♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label ဂျပန်မှာ. Show all posts
Showing posts with label ဂျပန်မှာ. Show all posts

Oct 14, 2012

Discount & Coupon လျှော့ဈေး (အလှပြင်ဆိုင်)

အလှပြင်ဆိုင် တို့ဧ။် လျှော့ဈေးရယူခြင်း

အမှန်တော့ကျမ လွန်ခဲ့တဲ့၃လခန့်က ဆံပင်ဆိုင်သွားဖို့ ဆိုင်တွေ၊ ဒစ်စကောင့်တွေရှာတည်းက
ဒီပို့စ်ကို ရေးမယ်စိတ်ကူးတာကြာပါပြီ။ ခုတော့အလှပြင်ဆိုင်နှင့် စားသောက်ဆိုင်ဒစ်စကောင့်ကို
ပေါင်းရေးဖို့စိတ်ကူးပေမဲ့ နောက်ရက်မှ စားသောက်ဆိုင်ရေးမယ်စိတ်ကူးပါတယ်။
အ၀တ်လျှော်ရဦးမှာမို့ပါ။ :))


အလှပြင်ဆိုင်
လွန်ခဲ့တဲ့၃နှစ်လောက်ကဆို အလှပြင်ဆိုင်သွားတဲ့အခါ ယင်းဆိုင်ကိုပထမဆုံးအနေဖြင့်အသုံးပြု
သူဖောက်သည်သစ်ဆိုလျှင် ၅၀%ရာခိုင်နှုန်းလျှော့ပေးပါတယ်။ ဒါကြောင့် အလှပြင်ဆိုင်တခါသွား
တိုင်း ဆိုင်သစ်ကိုအသုံးပြုလျှင် အမြဲ လျှော့ဈေးနဲ့ရပါတယ်။ ဒါပေမဲ့ အဲသည့်နည်းဟာ သုံးလျှင်
သုံးသလို ဘယ်ဆိုင်ကောင်းတယ် ဘယ်ဆိုင်မကောင်းဘူး သိလာသလို မိမိအကြိုက်နှစ်သက်ဆုံး
ဖြစ်ခဲ့တဲ့ဆိုင်ကိုပဲ ပြန်သုံးချင်စိတ်ပေါ်သလို ဈေးမလျှော့တဲ့အတွက်သွားရလည်းခက်ပါတယ်။
ဂျပန်ဟာ ၀န်ဆောင်မှုကောင်းသလိုအပြိုင်အဆိုင်ကလည်းအလွန်ပေါများတာမို့ ပြီးခဲ့တဲ့၂လခန့်
က ကျမက အလှပြင်ဆိုင်ရှာတဲ့အခါ ဈေးသက်သာသောဆိုင်တွေအတော်ပဲများလာတာတွေ့ရပါ
တယ်။ ဦးဆုံးဖောက်သည်ကို ၅၀%လျှော့တဲ့ဆိုင်တွေထက် လာတဲ့သူတိုင်းကိုလျှော့ပေးနေတဲ့
ဆိုင်တွေအလွန်များလာပါတယ်။
အဲ့သည်မှာ ဂျပန်မှာ အလှပြင်ဆိုင်ရှာနည်းကိုဝေမျှလိုပါတယ်။
ဒီလိုအလှပြင်ဆိုင်တွေစာရင်းနဲ့ဝန်ဆောင်မှု၊လျှော့ဈေးတွေကိုနှိုင်းယှဉ်ဖော်ပြပေးတဲ့ဆိုဒ်တွေ
အများကြီးရှိတဲ့ထဲ ညွှန်းလိုတာက ホットペッパービューティー 東京 (Hot Pepper Beauty
Tokyo)ပါ။ တခြားမြို့ကသူတွေက တခြားမြို့အမည်တွေသက်သက်ရှိပါတယ်။

How to
 သို့ငြားအလွယ်ဆုံးရှာနည်းကတော့ 美容院 ဆိုတာအလှပြင်ဆိုင်ပါ။
ဂူဂယ်မှာယင်း美容院၊ မိမိသွားချင်တဲ့ဘူတာနာမည်နှင့် ホットペッパーကို စပေ့စ်ခြားပြီး ရိုက်
ထည့်ပြီးရှာလိုက်လျှင် ယင်းဘူတာမှာရှိတဲ့အလှပြင်ဆိုင်တွေထွက်လာပါလိမ့်မယ်။
ဒါကတော့ တကဒါနိုဘာဘာရဲ့ဆိုင်တွေကိုရှာတဲ့ပေ့ခ်ျပါ။
အဲသည့်မှာမှဆိုင်တွေများလို့ ဘာဝန်ဆောင်မှုတွေရှိတဲ့ဆိုင်လို့ ထပ်မံစိစစ်ပြီးရှာချင်လျှင်
追加条ကိုနှိပ်ပြီး ဥပမာ ဆံပင်ရှည်အတွက်ငွေထပ်မတောင်းတဲ့ဆိုင် ၊ အင်တာနက်ကနေ ဘွတ်
ကင်လုပ်လို့ရတဲ့ဆိုင်၊ မိမိကကောက်ချင်တယ်ဆို ကောက်တဲ့ဆိုင် စသဖြင့် ထပ်အမှတ်လေး
တွေခြစ်ပီးရှာလို့ရပါတယ်။

တဆိုင်ချင်းစီရဲ့အတိုချုပ်listလေးပေါ်လာတဲ့အခါ အဓိကကြည့်ရမှာကတော့ အနီရောင်ဟိုက်
လိုက်လေးခြစ်ထားတဲ့ စာမှာ 新親(New Customerဖောက်သည်သစ်) နှင့် 全員 (အားလုံး
All Customer)ဆိုတာရှိတာမို့ဒါဟာ ဘယ်လိုလူကို ဒီဈေးနဲ့လျှော့ပေးတယ်ဆိုတဲ့အဓိပ္ပါယ်
ဖြစ်တာမို့ ကြိုက်တဲ့ဆိုင်တွေ့လျှင် ကလစ်နှိပ်ကာ ဘာဆားဗစ်စ်တွေကို ဘယ်ဈေး၊ ဘယ်အချိန်
တွေအားတယ် ဆိုတာသိရလျှင် ဆိုင်ကိုဖုံးဆက်ပြီး ဘွတ်ကင်လုပ်ရုံပါပဲ။ မိမိကပြုလုပ်မဲ့ ကို့စ်
ကို ပြောပြထားရပါတယ်။ အထူးသဖြင့် လျှော့ဈေးစာရင်းမှာရေးထားတဲ့ထဲက တခုကိုရွေးချယ်
ပြောပြလိုက်ရုံပါပဲ။မသိသေးသူတွေအတွက်ပါ။
カット ညှပ်ခြင်း
カラー  အရောင်ဆိုးခြင်း ハイライト ဟိုက်လိုက်ဆိုးသကဲ့သို့ အရောင်ဖောက်ဆိုးခြင်း
パーマကောက်ခြင်း   デジタルパーマ ဒစ်ဂျစ်တယ်ဖြင့်ကောက်ခြင်း
エクステンション ဆံပင်ဆက်ခြင်း 
トリートメント ဆံပင်ကိုကုစားခြင်း treatment
縮毛矯正 (しゅく・もう・きょう・せい) ဆံပင်ဖြောင့်ခြင်း (မွေးရာပါ ဆံပင်ကောက်သူများအတွက်)
ストレート ဆံပင်ဖြောင့်ခြင်း(ဆံပင်နဂိုဖြောင့်သူနှင့် ဆေးဖြင့်ကောက်ထားသူများအတွက်)
ネール လက်သည်းအလှပြင်ခြင်း

အားလုံးပဲသက်သာစွာနှင့်အလှတွေတိုးပါစေလို့
ချစ်ခင်စွာဖြင့်
ကျော်နှင်းဆီလွင်


Jul 29, 2012

နိုင်ငံဂျားကလာတဲ့သူ

ရယ်စရာလေးတွေပြောရဦးမယ်။ နိုင်ငံရပ်ခြား(ဂျပန်)မှာနေတယ်ဆိုလျှင် မြန်မာပြည်ကလူတွေက အထင်ကြီးကြတယ်။ တနာရီကိုအနည်းဆုံးလုပ်ခ ကျပ်ခုနှစ်ထောင်၊ ရှစ်ထောင်ကျော်၊ တလလခ
အနည်းလေး သိန်း၂၀ကျော်ရတယ်ဆိုတော့ဗမာပြည်ကလူတွေကြားတဲ့အခါ ငွေတွေသုံးကုန်မှာ
မဟုတ်ဘူးလို့ထင်ကြမှာလည်းမဆန်းဘူးပေါ့။ ပြည်တော်အလည်ပြန်တိုင်း တွေ့ဆုံနှုတ်ဆက်
ကြတဲ့သူငယ်ချင်းတွေနဲ့စုဝေးတဲ့အခါ မိန့်မိန့်ကြီးရှင်းကြကျွေးမွေးပြုစုကြတာပေါ့။ဒါပေမဲ့အခါ
ခါတွေ့တိုင်း မိမိကိုပဲရှင်းစေချင်တဲ့ အလိုက်မသိသူတွေလည်းရှိတော့ ပြန်တော်ပြန်ညည်းချင်း
ချသူ သူငယ်ချင်းတွေလည်းရှိလေတော့ ရယ်ရခက် ငိုရခက်နဲ့ပါ။

ဒါကြောင့်နိုင်ငံရပ်ခြားမှာငွေရှာရတာမလွယ်ပါဘူးလို့ ဒီပို့စ်လေးကတဆင့်တိုးတိုးကလေးပြော
ဦးမယ်။:))
အခြေခံအချက်အနေဖြင့်ကတော့ နိုင်ငံရပ်ခြားသွားမယ်ဆိုတာနဲ့ပဲ ရောက်ဖို့ကို ငွေလုံးငွေရင်း
တနင့်တပိုးထုတ်ပြီး လာရပါတယ်။

တစ်အချက်က နိုင်ငံရပ်ခြားမှာ ငွေရှာတယ်ဆိုတာ ဗမာငွေနဲ့တွက်လျှင် အများကြီးရသလောက်
အများကြီးပြန်ကုန်တယ်ဆိုတဲ့အချက်ပါ။ ကျန်းမာရေးအာမခံ၊ အလုပ်ထဲနှစ်ရှည်ဝန်ထမ်းစုငွေ
စုပေးတာတွေစတဲ့ဝန်ဆောင်မှုတွေ ကောင်းသလောက် သည့်အတွက် ပေးဆောင်ရတဲ့အခွန်
အခတွေကလည်း မနည်းမနောပါ။ တလထုတ်တဲ့လခဟာ ပြေစာစာရွက်မှာ အတော်များများ
နှုတ်ပြီးမှ မိမိဆီကိုရောက်လာပါတယ်။ ယင်းအပြင် ဂျပန်မှာ နိုင်ငံခြားသားအများစုလုပ်ကြတဲ့
တိုကျိုဟာ နိုင်ငံတကာမှာ အိမ်ငှားခဈေးကြီးသောနိုင်ငံ တခုလည်းဖြစ်ပါတယ်။ ဆိုရလျှင် ကျမ
နေတဲ့အိမ်ဆိုလျှင်ယမ်းရှစ်သောင်း၊တခြားသူငယ်ချင်းတွေအတော်များများကယမ်း၁၀သောင်း
အထက်မှာရှိပါတယ်။ ဒါကြောင့်ကျောင်းသားကျောင်းသူတွေဟာ စုနေကြလေ့ရှိပါတယ်။ ဒါတောင်မှအနည်းဆုံး ယမ်း၃သောင်းကျော်ပါတယ်။
အဲတော့တကိုယ်ရေတကာယနေသူတွေဟာ(ဂျပန်တွေအပါအ၀င်)အိမ်လခတခုတည်းနဲ့တင်
မစားရမသောက်ရ နင့်နေအောင်ကုန်ပါတယ်။ ဒါဟာ ဂျပန်မှာအတူနေစုံတွဲတွေဘာကြောင့်
များရလဲဆိုတာရဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါလိမ့်မယ်။

နှစ်အချက်က ကျန်းမာရေးအာမခံကဒ်လုပ်ထားတဲ့အခါဆေးခန်းသွားပြလျှင်အများအားဖြင့်
၃၀ရာခိုင်နှုန်းခန့်ပဲမိမိကစိုက်ရပြီး ကျန်ငွေကို နိုင်ငံတော်ကစိုက်ပေးတဲ့စနစ်ပါ။ အခြေခံအား
ဖြင့်နိုင်ငံခြားသားတိုင်း(ကာလရှည်ဗီဇာ)ပြုလုပ်ရပြီး လစဉ်အခွန်ဆောင်ရပါတယ်။ ဥပမာ
တသောင်း၂ထောင်ကျသင့်လျှင် မိမိက ယမ်း၎ထောင်သာပေးချေရတာမျိုးပါ။ ယင်းလစဉ်
အခွန်ဟာ မိမိရရှိသောဝင်ငွေပေါ်မူတည်ပြီး တဦးချင်စီ ဆောင်ရငွေပမာဏ ကွဲပြားပါတယ်။
 အလားတူဝင်ငွေခွန်ကိုတော့လစာထဲမှနှုတ်ပြီးသားပေးတာများပြီး၊နေထိုင်ခွန်ကဲ့သို့သော
အခွန်တွေကိုတော့ အခွန်ရုံး(ရပ်ကွက်ရုံး)မှာသွားဆောင်ရလေ့ရှိပါတယ်။ အချူပ်ဆိုရလျှင်
အခွန်အခတွေဟာလည်း ကြီးမြင့်ပါတယ်။

သုံးအချက်က အစစအရာအထွေထွေစရိတ်တိုင်းဟာဗမာပြည်နဲ့ယှဉ်လျှင်ဈေးကြီးပါတယ်။
စက်ပစ္စည်းတွေထုတ်လုပ်ခြင်းနှင့်မြင့်မားသောနည်းပညာတွေနှင့်အတူနာမည်ကျော်သော
ဂျပန်ဟာအခြားလူသုံးကုန်ပစ္စည်းအများစုကို အများဆုံးမှာတရုတ်ပြည်နှင့် ဗီယက်နမ်၊ထိုင်း၊
ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယစတဲ့နိုင်ငံတွေမှတင်သွင်းသုံးစွဲနေရသောနိုင်ငံမို့ဗမာပြည်မှာ၁သောင်း
ခွဲလောက်ပေးဝယ်ရတဲ့ အမေရိကန်နိုင်ငံလုပ်တီရှပ်မျိုးဟာ ဂျပန်မှာဝယ်လျှင် ၅သောင်း၆
သောင်းကျပ်ခန့်ကျသင့်ပါတယ်။အချုပ်ဆိုရလျှင်ကုန်ပစ္စည်းဈေးတွေလည်း ကြီးမြင့်ပါတယ်။

လေးအချက်ကတော့ မိမိနိုင်ငံ၊မိမိလူမျိုးမဟုတ်တဲ့အရပ်တပါးမှာနိုင်ငံခြားဘာသာစကားကို
သုံးစွဲပြီးအလုပ်လုပ်နေရတာဖြစ်ပြီး၊ အလုပ်လုပ်သူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုအတော်ကြီး
ပါတယ်။ အထူးသဖြင့် ပန်းကန်ဆေး၊ သန့်ရှင်းရေး၊ စားပွဲထိုး၊ အရောင်းဝန်ထမ်းစတဲ့ အချိန်
ပိုင်းအလုပ်လုပ်နေသူတွေဟာ အလွန်စိတ်ဖိစီးမှုများပါတယ်။ကျမကတော့ကိုယ်တွေ့ပဲဖြစ်ပြီး
ကျောင်းတဖက်တက်ရင်းစတိုးဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေစဉ်ကဆိုတချိန်လုံးစိတ်တိုလွယ်
နေတယ်လို့ အမျိုးသားကဆိုပါတယ်။ အဲလိုကိုယ်တွေ့ကြုံဖူးတော့ကိုယ်ချင်းလဲစာ၊ နားလည်း
လည်ပါတယ်။ဂျပန်ကဲ့သို့နိုင်ငံခြားတိုင်းပြည်ကိုလာသောဗမာဆိုတာ ဗမာပြည်မှာ နည်းနည်း
ထက်တယ်ဆိုတဲ့အုပ်စုထဲမပါလျှင်မလာဖြစ်တာများပါတယ်။ပညာတတ်အများစုဖြစ်ပါတယ်။
မြန်မာပြည်မှာငွေရင်းထုတ်ရင်းနိုင်တဲ့မိသားစုကမွေးဖွားလာသူတွေများပါတယ်။အဲတော့
မြန်မာပြည်မှာ အညွန့်ကလေးတလူလူနဲ့နေလာသူတွေဆိုတော့ နိုင်ငံရပ်ခြားမှာ အောက်ခြေ
သိမ်းအလုပ်လုပ်ရတော့သည်းခံရတာတွေ၊ထိန်းသိမ်းရတာတွေများသလို စိတ်ပင်ပမ်းမှုလည်း
တအားကြီးမားပါတယ်။ ဒါဟာ ဘယ်အရာထက်မဆိုတန်ဖိုးကြီးလှတဲ့ပေးဆပ်ရမှုပါ။

ငါးအချက်ကတော့ ဗမာပြည်မှာ ကုန်ဈေးနှုန်းတွေကလည်းတက်၊ အိမ်ခြံတလုံးဝယ်ဖို့တောင်
သိန်းရာဂဏန်းမရှိလျှင်မ၀ယ်နိုင်လေတော့ နိုင်ငံရပ်ခြားမှာလုပ်သူတွေမောရပြန်ပါတယ်။
ဒါဟာ တွေးမိသလောက် ဥပမာလေးတွေပါ။

သူငယ်ချင်းတွေအချင်းချင်းတဦးနှင့်တဦးကိုယ်ချင်းစာ၊ ခင်မင်စွာပေါင်းသင်းနိုင်ကြပါစေရှင်


Jul 22, 2012

Rakuten Credit Card Campaign

ကျမ အခုလို ကုမ္ပဏီမှာအလုပ်မရခင်က ကျမအချိန်ပိုင်းအလုပ်လုပ်တဲ့အခါလစာအ၀င်ကိုအမြဲသုံးတဲ့ဘဏ်ကဒ်ရဲ့ဘဏ်မှာကျမက ခရက်ဒစ်ကဒ် သူမသိပဲ သွားလျှောက်လာပါတယ်။ သူကကျမကို
ခရက်ဒစ်ကဒ်လုပ်တာ အားမပေးခဲ့ပါဘူး။ ကျမကလက်ဖွာလို့ပါ။ မယ်မယ်ရရလည်းမဟုတ်ပဲ တ
တောက်တောက်နဲ့ တလစာသတ်မှတ်မုန့်ဖိုးက အမြဲစောကုန်လေ့ရှိသလို စိတ်ကူးပေါက်ရင်ရုတ်
တရက် ကောက်ဝယ်တာမျိုးလည်းလုပ်တတ်လို့ပါ။ သည်တော့ ကျမကိုသူစိတ်မချတော့ သုံးလို
တဲ့အခါ သူ့ကဒ်သုံးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက်ကနေ၀ယ်တဲ့အခါ ကဒ်မရှိရင် လူ
စောင့်ပြီး ငွေချေရတာတို့၊ ဈေးပိုကြီးတတ်တာတို့အပြင် နေရာတကာ သူ့ကိုပြောပြီးဝယ်ရတာ
မျိုး မလွတ်လပ်တော့ သူမသိအောင်ကျမကလျှောက်လာခဲ့တာပါ။ အချိန်ပိုင်းအလုပ်လုပ်သူလဲ
ဖြစ်၊ ဘဏ်လဲဖြစ်တော့ ရမှမဟုတ်ဘူးလို့သူကခြိမ်းခြောက်ငြား၊ သူ့ဝင်ငွေတို့ဘာတို့ပါဘဏ်က
ကြည့်ပြီးဆုံးဖြတ်ပုံပေါ်တော့ ကျမရလာပါတယ်။ ကျမကိုယ်ပိုင်ကဒ်နဲ့ကျမသုံးတာကြာလာပြီး
ကျမကသိပ်ဟော့ဟော့ရမ်းရမ်းလဲမသုံးတော့ သူလဲစိတ်မချမဖြစ်တော့ပါဘူး။

အဲလိုနဲ့ မာရုအိမှာ မေ့အတွက် အိတ်ကလေးတလုံးသွားဝယ်တော့ ကဒ်လုပ်လျှင် ယမ်း၂ထောင်
သက်သာမယ် ဆိုတော့ ကျမကထပ်လုပ်လာပါတယ်။ သူကတော့ကဒ်တွေများပြီး ပျောက်ရင်ပြု
ရင်ရှုပ်ဦးမယ် ဆိုပြီးပွစိပွစိလုပ်ပါတယ်။ အဲလိုနဲ့ ဆောင်းအကူး ကုတ်တွေဈေးချတော့ကျမကမာ
ရုအိမှာ ကုတ်အကျီ င်္တထည်ဝယ်တော့ သူပါလိုက်ကြည့်ပေးရင်း မာရုအိကလုပ်ခဲ့တဲ့ espo ကို
သုံးလျှင် ၁၀ရာခိုင်နှုန်းထပ်လျှော့တာမို့ ထုတ်သုံးတော့ ဆိုင်ကအရောင်းစာရေးလေးက သူ့မှာ
ရောရှိသလား၊မရှိလျှင်မိသားစုကဒ်လုပ်လျှင် နောက်ထပ်ဆယ်ရာခိုင်နှုန်းထပ်လျှော့မယ်ဆိုတော့
သူလည်းလုပ်လိုက်ပါတယ်။ ကျမတို့မိသားစုကအဲလိုရယ်ရပါတယ်။ အဲလိုနှင့် ယမ်း၂သောင်းခွဲ
ခန့်တန်တဲ့ကုတ်ကို မူလလျှော့တဲ့၅၀ရာခိုင်နှုန်းရယ်၊ ကဒ်အတွက် ၂ယောက်စာ ၂၀ရာခိုင်နှုန်း
ရယ်နဲ့ ကျမ ယမ်းတသောင်းလောက်နဲ့ ၀ယ်လို့ရလာပါတယ်။ ယင်းespoကဒ်ကvisaအပြင်ရွေး
စရာမရှိတာမို့ ကျမမှာ ဘဏ်ကဒ်လဲvisaမို့ မလိုချင်ပါပဲ သောင်တင်လာပါတယ်။

ကျမကmasterတကဒ်လောက်တော့လုပ်ချင်တယ်လို့တခါတရံပြောတတ်ပါတယ်။ နိုင်ငံရပ်ခြား
ခရီးတွေဘာတွေသွားတဲ့အခါ ၂မျိုးလောက်ရှိထားတာကောင်းတယ်ထင်လို့ပါ။ အဲလိုနဲ့ဒီတခါ
တော့သူကိုယ်တိုင် ဘာကဒ်ကောင်းလဲရှာပေးပါတယ်။ ဒီနေရာမှာ ကဒ်အမျိုးအစားတွေ ၀န်
ဆောင်မှုတွေနဲ့တွဲပြီးဖော်ပြပေးထားတာမို့သုံးသပ်ရ၊ရွေးချယ်ရလွယ်ပါလိမ့်မယ်။ အဲလိုနဲ့ဂျပန်
က နာမည်ကျော်ဈေးဝယ်ဆိုဒ်ကြီးတခုဖြစ်တဲ့ Rakutenကဒ်ကိုသူကညွှန်းပါတယ်။ သူကအမြဲ
ဝယ်လေ့ရှိတော့ ပွိုင့်လဲ၂ဆရမယ်တို့ဘာတို့ သဘောကျပါတယ်။ သို့ငြား ဖတ်ရင်းပြုရင်း
နိုင်ငံရပ်ခြားခရီးသွားတဲ့အခါ အထုပ်ပိုးကိုအခမဲ့ပို့ပေးတဲ့ဝန်ဆောင်မှု၊ လေဆိပ်ကlounge
တွေကိုသုံးနိုင်တာ၊ ဈေးဝယ်လျှင် ယမ်းသောင်းတရာခန့်ထိသုံးလို့ရတာတွေသဘောကျပြီး
နှစ်စဉ်ကြေးယမ်းတစ်သောင်းငါးရာပေးရတဲ့Gold Cardကို သူ့နာမည်နဲ့သူလုပ်လိုက်ပါတယ်။
လျှောက်ပြီးတရက်အကြာသူ့ဆီဖုံးဝင်လာပြီးနောက်ရက်ချက်ချင်းပဲကဒ်ပို့လိုက်ကြောင်းစာပို့
လာပါတယ်။ ကျမလဲအားကျမခံရိုးရိုးကဒ် နှစ်စဉ်ကြေးအခမဲ့ကိုလျှောက်ပါတယ်။ သောကြာနေ့
ညလျှောက်ပြီး စနေရုံးတက်တော့ရုံးကအမကိုဖုံးလာရင်ပြောပေးနော် ကဒ်လျှောက်ထားတယ်
လို့ဆိုငြား နှစ်ယောက်သား စနေဆိုတော့လာမှာဟုတ်ဘူး တနလာင်္မှလာမယ်ထင်တယ်နော်
လို့ပြောပြီး၊ကျမလဲအလုပ်တွေရှုပ်ပြီးပြန်လာခဲ့ပါတယ်။ တနင်္ဂနွေမနက်မှာတော့ကဒ်ကိုပို့လိုက်
ကြောင်း၊ ၂ရက်၃ရက်စောင့်ပါလို့စာဝင်လာပါတယ်။ သိပ်မြန်တာမို့ကျမသဘောကျသွားပါ
တယ်။

ခုတလော campaign လည်းလုပ်နေတာမို့လုပ်ချင်သူတွေရှိလျှင်လုပ်ရအောင်ပါ။ ရက်ကတော့
19.7.2012 (10:00am)~23.7.2012(9:59am)အထိပါ။ ပုံမှန်ဆို ယမ်း၂ထောင်ခန့်တန်သော
ပွိုင့်သာလျှင်ရပေမဲ့ rakutenမှာအသင်းဝင်ပြီးကဒ်လုပ်၊ ပြီးလျှင် ၈လပိုင်3း1ရက်နေ့အထိဈေး
တကြိမ်ဝယ်လျှင် ယမ်း၅၀၀၀ခန့်တန်ဖိုးရှိတဲ့ပွိုင့်ရမယ်ဆိုပါတယ်။
ဒီနေရာကနေ ဖတ်ရှုနိုင်၊ လျှောက်ထားနိုင်ပါတယ်။
နှစ်စဉ်ကြေးအခမဲ့(campaign page) အခမဲ့(ပုံမှန်)နှင့် နှစ်စဉ်ကြေး တသောင်းငါးရာကဒ်
လျှောက်ရမဲ့စာမျက်နှာပါ။

ဟိုးတခါတုံးက ကျမသူငယ်ချင်းက အခြားသူငယ်ချင်းတဦးကဒ်လုပ်ချင်လို့မေးဖူးတာမို့သိသူတွေ
ကသိပြီးဖြစ်ပေမဲ့၊သိလိုသူတွေသိရအောင်ကျမသိသလောက်လေးပြောရရင်ဖြင့်။
-ဘဏ်တွေမှာလုပ်တဲ့ကဒ်တွေဟာ ပိုခက်ခဲပါတယ်။ ပိုတင်းကျပ်တာမို့ပါ။ အထူးသဖြင့် ufjဘဏ်
ပါ။ smbc(sumitomo) ကတော့ လုပ်ရသိပ်မခက်ဘူးထင်ပါတယ်။
-ဈေးဝယ်စင်တာကြီးတွေ ဥပမာ Maruiက Espo Card ၊ Rakutenလိုကဒ်တွေက လွယ်လေ့ရှိပါ
တယ်။ အသင်းဝင်ပြီးသားသူ၊ ယင်းနာမည်ဖြင့်ဈေးဝယ်ဖူးသူတွေဆိုပိုလွယ်ပါတယ်။
-နောက်တခုက ကိုယ့်မှာရှိပြီးသားကဒ်တွေကို သေချာစီမံခန့်ခွဲပါ။ ဘဏ်တခုတည်းအကောင့်
နဲ့လုပ်တာကောင်းပါတယ်။ တလတခါငွေပေးချေချိန်တိုင်းမှာ အမှားယွင်းမရှိအောင် ပေးချေပါ။
ကဒ်တမျိုးရဲ့ပိုင်ရှင်ရဲ့မှတ်တမ်းအားလုံးကို တခြားကဒ်ကုမ္ပဏီတိုင်းက ကြည့်ရှူစစ်ဆေးလို့ရတာ
မို့ပါ။
-အဓိကက၀င်ငွေရှိသူဖြစ်ဖို့နှင့်ယင်းကိုသေချာပြဖို့၊၀င်ငွေအမောင့်ကိုသေချာရေးဖို့ပါ။
ဒီမှာကတော့ကဒ်ကုမ္ပဏီတွေကသိပ်ပေါပြီး အပြိုင်အဆိုင်မို့ ကဒ်လုပ်လျှင်ယမ်း၂ထောင်လက်
ဆောင်ဟာ ပုံမှန်ဝန်ဆောင်မှုလိုဖြစ်နေတာပါ။ ဥပမာ Rakutenလိုဈေးရောင်းစင်တာကြီးကဘာ
ကြောင့်ကဒ်တွေထုတ်လဲ၊ များများထုတ်ပေးချင်လဲဆိုလျှင် သူ့ကဒ်ကိုင်သူများလေ သူ့ဆီမှာ
ဈေးဝယ်သူတွေတိုးပွားလာလေမို့ပါပဲ။
-နောက်တခုက ဗီဇာသက်တမ်းလဲပါမယ်ထင်ပါတယ်။ ကာလရှည်(နှစ်)ဖြင့်နေထိုင်သူဖြစ်လေ
လျှောက်ရလွယ်ပါတယ်။
-လျှောက်ပြီးနောက်ရက်မှာအလုပ်နှင့်မိမိဆီကိုဖုံးလာလေ့ရှိပါတယ်။(အနည်းဆုံးအလုပ်ကိုပါ)
ဒါကြောင့်အလုပ်မှာကြိုပြောထားတာကောင်းပါတယ်။ ကျမအထင်ကျမအလုပ်ရှုပ်ချိန်ကုမ္ပဏီ
ကို တခြားဝန်ထမ်းတဦးဖုံးကိုင်ချိန်လာသွားတာဖြစ်မယ်ထင်ပါတယ်။

ကဒ်ကအင်တာနက်ကနေဈေးဝယ်လို့ရတဲ့နေရာမှာသိပ်အဆင်ပြေပေမဲ့ နေရာတိုင်းသုံးလျှင်
ငွေသားသုံးတာထက် ငွေပိုသုံးမိလေ့ရှိတာမို့ မလိုတဲ့နေရာသိပ်မသုံးတာကောင်းပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Jul 18, 2012

ကြက်သွန်ဖြူ

ကျမတို့ပြည်နဲ့ဓလေ့ကွာဟတာလေးတွေရှိတော့ တခါတလေရယ်ရခက်၊ ငိုရခက်နဲ့ကြုံရတာ
လေးတွေရယ်ပါ။

ကျမတို့ပြည်မှာတော့ ဟင်းချက်လျှင် ဂျင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီနမ်းချင်းထည့်လို့စားကြ
တာမဟုတ်လား။ဒီမှာတော့ဂျပန်လူမျိုးတွေစဟာအနံ့အသက်နဲ့ပတ်သက်လျှင်သိပ်သတိထား
ကြပါတယ်။ ဂျပန်ဟင်းတွေဟာလည်းအခြေခံအားဖြင့်ကြက်သွန်ဖြူသုံးလေ့သိပ်မရှိပါဘူး။
ကြက်သွန်ဖြူအစိမ်းကိုကြိတ်ထားသောအနှစ်သို့ ကြက်သွန်ဖြူကိုဘယ်နေရာမှာတွေ့ရလေ့ရှိ
လဲဆိုတော့ အချို့ဂျပန်ခေါက်ဆွဲဆိုင်တွေမှာပါ။ ဒါတောင်ဆိုင်တိုင်းမရှိပါဘူး။ ပြီးတော့ဂျပန်
သူငယ်ချင်းတိုင်းပြောလေ့ရှိတာက ပိတ်ရက်မတိုင်ခင်မှစားမယ်ဆိုတဲ့စကားပါ။


ကြက်သွန်ဖြူအနံ့ကို ဂျပန်တွေအတော်များများက သတိထားထိန်းစားလေ့ရှိတာမို့ ကြက်သွန်
ဖြူအနံ့ထွက်ရင်လည်း ကျမတို့တွေထက် ပိုအာရုံခံစားမိတယ် ထင်ပါတယ်။

ကျမက အစပိုင်းတော့သိပ်မသိပါဘူး။ ကျမကအသီးရွက်ကြော်တဲ့အခါ ကြက်သွန်ဖြူအမွှာကြီး
၃ခုလောက်ထည့်လေ့ရှိတာမို့ အမျိုးသားကနောက်ရက်အနံ့ထွက်မယ်နော်လို့ပြောလေ့ရှိပေ
မဲ့ ကျမကသိပ်သတိမပြုမိတတ်ပါဘူး။တခါတလေ၊ငပိစိမ်းစားတို့ကြက်သွန်ဖြူတို့ကိုစိတ်ကြိုက်
စားပလိုက်ပြီး ရေမွှေးကလေးဖြန်းလို့ ကိုယ့်ဟာကိုယ်တော့လုံနေသလိုပေါ့။

ရုံးမှာသိပ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်အမကြီးရှိပါတယ်။ ဘာမဆိုသူနဲ့ကျမကခင်ခင်မင်မင်၊ပြောစ
ရာရှိလည်းပြောနေကျရယ်ပါ။ တရက်တော့သူကပြောတယ်၊ ကြက်သွန်ဖြူစားလာတယ်မဟုတ်
လားတဲ့။ သူကရယ်ရင်းနောက်တာပေမဲ့ကျမကလန့်သွားတယ်။

ဒီတခါဆိုဆင်ခြင်မှပဲလို့။
ကျမတို့ပြည်မှာတော့တပြည်လုံးစားနေကြတော့သတိလည်းမထားမိပါဘူးရှင်။
ဂျပန်မှာတော့ကြက်သွန်ဖြူစားရင်ရှော့ခ်ရှိတယ်ရှင့်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Feb 15, 2012

ရထား၊ကားစသည့်သွားလာရေးအချိန်ဇယားရှာခြင်း

မြို့ကြီးတွေမှာနေသူများအတွက်တော့ရထားဟာအဓိကအကျဆုံး၊အသုံးအများဆုံး၊အဆင်
ပြေအလွယ်ကူအမြန်ဆန်ဆုံး လမ်းပမ်းဆက်သွယ်ရေးစနစ်တမျိုးဖြစ်ပါတယ်။ ရထားလိုင်း
တွေများသလို မြို့ပတ်ရထားယာမနိုတဲလိုင်းကလွဲလို့ အချိန်စာရင်းတွေဟာလည်း အသီး
သီးကွဲပြားတာမို့၊ဖုံးထဲမှာအမြဲရထားထွက်ချိန်ရောက်ချိန်ရှာတဲ့ဆော့ဖ်ဝဲလ်ကိုထည့်ထား
ရပါတယ်။

ဖုံးအင်တာနက်မသုံးသူတွေကတော့ရှာချင်လျှင် ကွန်ပျူတာမှလည်း ရှာဖွေကြည့်နိုင်တဲ့
ဆိုဒ်တွေရှိပါတယ်။

ဂျပန်လိုဘူတာနာမည်ရိုက်ပြီးရှာလျှင်
(ရထား၊ဘတ်စ်ကား၊ကျည်ဆန်ရထား၊ဖယ်ရီသဘောင်္တွေရှာနိုင်ပါတယ်။)

အင်္ဂလိပ်လိုဘူတာနာမည်ရိုက်ပြီးရှာလျှင်
<><><>အောက်ဖော်ပြပါတွေကိုရှာဖွေနိုင်ပါတယ်။
Route
Corp.

အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်


Jan 15, 2012

မညာပါနဲ့ (ဂျပန်ဗီဇာ)

တခြားနိုင်ငံတွေတော့မသိဘူးရှင်။ ဂျပန်မှာတော့ဗီဇာ(status)အနေထားကွာခြားမှုက
အတော်များပါတယ်။ကျောင်းသားဗီဇာဖြင့်ကျောင်းတက်နေသောကျောင်းသူကျောင်းသား
များ၊ အလုပ်ဗီဇာသမားများ၊ဂျပန်အစိုးရထောက်ပံ့သည့်ပညာတော်သင်များ၊ အိမ်ထောင်
သည်(မှီခိုများ)၊ အမြဲတမ်းနေထိုင်ခွင့်နှင့်ဂျပန်နိုင်ငံသားဗီဇာများစသဖြင့်ပါ။ ဒီဆောင်းပါး
မှာတော့ ဗီဇာတွေအကြောင်းပွင့်ပွင့်လင်းလင်းပဲရေးသွားဖို့စိတ်ကူးပါတယ်။

မြန်မာနိုင်ငံသားများအားကိုယ်စားပြုသော မြန်မာဟူသည့်စကားလုံးအားသုံးစွဲရေးသား
သွားပါမည်။

ခင်မင်ရင်းနှီးသူအချင်းချင်းကတော့ ဘာဗီဇာနဲ့နေနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း
မေးလေ့ရှိပါတယ်။ သိတဲ့အတိုင်းဂျပန်ဟာ ဗီဇာခက်ခဲသောနိုင်ငံဖြစ်တာမို့ အချင်းချင်း
မေးမြန်းလေ့ရှိသလို၊ဗဟုသုတလည်းဖလှယ်လေ့ရှိပါတယ်။

ကျမကြားဖူးသော ဟိုးယခင်က ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအဖို့သိပ်ပျော်ဖို့
ကောင်းတယ်လို့ဆိုပါတယ်။ ထိုစဉ်ကဆိုလျှင် ငွေဈေးကလည်း အတော်ကွာဟတာမို့
ဂျပန်နိုင်ငံတွင်အလုပ်လုပ်သူများ အတော်ပဲစုမိဆောင်းမိရှိပါတယ်။ ယင်းအပြင် ဗီဇာ
သက်တမ်းလွန်ဖြင့်နေထိုင်သော မြန်မာတွေဟာလည်း အလွန်များပြားသောခေတ်ဖြစ်
ခဲ့ပါတယ်။ဂျပန်လူမျိုးတွေဟာအခြေခံအားဖြင့်ကျင့်ဝတ်နှင့်အကျင့်စာရိတ္တ(manner
& character)ကို အလွန်အလေးထားထိန်းသိမ်းပြီး၊ အလုပ်အလွန်လုပ်သူများဖြစ်ကာ
နှိမ့်ချကူညီတတ်သောဓလေ့ရှိတာမို့ ထိုစဉ်က ဗီဇာရက်လွန်နေထိုင်သူများသည် အ
လွန် ချောင်ချိသည်ဟုဆိုပါသည်။ အရက်မူးကာ လမ်းဘေးလဲလျှင် ဂျပန်ရဲက အိမ်တိုင်
ယာရောက် လိုက်ပို့ပေးသည့်ခေတ်ဖြစ်ခဲ့ပါသည်။ သို့ငြား ဂျပန်သည် အဖွဲ့အစည်း
စနစ်ကိုအလေးပေးသည့် အထက်အောက် သြဇာလွှမ်းမိုးမှုကြီးမားသည့်နိုင်ငံလည်း
ဖြစ်တာမို့ တဆက်တည်းမှာပင် ကြီးနိုင်ငယ်ညှဉ်း အောက်ကလူကိုနိုင်တတ်သောဓလေ့
ကိုလည်း ပညာမဲ့လူတန်းစားတွင် အတွေ့များလေ့ရှိပါသည်။ သို့ငြားခြုံ၍ဆိုရသော်
ကြင်နာသဘောကောင်းသူတွေများသည့်နိုင်ငံမို့ နေပျော်သည့်နိုင်ငံဖြစ်ပါသည်။

ယခင်ကဆိုလို့ နိုင်ငံတွင်း လူငယ်ဦးရေနည်းသည်မို့ လုပ်သားအင်အားလည်းနည်းပါး
သည့်နိုင်ငံအဖြစ် နိုင်ငံခြားသားအလုပ်သမားတွေကို ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီဖြင့်မသိ
ကျိုးကျွံပြုကာအနေချောင်ခဲ့သည်။ သို့ငြားနိုင်ငံခြားသားမှကျူးလွန်သောလူမဆန်သည့်
ရာဇ၀တ်မှုတွေများပြားလာသောအခါ၊ နဂိုမူလ မျိုးချစ်စိတ်ကြီးမားသောလူမျိုးဖြစ်သည်
နှင့်အညီ တဖြည်းဖြည်း နိုင်ငံတွင်းတွင် တရားမ၀င်နေထိုင်မှုများပပျောက်ရေးနှင့်နိုင်ငံ
ခြားသားများကို စာရင်းအင်းဖြင့်စနစ်တကျ ကိုင်တွယ်ထိန်းချုပ်ရန်ကြိုးပမ်းလာမှုနှင့်အ
တူ တရားမ၀င်နေထိုင်ခြင်းအား တင်းကျပ်စွာစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဇာတိနိုင်ငံအား
ပြန်ပို့ခြင်းစတာတွေအပြင် ပြည်ဝင်ခွင့်ဗီဇာကိုလည်း တင်းကျပ်စွာစစ်ဆေးပြီးမှသာဝင်
ခွင့်ပြုလာသည်ကိုတွေ့ရသည်။

ထို့ကြောင့် လက်ရှိဂျပန်နိုင်ငံတွင် တရားမ၀င်နေထိုင်သူသည် မရှိသလောက်နည်းပါးလာ
ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲများ၊ ရုန်းယင်းဆန်ခတ်မှုများစသည့်
နိုင်ငံရေးနှင့်ပြည်တွင်းရေးမတည်မငြိမ်ဖြစ်မှုနှင့်အတူ ဂျပန်နိုင်ငံတွင်လည်း ဒုက္ခသည်ဗီဇာ
လျှောက်ထားကာ နေထိုင်သော မြန်မာတွေလည်းများပြားလာသည်ကိုတွေ့ရသည်။
အကြောင်းရင်းမှာ ဂျပန်နိုင်ငံ အထူးသဖြင့်တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် စားဝတ်နေရေး
စရိတ်ဈေးကြီးသည့်ထိပ်ဆုံးမြို့များတွင်တမြို့အပါဝင်ဖြစ်သည်။ ကျောင်းလခများလည်း
ဈေးကြီးသည်။ တနှစ်စာကျောင်းလခသည် မြန်မာငွေဖြင့်သိန်းတရာဝန်းကျင်ဖြစ်တာမို့
ကျောင်းသားများရော၊ ၃လအလည်ဗီဇာဖြင့်လာလည်ကြသူများရော နိုင်ငံရေးဒုက္ခသည်
ခိုလှုံခွင့်လျှောက်ထားသူတွေများလာခြင်းပင်ဖြစ်သည်။ ဒုက္ခသည်လျှောက်ထားရာတွင်
ဒုက္ခသည်ဗီဇာရရှိဖို့ရာ ရေပန်းအစားဆုံးအလုပ်တခုမှာဆန္ဒပြပွဲများသွားရောက်ဆင်နွှဲခြင်း
ယင်းကိုဓါတ်ပုံများရိုက်ကူးခြင်းစသည်တို့ဖြစ်ပေသည်။

ယခင်က တရုတ်၊ကိုရီးယား၊ထိုင်းလူမျိုးတို့ကိုအလုပ်ခေါ်ကြော်ငြာများတွင်တွေ့ရသ
လောက် မြင်ရခဲသောမြန်မာနိုင်ငံသားဖြစ်ခဲ့ငြား၊ ယခုလတ်တလောတွင်မတော့ မြန်မာ
နိုင်ငံဧ။်အပြောင်းအလဲသတင်းတွေနှင့်အတူ မြန်မာနိုင်ငံသားအချို့အလုပ်ရသည့်သတင်း
များကို ရံဖန်ရံခါဆိုသလိုကြားလာရပါသည်။ မြန်မာပြည်သည် ဤပုံစံအတိုင်းသာ မပြောင်း
မလဲ၊ ဖောက်ပြန်နောက်ဆုတ်ခြင်းမရှိပဲ ဒီမိုကရေစီနိုင်ငံဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းသွား
ပါလျှင် မြန်မာနိုင်ငံသားတွေအဖို့ အလုပ်အကိုင်တွေတိုးပွားလာဦးမည်ကိုခန့်မှန်းရပါသည်။

လတ်တလော ဂျပန်နိုင်ငံသည် ငလျှင်ဒါဏ်ဖြင့်စက်ရုံအလုပ်ရုံအများစု ပျက်ဆီးဆုံးရှုံးခဲ့ရ
သည့်အပြင် ထိုင်းနိုင်ငံရေကြီးမှုကြောင့် စက်ရုံအများစုအထိနာခဲ့ရပါသည်။ ယင်းအပြင်
ဒေါ်လာဈေးကျမှု၊ ယမ်းငွေတန်ဖိုးမာမှုနှင့် ဂျပန်နိုင်ငံတွင်းရှိ လုပ်သားစရိတ် ကြီးမြင့်မှု
ကြောင့်ဂျပန်နိုင်ငံတွင်းထုတ်လုပ်သည့်ကုန်စည်များသည် နိုင်ငံခြားဈေးကွက်တွင် ရောင်း
ရလျှင် ရောင်းရသလောက် အရှုံးပေါ်သည့် ပြဿနာနှင့်ရင်ဆိုင်နေရပေသည်။ထို့ကြောင့်
လုပ်သားစရိတ်နည်းပါးပြီး၊ အခြေခံအားဖြင့် ကြင်နာကြသည်ဟု ဂျပန်အများစုကသုံးသပ်
သော၊ ရေမြေအနေထားကောင်းမွန်သော မြန်မာနိုင်ငံကို ဂျပန်လုပ်ငန်းရှင်များက စိတ်ဝင်
စား အာရုံစိုက်မှုများ များပြားလာသည်ကို တွေ့ရပါသည်။

ကျမလည်းမြန်မာနိုင်ငံသားတဦးပေမို့ လူတွေကိုယ်စီကိုယ်စီ အကြောင်းကိုယ်စီရှိတာမို့
ကိုယ်ချင်းစာသလို၊ဘာဗီဇာဖြင့်နေသလဲဆိုတာထက်စာရိတ္တနှင့်ကျင့်ဝတ်ကိုအလေးထား
ကာ ပေါင်းသင်းဆက်ဆံသူမို့ ပေါင်းသင်းဆက်ဆံရေးမှာ သူငယ်ချင်းကဘာဗီဇာဆိုတာကို
စိတ်ထဲမထားတတ်ပါဘူး။ အထူးသဖြင့် ပိုလို့တောင်သတိထားပြီးအလေးပေးဆက်ဆံပါ
တယ်။ ဂျပန်မှာ ဗီဇာကောင်းကောင်းရထားလျှင် ဆရာကြီးစတိုင်နှင့်ငါလိုလူဇဗ(ဗ)ူမှာမရှိ
ဟူသော လူအချို့လည်းတွေ့ဖူးပါသည်။ ထို့ကြောင့် ခပ်တည်တည်နှင့်ညာသူတွေလည်း
ရှိလာခြင်းဖြစ်ပါလိမ့်မည်။ သို့ငြား ကျမသူငယ်ချင်းတွေကိုတော့ ကျမကိုမညာစေလိုပါဘူး
ရှင်။

အားလုံးကိုယ်ရောစိတ်ပါကျမ်းမာချမ်းသာကြပါစေရှင်


Jan 11, 2012

လက်ကိုင်ဖုံးတွေအလကားရမယ်

ခုတလော မြန်မာပြည်ကသတင်းတွေထဲ ဖုံးကဒ်ကို ၅ထောင်နဲ့ရောင်းပေးမယ်ဆိုတဲ့ ကုမ္ပ
ဏီတခုရဲ့ ကြေငြာစကား၊ ၅ထောင်တန်ကဒ်ဖုံးတွေ တကယ်သုံးလာနိုင်မလား၊ ဖြစ်နိုင်ချေ
ရှိသလား၊မရှိဘူးလားဆိုတာတွေအမျိုးမျိုးဖတ်ရတော့ ဂျပန်ကလက်ကိုင်ဖုံးတွေအကြောင်း
ရေးဖြစ်သွားပါတယ်။

ဂျပန်မှာ ကျမသိသရွေ့တော့ အဓိကဖုံးကုမ္ပဏီ ၄ခုရှိပြီး Softbank, Au, Docomo &
Willcomတို့ဖြစ်ပါတယ်။ လိုင်းအကောင်းဆုံးကတော့ Docomo နှင့် Au ဖြစ်တယ်လို့
ဆိုပါတယ်။ လိုင်းဘာကြောင့်ကောင်းသလဲဆိုလျှင်တော့ နိုင်ငံအနှံ့ဖုံးလိုင်းတာဝါတိုင်
တွေများများထောင်ထားနိုင်လို့ပါ။ 

ကျမကိုယ်တွေ့ကြုံဖူးတာကတော့ဂျပန်သို့ကျောင်းလာတက်စ ၂၀၀၆ခုနှစ်ခန့်က စသုံး
ခဲ့တာ AU ဖြစ်ပါတယ်။ ထိုစဉ်က Softbank က နောက်ပိုင်းပေါ်လာတဲ့ကုမ္ပဏီဖြစ်တာမို့
ဈေးလဲသက်သာသော AUမှဖုံးကို ကိုလူတွေအသုံးများခဲ့ကြပါတယ်။ လိုင်းလဲမိပါတယ်။
ဂျပန်တွေအများစုကတော့လိုင်းအကောင်းဆုံးလို့ဆိုရမယ့် Docomoကိုသုံးတာတွေ့ရပါ
တယ်။ ထိုစဉ်ကသူငယ်ချင်းတွေကြား Softbankသုံးသူတွေလဲရှိခဲ့ပြီး ကျမတို့အချိန်ပိုင်း
အလုပ်လုပ်စဉ် ဆိုင်အတွင်းထဲမှာဆိုလျှင် လိုင်းမမိတတ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။

သို့ငြား မကြာခင်ပဲ Softbank ဖုံးကိုင်ဆောင်သူအချင်းချင်းဖုံးပြောဆိုခကို ညကိုးနာရီမှ
မနက်၁နာရီထိကလွဲ၍ ကျန်အချိန်များကို ဖုံးပြောခ အခမဲ့အဖြစ် ၀န်ဆောင်မှုကိုစတင်
လိုက်သောအခါ လူအများစုက Softbankကုမ္ပဏီမှဖုံးတွေကို ပြောင်းသုံးကုန်ကြသည်။
သုံးခါစမှာ လိုင်းမမိတာမျိုးကြုံလို့စိတ်ညစ်ခဲ့ရလည်း မကြာမီပင် သုံးသူများသလိုအမြတ်
များကာ တာဝါတိုင်တွေလည်းတိုးလာကာ လိုင်းတွေလည်း မိလာပါသည်။ ယင်းနောက်
အိုင်ဖုံးရောင်းချခွင့်ကို ယင်းSoftbankကုမ္ပဏီမှ မူပိုင်ခွင့်ရသွားသောအခါ အိုင်ဖုံးဧ။်
ကြော်ကြားအောင်မြင်မှုနှင့်အတူ Softbankဖုံးသုံးသူတွေလည်း ပိုတိုးလာပါသည်။

ယခုနှစ်တွင်မတော့ မူပိုင်ရောင်းချခွင့် စာချုပ်နှစ်ပြည့်သွားတာမို့ အိုင်ဖုံးမှ ဂျပန်ပြည်
တွင်း Softbankကုမ္ပဏီတခုတည်းသာမက AUကုမ္ပဏီကိုပါ ရောင်းချခွင့်ပြုလိုက်သော
အခါ အိုင်ဖုံးဈေးကွက်ကို အပြိုင်အဆိုင်လုဖို့ရာ ဂျပန်မှာ အိုင်ဖုံးနှင့်အိုင်ပတ်တွေဟာ
ဈေးတွေလျှော့သထက်လျှော့၊ လက်ဆောင်တွေပေးဖြင့် အိုင်ပတ်ဆိုလျှင် လက်ငင်း
ငွေချေဝယ်သည်ထက်ပင် လပေးဖြင့် ၂၄လသုံးပေးသည့်စနစ်က ပိုသက်သာလာတာ
တွေ့ရပါသည်။

စာချုပ်စနစ်
စာချူပ်ချူပ်ရာတွင် ကုမ္ပဏီတွေအနေဖြင့် ရိုးရိုးစာချူပ်ချူပ်လျှင် သုံးစွဲသူမှ သုံးစွဲမှုကို
ရပ်နားလိုသောအချိန်တွင်ရပ်နားပစ်လိုက်နိုင်ပြီး၊ အခြားကုမ္ပဏီဖုံးကိုအချိန်မရွေးပြောင်း
သုံးနိုင်မည်ဖြစ်သည်။မိမိတို့ဖုံးလိုင်းကို၂နှစ်သုံးပါမည်ဟူ၍စာချူပ်ချူပ်ပေးလျှင်၂နှစ်တာ
လစဉ်ဖုံးသုံးစွဲခကို ရရှိမည်ဖြစ်သည်။ ဤသည်က ဖုံးခွံတွေကို ဇီးရိုးယမ်း(အခမဲ့)ဖြင့်
ပေးသောဝန်ဆောင်မှုစနစ်ပေါ်လာခြင်းဧ။် အစပင်ဖြစ်တော့သည်။

ဖုံးခွံကိုပုဒ်ပြတ်ဝယ်လျှင်မည်မျှကျသင့်မည်၊ လစဉ်အရစ်ကျချေလျှင်တလမည်မျှကျသင့်
မည် ဟူသော ဖုံးတွေရှိသလို၊ ဖုံးခွံဖိုး အခမဲ့(ဇီးရိုးယမ်း)ဖြင့် ၀န်ဆောင်မှုပေးပါမည်။(သို့)
၂၄လခွဲကာ တလမည်မျှကျသင့်မည်။ ယင်းအပြင် လစဉ်ကျသင့်ငွေမှ ဈေးလျှော့၊ငွေ
ပြန်အမ်းပါမည် ဟူသော ၀န်ဆောင်မှုတွေဖြင့် သုံးစွဲသူမှ၂နှစ်သုံးစွဲပေးပါမည်ဟူသော
စာချူပ်ကိုချူပ်ချင်လာအောင် ကုမ္ပဏီတွေမှအပြိုင်အဆိုင် ပြုလုပ်လာကြပါတော့သည်။
ယင်းအပြင် ဂျပန်သည်နည်းပညာတိုးတက်သောနိုင်ငံပီပီ တနှစ်တွင် ရာသီလေးမျိုးရှိရာ
ရာသီတိုင်း ဖုံးဒီဇိုင်းသစ်တွေ ထွက်ရှိတာမို့၊ တနှစ်ကျော်သွားလျှင်ပဲ ဇီးရိုးယမ်းဖြင့်သုံး
နိုင်သွားသော နိုင်ငံဖြစ်ပေရာ စားသုံးသူတွေအတွက် ကျေနပ်ဖွယ်ဖြစ်ပါသည်။

ကျမအနေဖြင့်ကတော့ နိုင်ငံတဖြည်းဖြည်းတိုးတက်လာတာနှင့်အမျှ  ၅ထောင်မဆို
ထားနှင့်၊ ဂျပန်လို ဖုံးခွံတွေ လက်ဆောင်တွေ အလကားပေးရုံတင်မက၊ မနက်၁နာရီမှ
ညကိုးနာရီထိ ကုမ္ပဏီတူဖုံးအချင်းချင်း ဆက်သွယ်ခေါ်ဆိုခအခမဲ့ဆိုတာတွေပါပေါ်လာ
ဦးမှာမို့ မဖြစ်လာနိုင်ဘူးဆိုတာမရှိဘူးလို့ထင်ပါတယ်။ သို့ငြား လိုင်းတွေအမြဲကျပ်နေတဲ့
မြန်မာနိုင်ငံအနေဖြင့်ကတော့ လုံလောက်တဲ့အရင်းနှီးနှင့် ဆက်သွယ်ရေးတာဝါတိုင်တွေ
တည်ဆောက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာတွေ စသဖြင့် အချိန်တခုတော့ လိုဦးမည်ဟု
ယူဆရင်း အနာဂတ်ကိုမှန်းဆကာ ကြည်နူးမိပါသည်။

ဖုံးခွံဖိုး ဇီးရိုးယမ်း (အခမဲ့)ဖြင့်သုံးစွဲနိုင်သောဖုံးတွေကို ဤနေရာ နှင့် မှာနမူနာသွား
ကြည့်နိုင်ပါတယ်ရှင်။


မြန်မာပြည်သူတွေ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေရှင်


Jan 10, 2012

iPad လိုချင်တယ်ဆိုလျှင်

လွန်ခဲ့တဲ့ဒီဇင်ဘာခရစ်စမတ်ရက်မှာ နှစ်ကုန်ခါနီးသူ့အတွက်အမှတ်တရ အိုင်ပတ်ဝယ်
ပေးမယ် လို့စိတ်ကူးမိတော့ကျမကံကောင်းသွားပါတယ်။
ဒီဇင်ဘာ၁၂ရက်နေ့ကမှစတင်လိုက်တဲ့ဆော့ဖ်ဘန့်ခ်ရဲ့ အစီစဉ်အရ အိုင်ဖုံးသုံးစွဲသူ
ဖြစ်လျှင် အိုင်ပတ်တူးကို အင်တာနက်လစဉ်ကြေး ဇီးရိုးယမ်းကစလို့ သုံးလျှင်သုံးသလို
ကျသင့်တဲ့ စနစ် အသုံးပြုနိုင်တာမို့ သက်သာသွားပါတယ်။ တလ ၂၈၅၀ယမ်းနှုန်းဖြင့်
၂၄လပေးသွင်းတဲ့စနစ်ကိုအသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာကြည့်ပါ။
ဒီ Campaign ဟာ ၁၂လပိုင်း၁၆ရက်မှ ၁လပိုင်း ၃၁ရက် ၂၀၁၂ ထိဖြစ်တာမို့ အိုင်ဖုံး
သုံးနေသူတွေ အိုင်ပတ်သုံးလိုလျှင် အချိန်မီသွားလုပ်သင့်ပါတယ်ရှင်။

ပျော်ရွှင်ပါစေရှင်


Jan 1, 2012

နှစ်သစ်မင်္ဂလာ

၂၀၁၂ခုနှစ် နှစ်သစ်ကိုကူးပြောင်းခဲ့ပါပြီ။
နှစ်ကူးတဲ့အချိန်တိုင်းမှာ သြော် တနှစ်ကုန်ပြန်ပါပေါ့လားလို့ ကာလတွေမြန်လွန်းတာ
သတိပြုမိတတ်ပါတယ်။

ဂျပန်မှာတော့ဇန်န၀ါရီ၁ရက်နေ့ရောက်ပြီဆိုရင်၊ မြန်မာပြည်မှာ ည၁၂နာရီကျော်ကာ
နှစ်ကူးလျှင်Happy New Yearလို့ နှုတ်ဆက်ကြသလိုပဲ ဂျပန်မှာလည်း နှုတ်ဆက်ကြ
ပါတယ်။

あけましておめでとうございます = နှစ်သစ်မင်္ဂလာပါ
いいお年を=ကောင်းသောနှစ်ဖြစ်ပါစေ

色々ありがとうございましたကျေးဇူးတင်ပါတယ်(နှစ်ကူး ၁ရက်နေ့တွင်နှုတ်ဆက်လျှင်)
今年もよろしくお願いします。ဒီနှစ်လည်းကူညီစောင့်ရှောက်ပါ
 
今年はありがとうございました (နှစ်မကူးခင်နှုတ်ဆက်လျှင်)ဒီနှစ်အတွက်ကျေးဇူးတင်
                                          ပါတယ်
来年もよろしくお願いします。နောက်နှစ်လည်းကူညီစောင့်ရှောက်ပါ

အထက်လူကြီးဆိုလျှင်တော့ お願いしますအစား お願いいたしますသုံးလေ့ရှိပါတယ်။

ဂျပန်ရဲ့အခြားရိုးရာဓလေ့တခုကတော့ နှစ်ကူးတော့မယ်ဆိုလျှင် နှစ်ကူးပို့စ်ကဒ်တွေ
အလွန်ရောင်းရပါတယ်။ အကြောင်းကတော့ ဂျပန်လူမျိုးတွေဟာ ပို့စ်ကဒ်တွေမှာ ကျေး
ဇူးတင်ကြောင်းနှင့် နှစ်ကူးနှုတ်ဆက်စကားကို ရေးကာ စာတိုက်ကနေပို့လေ့ရှိကြတာမို့
ပါ။ ဒါကြောင့် ဂျပန်စာတိုက်ကြီးကလည်း တံဆိပ်ခေါင်းကပ်စရာမလိုပဲ ကဒ်မှာစာရေးပြီး
တိုက်ရိုက်ပို့လိုက်လို့ရတဲ့ ပို့စ်ကဒ်တွေကို ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်ဝေရောင်းချလေ့ရှိ
ပါတယ်။ ကွန်ဗီနီရန့်စတိုးလို့ခေါ်တဲ့၂၄နာရီဖွင့်တဲ့စတိုးတွေမှာလည်း မိမိနှစ်သက်ရာ
စာနှင့်ဒီဇိုင်း(ကတ်တလောက်စာအုပ်ထုတ်ပါတယ်)ကိုကြည့်ရှုရွေးချယ်ကာ အစောင်
ရေ ဘယ်နှစ်ခုဟု အော်ဒါမှာကာ ပြုလုပ်ဝယ်ယူနိုင်ပါတယ်။
(ပို့စ်ကဒ်မှာပြည်တွင်းတံဆိပ်ခေါင်းမလိုပါ။)

ဇန်န၀ါရီတရက်နေ့ရောက်ပြီဆိုလျှင်တော့ နတ်ကျောင်းတွေမှာလူတွေကြိတ်ကြိတ်တိုး
လေ့ရှိပြီး၊ ယင်းသို့နှစ်ရဲ့အစရက်မှာနတ်ကျောင်းသွားကာ ကန်တော့ကြတာဓလေ့ဖြစ်
ပြီး ယင်းကို 初詣 (はつ・もうで)ဦးဆုံးကန်တော့ခြင်းလို့ ဆိုပါတယ်။

အားလုံးပဲ နှစ်သစ်နှင့်အတူ မင်္ဂလာအပေါင်းတွေခညောင်းပါစေရှင်
စိတ်ရောကိုယ်ပါကျန်းမာချမ်းသာပျော်ရွှင်ကြပါစေ
အိပ်မက်ရည်မှန်းချက်တွေအမြန်ဆုံးအကောင်ထည်ဖော်နိုင်ကြပါစေရှင်


ဇန်န၀ါရီတရက်မကူးခင် ခင်မင်ရာမိတ်ဆွေတွေကို နှုတ်ခွန်းဆက်နိုင်ကြပါစေရှင်


Nov 9, 2011

ဂျပန်မှာ ဖုံးလုပ်လျှင် (၂) ကျမအတွေ့အကြုံ

ယနေ့ခေတ် ဂျပန်မှာဘာဖုံးတွေခေတ်စားနေသလဲလို့ မေးလာလျှင်တော့ ကမ္ဘာကျော်
ကျမတို့အားလုံးရဲ့အချစ်တော် အိုင်ဖုံးနှင့်ဂျပန်လုပ် စမတ်ဖုံးများလို့ဆိုရမှာဖြစ်ပါတယ်။
iphone နှင့် smart phone ဘာကွာလဲဆိုလျှင် အိုင်ဖုံးဟာ စမတ်ဖုံးခေါင်းစဉ်အောက်က အမျိုးအစားတခုပဲဖြစ်ခြင်းပါ။ စမတ်ဖုံးဆိုတာ အင်တာနက်သုံးရလွယ်ပြီး၊ ကွန်ပျူတာကို
အခြေခံပြုလုပ်ထားသော ဖုံးအမျိုးစားလို့ဆိုပါတယ်။ ဆိုရလျှင် အိုင်ဖုံးဟာ Apple ရဲ့
စမတ်ဖုံးဖြစ်ပြီး၊ အိုင်ဖုံးကဲ့သို့ touch စနစ်ဖြင့်သုံးရသော ဂျပန်ပြည်တွင်းထုတ်စမတ်ဖုံး
ဒီဇိုင်းအမျိုးအစား များစွာရှိပါတယ်။

အိုင်ဖုံးခေတ်မစားခင်တည်းက ဂျပန်မှာ စမတ်ဖုံးတွေဟာ ခေတ်စားခဲ့ပါတယ်။ သို့ငြား
အခြေခံစွမ်းဆောင်ရည်တွေဆင်တဲ့ အိုင်ဖုံးက နောက်ပိုင်းမှဂျပန်ဈေးကွက်ဝင်လာခဲ့ပေ
မဲ့ ဘာကြောင့် နာမည်ကျော်သွားသလဲဆိုလျှင်
၁။ စမတ်ဖုံးတွေရဲ့ ဈေးနှုန်းကြီးမြင့်ခြင်းနှင့်အတူ အိုင်ဖုံးဟာ စစချင်း၃လဖုံးခွံအလကား
ပေးတဲ့ campaignလုပ်ခဲ့တဲ့အပြင်၊ လစဉ်အရစ်ကျသွင်းပြီး ၂နှစ်စာချုပ်ချုပ်လျှင်
discountတွေပေးခဲ့ပါတယ်။ တခုရှိတာက အိုင်ဖုံးသုံးလျှင် အင်တာနက်မသုံးမဖြစ်သုံးဖို့
စာချုပ်ချုပ်ရတာမို့ အင်တာနက်သုံးခကတော့ကျသင့်တာမျိုးရှိပါတယ်။
၂။ အိုင်ဖုံးဟာ Int'l Standardဖြစ်တာတကြောင်း
၃။ ဂျပန်မှနိုင်ငံခြားသားတွေ အများဆုံးအသုံးပြုကြတာရယ်
၎။ iphone ရဲ့ touch စနစ်ဟာ အလွန်မြန်ဆန်ချောမွေ့ခြင်း
၅။ Appleမှအိုင်ဖုံးကို ကိုယ်စားလှယ်မူပိုင်ယူထားသော softbankဖုံးကုမ္ပဏီရဲ့Marketing
ကောင်းခြင်း (ဥပမာTv cm)လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

iphone review ရေးတယ်လို့ဆိုပေမဲ့လည်း ကျမသုံးခဲ့တဲ့အိုင်ဖုံးဟာ ဦးဆုံးထွက်ရှိခဲ့တဲ့
3Gဖြစ်တာမို့ ကျမအနေဖြင့်အဆင်မပြေတာတွေအများကြီးရှိခဲ့ပါတယ်။ ဥပမာဆိုရလျှင်
ဖုံး၊မေးလ်၊SMSကဲ့သို့ ကိုယ်မသိတဲ့(မသိလိုက်ပဲဝင်ထားတဲ့)မက်ဆေ့ခ်ျတခုခုရှိနေလျှင်
အိုင်ဖုံးရဲ့စကရင်မှာ ၀င်လိုက်တဲ့အချိန်ပဲ အချက်ပြပြီး  ကိုယ်ကဖွင့်မကြည့်သရွေ့၊
မထိသရွေ့ မသိရပါဘူး။ သည့်အတွက် ဖုံးကို ခဏခဏဖွင့်မကြည့်တဲ့ကျမအတွက်
တခါတလေ အသိနောက်ကျပြီး အဆက်သွယ်နောက်ကျတာမျိုးတွေရှိပါတယ်။
စမတ်ဖုံးနှင့် ဂျပန်ကအခြားလက်ကိုင်ဖုံးတွေမှာတော့ Led system ပါရှိပြီး၊ ဖွင့်မကြည့်
ထားတဲ့မက်ဆေ့ခ်ျတခုခုရှိနေလျှင်ယင်းကိုဖွင့်မကြည့်မချင်း Ledက မီးလင်း(မှိတ်တုတ်
မှိတ်တုတ် အချက်ပြပေးနေတာမို့ ဖုံးကို အဝေးကတချက်လှမ်းကြည့်ရုံဖြင့် မက်ဆေ့ခ်ျ
ရှိမရှိသိရပါတယ်။) ဂျပန်ကဖုံးတွေဟာLed systemအတော်ထွန်းကားပြီး ဖုံးအများစုမှာ
အီးမေးလ်ဝင်လျှင်တရောင်၊ဖုံးဝင်လျှင်တရောင်စသဖြင့်အရောင်ခွဲပြတာတွေပါရှိပါတယ်။

သည်အချက်က အဆင်မပြေဆုံးလို့ခံစားရတဲ့အချက်ဖြစ်ပါတယ်။

နောက်တခုက အိုင်ဖုံးဟာ ဂျပန်နိုင်ငံနည်းပညာမဟုတ်တဲ့အတွက် နည်းပညာထွန်းကား
တဲ့ ဂျပန်နိုင်ငံက ဖုံးဖြင့်သုံးလို့ရသော စနစ်အမျိုးမျိုး၊ serviceအချို့သုံးလို့မရတာမျိုး
ရှိပါတယ်။ ဥပမာ mixi ဆိုသော နာမည်ကျော်ဝက်ဆိုဒ်ရှိပြီး google ရဲ့blogspotလိုပဲ
ဂျပန်အတော်များများသုံးကြပြီး ယင်းမှာ ဘလော့ဂ်ရေးခြင်းအပြင် facebookကဲ့သို့
သူငယ်ချင်းအုပ်စုဖွဲ့စည်းခြင်း၊ ဓါတ်ပုံများ၊ ဗွီဒီယိုဖိုင်များတင်ခြင်း၊ မျှဝေကြည့်ခြင်းစတာ
တွေပြုလုပ်နိုင်တာမို့ facebook ထက် ယင်းဆိုဒ်က ဂျပန်မှာခေတ်စားပါတယ်။
ယင်းကို အသင်းဝင်ဖို့ရာ သူငယ်ချင်းထံမှ ဖိတ်စာရယူရပြီး ယင်းကို မိမိဖုံးနံပါတ်ဖြင့်
အသင်းဝင်ရာမှာ အိုင်ဖုံးမှာ ယင်းစာမျက်နှာဖွင့်မရခဲ့ပါဘူး။ နောက်တခုက ခရီးသွား
တဲ့အခါတွေ ဂျပန်တီဗွီအစီစဉ်တွေကြည့်တဲ့အခါ အိုင်ဖုံးကကြည့်လို့မရငြား ဂျပန်
ကဖုံးအတော်များများကတော့ တီဗွီကြည့်လို့ရတဲ့စနစ်ပါရှိပါတယ်။
အားနည်းချက်ကတော့ Android ဖြစ်တဲ့အတွက် မြန်မာစာလုံးသုံးလို့ရမရ ခုထိ
မစမ်းကြည့်ရသေးသလို သုံးမရဖို့များတယ်လို့ စိတ်မှာ တွေးထားပါတယ်။

အိုင်ဖုံးရဲ့အားသာချက်လို့ဆိုလျှင်တော့iPodကိုသုံးလို့ရခြင်းပါ။အသံသိပ်ကြည်ပြီး၊အလွန်
ကျယ်တဲ့ထိ နားထောင်လို့ရတာ စိတ်လှုပ်ရှားစရာအတော်ကောင်းပါတယ်။ ခက်တာက
ကျမက နားကျပ်တပ်နားထောင်ရတာကို မနှစ်မြို့တဲ့၊ ခေါင်းအုံချင်သလိုဖြစ်လာတတ်သူ
မို့ ဒီအချက်က ကျမအတွက် သိပ်အသုံးမ၀င်ပါဘူး။ သို့ငြား ရထားအချိန်နှင့် မြေပုံရှာတဲ့
applicationတွေရှိတာမို့ ကျမသိပ်အဆင်ပြေခဲ့ပါတယ်။ ခုနောက်ပိုင်းပေါ်လာတဲ့အိုင်ဖုံး
မှာ ဂူဂယ်မှာတခုခုရှာတဲ့အခါ စာရိုက်ထည့်စရာမလိုပဲ အသံဖြင့် ရှာခိုင်းလို့ရပါတယ်။
ယင်းဖန်ရှင်တွေဟာ ဂျပန်ထုတ် စမတ်ဖုံးတွေရဲ့Android သုံးစနစ်မှာလည်းရှိတဲ့အတွက် ဘယ်ဖုံးပဲသုံးသုံးအတူတူလို့ဆိုရမှာပါ။

နောက်တခုက စမတ်ဖုံးသုံးတဲ့အခါ ကင်မရာ၊ ဗွီဒီယိုရိုက်ခြင်းကဲ့သို့သောအခြေခံ
application package တွေဟာ အိုင်ဖုံးလိုapplication သုံးကြည့်လိုက် ပိုကောင်းတာ
ထည့်လိုက်မဟုတ်ပဲ ဖန်ရှင်စုံလင်စွာဖြင့် ပုံသေပါရှိပြီးဖြစ်လို့ သုံးရတာ အလွန်အဆင်
ပြေပါတယ်။ ခုနောက်ပိုင်း iphone 4sကတော့ မော်ဒယ်လ်မြင့်၊ ဖန်ရှင်လည်းအလွန်
စုံလာတာမို့ ကျမသုံးခဲ့တဲ့3Gနှင့်တော့ကွာမယ်၊ ပိုကောင်းမယ် လို့ထင်ပါတယ်။
 
                                                          iPhone 3G 
                                    
                                                           iPhone 4S
သုံးခဲ့တဲ့အိုင်ဖုံ3းGမှာ ဘယ်လိုအချက်ကအနှစ်သက်ဆုံးလဲမေးလျှင်တော့ ဒီဇိုင်းလို့ဆို
ရမှာပါ။ သိပ်ကိုပါးလွှာပြီး အနားလေးတွေက အပေါ်ကိုကော့ပြီး ထောင့်လေးတွေလုံးနေ
တာကို သိပ်သဘောကျခဲ့ပါတယ်။ယင်းကိုပြုလုပ်နည်းဟာအတော်လက်ဝင်ခက်ခဲပြီးတခု
ချင်းကို လုပ်တာကို တီဗွီအစီစဉ်တခုမှာကြည့်ဖူးတော့ပိုတန်ဖိုးထားရမှန်းခံစားမိပါတယ်။
နောက်ပိုင်းထွက်လာတဲ့အိုင်ဖုံးတွေဟာ ပြုလုပ်ရလွယ်တဲ့လေးထောင့်ဒီဇိုင်းကိုပြင်လိုက်
တဲ့အခါ အိုင်ဖုံးအသစ်ထွက်လာရင်ဖုံးလဲဖို့ပြင်ထားတဲ့ကျမဟာအားအနည်းငယ်လျှော့
သွားပါတယ်။သို့ငြားအိုင်ဖုံးဟာလည်း မော်ဒယ်လ်မြင့်လာတာနှင့်အမျှ ဖန်ရှင်တွေပိုများ
လာတာမို့ အိုင်ဖုံးနှင့်စမတ်ဖုံး ဘယ်ဟာရွေးရမယ် မျက်စိလည်ရပါတယ်။

အဲလိုဖြင့်မထူးပါဘူးလို့ဆိုပြီး၊ ဂျပန်ကဆားဗစ်စ်အတော်များများအဆင်ပြေသော၊ဂျပန်
ထုတ်စမတ်ဖုံးတွေလုပ်တော့မယ်ဆိုပြီး စိတ်ကူးတဲ့အခါ
ကျမသုံးတဲ့ Softbank ဟာ နောက်ပိုင်းမှာမှ နာမည်ကြီးလာတဲ့ဖုံးကုမ္ပဏီဖြစ်တာမို့
သူ့ရှေ့က ဈေးကွက်ဝေစုအများကြီး ယူထားပြီး နာမည်ကြီးရှေ့ရောက်ခဲ့တဲ့docomo
နှင့်auဖုံးကုမ္ပဏီတွေလို ရွေးချယ်စရာစမတ်ဖုံးဒီဇိုင်းအများကြီးမရှိပါဘူး။ ယင်းအချိန်က
appleဟာ အိုင်ဖုံးမူပိုင်ရောင်းချခွင့်ကို softbankဖြင့်သာ စာချူပ်ချူပ်ထားခဲ့တာမို့
docomo နှင့်auဖုံးကုမ္ပဏီတွေဟာလည်း စမတ်ဖုံးကို ဒီဇိုင်းအမျိုးမျိုးထုတ်ပြီး ဖန်ရှင်
တွေကိုလည်း အမျိုးမျိုးတိုးပြီး၊အရောင်းမြှင့်တင်ရေးတွေဖိလုပ်ကာယဉ်ပြိုင်လာခဲ့ပါ
တယ်။ အဲလိုဖြင့် အပြိုင်အဆိုင်တွေ၊ ဒီဇိုင်းတွေ များလာလေလေ ဈေးသက်သာလာ
လေလေဆိုတဲ့သဘောသဘာဝအတိုင်း ကျမစတင်စုံစမ်းခါစကထက် ဈေးနှုန်းဟာ
တလ ယမ်း၃ထောင်နှုန်းခန့်ကျလာပါတယ်။
 
တခုရှိတာက အင်တာနက်အ၀သုံးစနစ်ကိုသုံးတာချင်းအတူတူတောင် စမတ်ဖုံးဟာ
အိုင်ဖုံးထက် လစဉ်ကြေးယမ်းတထောင်ခန့်ဈေးပိုများတာ စိတ်မသက်မသာစရာပါ။

A - Monthly Internet Usage Fees
အိုင်ဖုံးဖြစ်စေ၊ စမတ်ဖုံးဖြစ်စေ၊အသုံးပြုတဲ့အခါ ကွန်ပျူတာစနစ်သုံးစမတ်ဖုံးအမျိုးစားတွေ
ဟာ အင်တာနက်သုံးခြင်းကို ၂နှစ်စာချူပ်မဖြစ်မနေချူပ်ရပါတယ်။အကန့်အသတ်မရှိသုံး
ခြင်းအတွက် လစဉ်ကြေးအဖြစ် အောက်ပါအတိုင်းပေးရပြီး 3Gစနစ်သုံးပါတယ်

Type (1)
အင်တာနက်သုံးစနစ်နှစ်မျိုးအနက် တစ်မျိုးမှာစိတ်ကြိုက်အ၀သုံးစနစ်ဖြစ်ပြီး
အိုင်ဖုံး ဟာ    4410 ယမ်း
စမတ်ဖုံး ဟာ 5460 ယမ်း မို့ 1050ယမ်းခန့်ကွာပါတယ်။

(Type 2) စမတ်ဖုံး 390~5985 ယမ်း
ဒုတိယတမျိုးကတော့
စမတ်ဖုံးဆိုလျှင်လစဉ်ကြေး ယမ်း၃၉၀မှမိမိအသုံးများလျှင်များသလို၊ကျသင့်ငွေတက်သွား
ပြီး၊ စိတ်ကြိုက်သုံးစေဦးတော့ အများဆုံး 5985ယမ်းဖြင့်သာ ပေးဆောင်ရတဲ့စနစ်ဖြစ်
ပါတယ်။ အိုင်ဖုံးကတော့ 1,029~4,410 ယမ်း ဖြစ်ပါတယ်။

 B - Wifi Router
၂၀၁၁ခုနှစ်၁၁လပိုင်းမှာ အိတ်ဆောင်အင်တာနက်သုံး Wifi Routerကို softbankက
စတင်ကြေငြာပါတယ်။ စမတ်ဖုံးဈေးကျလာတာနှင့်အတူ  Wifi Routerကိုလည်း
အပြိုင်အဆိုင် ဈေးကွက်ဝေစုလုလာကြတာမို့ ယင်းကို ဈေးချိုစွာသုံးနိုင်လာပါတယ။်
ယင်းWifi Routerကိုဝယ်ယူလျှင် ယမ်း၃သောင်း၃ထောင်ခန့် ကျသင့်ငြား၊ ဖုံးပြုလုပ်
တဲ့အခါ ယင်းကိုသုံးလျှင်စက်ဖိုးမပေးရပဲ၊ အင်တာနက်သုံးခလစဉ်ကြေး ယခင်4980ယမ်း
မှcampaignပြုလုပ်ပြီးဈေးလျှော့တာမို့ လစဉ် ယမ်း၃၈၈၀ဖြင့်သုံးနိုင်လာပါတယ်။


အဲသည်မှာ အိုင်ဖုံးနှင့်စမတ်ဖုံးကဲ့သို့သော အင်တာနက်သုံးခြင်း မဖြစ်မနေစာချုပ်ရတဲ့
ဖုံးတွေကိုသုံးတဲ့အခါ Type 2 ဖြစ်တဲ့ မသုံးလျှင် အနိမ့်ဆုံးဈေးနှုန်းသာပေးဆောင်ရတဲ့
စနစ်ဖြင့် စာချုပ်ချူပ်အသုံးပြုပြီး၊ တလယမ်း 3880ဖြင့်စက်ဖိုးပေးစရာမလိုပဲ၊သုံးခလည်း
ဈေးကျလာသော wifi routerတွေကို တွဲသုံးလို့ရလာပါတယ်။ အင်တာနက်အ၀သုံး လစဉ်
4410ယမ်းကျသင့်တဲ့ အိုင်ဖုံးသုံးသူအနေဖြင့်ကတော့wifi routerသုံးလျှင် အနည်းငယ်
ပိုမိုကျသင့်သွားပါတယ်။
●● အိုင်ဖုံး - အခြေခံအနည်းဆုံးဈေး 1029 yen + wifi router 3880 = 4909 yen
စမတ်ဖုံးသုံးသူကတော့ အင်တာနက်အ၀သုံးဈေးနှုန်းမြင့်မားပေမဲ့ အခြေခံအနည်းဆုံး
ဈေးနှုန်းစာ အိုင်ဖုံးထက်သက်သာပြီး 390 yenဖြစ်တဲ့အတွက် သက်သာသွားပါတယ်။
●● စမတ်ဖုံး - အခြေခံအနည်းဆုံးဈေး 390 yen + wifi router 3880 = 4270 yen
ဒါကြောင့်စမတ်ဖုံးသုံးသူဟာ ယခင်ကဆိုလျှင် အင်တာနက်အ၀သုံးစနစ်မှာ အိုင်ဖုံးထက်
ဈေးပိုများပြီး 1050yen ပိုများခဲ့ပေမဲ့  wifi routerတွဲသုံးလျှင် အိုင်ဖုံးထက် လစဉ်ကြေး
140yenသက်သာသွားပါတယ်။


wifi router
အဲသည်မှာ wifi routerသုံးရတဲ့အားသာချက်တွေဖော်ပြလိုပါတယ်။
၁။ မိမိတဦးတည်းသုံးတာမို့ အင်တာနက်speedသိပ်မြန်ပါတယ်။
တီဗွီကြည့်တာ၊ you tube ကြည့်ရတာ သိပ်အဆင်ပြေပါတယ်။
၂။ယင်း wifi routerဟာ ကွန်ပျူတာ သို့ ဖုံးကို ၁၀လုံးအထိ အတူ အင်တာနက်သုံး
နိုင်တာမို့၊ မိမိသွားတဲ့နေရာကို အိတ်ဆောင်ကွန်ပျူတာပဲသယ်သွားသွား၊ သူငယ်ချင်း
တွေရဲ့ဖုံးတွေပဲဖြစ်ဖြစ် မိမိwifi routerဖြင့် အင်တာနက်သုံးလို့ရပါတယ်။

သည်လိုဖြင့်ကျမ ဂျပန်လုပ် ပန်းရောင်တောက်တောက် စမတ်ဖုံးတခုကိုပဲ လုပ်ဖြစ်ပါတယ်။
အရောင်၃မျိုးရှိပြီး အဖြူရောင်က သိပ်ကိုတော်ဝင်ဆန်ပါတယ်။ အနက်ရောင်က အမျိုးသား
သုံးလိုက်ဖက်ပြီး၊ ကျမက အရွယ်ရလာတာနဲ့အတူအရောင်တောက်တွေညှပ်သုံးရတာ နှစ်
သက်လာတာမို့ ပန်းရောင်ရွေးဖြစ်သွားပါတယ်။



ယင်းနှင့်အတူ ဆိုင်ကအကြံပေးရှင်းပြတဲ့အတိုင်း wifi router တွဲသုံးပါတယ်။

ဆိုရလျှင်  
(1)အိုင်ဖုံး 4s 16G သုံးလျှင် လစဉ်ကျသင့်ငွေဟာ ဖုံးဖိုးအရစ်ကျပေးငွေအပါဝင်
6185 Yen ဖြစ်ပါတယ။်
အင်တာနက်အ၀သုံး 4410 yen
လစဉ်ဖုံးကြေး 980 yen (ည၉နာရီမှမနက်၁နာရီကြားမှလွဲ၍ softbankဖုံးအချင်းချင်း
                                ဖုံးပြောခအခမဲ့)
s basic package အဖြစ် မဆောင်မနေရ 315 yen
ဖုံးခွံ ၂၄လ အရစ်ကျပေးစနစ်အရ တလ 480 yen (တလ1920ယမ်းကို ၂နှစ်ပြည့်အောင်
သုံးပေးမှာဖြစ်လို့ တလ1440ယမ်း ပြန်လျှော့ပေးသွားတာမို့ ကာလမပြည့်ခင် ရပ်စဲလျှင်
ကျန်ရှိငွေကို 1920yen နှုန်းဖြင့် လျှော်ရမှာဖြစ်ပါတယ်။)

(2)ဂျပန်Smart Phoneသုံးလျှင် လစဉ်ကျသင့်ငွေဟာ ဖုံးဖိုးအရစ်ကျပေးငွေအပါဝင်
 8035 yen ဖြစ်ပါတယ်။ ဖုံးမော်ဒယ်လ်အလိုက် ဈေးအနည်းငယ်ကွဲပါတယ်။
အင်တာနက်အ၀သုံး 5460 yen

လစဉ်ဖုံးကြေး 980 yen (ည၉နာရီမှမနက်၁နာရီကြားမှလွဲ၍ softbankဖုံးအချင်းချင်း
                                ဖုံးပြောခအခမဲ့)

s basic package အဖြစ် မဆောင်မနေရ 315 yen
ဖုံးခွံ ၂၄လ အရစ်ကျပေးစနစ်အရ တလ 1280 yen (တလ 3480 ယမ်းကို ၂နှစ်ပြည့်အောင်
သုံးပေးမှာဖြစ်လို့ တလ2200ယမ်း ပြန်လျှော့ပေးသွားတာမို့ ကာလမပြည့်ခင် ရပ်စဲလျှင်
ကျန်ရှိငွေကို 1920yen နှုန်းဖြင့် လျှော်ရမှာဖြစ်ပါတယ်။)

အချိန်ရတဲ့အခါ ဖုံးကုမ္ပဏီတွေအကြောင်းနှင့်အခြားအညွှန်းဆားဗစ်စ်တွေအကြောင်း
ထပ်ရေးဖို့ စိတ်ကူးမိပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Nov 6, 2011

ဂျပန်မှာ ဖုံးလုပ်လျှင် (၁)

ကျမလက်ရှိသုံးနေတဲ့အိုင်ဖုံးလေးက ဦးဆုံးထွက်ခဲ့တဲ့မော်ဒယ်လ်အဟောင်းလေးဖြစ်ပြီး
၂၀၀၉ခုနှစ်၃လပိုင်းလောက်မှာ စလုပ်ခဲ့တာပါ။ ခုတလော ဖုံးအသစ်တွေကလည်းအမျိုး
မျိုးပေါ်လာတာမို့ ဖုံးအသစ်လုပ်ဖို့စိတ်ကူးပြီး ဖုံးတွေကို စုံစမ်းမိပါတယ်။

ဂျပန်ဖုံးကုမ္ပဏီတွေမှာ ဖုံးလုပ်တဲ့အခါ ဖုံးခွံကိုပုတ်ပြတ်ဝယ်လျှင် ဘယ်လောက်(ကာလ)
သုံးစွဲရမယ်ဆိုတာ မရှိတာပေမယ့် ပုတ်ပြတ် တလုံးတည်းမပေးချင်လျှင် လစဉ်ခွဲပေးသွား
လို့ရတဲ့စနစ်ရှိပါတယ်။ ယင်းကိုသုံးလျှင်တော့၂နှစ်တာစာချုပ်ဖြင့်ယင်းကုမ္ပဏီမှဖုံးလိုင်း
ကို သုံးစွဲရမည်ဖြစ်ပါတယ်။ (၂နှစ်စာချုပ်ဖြင့်သုံးပြီး၊ ၂နှစ်မပြည့်ခင်တခြားဖုံးလိုင်းပြောင်း
လျှင်တော့ ကျန်ရှိတဲ့ဖုံးခွံဖိုးနှင့် စာချူပ်ဖောက်ဖျက်ခ စတာတွေပေးလျှော်ရပါတယ်။)

၂နှစ်ပြည့်သွားလျှင် အလိုလို၂နှစ်သက်တမ်းတိုးသွားတာရယ်ပါ။ သို့ပေမဲ့ ဖုံးကုမ္ပဏီ
ပြောင်းချင်လျှင် ချက်ချင်းပြောင်းလို့ရပြီး၊ ဘာကြေးမှဆောင်စရာမလိုပါဘူး။တခုအကြံပေး
ချင်တာကတော့ ၂နှစ်ပြည့်သွားပြီး နောက်ထပ်ဖုံးအသစ်လည်းမ၀ယ်ချင်ဘူး၊ ဖုံးကုမ္ပဏီ
အသစ်ကိုလိုင်းပြောင်းသုံးဖို့အစီစဉ်မရှိဘူးဆိုလျှင်တောင် ဇီးရိုးယမ်းဖြင့်လဲလို့ရတဲ့ဖုံးခွံ
ကိုလဲလို့ရပါတယ်။ ဒါဆိုလျှင် တပြားမှအပိုမကုန်ပဲ ဖုံးခွံအသစ်တခု ထပ်ရမှာပါ။ သို့ငြား
၂နှစ်သုံးပါ့မယ်ဆိုတဲ့ သက်တမ်းတိုးစာချူပ်ထပ်ချူပ်ရပြီး၊ ဖုံးခွံကလည်းဇီးရိုးယမ်းကျသင့်
တဲ့ဖုံးခွံကိုရွေးချယ်ရမှာဖြစ်ပါတယ်။

နောက်တခုကတော့ ကျမအိုင်ဖုံးကို အမျိုးသားအမည်ဖြင့် လုပ်ထားတာမို့ ကျမက
ဖုံးလဲတဲ့အခါ မိမိအမည်ဖြင့်လဲလိုက်လျှင် နောင်ဘာကိစ္စရှိရှိ၊သူ့ကိုဆွဲခေါ်ရတဲ့အလုပ်ရှုပ်
သက်သာတာမို့ လဲဖို့စိတ်ကူးပြီး မေးကြည့်တဲ့အခါ၊
အမည်ပေါက်ကာယကံရှင်ကိုယ်တိုင်မဟုတ်လျှင် ကျမကဇနီးဖြစ်လည်း ဖုံးလိုင်းပိတ်ခြင်း
ပြောင်းခြင်း ဘာမှလုပ်လို့မရပါဘူး။ ကိုယ်စားလှယ်လွှဲစာယူလာရပြီး ကာယကံရှင်ကိုလည်း
ဖုံးဖြင့်တိုက်ရိုက်ဆက်သွယ်ကာ ဖုံးရဲ့အကောင့်ရဲ့ paswordတွေဘာတွေမေးမြန်းတာဖြစ်
ပါတယ်။

နောက်တခုက သူနှင့်ကျမဖုံးဖိုးကျသင့်ငွေကို ခရတ်ဒစ်ကဒ်ဖြင့်သူ့ဘဏ်ထဲက အလိုလို
နှုတ်သွားသော စနစ်ကိုသုံးတာရယ်၊ မိသားစုစနစ်ဖြင့် ဖုံးတွေကို စာချူပ်ထားတာရယ်
ကြောင့်  သူအလုပ်ကပြန်လာတော့ နှစ်ဦးသားဆိုင်ကိုသွားကြည့်ရင်း ကျမနှစ်သက်မိ
တဲ့ ဖုံးအမျိုးအစားကို သူနှင့်အတူကြည့်ရင်း တညတော့ အိမ်မှာအေးအေးဆေးဆေးရွေး
မယ်ဆိုပြီး ဖုံးကတ်တလောက်စာအုပ်ယူပြီးပြန်လာပါတယ်။

ဖုံးလုပ်လျှင် အများစုက ဖုံးဆိုင်သွားပြီးကြည့်ပြီး ရွေးချယ်ကြတာများပါတယ။် ဖုံးဆိုင်က
ဝန်ထမ်းအနေဖြင့်လည်း လူတိုင်းကိုရှင်းပြရတာမျိုးဖြစ်တော့ အသေးစိတ် ရှင်းပြတာ
နည်းပါတယ်။  အဲသည့်မှာ တခုအကြံပေးချင်တာကတော့
(၁)ကတ်တလောက်စာအုပ်သွားယူလာပြီး အိမ်မှာအေးဆေးကြည့်တာကောင်းပါတယ်။
ဂျပန်လိုကျွမ်းကျင်သူတွေအတွက်ကအကြံပေးစရာမလိုပေမဲ့ဂျပန်စာသိပ်မကျွမ်းကျင်သူ
ဖြစ်လျှင် ဖုံးပုံဘေးမှာအောက်ဖော်ပြပါ လေးထောင့်ဇယားရှိပြီး၊ ဖုံးရဲ့ဖန်ရှင်(စွမ်းဆောင်
ရည်)တွေကို ဖော်ပြထားပါတယ်။ မှိန်နေတဲ့စာသားနှင့်ဖန်ရှင်ဟာမပါဘူးလို့ဆိုပါတယ်။
အောက်ကပုံက smart phoneတမျိုးကိုနမူနာပြထားတာပါ။

Plat Form အမျိုးအစား        Flashသုံး၍ရမရ                 Wifiသုံး၍ရမရ           
TV ကြည့်၍ရမရ               ဖုံးဖြင့်ငွေချေစနစ်သုံးခြင်း     Int'l သုံး၍ရမရ   
Screenအရွယ်၊အမျိုးအစား   Cameraရဲ့ပုံထွက်ပမာဏ      ကဒ်သုံး၍ရမရ          

GPS ပါမပါ
3G Highspeed
bluetoothသုံး၍ရမရ

ဒါနမူနာဖြစ်ပြီး တခြားအမျိုးအစားတွေမှာ ရေစိုခံ 防水 ဖြစ်မဖြစ်၊
3D ဓါတ်ပုံရိုက်၍ရမရ ၊ ငလျှင်သတိပေးစနစ် ပါမပါ၊
デコメール ပုံအလှများဖြင့်အီးမေးလ်ပို့၍ရမရ၊ စသဖြင့် နားလည်လွယ်အောင် ဇယား
ပါရှိတတ်တာမို့ ဇယားတွေအချင်းချင်း ယှဉ်ကြည့်လျှင် ရွေးချယ်ရအလွန်လွယ်ကူပါတယ်။
သို့ငြား ကတ်တလောက်စာအုပ်မှာဈေးနှုန်းမပါတတ်ပါဘူး။ ဇီးရိုးယမ်းဖြင့် ဖုံးခွံဖိုးတပြား
မျှ ပေးစရာမလိုပဲ လုပ်၍ရသောဖုံးတွေရှိသလို ဖုံးခွံဖိုး၊ လစဉ်ကြေး စသည်တို့ဖြင့် အရစ်
ကျပေးစနစ် သို့ တလုံးတည်းပုဒ်ပြတ်ပေးစနစ်ကို မိမိနှစ်သက်သလိုရွေးချယ်ပြီး တလ
မည်မျှကျသင့်သည်ကိုတော့ ဖုံးကုမ္ပဏီရဲ့ဆိုဒ်ထဲမှာသွားတွက်ချက်နိုင်ပါတယ်။
ဒါဆိုလျှင် ဖုံးဆိုင်ရောက်တဲ့အခါ မိမိပြုလုပ်မည့်ဖုံးရဲ့မော်ဒယ်လ်နံပါတ်ကိုပြောပြလိုက်ရုံ
ပါပဲ။

ကျမက Softbank ကိုနမူနာအနေဖြင့်ရေးသားသွားမှာပါ။
မိမိနှစ်သက်တဲ့ဖုံးကိုဦးစွာရွေးချယ်ပြီးမှ ကျသင့်ငွေတွက်ရအဆင်ပြေတာမို့
၁။ဒီနေရာမှာ ဖုံးဒီဇိုင်းတွေ ပုံကြည့်ရွေးနိုင်ပါတယ်။
3G
iPhone
Smart Phone


နောက်မှပဲ ဂျပန်မှာခေတ်စားနေတဲ့ အသုံးများတဲ့ဖုံးများအကြောင်း အညွှန်းထပ်ရေး
ပါဦးမယ်

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Oct 17, 2011

အလှူထမင်း၊ အလှူဟင်း

မနေ့က ၂၀၁၁၊ အောက်တိုဘာလ၊ ၁၆ရက်နေ့ ဂျပန်နိုင်ငံရှိဘုန်းတော်ကြီးကျောင်းမှာ
စုပေါင်းကထိန်အလှူပွဲ ကျင်းပသွားပါတယ်။ သင်္ကန်း၊ ဆွမ်းခဲဖွယ်၊ အလှူငွေကပ်လှူသူ
များဖြင့် စည်ကားလှပြီး၊ ခန့်မှန်းခြေ ဂျပန်လူမျိုး ၂၀ဦးခန့်နှင့် မြန်မာလူမျိုး၆၀ဦးခန့်
တက်ရောက်ကြပါတယ်။
ကျမမြန်မာနိုင်ငံကမထွက်ခင် ခန့်မှန်းတာထက် ဗီဇာကျတာမြန်ဆန်လွန်းတာမို့ သူနှင့်
ကျမရဲ့ နေ့နံစပ်ထုထားသော အိမ်ထောင်ဦးအထိမ်းအမှတ် ဘုရားဆင်းတုတော်ပြီးစီးပြီး
ရွေးယူရမယ့်ရက်က နောက်ကျနေပါတယ်။ ဖြစ်ချင်တော့ဘုရားဆောင်းတန်းမှာအပ်တာ
မဟုတ်ပဲ မိတ်ဆွေတဦးမှမိတ်ဆက်ပေးသော ဘုရားဆင်းတုထုသူထံတိုက်ရိုက်အပ်တာမို့
ဖုံးအကြိမ်ကြိမ်ဆက်ကာဆက်သွယ်ငြား၊ အဆက်သွယ်မရပဲ အိမ်အထိလိုက်ဖို့ရာလည်း
သိပ်ကိုဝေးလွန်းတာမို့ နောက်မှပဲလူကြုံရှိတဲ့အခါပို့ပေးပါလို့ အိမ်ကမိသားစုကိုမှာကြား
ပါတယ်။ မနက်ဖြန်လေယာဉ်ထွက်မည်ဆိုလျှင် တရက်မတိုင်မီမှာ အဲသည်ဘုရားထုသူ
ဧ။် အမျိုးသမီးက ဆင်းတုတော်နှင့်အတူရောက်ရှိလာပြီး၊ အောက်ခံဆေးသာသုတ်ထား
တဲ့ ဆင်းတုတော်ကိုယူဆောင်ပြသကာ ဘာအရောင်လဲ၊ ဒီအတိုင်းအဆင်ပြေလားဟု
လာရောက်ပြသတာမို့ ကျမမှာ အဲသည့်အချောမသတ်ရသေးသောဆင်းတုတော်ကိုပဲ
ဝမ်းသာအားရ ပင့်လာပါတယ်။ ထိုင်းလေဆိပ်မှာစစ်ဆေးတဲ့အခါလည်း ဆင်းတုတော်
ကိုမြင်လို့ မေးမြန်းတဲ့အခါ ကျမတို့ အိမ်ထောင်ဦးဘုရားပါလို့ဆိုတဲ့အခါ ၀န်ထမ်းတွေ
က (ထိုင်းဟာလည်း ဗုဒသာသနာထွန်းကားတဲ့နိုင်ငံမို့)ရှောရှောရှူရှူ ၀င်သွားပါ၊၀င်သွား
ပါလို့ဆိုပါတယ်။ အဲလိုနဲ့အနေကဇာလည်းမတင်ဖြစ်သေးပဲ တောက်လျှောက်ရှိနေတာမို့
ဘုရားအနေကဇာတင်ပွဲကိုပါ ကထိန်အလှူနှင့်အတူကျင်းပမည်ဆိုတော့ အားရ၀မ်းသာ
သွားဖို့စိတ်ကူးခဲ့ပါတယ်။ ဂျပန်ရောက်မှ သင်္ကန်းအတွက်အောက်ခံဆေးအနီရောင်ရဲရဲ
ပေါ်မှာ သင်္ကန်းညိုရောင်နှင့်မျက်ခုံးမွှေးအနက်ရောင်ကိုကိုယ်တိုင်ဆေးခြယ်ရတဲ့ အိမ်
ထောင်ဦးဘုရားကို ကျမခင်ပွန်းသည်ကလည်း အလွန်ကိုအလေးမြတ်ထားပါတယ်။
နံနက်တိုင်း ဘုရားသောက်တော်ရေ၊ ဆီမီး၊ အမွှေးတိုင် မပြတ်မကွက် ကပ်လှူပူဇော်
ကန်တော့ပြီးမှရုံးသွားသူလည်းဖြစ်ပါတယ်။ခုတော့အနေကဇာတင်ဖို့သွားမယ်ဆိုတော့
သူကလည်းအလွန်ဝမ်းမြောက်ပါတယ်။

သည့်အပြင် စုပေါင်းအလှူဖြစ်တာမို့ အလှူမှာကမကထ ကိုယ်တိုင်ကိုယ်ကျဝိုင်းဝန်းလုပ်
အားပေးနေတဲ့ ညီမငယ်တဦးကလည်း ရှိတာမို့ အစစအရာရာပြောပြပေးပြီး၊ ကပ်လှူသူ
တွေ ဆွမ်းသို့အချိုပွဲယူလာနိုင်တယ်။ ဆွမ်းကပ်ပြီး လူတွေအားလုံးဝိုင်းစုစားမယ်လို့ပြော
ပြပေးတာမို့၊ ဆွမ်းကပ်ချင်တဲ့ကျမ ညီမငယ်အကြံပေးတဲ့အတိုင်း ကျောက်ကျောနှင့်သာ
ကူပြင်နှစ်ထပ်ထိုးကာ အုန်းနို့ရေခန်းဆီပြန်အနှစ်ဆမ်းဖို့ စိတ်အားထက်သန်စွာ ချက်ပါ
တယ်။ သစ်သီးကလေးလည်း ကပ်လှူဖြစ်ပါတယ်။ ကိုယ်တိုင်ဆွမ်းချက်မလှူရတာ အတော်
ကြာပြီဖြစ်တာမို့ မလှူခင်ကကို စိတ်အားထက်သန်စွာဖြင့် အလွန်ကြည်နူးရပါတယ်။


သည့်နောက် ဆွမ်းကပ်လှူကြပြီး အသုတ်လိုက် လာလှူသူတွေစုပေါင်းစားသောက်ကြပါ
တယ်။ စားပွဲပေါ်ဟင်းပွဲတွေ၊ မုန့်တွေဖြန့်ခင်းထားပြီး နှစ်သက်ရာယူခပ်ပြီးစားရတာဖြစ်ပြီး
အလှူဆိုသဒါသန်တဲ့ မြန်မာနိုင်ငံသားများပီပီ၊ ညနေပြန်တဲ့အထိ စားစရာတွေအတော်
များများ ကျန်နေဆဲဖြစ်ပါတယ်။ အလှူထမင်းအလှူဟင်းဆိုလို့ပြောရမည်ဆိုလျှင် ကျမတို့
ညီအမတွေအားလုံးဟာ အလှူသွားရမှာကြောက်သူရှက်သူတွေလို့ဆိုရမှာပါ။ မိန်းမပျိုလေး
တွေဖြစ်တာလည်း တကြောင်းဖြစ်ပါလိမ့်မယ်။ အခြားက အလှူလာဖိတ်တဲ့အခါတိုင်း မိဘ
များကလွဲလို့ ဘယ်သူမှ သွားလေ့မရှိပဲ မိဘများမအားတဲ့အခါ ဘယ်သူ့ကိုမဆို သွားခိုင်း
ဖို့ခက်ခဲလို့ မျက်နှာနာရတယ်လို့ အမေကဆိုလေ့ရှိပါတယ်။ ခုလည်း လူတွေကများပြီး
ထမင်းတပန်းကန်ယူဖို့ ထမင်းထည့်သူနား မနည်းတိုးသွားရတာမို့ နဂိုတည်းက အလှူ
ကြောက်သူကျမ ချွေးပြန်ပြီး၊ ရှေ့ကိုတော်တော်နှင့်လှမ်းမရပါဘူး။ စိတ်ထဲကလည်း တိတ်
တိတ်လေး အနားက စားသောက်ဆိုင်တခုခုမှာ အသာလေးသွားစားလိုက်ရလျှင်ကောင်းမ
လားလို့ တွေးမိလိုက်ပါသေးတယ်။ သို့ပေမဲ့ အမ(မမွန်)လည်း အလှူလာတာမို့ ရှေ့ကို
သွား၊ ထမင်းပန်းကန်ယူလိုက် အစစအရာရာ စိတ်ပူပေး ပြောပြပေးတာမို့ အဆုံးမှာ ကျမ
ထမင်းတပန်းကန်ရလာပါတယ်။ တကယ်တော့ ထမင်းထည့်ပေးသူကလည်း သဘော
ကောင်းပါတယ်။ ကျမကသာ ချွေးပြန်ပြီး မတောင်းရဲတာ၊ ထမင်းထည့်သူက တပန်းကန်
ပြီး တပန်းကန်ခပ်ကာ အနားလာသူတွေကို ကမ်းပေးနေတာရယ်ပါ။ ကမကထ ပါဝင်
လုပ်အားပေးနေသူများအားလုံးဟာလည်း မမောစတမ်း ဘယ်သူဘာလိုလည်းရယ်လို့
အားလုံးကို ဂရုတစိုက်ကြည့်ရှူလုပ်ဆောင်လုပ်အားပေးနေကြပြီး၊သည့်နောက် ဟင်း
တွေမျိုးစုံတဲ့ စားပွဲကြီးနား ဟိုဟာတဇွန်းခပ်လိုက်၊ သည်ဟာတဇွန်းခပ်လိုက်နှင့်မိတ်ဆွေ
အမကလည်း စားလို့ကောင်းတယ်ထင်သမျှ ကျမဆီတဇွန်းမျှလိုက်ဖြင့် ကျမဘဝ
တသက်တာမှာ စားလို့အကောင်းဆုံးဖြစ်ခဲ့ရတဲ့ အလှူထမင်း၊အလှူဟင်းရယ်ပါ။



သည့်နောက် ဘုန်းဘုန်းတွေကို အလှူငွေကပ်လှူကာ ဘုရားအနေကဇာတင် တရားပွဲနှင့်
သာဓုအနုမောဒနာခေါ်ဆိုခြင်းတွေဖြင့် ပြီးသည်အထိ တရားနာဖြစ်ပါတယ်။ ပြီးတော့ မြန်
မာနိုင်ငံသားတွေ အများကြီးနှင့် ခုလိုပြန်မဆုံဖြစ်တာလည်း ကြာပြီမို့ ပျော်ရွှင်မိပါတယ်။

အလှူပွဲမှာချောမွေ့စွာပါဝင်ဆင်နွှဲနိုင်ဖို့ အစစအရာ ပြောပြပေးကူညီပေးတဲ့ညီမငယ် မေ
...နှင့် အမ မမွန်..တို့ကိုလည်း ကျေးဇူးသိပ်တင်မိပါတယ်။

အလှူကဟင်းတွေအချိုပွဲတွေသိပ်ကိုကောင်းပါတယ်ရှင်။ လှူဒါန်းသူတွေအားလုံး ကိုယ်ရော
စိတ်ပါ ကျန်းမာချမ်းသာကြပြီး ဘေးအန္တရာယ်အသွယ်သွယ်ကင်းရှင်းကာ လိုရာဆန္ဒတွေ
ပြည့်စုံကြပါစေလို့။

မေတ္တာဖြင့်
ကျော်နှင်းဆီလွင်


Oct 15, 2011

ပရုတ်လုံး

မြန်မာပြည်မှာတော့ အ၀တ်တွေ၊ စောင်တွေ စတာတွေကို ဗီရိုထဲသိမ်းဆည်းတဲ့အခါ
ဘယ်နေရာမှာမဆို အလွယ်တကူဝယ်သုံးနိုင်တာ ပရုတ်လုံးရယ်ပါ။ ဂျပန်ရောက်တဲ့
အခါမှာတော့ ပရုတ်လုံးလိုက်ရှာတာမတွေ့ပါဘူး။ ယမ်း၁၀၀ဆိုင်တွေမှာတော့ ရေအိမ်
သုံး ပရုတ်ခဲလေးတွေသာရှိပါတယ်။

ခုတော့ဂျပန်မှာ ဆောင်းဦးရာသီဝင်လို့ တဖြည်းဖြည်းအအေးပိုလာပြီး ၁၂လပိုင်းခန့်မှ
စလို့ အင်မတန်အေးတဲ့ဆောင်းရာသီထဲဝင်မှာမို့ ထုံးစံအတိုင်း အပူအအေးကွာဟမှု
ကွာဟမှုကြီးမားတဲ့နိုင်ငံမို့ နွေရာသီသုံး အ၀တ်စားတွေ၊ စောင်တွေ စတင်သိမ်းဆည်း
ရတော့မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံမှာသုံးကြတဲ့ ပိုးမွှားကာကွယ်ပြီး၊ အနံ့သက်ပျောက်
အမွှေးနံ့ထုပ်ကလေးတွေကို ညွှန်းလိုပါတယ်ရှင်။

ဆဲယူးလိုစတိုးဆိုင်မျိုးမှာပင် အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဈေးနှုန်းသိလိုသူတွေ
ရှိလျှင်သိရအောင် Amazonကလင့်တွေပါတပါတည်း ဖော်ပြသွားပါမယ်။

အ၀တ်ဗီရိုတွေထဲအ၀တ်တွေချိတ်ထား၇င်း အမွှေးနံ့ထုပ်လေးတွေပါရောချိတ်နိုင်အောင်
ချိတ်တာကလေးပါတဲ့クローゼット用(Closetသုံး)နှင့်ခေါက်ထားသောအ၀တ်ထည်
များ၊ စောင်များကြားတွင် ရောထည့်ရတဲ့သာမန်အထုပ်လေးတွေဖြစ်တဲ့ 引き出し用
・衣類箱用(အံဆွဲနှင့်အ၀တ်ထည်ထည့်ဗီရိုများသုံး)ဆိုတာအပြင် အခြားအမျိုးအစား
ပေါင်း မြောက်များစွာလည်းရှိပါတယ်။

ညွှန်းလိုသောတံဆိပ်ကတော့ ピレパラ(アース)(PiRePaRa・AaSu)ဖြစ်ပါတယ်။

ကျမအိမ်မှာသုံးတာကတော့အ၀တ်တွေစောင်တွေထဲထည့်ပြီး၊ရောသိမ်းနိုင်တဲ့အထုပ်
လေး၄၈ထုပ်ပါဝင်တဲ့ 引き出し用ဖြစ်ပြီး အမွှေးနံ့ပါဝင်ပါတယ။်

Amazon မှာဈေးနှုန်းသွားကြည့်လို့ရပါတယ်။


ယခုလိုပန်းရောင်အထုပ်လေးတွေဖြစ်ပြီး ခရမ်းရောင်ပြောင်းသွားတဲ့အခါ အသစ်လဲပေးရ
မယ်လို့ဆိုပါတယ်။


နောက်တခုကတော့ချိတ်ထားတဲ့အ၀တ်တွေနှင့်ရောထည့်ချိတ်တာမျိုးပါ။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်


Jul 9, 2011

ကျမနှင့်အံသွားများ

သွားကအပြင်ပန်းကြည့်ကောင်းသလိုနဲ့ အချဉ်ကြောက်တတ်တဲ့ကျမအတွက်တော့
သွားတွေဟာခိုင်ခန့်မာကျောမှုမရှိပါဘူး။ အဲသည်လိုနှင့်အံသွား၃ချောင်းနှုတ်ပြီးနောက်
နောက်ဆုံးတချောင်းနှုတ်ဖို့ ကြိုတင်ဘွတ်ကင်လုပ်ရင်း အတွေ့ကြုံလေးတွေဝေမျှရန်
ဒီပို့စ်လေးရေးဖို့စိတ်ကူးရမိတာပါ။

ပထမဆုံးအံသွားကပိုးစားတာပါ။ အဲလိုနဲ့သွားဆေးခန်းသွားဖို့ ခင်ပွန်းသည်ကအင်တာ
နက်မှာဆေးခန်းတွေရှာပေးပါတယ်။ ဂျပန်မှာကတော့ ဘာမဆိုအင်တာနက်မှာရှိနေ
တတ်တာမို့ အဆင်အလွန်ပြေပါတယ်။ ဘယ်နေရာမှာ ဘာကိုရှာချင်သလဲ။ ဘယ်လို
သတ်မှတ်ချက်တွေနဲ့ရှာချင်သလဲ အားလုံးအချက်လက်အလိုက် ရှာလို့လွယ်တာမို့
သိရလွယ်ပါတယ်။ ဆေးခန်းရှာရာမှာ အထူးသဖြင့်သွားနှုတ်တာလိုကိစ္စမျိုးမှာ ဆရာဝန်
ကောင်းဖို့အရေးကြီးတာမို့ သူကအင်တာနက်မှာဂုဏ်သတင်းမွှေးတဲ့၂ဘူတာလောက်
ရထားစီးသွားရတဲ့ နာမည်ကျော်ဆရာဝန်ရဲ့ဆေးခန်းကိုရှာပေးပါတယ်။
(အင်တာနက်မှာဂုဏ်သတင်းမွှေးတယ်ဆိုတာက အင်္ဂလိပ်လိုဆိုရလျှင် rankingကြည့်ပြီး
ရှာတာဖြစ်ပြီး၊ လူနာတွေရဲ့ဆရာဝန်ကောင်းမကောင်းအပေါ်အကဲဖြတ်သတ်မှတ်ချက်
ကြယ်ဘယ်နှစ်ပွင့်ပေးသလဲဆိုတာရယ်ပါ။ သိပြီးသားလို့ထင်ပေမဲ့ထပ်ရှင်းလိုက်ပါတယ်
ရှုပ်သွားအောင်ပေါ့ ရှုပ်မှပြန်ရှင်း သူငယ်ချင်းတယောက်သင်ပေးလို့ပါ :))

သွားနှုတ်တယ်ဆိုတာတခါသွားရုံနဲ့ပြီးတာမဟုတ်ဘူး။အခါခါသွားရမှာ။သည်လိုနဲ့၂ဘူတာ
ခြားကို သွားရမှာပျင်းတဲ့ ကျမဥာဏ်ကြီးရှင်က သူရုံးသွားတဲ့ရက်အိမ်နားကသွားဆေးခန်း
မှာသွားနှုတ်လိုက်ပါတယ်။ နာရီဝက်လောက်နဲ့ပြီးသွားပြီး နောက်အံသွားတချောင်းက အ
ပြင်ဘက်ကို စောင်းပြီးထွက်နေတာမို့ ထပ်နှုတ်ဖို့ ချိန်းလိုက်ပါတယ်။ အဲသည့်ကြား သွား
သန့်ရှင်းရေး၊ ပိုးသတ်ခြင်းစတာတွေအတွက်လည်း သွားနေရပါတယ်။ သည်လိုနဲ့ဒုတိယ
အကြိမ်အံသွားနှုတ်ပါတယ်။ နည်းနည်းခက်မယ်လို့ ဆရာကပြောပါတယ်။ အတော်ကိုခက်
တာပါ။ ကျမ ၄နာရီခွဲကျော်ပါးစပ်ဟပေးလိုက်ရတယ်ရှင်။ :)) ဆရာဝန်ကတော့ ကျမအရိုး
မာတယ် သာမန်ဂျပန်လူမျိုးနဲ့မတူဘူးလို့ဆိုပါတယ်။ အဲလောက်အချိန်ကြာတာလည်း
ဆရာဝန်ကို ပြစ်တင်စကားမဆိုရက်ပါဘူးရှင်။ ဒါပေမဲ့ ဒုက္ခရောက်ရတာကဆွဲနှုတ်နေရဆဲ
မေ့ဆေးပြယ်သွားတဲ့အခါ တအားနာပါတယ်။ အဲဒါကို ဆရာဝန်ကသဘောမပေါက်လို့
အတင်းလက်ပြရငြား အဲသည့်ဒဏ် အကြိမ်ကြိမ် အတော်ခံလိုက်ရပါတယ်။ ပြီးတော့ နှုတ်
ခမ်းထောင့်တွေကွဲပြီးရက်အနည်းငယ်ခန့်အစားတောင်ကောင်းကောင်းမစားလိုက်ရပါဘူး။

အဲလိုနဲ့ယခုတကြိမ်အပြင်စောင်းပေါက်တဲ့၃ချောင်းမြောက်အံသွားနှုတ်ဖို့ကိုတော့အရင်
ဆေးခန်းပဲသွားလေလို့ ခဏခဏနောက်ပြောင်ပြောတတ်ပါတယ်။ ဒါပေမဲ့ဒီတခါတော့
ကျမသူ့စကားကိုမြေ၀ယ်မကျနားထောင်ပါတယ်။ သူရှာပေးတဲ့ဆေးခန်းကိုသွားပေမဲ့
နှုတ်ခါနီးကျမနည်းနည်းတုန်တုန်ယင်ယင်ဖြစ်လာပြီး စိတ်ပူနေတဲ့မျက်နှာကိုဆရာဝန်က
အနည်းငယ်အံ့သြပုံပေါ်ပါတယ်။ တခဏလေးအတွင်းမှာပဲ နှုတ်လို့ပြီးသွားပါတယ်။

ဒါကြောင့်ဆေးရုံဆေးခန်းသွားမယ်ဆိုရင် သေချာလေ့လာပြီးမှသွားတာကောင်းပါတယ်
လို့။

အားလုံးပဲကျန်းမာပါစေ


Jun 10, 2011

ရှီဘူယဘူတာကပန်းချီကားချပ်ကြီး

ဂျပန်ရဲ့အစည်ကားဆုံးနှင့်အကြီးဆုံးရပ်ကွက်ကြီးတခုရဲ့ဘူတာဖြစ်သော
(KEIO)ခဲအိုးရထားလိုင်း နှင့် (YamaNoTe)ယာမနိုတဲမြို့ပတ်ရထားလိုင်း၂ခုအကြား
ယင်းအပြင် အခြားရထားလိုင်းများလည်းဆုံရာ ရှီဘူယဘူတာဧ။် ဖြတ်သွားဖြတ်လာလူ
တရက်လျှင် သောင်း၃၀ဦးခန့်ရှိသည့် MarkCityလို့ ခေါ်သောအဆောက်ဦးကိုဖြတ်ရာ ၂ထပ်မှာရှိတဲ့ခန်းမကျယ်လူသွားလမ်းကြီးရဲ့နံရံတဘက်မှာ အတော့်ကိုကြီးမားသော
ပန်းချီကားကြီးတချပ်ကိုတွေ့ရပါတယ်။

 


ရေးဆွဲသူကတော့ 岡本 太郎(おかもと たろう)OkamotoTarouဆိုသူ ဂျပန်နိုင်ငံရဲ့
နာမည်ကျော် ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ၁၉၆၈ခုနှစ် မက္ကဆီကိုတွင် ဖြစ်ပွားခဲ့သော
နူကလီးယားပေါက်ကွဲနေစဉ်အခိုက်အတန့်ကိုရေးဆွဲထားတာဖြစ်ပြီး အလျား ၃၀မီတာ
အနံ ၅.၅မီတာရှိတယ်လို့ဆိုပါတယ်။ နာမည်ကျော်ပန်းချီဆရာတစ်ဦးဖြစ်တာနှင့်အညီ
ဂျပန်များအကြား အတော်လည်း ရေပန်းစားအလေးထားကြတဲ့သတင်းတစ်ခုလည်း
ဖြစ်ပါတယ်။ ရှီဘူယဘူတာကိုရောက်တဲ့အခါတိုင်းပန်းချီကားကြီးကို အနီးကတဖုံ အဝေး
ကတဖုံ ကြည့်ရှုငေးမောနေသူတွေ၊ ဓါတ်ပုံရိုက်သူတွေကို တွေ့ရလေ့ရှိပါတယ်။

ပန်းချီအနုပညာကို သိပ်နားမလည်တဲ့ကျမအဖို့တောင် ပန်းချီကားကိုကြည့်တဲ့အခါ
တိုင်း စိတ်လှုပ်ရှားမိပါတယ်။ သို့ငြား လက်ရှိနူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား
ပေးစက်ရုံများအား မထိန်းချုပ်နိုင်သေးခင် ခက်ခဲသောအခြေနေ၊ ရေဒီယိုသတ္တိကြွဓါတ်များ
ပျံ့နှံမှု၊ တနိုင်ငံလုံး လျှပ်စစ်ဓါတ်အားခြွေတာကာလျှော့သုံးနေရသောအခြေနေ၊ အိုးမဲ့
အိမ်မဲ့ ဘေးဒုက္ခသည်ပေါင်းများစွာရဲ့ ပြန်လည်ထူထောင်ရေးအတွက်လုံးပမ်းနေရပြီး
နိုင်ငံစီးပွားရေးအခြေနေကလည်း ဆုတ်ယုတ်လျှက်ရှိနေတဲ့နိုင်ငံကြီးကို ဒီပန်းချီကားကြီး
ကြည့်တိုင်း ဆက်စပ်တွေးတောသတိရမိတာမို့ အလွန်ပဲစိတ်မောလူမောဖြစ်မိပါတယ်။
ဒါဟာလည်း ပန်းချီကားကလက်ရာမြောက်လွန်းလို့ ဒီလောက်ထိခံစားမိတာဖြစ်နိုင်ပါတယ်။

သို့ငြား ယခုကဲ့သို့သောအချိန်မျိုးမှာ ယင်းသို့သောပန်းချီကားကြီးကို စိတ်မောလူမော
ဖြစ်နေတဲ့ ဂျပန်ပြည်သူတွေကြား ချပြဖို့ရာ အချိန်မသင့်ကြောင်းနှင့် အနည်းငယ်စောများ
နေသလားဟု တွေးတောနေမိတတ်ပါတယ်။ သည်လိုဖြင့် ပန်းချီကားအသစ်တခု ထပ်မံ
လဲလှယ်ချိတ်ဆွဲမည့်ရက်ကို မျှော်လင့်စောင့်စားလျှက်ရှိပါတယ်။

:)))
အားလုံးပဲ စိတ်ရွှင်လန်းချမ်းမြေ့ပါစေရှင်
♪♪♪


May 19, 2011

ဂျပန်က ဘုရားကြီး ကမာကူရ

ဂျပန်အခေါ်တော့ 鎌倉大仏 လို့ခေါ်သော ကမာကူရဘုရားကြီးဟာ ဂျပန်ရောက် မြန်မာ
တွေကြား မသိသူမရှိ ဂုဏ်သတင်းကျော်ကြားပါတယ်။ တိုကျိုရောက်လျှင်ကမာကူရတော့
သွားဖူးရပါမှ။
ဗုဒ္ဓဘာသာလို့ ဆိုငြား နတ်ကျောင်းတွေများသော ဂျပန်ပြည်မှာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်မှန်
ယုံကြည်စွာကိုးကွယ်ကြတာလည်း နည်းပါးတာတွေ့ရှိရပါတယ်။ သည့်အတွက် ဗုဒ္ဓဘာသာ
ကို လေးနက်စွာယုံကြည်ပြီး ရုပ်ပွားတော်ကို တရိုတသေ ကိုးကွယ်လေ့ရှိသော မြန်မာတွေ
အတွက်ကတော့ ကမာကူရဟာ ရွှေတိဂုံစေတီအစား သွားရောက်ဖူးမြော်ကန်တော့ကြရာ
အထင်ရှားဆုံး ဘုရားဆင်းတုကြီးတစ်ဆူဖြစ်နေတာလို့ မှန်းဆရပါတယ်။

မြန်မာပြည်က အချို့သူတွေပြောလေ့ရှိတာကတော့ ကမာကူရပုံတော် သို့ ဆင်းတုတော်
အိမ်ကြွလာရင် ဂျပန်သွားရတတ်တယ်လို့ ပြောလေ့ရှိပါတယ်။ မယုံရင်ပုံပြင်မှတ်ပါလို့ မိမိ
ကိုယ်တွေ့အတွေ့ကြုံပြောရမယ်ဆိုရင်ဖြင့် ဂျပန်ကျောင်းသွားတက်ခါနီး မိတ်ဆွေတဦးရဲ့
ဇနီးကျောင်းဆရာမက ပညာသင်သွားရင်းပြန်လာတော့ ယူလာတဲ့ကမာကူရဘုရားဓါတ်ပုံ
မိမိကိုပေးခဲ့ပါတယ်။ ၂၀၀၆ခုနှစ်လောက်ကတိုကျိုကိုကျောင်းပြောင်းဖို့လာရင်း ကျောင်းရှာ
ရင်း အဆင်မပြေတာတွေများတဲ့အချိန်မှာကမာကူရဘုရားကြီးသွားဖူးရင်းဂျပန်မှာပညာရေး
နှင့်ရည်မှန်းချက်တွေအဆင်ပြေအောင်မြင်ပြီး၊အလုပ်ဗီဇာအတည်တကျရပါစေလို့ဆုပန်ခဲ့
ဖူးပါတယ်။ ၂၀၀၇ ကျောင်းပြောင်းဖို့ အဆင်မပြေလို့ ပြန်ဖို့ဆုံးဖြတ်ပြီး ပြန်တဲ့အခါ ဂျပန်
ကို ပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အင်္ဂလိပ်စာ စလုပ်နေတဲ့အချိန်မှာမှ သျှောင်
နောက်ဆံထုံးပါပြီး ဂျပန်မှာပြန်အခြေချဖို့ဖြစ်လာရပြန်ပါတယ်။ ဗီဇာကလည်းအလွန်လွယ်
ပါတယ်။ လျှောက်ပြီး ၃ပါတ်ဖြင့် ဦးဆုံးစရပြီး သက်တမ်းတိုးတာတွေကလည်း အထစ်အငေါ့
မရှိပါဘူး။ဥပဒ်ဒါန်ကြောင့်ဥပဒ်ဖြစ် ဆိုတဲ့ဆန့်ကျင်ဘက်စကားပုံရှိငြားစိတ်ထင်တာလည်း
ဖြစ်ချင်ဖြစ်မှာလို့ တွေးမိပေမဲ့ မိမိလည်း ကမာကူရဘုရားကြီးကို တရိုတသေ စိတ်ထား
ထားရှိပါတယ်။

ရောက်လာတော့သွားဖူးချင်ဖို့ပူဆာလို့သွားကြတဲ့အခါ ဘုရားဝင်းထဲကလက်ဆောင်တွေ
ရောင်းတဲ့ဆိုင်မှာ ဆင်းတုတော်လေးတွေ ၀ယ်ဖို့လုပ်တဲ့အခါ ဆင်းတုတော်တွေကို အမှတ်
တရ အရုပ်ကလေးတွေလို သဘောထားတဲ့ ဂျပန်ဓလေ့ကို အမှတ်မထင် သတိပြုမိပါတယ်။
ပိုအံ့သြရတာကတော့ ဘုရားပုံ ပဲသွပ်မုန့်တွေ၊ သကြားလုံးတွေ စသဖြင့် ရောင်းနေကြတာ
တွေ့ရခြင်းပါပဲ။ မြန်မာအယူအဆအရတော့ ဘယ်လိုမှလက်ခံနှစ်မြို့နိုင်ဖွယ်မရှိပေမဲ့ ဆိုင်
တွေက ဘုရားပုံမုန့်အမျိုးမျိုးကိုကြည့်ရင်း မှင်သက်မိပါတယ်။




နိုင်ငံတွေလူမျိုးတွေကွာသလို၊ဓလေ့တွေအယူအဆတွေလည်းကွာခြားတာကိုခံစားမိပါတယ်။
မြန်မာပြည်မှာသာအဲလိုလုပ်ရင် တအားစိတ်ဆိုးခံရမှာလို့တွေးလိုက်မိတဲ့အခါ သွယ်ဝိုက်ကာ
ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနှင့်ဆက်စပ်ပြီး စဉ်းစားမိပါတယ်။ သူတို့တွေအနေဖြင့်တော့ ဗုဒ္ဓ
ဘာသာကို စော်ကားလိုစိတ်မရှိပေမဲ့ ဓလေ့တွေကွာသလို တန်ဖိုးထားမှုလည်းကွာဟခြင်း
ဟာ တခါတရံ ဘယ်သူမှသတိမပြုမိလိုက်ပဲ အန္တရာယ်ကြီးသွားစေတတ်တာ တွေးမိပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဟာ လွယ်မယောင်ခက် တိမ်မယောင်ဖြင့် နက်လှပါတယ်။
အမြင်မတူတာတွေ ကွဲလွဲတာတွေ သဘောထားမညီညွတ်တာတွေ ရှိလာတဲ့အခါမှာ
တဖက်နှင့်တဖက် အပြန်လှန်အသိမှတ်ပြုခြင်း နားလည်ခြင်း စာနာခြင်း ခွင့်လွှတ်ခြင်း
တွေဖြင့်ပဲ ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မယ်လို့ အမှတ်မထင် ဆိုင်ဆိုင်မဆိုင်ဆိုင်
တွေးလိုက်မိပါတယ်။

အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ပါစေရှင်
♪♫♪♫♪♫♪♫♪♫♪♫♪♫♪♫


Apr 24, 2011

ကျေးဇူးတင်လွှာ

ဘလော့ဂ်ဒီဇိုင်းအသစ်ကလေးလုပ်ရာမှာ အမျိုးမျိုးကူညီပြောပြပေးတဲ့သူငယ်ချင်းမြရွက်ဝေ
မေးလ်ဖြင့်မေးမြန်းသမျှဖြေကြားပေးသော ကိုစိုးမင်းတို့အား အထူးကျေးဇူးတင်ရှိကြောင်း
အမှတ်တရ မှတ်တမ်းတင်လိုပါတယ် ♪♪♪


Mar 29, 2011

ငလျှင်ဒဏ်ဖြင့် Japan စီးကရက် ပြတ်လပ်မှု

ဂျပန်နေ့စဉ်သတင်းစာမှကိုးကားဖော်ပြပါသည်။

ဂျပန်စီးကရက်ကုမ္ပဏီ(JT = Japan Tobacco)သည် စီးကရက် အားလုံးပေါင်းတံဆိပ်၉၇မျိုး
အား ဖြန့်ချီခြင်းကို ၃၀ရက်နေ့မှ ၄လပိုင်း ၁၀ရက်နေ့အထိ ခေတ္တယာယီရပ်နားမည်ဟု
၂၅ရက်နေ့တွင် ထုတ်ဖော်ကြောငြာခဲ့သည်။

ဂျပန်အရှေ့ပိုင်းငလျှင်ကြောင့်တနိုင်ငံလုံးတွင်ရှိသော စက်ရုံ၆ရုံအနက် ၂ရုံမှာ ဆုံးရှုံးပျက်စီး
မှုများရှိပြီး ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်မည်ဟုခန့်မှန်းရပြီး၊ ပစ္စည်းပြတ်လပ်မှု
ဖြစ်ပွားနိုင်ချေရှိသည်။ ကုန်ပစ္စည်းဖြန့်ချီခြင်းရပ်နားသည့်ကာလအတွင်း နာမည်ကြီးရောင်း
ကောင်းသောတံဆိပ်များလည်းပါဝင်မည့်ပုံပေါ်သည်။

၎လပိုင်း၁၁ရက်နေ့မှစကာ တံဆိပ် ၆မျိုး၊ရမျိုးခန့်ကို စတင်ပြန်လည်ဖြန့်ချီပြီး ၅လပိုင်း
လလယ်ခန့်တွင်မူ Mild Seven နှင့် Seven Star အစရှိသော အဓိကတံဆိပ်၂၅မျိုးခန့်
ပြန်လည်ဖြန့်ချီနိုင်မည်ဟု မှန်းဆလျှက်ရှိသည်။ Pianissimo အစရှိသည့် ကျန်ရှိသော
တံဆိပ်၇၂မျိုးခန့်အားပြန်လည်ဖြန့်ချီမည့်အချိန်ကို အတိကျမခန့်မှန်းနိုင်သေးပေ။

ဘေးသင့်ပျက်စီးခဲ့သည်မှာ 宇都宮市 နှင့် 福島県郡山市တို့မှ စက်ရုံနှစ်ရုံဖြစ်ပြီး
အဆောက်ဦးနှင့်ထုတ်လုပ်ရေးစက်များပျက်စီးကာ၊ လည်ပတ်မှုကိုရပ်နားထားသည်။
၅လပိုင်းလလယ်ခန့်တွင်ပြန်လည်ဖြန့်ချီမည့် တံဆိပ်၂၅မျိုးခန့်မှာ စီးကရက်ရောင်း
အားမြင့် ၆၅ရာခိုင်နှုံးကျော်ဖြစ်ပြီး အရှေ့ပင်လယ်စက်ရုံ(ရှီဇုအိုကခရိုင်)စသောကျန်ရှိ
သည့်စက်ရုံများတွင် ထုတ်လုပ်မည်ဟုဆိုသည်။

စက်ရုံ၆ရုံအပြင် ထုတ်လုပ်မည့်စီးကရက်ဧ။် ထက်ဝက်ကုန်ချောပစ္စည်းများ အစီခံများ
စသည့် ကုန်ကြမ်းပစ္စည်းများနှင့်ပတ်သက်ပြီးလည်း ထုတ်လုပ်သည့်စက်ရုံများပျက်စီးခြင်း
တိုကျိုလျှပ်စစ်ကုမ္ပဏီဧ။်မီးဖြတ်တောက်ရေးစီမံကိန်းစသည်တို့ကြောင့်ပစ္စည်းထုတ်ခြင်းမှာ
အခက်အခဲနှင့်ရင်ဆိုင်နေရသည်။

JTမှစီးကရက်တံဆိပ်အချို့မှာအောက်ပါအတိုင်းဖြစ်ပြီး အပြည့်စုံကို JT website တွင်
သွားရောက်ကြည့်ရှုနိုင်ပါသည်။



Mar 25, 2011

Fukushima မှ လူငါးဆယ်

Fukushima 50 (အင်္ဂလိပ်ဘာသာ)
ဂျပန်ဘာသာ တို့အားကိုးကားပါသည်။

ဂျပန်နိုင်ငံတွင်လတ်တလောအရေးကြုံနေသောဖုကုရှိမဒေသရှိ၊ အမှတ်(၁)အနုမြူစွမ်းအင်
သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ကြံ့ကြံ့ခံတာဝန်ထမ်းဆောင်နေသော ၀န်ထမ်း၅၀ဦး
ဧ။်အကြောင်းသည် ဂျပန်တစ်နိုင်ငံလုံးတွင်သာမက နိုင်ငံအသီးသီးသို့ပါပျံ့နှံ့အမည်ကျော်
ခဲ့လေသည်။ ယင်းအပြင် ဖုကုရှီမ အနုမြူပေါင်းဖိုအရေးခင်းတွင် ဂျပန်ဝန်ကြီးချူပ်ထက်ပင်
တီဗွီတွင် ကြိမ်ဖန်များစွာ သတင်းစာရှင်းလင်းပွဲလုပ်ရသော၊ မေးမြန်းချက်များဖြေကြားခြင်း၊
သတင်းထုတ်ပြန်ခြင်းတို့ကိုဆောင်ရွက်နေသော တိုကျိုလျှပ်စစ်ဧ။်ဥပဒေအကြံပေးဝန်ထမ်း
တဦးဖြစ်သူ 内閣官房長官 (the Chief Cabinet Secretary တနည်း နိုင်ငံတော်အစိုးရ
အဖွဲ့အတွင်းရေးမှူး)  နှင့် Minister of State for Special Missions (Okinawa နှင့်
မြောက်ပိုင်း တာဝန်ခံ) (တနည်း  အထူးမစ်ရှင် ၀န်ကြီး အိုကီနာဝါနှင့်မြောက်ပိုင်းဒေသ
တာဝန်ခံ) (အထူးမစ်ရှင်ဝန်ကြီးသည် ပြည်ထဲရေးဝန်ကြီးထဲတွင်အပါဝင်ဖြစ်သည်။)
အဲဒနို(EDANO)ဟုဆိုသူမှာလည်းအလားတူ အမည်ကျော်ခဲ့ပြီး twitterကဲ့သို့သော
မက်ဆေ့ခ်ျများတွင် ကမ္ဘာအနှံ့မှ အဲဒါနို အိပ်ပါဦး ဟုပင် ရယ်ရခက်ငိုရခက် အကြံပေး
တိုက်တွန်းခံရသူဖြစ်ပေသည်။
 အဲဒါနိုစံ
ဆက်ရလျှင် ၂၀၁၁ခုနှစ်၃လပိုင်း၁၁ရက်နေ့တွင်ဖြစ်ပွားခဲ့သောဂျပန်အရှေ့ပိုင်းငလျှင်ကြီး
ဧ။်နောက်ဆက်တွဲဆူနာမီပင်လယ်လှိုင်းလုံးကြီးများကြောင့်ဖုကုရှိမနူကလီးယားစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံဧ။် အနုမြူပေါင်းဖိုဧ။်အအေးခံစနစ်ရပ်တန့်သွားရာ၊ ယင်းကိုပြန်
လည်ပြုပြင်သည့်လုပ်ငန်းအတွက် ယင်းစက်ရုံတွင် ၀န်ထမ်းပေါင်း၈၀၀ခန့်ဖြင့်ဆောင်ရွက်
ခဲ့လေသည်။ သို့သော်၊ အသက်ကိုပဓါနမထားပဲ တာဝန်ထမ်းဆောင်နေသောအလုပ်ပင်
ဖြစ်ငြား နူပေါင်းဖိုအမှတ်၁စက်ရုံဧ။် ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုစသည့်အနုမြူပေါင်းဖိုအကာ
အဆောက်အဦး
ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ၃လပိုင်း၁၅ရက်နေ့တွင်မူကား နူပေါင်းဖို စက်အမှတ်၎မှပေါက်
ကွဲမှုနှင့်မီးလောင်မှုများ ဖြစ်ပွားခဲ့ပေသည်။ ယင်း စက်အမှတ်၎ဧ။်ပေါက်ကွဲမှုသည် အသုံး
ပြုပြီးသား နူကလီးယားလောင်စာများထားရှိရာရေကန်တွင် သိမ်းဆည်းထားရှိသော အသုံး
ပြုပြီးသား နူကလီးယားလောင်စာများက အဆောက်ဦး(နူကလီးယားပေါင်းဖိုရှိရာ)ဧ။် အပေါ်
ပိုင်းတွင်ထားရှိပြီး၊ အထက်ပါပေါက်ကွဲမှုကြောင့် ယင်းလောင်စာများမှရေဒီယိုသတ္တိကြွဓါတ်
များ ထွက်နိုင်ခြေမြင့်မားသည့်အတွက် ယင်းအန္တရာယ်မှရှောင်ရှားရန်အလို့ငှာ ၀န်ထမ်းဦး
ရေ ၇၅၀ ဦးခန့်သည် တိုကျိုလျှပ်စစ်ကုမ္ပဏီဧ။်ညွှန်ကြားချက်ဖြင့် ထွက်ခွာတိမ်းရှောင်ခဲ့
လေသည်။ သို့ငြား ခန့်မှန်းခြေ ၀န်ထမ်း ၅၀ဦးခန့်မှအခင်းဖြစ်စက်ရုံသို့ ပြန်လည်သွား
ရောက်ပြီး ဖုကုရှိမအမှတ်၁နူကလီးယားစွမ်းအင်သုံးလျှပ်စစ်စက်ရုံဧ။်ပျက်စီးမှုအား ရပ်တန့်
စေရန် အစွမ်းကုန်ကြိုးစားအားထုတ်လေသည။် မီဒီယာများမှ ယင်းတို့အား အခင်းဖြစ်ဒေသ
ဧ။်အမည်နှင့်အတူပူးတွဲ၍ ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟုစတင်ခေါ်ဆိုခဲ့ကြခြင်းပင်။

(အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောဆောင်းပါးတွင်မူကား
တိုကျိုလျှပ်စစ်ကုမ္ပဏီမှတင်သွင်းသော အခင်းဖြစ်နူစက်ရုံမှ ၀န်ထမ်းများကိုဆုတ်ခွာရုပ်သိမ်း
ခွင့်ပြုရန် အဆိုသွင်းခြင်းကို ၂၀၁၁ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ဂျပန်ဝန်ကြီးချူပ်မှပယ်ချ
ခဲ့ပြီး ယင်းအခင်းဖြစ်စက်ရုံများကိုအတတ်နိုင်ဆုံးရွပ်ရွပ်ချွံချွံဖြင့် ထိန်းချုပ်နိုင်သောအခြေနေ
ရောက်ရှိသည်အထိ ဆက်လုပ်သွားရန် ညွှန်ကြားခဲ့လေသည်။
ယင်းအခြေနေတွင် ဖုကုရှိမမှယင်းဝန်ထမ်း၅၀ဦးခန့်သည် ယင်းတို့ကျန်ရစ်ကာဆက်လက်
တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ကာ နေရစ်ခဲ့ကြပေသည်။
)

သို့ငြား၁၆ရက်နေ့တွင်မတော့ စစ်ဆေးတွေ့ရှိရသော  ရေဒီယိုသတ္တိကြွဓါတ်မြင့်မားမှု
ကြောင့် ကျန်းမာရေးအတွက်စိုးရိမ်ရသည့်အတွက် ယင်းတို့အားခေတ္တတိမ်းရှောင်စေခဲ့
သည်။ ယင်းတို့အခင်းဖြစ်စက်ရုံသို့ပြန်လည်သွားရောက်သောအခါတွင်မူကား အခြားသော
ဝန်ထမ်း၁၃၀ဦးပါ ထပ်မံအင်အားတိုးပွားလာကာ ၁၈၀ဦးသို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။
၃လပိုင်း၁၈ရက်တွေ့င်မူ ၀န်ထမ်းပေါင်း ၅၈၀ဦးခန့်တိုးပွားလာခဲ့သည်။ ယင်းသို့တိုးပွား
လာသော်ငြား  ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟူသောအမည်သည် မီဒီယာများတွင်
ဆက်လက်အသုံးပြုခံရနေရဆဲ အညွှန်းနာမ်စားဖြစ်လာခဲ့ပေသည်။

ယနေ့ဂျပန်နိုင်ငံဧ။်အခြေအနေဟုဆိုရလျှင်မူကား
အခင်းဖြစ်ဒေသရှိ ဖုကုရှိမအမှတ်၁စက်ရုံဧ။်လက်ရှိအခြေနေကို ဂျပန်နိုင်ငံအာဆာဟိ
သတင်းစာမှ  အန္တရာယ်ရှိမှုအဆင့်၆အဖြစ်သတ်မှတ်ခံရကြောင်း ရေးသားခဲ့ပါသည်။
သို့ငြား International Atomic Energy Agency ဧ။်ဖုကုရှိမအရေးခင်းအစီရင်ခံစာတွင်
မူကား အဆင့်၆အဖြစ်သတ်မှတ်သည်ကို မတွေ့ရှိရပေ။
တနည်းအားဖြင့်ဆိုသော လက်ရှိဂျပန်ရှိနူကလီးယားပေါင်းဖိုအရေးခင်းသည် အဆင့်၅
ဟုဆိုရမည်ဖြစ်သည်။
(သတင်းဌာနတခုတည်းမှသတင်းဖတ်ရှုဖော်ပြပြီးစိတ်ပူစေသည့်အတွက်ခွင့်လွှတ်ပါရန်)

ပုဂ္ဂလိကားအတွေးအားဖြင့်မူ
သို့ငြား အသက်ကိုပဓါနမထားပဲ ကိုယ်ကျိုးစွန့်ကာ တာဝန်ထမ်းနေသူများလည်း ထမ်း
နေကြသလို ယင်းကိုယုံကြည်သူဂျပန်လူမျိုးများဧ။်သွေးအေးမှုကိုလည်း တချိန်တည်းမှာ
မြင်တွေ့ရသည်။ ဘယ်လောက်သေးမွှားသောကိစ္စဖြစ်ပါစေ ပုံကြီးချဲ့အသေးစိတ်သော
ဂျပန်သတင်းမီဒီယာများသည် တခါတရံစိတ်အနှောင့်ယှက်ဖြစ်ဖွယ်ရာဖြစ်ငြား လူထုက
စိုးရိမ်ပူပန်ကာ သိရှိလိုသော သတင်းအချက်လက်များကို အသေးစိတ်သုတေသနလုပ်
စုံစမ်းကာ အချက်လက်ကျိုးကြောင်းခိုင်လုံစွာ တနည်း ပညာရှင်များဖြင့်မေးမြန်းခန်းများ
လက်တွေ့စမ်းသပ်ခြင်းတိုင်းထွာခြင်းများလုပ်ကာ အနုစိတ် သတင်းတင်ပြပေးသဖြင့်
တနည်းအားဖြင့် ကျေးဇူးတင်ဖွယ်ကောင်းသလို ဝေဖန်ပိုင်းခြားနိုင်သော အကျိုးကျေးဇူး
လည်းရပေသည်။
ငလျှင်ဒဏ်ခံဒေသများဧ။်ဒုက္ခသည်များနှင့်တွေ့ဆုံမေးမြန်းခန်းများအားကြည့်ကာ စိတ်
မကောင်းကြီးစွာလည်း ခံစားရသည်။ စဖြစ်ကာစရက်များတွင် မနက်စာနှင့်နေ့လည်စာ
ကို တမိသားစု ဘီစကစ်တထုပ်နှင့် တယောက် ပေါင်မုန့်တလုံးစားကြရသူတွေကို ကြည့်
ကာ မတည်မြဲသော သင်္ခါရတရားကို မေ့ပျောက်နေရာက ပြန်လည်အမှတ်ရသည်။ မနေ့
ကအထိ မေးမြန်းခန်းများတွင် မတော်သောဖိနပ်များစီးနေရသဖြင့် အေးလှသော ဖိနပ်မရှိ
မဖြစ်သော ဂျပန်ဧ။်ဆောင်းရာသီတွင် ဖိနပ်လှူဖို့ ဖြေကြားမေတ္တာရပ်ခံနေသော ရုပ်ရည်
သန့်သန့် အမျိုးသမီးကြီးအားကြည့်ကာ သူနှင့်အတူ ၀မ်းနည်းမှုကို ရင်မှထပ်တူခံစားရ
သည်။ ပေါင်မုန့်တွေလိုက်ဝေနေစဉ် ၂ချပ်ယူလည်းရတယ်လို့ပြောစဉ် ''မဟုတ်တာ၊
တချပ်ပဲယူမယ်။ ၂ချပ်ယူရင် ဇိမ်ခံတာပဲ။'' လို့ဆိုပါတယ်။
တီဗွီကနေ နိုင်ငံတော်ရဲ့ ပြည်သူတွေကို အားပေးတဲ့ ကြော်ငြာလို အတိုလေးတွေလာလေ့
ရှိပြီး နှစ်သက်မိသော ကြော်ငြာတခုဆိုလျှင်
''မလိုအပ်တဲ့မီးခလုတ်တွေကို ဖြုတ်ထားကြရအောင်
မလိုအပ်တာဝယ်ခြင်းတွေကို ရပ်ကြရအောင်
အားလုံးနည်းနည်းစီ ပူးပေါင်းလုပ်ဆောင်ကြရင်
အားလုံးရဲ့အင်အားဖြင့်ပေါင်းစုရင် သေချာပေါက် အောင်မြင်စွာကျော်လွှားနိုင်မယ်
''
မှတ်မိသလောက်ပါ။
:))

ဝိုင်းဝန်းအကြံပေးသောမိတ်ဆွေများအားကျေးဇူးတင်လျှက်
အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်
ကျော်နှင်းဆီလွင်


Mar 19, 2011

နြူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးရုံများပေါက်ကွဲခဲ့သော်

လက်ရှိဂျပန်နိုင်ငံမှာ
စားသောက်ကုန်အရောင်းဆိုင်တွေမှာ စားသောက်ကုန်ကိုအဓိကထားလို့ လက်နှိပ်ဓါတ်မီး၊
ဘထ္တရီ အစရှိတာများကို လူတွေကအလုံးအရင်းလိုက်ဝယ်ယူစုဆောင်းကြတာကတကြောင်း
ယင်းအပြင် ပေါင်မုန့်၊ ထမင်းဆုပ်၊ ရေ၊ အချိုရည် အစရှိသော စားသောက်ကုန်ထုတ်လုပ်
ရေးလုပ်ငန်းများအနေဖြင့်လည်း ငလျှင်ဘေးသင့်ဒေသများသို့ သတ်မှတ်ထားသော ဝေငှ
ရေး ခွဲတမ်းများကိုခွဲပို့ပေးရတာကြောင့် မူလရောင်းနေကျပမာဏထက် နည်းပါးစွာရောင်း
ချနေတာဖြစ်သည်မို့ ဆိုင်တွေမှာ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်နည်းပါးလျှက်ရှိတာ
တွေ့ရပါတယ်။

အလုပ်ကြိုးစားတဲ့နိုင်ငံဖြစ်တာနှင့်အတူ အစိုးရအပေါ်ယုံကြည်မှုဖြင့်ပေါင်းစပ်ပြီး၊ စိုးရိမ်ရေ
မှတ်ရောက်နေတဲ့ ပေါက်ကွဲလုဆဲဆဲ နြူကလီးပေါင်းဖိုအရေးခင်းနှင့်ကြုံတွေ့နေရသော်ငြား
တိုကျိုဝန်းကျင်မှာရှိတဲ့ လူများအပါဝင်၊ သတ်မှတ်မိုင် ပြင်ပမှလူများသည် အလုပ်ပုံမှန်လုပ်
နေသည်ကို တွေ့ရှိရငြား အစိုးရဧ။်အရေးပေါ်ကြေငြာချက်ကိုအမြဲနားစွင့်နေရသည့်အခြေ
နေဖြစ်သည်။

ငလျှင်ဘေးသင့်ဒေသများနှင့်အချို့နေရာများတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်
အလှည့်ကျမီးဖြတ်တောက်မှုများ၊ ရေပြတ်လပ်မှုများနှင့်အတူ၊ ရထားလိုင်းများပြေးဆွဲမှု
လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းများလည်းရှိသဖြင့် ညဘက်ဆိုင်အတော်များများပိတ်ထားသည်
ကိုတွေ့ရှိရသည်။

လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲပေးပါရန် တနိုင်ငံလုံးသို့အစိုးရကမေတ္တာရပ်ခံပြီးနောက်
ရန်သူကိုနှိမ်နှင်းရန် လျှပ်စစ်ဓါတ်အားသိုလှောင်ရန်အတွက် လျှပ်စစ်ဓါတ်အားချွေတာရေး
စီမံကိန်းဖြစ်သော ယာရှီမ စကုဆန်းYashima Sakusen (ယာရှီမစစ်ဆင်ရေး) ဟူ၍
ဂျပန်ဧ။် နာမည်ကျော်လူကြိုက်များခဲ့သော ကာတွန်းတစ်ခုထဲကအတိုင်း ယင်းအမည်ဖြင့်
ဂျပန်ပြည်သူများဧ။် လျှပ်စစ်ဓါတ်အားချွေတာရေး လှုံ့ဆော်မှုသည် ခေတ်စားလာခဲ့သည်။
ရထားများနေ့လည်ခင်းအချိန်ပြေးဆွဲရာတွင် ရထားပေါ်ရှိမီးများပိတ်ထားခြင်း၊ ဆိုင်များ၊
ရုံးများဧ။် မလိုအပ်သော မီးသုံးစွဲမှုများလျှော့ချခြင်းများအား မျက်မြင်တွေ့ရှိရသည်။
ယင်းဧ။်အကျိုးဆက်အဖြစ် မီးအလှည့်ကျဖြတ်မည်ဟု ကြေငြာထားသော ရပ်ကွက်ကြီး
အများစု မီးဖြတ်တောက်မှုမခံရသည်ကို ကိုယ်တွေ့ကြုံရသည်။

ယမန်နေ့၁၈ရက်နေ့တွင်ကြေငြာသွားသောတီဗွီသတင်းတစ်ခုတွင် နြူကလီးယားစွမ်းအင်
သုံးလျှပ်စစ်ဓါတ်အားပေးရုံ အအေးပေးရေးကို ၄၈နာရီအတွင်း စိတ်ချရလောက်သည်အထိ
အားမထုတ်နိုင်လျှင် စိုးရိမ်ရသည့်အခြေနေရှိသည်ဟူသောကြေငြာချက်နှင့်အတူ အကယ်
ပေါက်ကွဲခဲ့လျှင် လုပ်ဆောင်ရန်များကိုကြေငြာခဲ့သည်။
၁။ ရွှေ့ပြောင်းသွားလာရာတွင် လမ်းလျှောက်ခြင်းထက် ကားဖြင့်သာသွားလာရန်။
၂။မျက်နှာဖုံးအစွပ်ကိုအသုံးပြုရန်။
၃။အသားကို အပြင်ဖြင့်ထိတွေ့မှုမရှိနိုင်ရန် လက်ရှည်စသည်တို့ကိုဝတ်ဆင်ရန်။
၎။မိုးရွာလာလျှင် မိုးရေမစိုစေရန် သေချာကာကွယ်ရန်။
စသည်တို့ဖြစ်သည်။

အမေရိကန်သံရုံးဧ။်ကြေငြာချက်အရ အချင်းဖြစ်ပေါက်ကွဲရာနေရာမှ မိုင်၅၀(ကီလိုမီတာ
ရှစ်ဆယ်) ပတ်လည်အတွင်းမှ ထွက်ခွာရှောင်ရှားနေသင့်ကြောင်းအကြံပြုထားပြီး
တိုကျိုသည် အချင်းဖြစ်နေရာမှ ကီလိုမီတာ ၂၅၀အကွာတွင်တည်ရှိသဖြင့် မစိုးရိမ်ရ
ကြောင်း တီဗွီမေးမြန်းခန်းမှ ပညာရှင်များမှ ဖြေကြားသုံးသပ်ကြသောလည်း ပေါက်ကွဲ
မှုဖြစ်လာလျှင် အထက်ဖော်ပြပါ အချက် ၄ချက်အား လိုက်နာသည်မှာ အကောင်းဆုံး
ပင်ဖြစ်ပါသည်။

ယင်းထက်စိုးရိမ်ရသောအန္တရယ်ရှိနိုင်သည့်အချက်မှာ ပေါက်ကွဲမှုဖြစ်လာလျှင် လူများ
panic ကြောက်လန့်ပျာယာခတ်ကာ အခြားမလိုသော ဘေးထွက်အန္တရယ်များဖြစ်ပေါ်
လာခြင်းပင် ဟု ပညာရှင်အချို့က တီဗွီသတင်းစဉ်တွင် သုံးသပ်ပြောကြားကြသည်။

အကြံပေးလိုသည်မှာ လိုအပ်သော အ၀တ်စားနှင့်မျက်နှာဖုံးစွပ်၊ ထီး စသည်တို့ကို ကိုယ်နှင့်မကွာဆောင်ထားရန်ဖြစ်ပြီး၊ အခြေနေအရပ်ရပ်ကို သွေးအေးစွာ ရင်ဆိုင်
ကျော်ဖြတ်သွားကြရန်ဖြစ်ပါသည်။

အားလုံးပဲဘေးကင်းကြပါစေ။ မလိုလားအပ်သော အန္တရယ်များရှောင်ရှားနိုင်ကြပါစေ။


အလည်လာသူများ

free counters

Total Pageviews