတူပဲနော် အမေ့ရဲ့ဆန္ဒတွေအားလုံးကိုလည်း သူက
ခေါက်သွားတာကိုး အတူတူအခေါက်ခံလိုက်ရတယ်နော်"
နှစ်ဦးသားရယ်မောရင်း နှုတ်ဆက်ကာ လမ်းခွဲသွားပါတယ်။

မှတ်မိသလောက်ပြန်ရေးတာမို့ တချို့အသုံးနှုန်းလေးတွေလွဲနေတာရှိကောင်းရှိနိုင်
ပါတယ်ရှင်

အားလုံးပဲ လက်တွေ့ကျကျ ပျော်ရွှင်နိုင်ကြပါစေရှင်


Aug 21, 2011

ဗမာ့စောင်း ・ ビルマの竪琴

ကျမကိုဘယ်နိုင်ငံကလာသလဲလို့အမေးခံရတိုင်း မြန်မာလို့ပြန်ဖြေတဲ့အခါ အရင်က
ဘိရုမာလားဆိုတဲ့မေးခွန်းနှင့်အတူ ဟုတ်တယ်လို့ပြန်ဖြေလိုက်တိုင်း အရွယ်ရသူ
ဂျပန်လူကြီးအတော်များများဟာ ဘိရုမာလို့ဆိုတာနှင့် ဘိရုမာနော့တတဲဂိုတိုရုပ်ရှင်ကို
ကြည်ဖူးတယ် လို့ ဆိုရင်း မြန်မာပြည်ကိုသိနေတတ်ကြတာများပါတယ်။
ကြည့်ဖြစ်အောင်ကြည့်ဦးမယ်လို့စိတ်ကူးရင်း ဇာတ်လမ်းကကာလအတော်ကြာက
ရိုက်ထားတဲ့ကားမို့ မကြည့်ဖြစ်ပါဘူး။
ဒီနေ့တော့အားလဲအား အောင်အင်ဖိုမှာရေးထားတဲ့ဆောင်းပါးလေးသွားဖတ်ရင်း
အစဆွဲလိုက်မိသလို သတိတရနှင့်အဆုံးထိကြည့်မိသွားပါတယ်။
ဒီနေရာမှာ အကျဉ်းသွားဖတ်နိုင်ပါတယ်။

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11

ပုဂ္ဂလိကသုံးသပ်ချက်
ဇာတ်လမ်းမှာပါဝင်သော ဗမာလူမျိုးများဟာ ဗမာစကားပြောဆိုကြငြား ဂျပန်တွေချည်း
ဖြစ်ပုံပေါ်ပြီး ပြောကြားသောဗမာစကားတွေဟာ ဂျပန်သံအတော်ဝဲပြီး တချို့ကိုမြန်မာ
လူမျိုးစစ်စစ်ဖြစ်တဲ့ကျမတောင် နားလည်ရခက်ပါတယ်။
စစ်ပွဲရဲ့အနိဌာရုံတွေ၊ လူလူချင်းထားသောမေတ္တာတွေကိုတော့ ကြည့်ရှုခံစားစိတ်လှုပ်
ရှားရပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Jun 29, 2011

အောက်တန်းလွှာတို့ဆုံဆည်းပွဲ (၁)

မရည်ရွယ်ပဲ NHK ကလာတဲ့ ဂျပန်ဒရာမာဇာတ်လမ်းလေးတပုဒ်ကြည့်မိပါတယ်။
အစွဲကြီးစွဲသွားမိပါတယ်။ ညွှန်းပါရစေ။

下流の宴 (karyuu no utage) လို့ခေါ်ပြီး အပတ်တိုင်း အင်္ဂါနေ့ည၁၀နာရီမှာလွှင့်ပါ
တယ်။ နောက်တပါတ်နှစ်ပါတ်လောက်မှာဇာတ်သိမ်းမယ်လို့မျှော်လင့်ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

သမီးတဦး၊သားတဦး(မင်းသား)ရှိပြီး၊ သားအပေါ်ငယ်စဉ်တည်းက အလွန်ချစ်ကာ ရည်မှန်း
ချက်ကြီးကြီးပိုက်လို့ တချိန်လုံးစာမှစာ ကြိုးစားခိုင်းပြီး စည်းကမ်းကြီးကြီးပြုစုပျိုးထောင်
လာရာကနေ စိတ်ဖိစီးလာပြီး မင်းသားဟာ အထက်တန်းကျောင်းအရွယ်မှာ ကျောင်းမသွား
တော့ပဲ အဆုံးမှာ သာမန်အင်တာနက်ဆိုင်စာရေးအဖြစ် အချိန်ပိုင်းသာအလုပ်လုပ်ပြီး
သက်သက် အိမ်ခွဲနေပါတော့တယ်။ မင်းသားရဲ့စရိုက်ဟာ စကားမပွင့်တပွင့်ပြောပြီး
အေးတိအေးစက်နဲ့ ရင်ထဲကစကားသိပ်ထုတ်ဖော်မပြတတ်တဲ့စရိုက်မျိုးပါ။


မင်းသမီးရဲ့စရိုက်ကတော့ အသံကျယ်ကျယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲရှိသမျှ ပြော
လေ့ရှိသူပါ။
မင်းသမီးက အိုကီနာဝါလို့ခေါ်တဲ့ ဂျပန်တောင်ဖျားကကျွန်းကလေးက ဇာတိဖြစ်ပြီး
မိခင်ကတော့ နောက်အိမ်ထောင်ထူထားပြီး အရက်ဆိုင်ဖွင့်လှစ်ထားသူဖြစ်ပါတယ်။

နောက်အိမ်ထောင်နှင့်သားလေးတဦး ထွန်းကားပြီး မောင်နှမနှစ်ဦးဟာ အရင်းချာကဲ့သို့
အလွန်ချစ်ခင်ပါတယ်။ တိုကျိုမှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့မင်းသမီးနှင့်မင်းသားတို့
ဆုံဆည်းပြီး အတူအခန်းငှားနေကြပါတယ်။

(မင်းသားရဲ့)အမေဖြစ်သူရဲ့ဖခင်ဟာ ဆရာဝန်ကြီးဖြစ်ကာ
ကိန်းခန်းကြီးတဲ့မိခင်ရဲ့အုပ်ထိန်းမှုအောက်မှာငယ်စဉ်တည်းကပြည့်စုံစွာနေထိုင်လာရပြီး၊
ခင်ပွန်းသည် (မင်းသားရဲ့)အဖေဖြစ်သူဟာလဲ နာမည်ကြီးကုမဏီကြီးတစ်ခုကဌာနမှူး
ဖြစ်တာမို့ မိမိကိုယ်မိမိ အထက်တန်းလွှာကတော်တစ်ဦးကဲ့သို့ သွေးကြီးပါတယ်။

နဂိုတည်းကသွေးကြီးသော မင်းသားရဲ့မိခင်ဖြစ်သူဟာ သားကို ကျောင်းပြန်မတက်လို့
အမျိုးမျိုးဆက်သွယ်တိုက်တွန်းနေတဲ့ကြားက မင်းသမီးကို အောက်တန်းအလွှာဖြစ်တယ်
လို့သတ်မှတ်တာမို့ အနာကြီးနာ အခါကြီးခါ သဘောမတူပါဘူး။ သားကိုလည်း ဘယ်လို
မှပြောမရတဲ့အပြင် အဘွားဖြစ်သူက အိုစာမင်းစာစုဆောင်းထားတဲ့ ဂျပန်ငွေ သိန်းတစ်
ရာကို ပေးပါ့မယ်။ နိုင်ငံရပ်ခြားသွားပညာသင်ပါလို့ဆိုလည်း ငြင်းပါတယ်။ ဘာလုပ်
(လို)ချင်တာရှိလဲမေးတော့လည်း မင်းသားက အထွေထူးမရှိဘူးလို့ငြင်းပါတယ်။

သည်လိုနဲ့ အိုကီနာဝါကလာလည်တဲ့မောင်လေးက အိမ်မှာတည်းခိုရင်း ရုတ်တရက်ဖျား
တော့ မင်းသားက သူ့ရဲ့ ကျန်းမာရေးအာမခံဆောင်ထားတဲ့ကဒ် ငှားပြီး ဆေးခန်းပြခိုင်း
ပါတယ်။(ယင်းဟာ ဥပဒေအရ ကာယကံရှင်မှလွဲပြီး သုံးလို့မရပါဘူး) သည်မှာတင်ပဲ
မောင်လေးဟာ ငွေအတွက် (ဒုက္ခရောက်သူကိုကူညီဖို့ .ကျမသေချာမကြည့်လိုက်မိတဲ့
အခန်းပါ) တခြားသူငယ်ချင်းကို ယင်းကဒ်ငှားရာကနေ ယင်းကဒ်ကိုသုံးကာ ဖုံးလုပ်ပြီး
ဖုံးဖိုးငွေအများကြီးကျတဲ့အပြင် အမှုခင်းဖြစ်တာမို့ ကာယကံရှင်ဖြစ်တဲ့မင်းသားထံသို့
ရဲစခန်းမှလာခေါ်တဲ့အခါ၊ မင်းသားနဲ့တွေ့ဖို့လာတဲ့အမေဖြစ်သူပါအဖြစ်မှန်သိသွားပြီး
ရွှေမင်းသားလိုမွှေးမြူလာတဲ့မိမိသားကို ရုံးရောက်ဂါတ်ရောက်ဖြစ်တာမို့ အလွန်စိတ်ဆိုး
ပါတယ်။

တဖက်မှာလည်း မင်းသမီးဟာ အထက်တန်းလွှာကမင်းသားနဲ့ကြိုက်တာမို့ မိခင်ဆီပြော
ပြတဲ့အခါ အရိုးခံပွင့်လင်းသူများပီပီ အလွန်ကို သဘောကျကြပါတယ်။ မင်းသမီးရဲ့အမေ
ကိုလည်း အလွန်အရေးထားကြပါတယ်။ သည်လိုနဲ့ မောင်လေး၊မင်းသမီးတို့ဟာ အမေ
ဖြစ်သူကို တောင်းပန်ဖို့ မင်းသားနဲ့အတူ အိမ်အရောက်သွားကာ အမျိုးမျိုးတောင်းပန်ရာ
မင်းသားအမေက ခုပဲပြဿနာတွေဖြစ်ရပြီ မင်းတို့နဲ့သားနဲ့ဟာပြုစုပျိုးထောင်မှုကွာသလို
အဆင့်တန်းလည်းကွာခြားတာမို့ ဘယ်လိုမှမဖြစ်နိုင်ဘူး လို့ အထပ်ထပ်ဆိုပါတယ်။
သည်မှာတင်ဆရာဝန်ကြီးသမီးဖြစ်တာနဲ့အဲလောက်အဆင့်တန်းမြင့်သလားလို့ မင်းသမီး
ကမေးတဲ့အခါ အမေဖြစ်သူက ဟုတ်တယ် ဆရာဝန်ဆိုတာ သတ်မှတ်ထားတဲ့လူတစုပဲ
ဖြစ်တာ ဖြစ်ချင်တိုင်းဖြစ်လို့ရတာမဟုတ်ဘူး ဒါကြောင့်သွေးကြီးတယ်လို့ဆိုပါတယ်
(အဲသည့်မှာမိတ်ဆွေတဦးကိုသွားသတိရပါတယ် :)))အဲလိုနဲ့မင်းသမီးဟာ ဆရာဝန်ဆို
တာ အဲလောက်ဂုဏ်ကြီးမြင့်မြတ်သလား ဒါဆို ကျမဆရာဝန်ဖြစ်ရင် အောက်တန်းလွှာ
မဟုတ်တော့တာမို့ လက်ထပ်ဖို့ ခွင့်ပြုပေးမလားလို့အတင်းကျပ်မေးရာကနေ အဆုံး
မင်းသမီးအမေက ဘယ်လိုမှမဖြစ်နိုင်ဘူး ရူးနေတာပဲဖြစ်မယ်လို့ဆိုရင်း အဆုံးသတ်ပါ
တယ်။

အဲသည့်နောက် မင်းသမီးဟာ ကျားကုတ်ကျားခဲကြိုးစားပါတော့တယ်။ သို့ငြား ခရီးမတွင်
ပါဘူး။ ဆေးကျောင်းဝင်ခွင့်ဟာ ဂျပန်မှာအလွန်ခက်ခဲပါတယ်။ အထက်တန်းအောင်ပြီးတဲ့
အပြင် ကျောင်းဝင်ခွင့်အတွက် သတ်မှတ်ဘာသာတွေ သီးသန့်လေ့လာရတာမို့ပါ။

အပိုင်း၂ (ဖတ်ရလွယ်အောင်ပါ)
မင်းသမီးအမေဟာ ငယ်သူငယ်ချင်းတွေမိတ်ဆုံစားပွဲမှာ သူငယ်ချင်းဟောင်းတဦးနှင့်ပြန်
ဆုံပြီး၊ ယင်းဟာ တိုကျိုတက္ကသိုလ်(ဂျပန်မှာနံပါတ်၁)၀င်ပြီးနောက် တက္ကသိုလ်ကျောင်းဝင်
ခွင့်တွေအတွက် နည်းလမ်းပြစာသင်ညွှန်ကြားပေးရာမှာ အလွန်ကိုအောင်မြင်နေပြီး နံပါတ်
၁ရယ်လို့ နာမည်ကြီးနေသူ အမျိုးသားတဦးဖြစ်ပါတယ်။ ထိုသူဟာလည်း ငယ်စဉ်ကအလွန်
ဆင်းရဲခဲ့ပြီး မိခင်မင်းသမီးကယင်းကို ခလေးဘ၀ကူညီလုပ်ကိုင်ပေးတိုင်း မိခင်မင်းသမီးရဲ့
အမေက ခွဲခြားဆက်ဆံခဲ့ပါတယ်။ ဤသို့ဖြင့် မိခင်ဖြစ်သူဟာ မ၀ံ့မရဲနှင့်သူငယ်ချင်း
(ဆရာ)ကို အကူညီတောင်းရာ မင်းသားနှင့်တွေ့ပေးမည် ဟုလက်ခံကာ ရက်စွဲပေးလေရာ
မိခင်မှာ အလွန်ဝမ်းသာပြီး သားထံဖုံးဆက်ကာ ဆက်ဆက်သွားဖို့ အထပ်ထပ်ဆိုပါတယ်။

သားဖြစ်သူဟာ သွားပါတယ်။ ဆရာနဲ့စကားပြောရင်း မျက်ဝန်းက အခန်းဝကိုခဏခဏ
ကြည့်ရာ မင်းသမီးကိုအတူခေါ်လာတာဖြစ်ပြီး ဆရာ့ထံ စာတကယ်သင်ချင်တာ ဆေး
ကျောင်းဝင်ချင်တာ သူမပါဟုဆိုလေသည်။ ထိုအခါမင်းသမီးသည် နဂိုစရိုက်ပွင့်လင်းသူ
ပီပီ အသံကျယ်ကျယ် အလွန်မင်းစိတ်လှုပ်ရှားစွာဖြင့် ကျမအောက်တန်းစားမို့လက်ထပ်
ခွင့်မပြုနိုင်ဘူးလို့ဆိုတဲ့ မင်းသားရဲ့အမေဖြစ်သူကလက်ခံလာအောင် ဆေးကျောင်းတက်
ခွင့်ရချင်လို့ ကူညီပေးပါလို့ဆိုတဲ့အခါ ရုတ်တရက်မိခင်သူငယ်ချင်းဖြစ်ပြီး အခက်တွေ့
သွားတဲ့ဆရာဟာ ငါ့ကျောင်းကဈေးကြီးတယ်လို့ဆိုပါတယ်။ သည်လိုနဲ့မင်းသားဟာ
လာ သွားစို့လို့ဆိုကာ ၂ဦးသား ပြန်သွားကြပါတယ်။

မင်းသားအမေဟာ သားအခြေနေသိလိုတာမို့ လက်ဆောင်ပိုက်ကာ ဆရာထံလာတွေ့ပါ
တယ်။ အကျိုးကြောင်းသိတဲ့အခါ စိတ်ဆိုးပါတယ်။ သည်အခါ ဆရာက ဆိုပါတယ်။
မင်းက အရင်အတိုင်းပဲ နည်းနည်းမှမပြောင်းလဲဘူးနော်ဟု။ ငါတက္ကသိုလ်ဝင်ခွင့်ကျတဲ့
အခါတုံးက မင်းကိုချစ်ရေးဆိုခဲ့စဉ်က တို့တွေက အသိုင်းဝိုင်းချင်း အဆင့်တန်းချင်း
ဘ၀ချင်းကွာခြားတယ်လို့ ဆိုပြီး မင်းငြင်းခဲ့တယ်နော်။ ခုလည်း သားဖြစ်သူရဲ့ချစ်သူကို
မင်း အဆင့်ကွာလို့ လက်မခံနိုင်ပြန်ဘူး။ တကယ်တော့ အခု အရမ်းကိုအောင်မြင်ကျော်
ကြားပြီး ငွေဆိုတာလက်ဖျားသီးနေတဲ့ ငါလည်း တချိန်က အောက်တန်းလွှာဖြစ်ခဲ့တာပါ။
ခုတော့ငွေနောက်အောင်မြင်မှုနောက်လိုက်ရင်း ငွေနဲ့အောင်မြင်မှုဝန်းရံနေတဲ့ကြားဘဝ
ကနည်းနည်းပျင်းဖို့ကောင်းလာတယ်။ မင်းရဲ့သားရဲ့ချစ်သူကောင်မလေးကိုမြင်တဲ့အခါ
ငါ့ရဲ့ငယ်ဘ၀ကို သွားသတိရတယ်။ သူက ငါငယ်ငယ်ကလိုပဲ။ ဒါကြောင့်ငါစိတ်ပြောင်း
သွားပြီ လို့ဆိုတဲ့အခါ ဘာကိုဆိုလိုမှန်းဒွိဟနဲ့အံ့အားသင့်နေတဲ့မိခင်ဖြစ်သူကြား
တံခါးခေါက်ကာ မင်းသမီးဟာ ဆရာခေါ်လို့ဆိုပြီးရောက်လာပါတယ်။ ရောက်လာတဲ့
မင်းသမီးကို ဆရာဟာ မင်းကို ဆေးကျောင်းဝင်ခွင့်ရအောင် ငါတာဝန်ယူသင်ပေးမယ်
လို့ဆိုပါတယ်။ သစ္စာဖောက်ဆိုပြီး ဆရာကိုအကြီးကျယ်စိတ်ဆိုးသွားခါ မိခင်ဟာပြန်သွား
ပါတယ်။

ဆရာက မင်းသမီးရဲ့ပင်ကိုယ်ဥာဏ်စွမ်းဘယ်လောက်အဆင့်ရှိလဲစစ်ဖို့ကို စမ်းသပ်မေးခွန်း
ဖြေခိုင်းတဲ့အခါ အတော်ကြီးချာမှန်းသိသွားပါတော့တယ်။ ချာတယ်ဆိုတာထက်တက္ကသိုလ်
ဝင်ခွင့်ဖြေဖူးတဲ့စာလုပ်ဖူးတဲ့အတွေ့ကြုံမရှိတာမို့နကန်းတလုံးမှမသိပါဘူး။
သည်လိုနဲ့ နေ့ရောညပါကြိုးစားပြီး မနက် အချိန်ပိုင်းအလုပ် ည စာကျက်၊ ညသန်းခေါင် အ
ချိန်ပိုင်းသန့်ရှင်းရေးလုပ်ကာအိပ်ရေးမ၀တဲ့မင်းသမီးကိုကြည့်ရင်း မင်းသားဟာ မလုပ်စဖူး
အဘွားဆီရုတ်တရတ်ရောက်သွားပြီး သိန်း၃၀ချေးဖို့မေတ္တာရပ်ခံပါတယ်။ (ဂျပန်ကသာမန်
တက္ကသိုလ်တွရဲ့တနှစ်စာလခက ၁၂သိန်းဝန်းကျင်ရှိပါတယ်။ မြန်မာငွေ သိန်း၁၂၀ကျာ်)

အဘွားက ငါမမာကျန်းဖြစ်တဲ့အခါသုံးဖို့အိုစာမင်းစာစုထားတာ မင်းကောင်မလေးက ဆေး
ကျောင်းဝင်ခွင့်မရခဲ့ရင် ဘယ်လိုပြန်ဆပ်မလဲ။ငါ့ငွေဆုံးမှာပေါ့၊မင်းကလဲ အချိန်ပိုင်းအလုပ်
နဲ့ ဒီလိုငွေပမာကြီးကို ဘယ်နှစ်နှစ်ကြာအောင်စုပြီးဆပ်နိုင်မှာလည်း၊ သူကဆေးကျောင်းဝင်
ခွင့်မရရင်ငါ့ငွေကဆုံးပြီဆိုတာသေချာတယ်။ ဒါကိုငါက ခုလိုဖြစ်လာမှန်းမဖြစ်လာမှန်းမသိ
တဲ့ သဘောမကျတဲ့ မင်းကောင်မလေးအတွက်ငွေထုတ်ပေးရမယ်ဆိုတာ ငါသူငယ်ပြန်သွား
မှပဲဖြစ်မယ်လို့ဆိုပါတယ်။ အဆုံးမှာ ဒါပေမဲ့ သတ်မှတ်ချက်ရှိတယ်။ မင်းကောင်မလေးဆေး
ကျောင်းဝင်ခွင့်မရရင် မင်းတက္ကသိုလ်ပြန်တက်ဖို့ကြိုးစားပါမယ်ဆိုတဲ့ကတိပေးရင်တော့
ထုတ်မယ် လို့ဆိုရင်း နှစ်ဦးသားသာသိတဲ့သဘောတူလျှို့ဝှက်ချက်ဖြစ်သွားပါတယ်။

တဖက်မှာလည်း မိခင်ရဲ့သူငယ်ချင်းဆရာဟာ မင်းသမီးသာဖြစ်ထွန်းအောင်မြင်လျှင် မင်းသား
သည်လည်း အလိုလိုကြိုးစားချင်စိတ်ဝင်လာလိမ့်မယ် လို့ စေတနာဖြင့် မျှော်လင့်နေပါ
တယ်။ သည်လိုဖြင့် နောက်အပတ်ဆက်ကြည့်ရပါဦးမယ်ရှင်

အားလုံးပဲပျော်ရွှင်ပါစေ
(မောလိုက်တာ ကျမ ဇာတ်လမ်းတွေ ပြန်ပြောရတာတောင် သိပ်ပျင်းတာ
ခုတော့ ကောင်းလွန်းလို့ အရှည်ကြီးရေးရတာ မောလိုက်တာ:)))


Apr 1, 2011

ငိုလိုက်ရတဲ့ရုပ်ရှင်

4လပိုင်း 10ရက်နေ့1:55pmမှာ ထပ်မံထုတ်လွှင့်မယ့် မူကြိုကျောင်းသားလေးတွေ
အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ တီဗွီဇာတ်လမ်းလေးရယ်ပါ။
အမည်က နှုတ်ဆက်ပါတယ် ကျတော်တို့ရဲ့မူလတန်းကျောင်းလေး၊ ဂျပန်လိုကတော့
Sayonara Bokutachi no Yoochien (さよなら僕たちの幼稚園)လို့ ခေါ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ခွဲစိတ်မှုပြုလုပ်ခံရမည့် ခလေးတယောက်ဆေးရုံတက်နေရာမှာ
သူနာပြုဆရာမလေးဝင်လာတဲ့အခါ ခလေးက ဆရာမ မူကြိုတက်တုန်းကသူငယ်ချင်းတွေအ
ကြောင်းပြောပြပါလားဟင် လို့ ဆိုတဲ့အခါ ဆရာမက မူကြို...မူကြိုဆိုရင်တော့ မေ့နေပြီ
မူလတန်းလောက်ဆိုရင်တော့ နည်းနည်းသတိရတယ် လို့ဆိုလိုက်တဲ့အခါ ခလေးဟာ
သြော် မူလတန်းကသူငယ်ချင်းကိုဆိုမေ့တတ်တာကိုးလို့ ဆိုရင်း ငိုင်သွားတာကလေးကစ
လို့ ရင်ကိုလှုပ်ခတ်စေပါတယ်။

အဲသည့်နောက်မှာတော့ ကျောင်းမှာလည်း မကြာခင်ရက်ပိုင်းအတွင်း ကျောင်းဆင်းအခမ်း
နားကျင်းပမှာမို့ လေ့ကျင့်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်လို့နေပါတယ်။ သို့ငြား ဆေးရုံတက်
နေတဲ့ ခလေးရဲ့ သူငယ်ချင်း ၅ဦးကတော့မမေ့မလျှော့ သတိရလို့နေပြီး ဆရာမတွေကို
မေးတိုင်း စကားလှီးလွှဲပြောဆိုတာ ခံရပါတယ်။ဆရာမတွေအနေဖြင့်လည်း မျှော်လင့်ချက်
သိပ်မရှိဘူးလို့ ယူဆကြရတာမို့ စိတ်မကောင်းဖြစ်နေကြတာပါ။

အဲလိုဖြင့် တရက်မှာ ခလေး ၅ဦးရုတ်တရက်ကျောင်းကပျောက်သွားပါတယ်။ ဆေးရုံတက်
နေသောသူငယ်ချင်းက အဲသည့်မတိုင်ခင် ဆွဲပေးခဲ့တဲ့ ဆေးရုံကိုသွားတဲ့လမ်းကြောင်း
ရထားပြောင်းစီးရမည့် ဘူတာတွေအမည် ဖော်ပြထားတဲ့ စာရွက်ကလေးကိုင်ပြီး ဆေးရုံ
တက်နေတဲ့သူငယ်ချင်းကိုနှုတ်ဆက်ဖို့သွားကြတဲ့ခရီးလေးတခု အဲသည့်ကစတင်ပါတော့
တယ်။ အားလုံးတညီတညွတ်တည်း ထားကြသော ကတိလေးတခုတော့ ဘယ်လိုအရာနှင့်
ပဲကြုံကြုံမငိုကြဘူးဆိုတာပါပဲ။

ခလေးတွေရဲ့ ဖြစ်တတ်တဲ့သဘာဝလေးတွေကိုအခြေခံပြီး ရန်ဖြစ်လိုက်၊ လမ်းမှာရထား
ခေတ္တရပ်ချိန် လှမ်းမြင်ရတဲ့ စွန့်ပစ်ခံကြောင်ကလေးကိုကယ်ဖို့ သွားကြပုံတွေ၊ အိမ်ယာ
မဲ့လူကြီးနှင့်တွေ့ဆုံကြပုံတွေ၊ တယောက်ပြီးတယောက် ရဲကထိန်းသိမ်းခေါ်ယူသွားပြီး
အိမ်ပြန်ပို့ပေးတာတွေ စသဖြင့် ရိုက်ထားပါတယ်။

ဦးဆုံး ရထားတံခါးပိတ်သွားတာမို့ ခလေးတစ်ဦးက ဘူတာမှာကျန်ရစ်ရင်း ဦးဆုံးအိမ်ပြန်
ပို့ဖို့အကြောင်းကြားတဲ့အခါ ဆရာမက ဦးဆုံးရောက်လာပါတယ်။ ဆရာမက ခလေးကို
ဆူတဲ့အခါ ခလေးက သူငယ်ချင်းကသေတော့မှာ အားလုံးသိတယ်နော် ဆရာကမပြော
လည်း သိကြတယ် ဒါကြောင့် နောက်မတွေ့ရတော့မှာမို့ နှုတ်ဆက်ဖို့သွားကြတာလို့
ဆိုပါတယ်။ အဲသည်လိုဖြင့်နောက်ဆုံးမှာ ဆေးရုံဘူတာကနေ လမ်းလျှောက်ပြီး ဆေးရုံ
ရောက်ဖို့ အနည်းငယ်အလို ကျန်သူငယ်ချင်းတွေအကုန် ရဲနှင့်တွေ့ပြီး အိမ်ပြန်ပို့ခံရတာ
မို့ တစ်ဦးပဲကျန်ရစ်ပါတယ်။ ခက်တာက သူမလည်း ဆေးရုံကို ဘယ်လမ်းကသွားရမယ်
ဆိုတာမသိခြင်းပါပဲ။

အဲလိုဖြင့်မှောင်ဝင်ရီတရောဖြစ်လာတဲ့အခါ ကားလမ်းနဘေးလမ်းလျှောက်ရင်း ကြောက်
ကြောက်ဖြင့်အော်ငိုပါတော့တယ်။ ကံကောင်းချင်တော့ ကားတစီးရပ်လာပြီး ဆေးရုံကို
သွားဖို့လာတဲ့ ဆရာမဖြစ်နေပြီး၊ ဆေးရုံကိုအတူတကွသွားကြပါတယ်။ အဲသည့်နောက်
ဧည့်တွေ့ချိန်ကျော်လွန်နေတာမို့ ဆေးရုံတက်တဲ့ခလေးမိခင်နှင့်သူနာပြုဆရာမမရှိတုန်း
ဆရာမကအခန်းပြင်မှာစောင့်ပေးပြီး ခိုးဝင်တွေ့စေပါတယ်။

အဲလိုဖြင့် နောက်ဆုံးမှာတော့ တဦးတည်းကျန်ရစ်သူခလေးက သူငယ်ချင်းနှင့်တွေ့ဆုံ
ခွင့်ရပြီး နှစ်ဦးသားစကားတွေပြောပြီး၊ ကျောင်းမှာကျင်းပတော့မယ် ကျောင်းဆင်းပွဲအခမ်း
နားကို နှစ်ဦးတည်းလုပ်ပါတယ်။ စသဖြင့်စသဖြင့်ပါ။

နမူနာလေးကိုတော့အောက်ပါလင့်ခ်တွေမှာသွားကြည့်နိုင်ပါတယ်။
trailer

အောက်ဖော်ပြပါကတော့ ဇာတ်လမ်းအစအဆုံးဖြစ်ပါတယ်။
ယူကျူဒ်က ရှာထားတာဖြစ်တာမို့ ဘယ်အချိန်ထိ သည်လင့်ခ်တွေကြည့်လို့ရမယ်
ဆိုတာ မမှန်းဆနိုင်ပါဘူးရှင်

အပိုင်း(၁)
နေမကောင်းဖြစ်သောခလေးက ဆေးရုံတက်ဖို့အသွားကနေစပါတယ်။

အပိုင်း(၂)
ကျန်ရစ်သူကျောင်းကသူငယ်ချင်း၅ဦးကသူငယ်ချင်းနှင့်တွေ့ဖို့ထွက်လာကြသော
ခရီးအစလေးဖြစ်ပြီး ရထားဘယ်လိုစီးရမယ်ဆိုတာ မေးမလား၊ မေးရင်အုပ်ထိန်းသူ
ဘယ်မှာလည်းလို့ မေးခံရမှာ၊ မူကြိုကျောင်းသားဆိုတာလူကြီးမပါရင်မရဘူးလေ
လို့ အချင်းချင်းတိုင်ပင်ကြပြီး မိမိတို့ဘာသာ မြေပုံကြည့်လက်မှတ်ဝယ်ပြီး သွားကြ
တာက စပါတယ်။

အပိုင်း(၃)
အသွားခရီးရထားစီးရင်း ရန်ဖြစ်ကြစသဖြင့်ပါ။သည်အပိုင်းမှာ ဦးဆုံးခလေး၁ဦး
လမ်းခုလတ်ဘူတာမှာ ရန်ဖြစ်ကြရင်းကျန်ရစ်ပါတယ်။ပြီးတဲ့အခါ ဘူတာရပ်နားစဉ်
လှမ်းမြင်ရတဲ့စွန့်ပစ်ခံကြောင်လေးကိုကယ်ဖို့ဆင်းကြပါတယ်။

အပိုင်း(၄)
အိမ်ယာမဲ့ဦးလေးကြီးနှင့်တွေ့ပြီး ပြောင်းဖူးဝိုင်းစားကြပြီး ဦးလေးကြီးက ခလေးတွေ
အားလုံးကို ငါက ပြောင်းဖူးလုပ်ပစ်တာ လို့ပြောခံရလို့ ကြောက်ပြီး ထွက်ပြေးကြတဲ့
အခန်းမှစပါတယ်။
 
အပိုင်း(၅)
လမ်းတလျှောက်သွားရင်း ရန်ဖြစ်ကြပြီး သူငယ်ချင်းတဦးရဲထိန်းသိမ်းခံ အိမ်ပြန်ပို့ခံ
ရပါတယ်။

အပိုင်း(၆) 
လမ်းမှာ ဗိုက်ဆာလို့ ထမင်းဆုပ်ဝယ်ဖို့ သူငယ်ချင်း၂ဦး ဆိုင်ထဲဝင်သွားစဉ်
ကျန်ရစ်သူခလေးက လမ်းဘေးရပ်ထားတဲ့ကားမှ ခလေးတဦးပျောက်ဆုံးသွားရာမှ
အလောင်းရှာဖွေတွေ့ရှိဆိုတဲ့သတင်းကိုနားထောင်ပြီး ကြောက်ကြောက်နဲ့ကယောင်
ချောက်ခြားထွက်ပြေးပြီး အိမ်က အမေဖြစ်သူကိုဖုံးဆက်ရင်း ထပ်မံတယောက်ကို
ရဲကလာယောက်ခေါ်ယူသွားပြန်ပါတယ်။

အပိုင်း(၇)
ဒုတိယမြောက်ထိန်းသိမ်းခံရတဲ့ခလေးကို ဆရာမကလာရောက်ခေါ်ယူရာမှစပါတယ်။
   
အပိုင်း(၈)
နောက်ဆုံးကျန်ရစ်သူခလေးတစ်ဦးတည်းက ဆေးရုံအသွားဘတ်စ်ကားအစီးခရီးမှစပါတယ်။
  
အပိုင်း(၉)
မူကြိုဆရာမနှင့်အတူ ဆေးရုံမှာသူငယ်ချင်းကိုတိတ်တိတ်လေးသွားခိုးတွေ့ကြတဲ့အခန်းပါ။
မတွေ့ခင်ဆရာမက သူငယ်ချင်းအားလုံးထားခဲ့ကြတဲ့ကတိဖြစ်တဲ့ မငိုဘူးဆိုတာကို စောင့်
ထိန်းဖို့မှာပြီး၊ ဆေးရုံအစောင့်၊မူကြိုကျောင်းမှအခြားဆရာမ နှင့် မိခင်ဖြစ်သူတို့လာတဲ့အခါ
ခိုးတွေ့ဖို့လိုက်ပို့တဲ့ဆရာမက ခလေး၂ဦးကိုတွေ့ခွင့်ပေးဖို့နှင့် အားလုံးကိုတားမြစ်ပါတယ်။
ခလေး၂ဦးစကားစတင်ပြောပြီး မူလတန်းကျောင်းဆင်းပွဲအခမ်းနားကို ၂ဦးတည်းလုပ်ကြပါတယ်

အပိုင်း(၁၀)
အခမ်းနားကျင်းပရာမှာစပါတယ်။

အပိုင်း(၁၁)
နောက်ရက်မှာပြုလုပ်တဲ့ကျောင်းဆင်းပွဲအခမ်းနားလေးစတင်ပါတော့တယ်။
သည်အချိန် fax ၀င်လာပြီး ဆေးရုံတက်တဲ့ခလေးက ခွဲစိတ်မှုပြုလုပ်တာအခြေနေကောင်းကြောင်း
မကြာခင်ထမင်းစားလို့ရတော့မှဖြစ်ကြောင်း၊ ဖျော်ရည်လည်းသောက်နိုင်နေပြီဖြစ်ကြောင်း
စိတ်ပူပေးတာကျေးဇူးတင်ကြောင်း မိမိကျန်းမာကြောင်းစသဖြင့် အားလုံးကိုစိတ်မပူဖို့
ထပ်ကစားကြရအောင်နော်၊ ကျတော်တို့တွေဟာသူငယ်ချင်းတွေ ကြီးပြင်းသွားတဲ့ထိမမေ့ဘူးနော်
စသဖြင့် ခလေးကိုယ်တိုင်ရေးသားထားတဲ့စာကလေးရောက်ရှိလာပြီး ဆရာမက အားလုံးကိုဖတ်ပြပါ
တယ်။ သည့်နောက်မှာတော့ နောက်ဆုံးကျောင်းဆင်းပွဲနှုတ်ဆက်သီချင်းလေးသီဆိုကြပါတယ်။
ခလေးတစ်ဦးကတော့ မိဘ၂ပါးရန်ဖြစ်ပြီး မိခင်နှင့်အမဟာအိမ်ပေါ်ကဆင်းသွားရာက အခမ်းနားမှာ
ရောက်ရှိလာလို့ ပျော်ရွှင်ပြီးငိုပါတယ်။
စသဖြင့်ရယ်ပါ။


အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


အလည်လာသူများ

free counters

Total Pageviews