ဒီတခါတော့ ဂျပန်ရိုးရာဟင်းတခွက်ဖြစ်တဲ့ ဂျပန်အခေါ် အဂဲဒရှိတိုဖူး၊ မြန်မာလိုပြန်လျှင်
ကြော်ထားတဲ့တိုဖူးလို့ဆိုရမယ်ထင်ပါတယ်။ အလွန်ကိုလွယ်ကူရိုးရှင်းပြီး ဘယ်နိုင်ငံမှာ
ဖြစ်စေအလွယ်တကူလုပ်စားလို့ရနိုင်ပြီး၊ တိုဖူးဟာကိုလက်စထရောမပါဝင်တာမို့ ကျန်းမာ
ရေးနှင့်လည်းညီညွတ်တဲ့ ဟင်းတခွက်ကို ဝေမျှလိုက်ပါတယ်ရှင်။
အောက်ပါပုံကတော့ကျမကိုယ်တိုင်ချက်ထားတာရယ်ပါ။
တိုဖူးလို့ဆိုလျှင် ဂျပန်ကစတိုးဆိုင်တွေမှာတော့ တိုဖူး၂မျိုးတွေ့ရလေ့ရှိပါတယ်။
(၁)မိုမန်း(木綿)
(၂)ခိနု(絹)လို့ခေါ်ပြီး မိုမန်းကတော့ မြန်မာပြည်ကတိုဖူးနှင့်ဆင်ပြီး အသားကနဲနဲဖွာကာ
ကြမ်းသလိုရှိပါတယ်။ခိနုကတော့ ကျစ်ပြီး တအားနူးညံ့ပါတယ်။
ခိနုကိုဂျပန်လူမျိုးတွေဟာ ပန်းကန်သေးလေးထဲထည့် ငံပြာရည်စမ်း၊ ဂျင်းထောင်း၊ ကြက်
သွန်မြိန်ကြီးပါးပါးလှီးထားတာကိုအသာလေးပုံပြီး၊အစိမ်းလိုက်စားလေ့ရှိပါတယ်။ယင်းဟာ
အလွန်နူးညံ့ပြီး ကျေလွယ်တာမို့ ဟင်းချက်ရာမှာသုံးဖို့ခက်ခဲပြီး၊ ပုံမှန်အားဖြင့် အထက်
ဖော်ပြပါအတိုင်းအစိမ်းစားခြင်းနှင့် ဂျပန်လို စုအိမိုနို(吸い物)လို့ခေါ်တဲ့ရေစပ်စပ်ကလေး
ပါတဲ့ဂျပန်ဟင်းလျှာမျိုးမှာသုံးလေ့ရှိပါတယ်။ မိုမန်းကတော့နဲနဲမာတာမို့ ဟင်းချက်ရာမှာ
သုံးလေ့ရှိပါတယ်။
ဆိုရလျှင်ကျမက ပူတင်းလို တအားနူးညံ့တဲ့ ခိနုကိုသုံးပြီးချက်ပါတယ်။ သည့်အတွက်
ပဲ့ကြေမသွားရအောင် အကိုင်အတွယ်အလွန်ကိုသတိထားရပါတယ်။
ပြုလုပ်နည်း
အရသာရည်ကိုဦးဆုံးစပ်ထားပါတယ်။
ငံပြာရည်အချိုအကျဲရည် ဇွန်းကြီးတဇွန်း
みりん မိရင်း ဇွန်းကြီးတဇွန်း (မရှိလျှင် မထည့်ပါနဲ့)
だし ဒရှိ အရည် ဇွန်းကြီးတဇွန်း (မရှိလျှင် အသားမှုန့်ဇွန်းသေးတဇွန်း)
ဆားအနည်းငယ်ထည့်ထားပါတယ်။
ဒုတိယက မုန်လာဥဖြူကို ညက်နေအောင်ခြစ်ပြီး ရေစစ်ထားပါတယ်။မညှစ်ပါဘူး။
မုန်လာဥက နည်းနည်းသက်တတ်တာမို့ မခြစ်ခင်အခွံခွာပြီး ရေအေးထဲ ၁၀မိနစ်ခန့်
စိမ်ထားတာကောင်းပါတယ်။(၀ျပန်မုန်လာပါ)
၁။ တိုဖူးကိုထုတ်ကာ၊ စဉ့်နီတုံးပေါ်တင်၊ ရေစုပ်စက္ကူခင်းပြီး၊ယင်းပေါ်တင်ကာ တိုဖူးကို
အရွယ်တော်(တတုံးလျှင် ၄ပိုင်း)တုံးပါတယ်။
၂။ပန်းကန်ပြားထဲဂျုံမှုန့် (သို့ ကော်မှုန့်)ကိုဖြန့်ခင်းထားပြီး တိုဖူးကိုတတုံးချင်း ၄ဖက်
လုံး မျက်နှာပြင်နှံ့အောင် တဖက်ချင်းကပ်ပါတယ်။
၃။ဆီများများထည့်ထားတဲ့(တိုဖူးမြုပ်မဲ့ပမာဏထိ)အိုးထဲထည့်ကာ ရွှေညိုရောင်သန်း
သည်ထိကြော်ပါတယ်။
ယင်းနောက်ဆယ်ထားတဲ့တိုဖူးတုံးလေးတွေကို ဆီစုပ်စက္ကူပေါ်တင်ကာဆီစစ်ပြီး ၊ ကြော်
ပြီးသွားတာနဲ့ အပေါ်ကစပ်ထားတဲ့အရသာရည်ကို အခြားအိုးတလုံးထဲထည့်ကာ ပွက်
ပွက်ဆူအောင်တည်ပါတယ်။ ဆူလာလျှင် တိုဖူးကို ထည့်ကာ အရည်နှံ့အောင်ဆမ်းပြီး
ချက်ချင်းချကာ ပန်းကန်လုံးထဲထည့်၊ အပေါ်ကအနှစ်လိုခြစ်ထားတဲ့ မုန်လာဥဖြူကိုပုံတင်
ကာစားလို့ရပါပြီ။
ဂျပန်ဟင်းခတ်သုံးတာကတော့ ဂျပန်အနံ့အရသာအတိကျထွက်တာပေါ့ရှင်။ အဓိကက
တော့ ဟင်းရည်ပူပူစွက်စွက်ကလေးနဲ့ အရသာရည်စာ တိုဖူးအရေခွံမှာစိမ့်ဝင်သွားပြီး
ယင်းကို မုန်လာဥဖြူအနှစ်နဲ့တွဲစားတာမို့ ခံတွင်းရှင်းပြီး သိပ်စားလို့ကောင်းပါတယ်။
ဒီမှာတော့အေးနေတာမို့ ပူတာလေးတွေရွေးစားတဲ့ရာသီပေါ့ရှင်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
8:57 PM
ကျော်နှင်းဆီလွင်



Posted in


7 comments:
ထိုဖူးတော့တကယ်ကြိုက်။
ဘယ်လိုစားစား စားနိုင်တယ်။
ဒီလိုမျိုးတော့တခါမှမစားဖူးဘူး။
စမ်းကြည့်ရအုံးမယ်။
အဲဒီပျော့ပျော့လေးကို၊
ထိုဖူးနောင်း(အချိုပွဲ)ပုံစံမျိုးဂျင်းရည်နဲ့ ကြံသကာရည်ရာကျို၊
အပေါ်ကနေလောင်းပြီးတော့စားလေ့ရှိတယ်။
ဒီတခါထိုဖူးဟင်းအတွက်ကျေးဇူးအများကြီးတင်တယ်။
ဘာတွေချက်ရမှန်းမသိလို့ ရှာနေတာ..။
လာမြည်းသွားတယ်နော်။
ဂျပန်စာတွေကိုကြိုက်တယ်။ ပြင်တာဆင်တာတွေလည်း သိပ်လှတော့သိပ်သဘောကျတယ်။
ကျော်ချက်ထားတာလေးကလည်းစွဲဆောင်မှုရှိလိုက်တာ။
အိုင်အိုရာ
မမီးငယ် ကျေးဇူးပါနော် အဲလိုအချိုပွဲစားလို့ရတာမသိဘူး လုပ်စားကြည့်ဦးမယ်
မရှင်လေး အားလုံးချားသွားလဲရပါတယ်
မအိုင်အိုရာရေ ကျေးဇူးပါနော်
စားချင်တာ.
ကြက်ဥတိုဖူးလို့ခေါ်တဲ့ အဝါလေးတွေတော့ စားဖူးတယ်
နူးညံ့နေလို့ သိပ်ကြိုက်တာဘဲ
စားလို့လည်းကောင်းတယ်
တိုဖူးဆို ဘာဖြစ်ဖြစ် ကြိုက်ပြီးသားပါလေ
အား ဟုတ်တယ်နော် မြန်မာပြည်မှာစားဖူးတယ် အတော်ဆင်တယ်မ
ဝါတာနဲ့ဖြူတာကွာတာရယ် ကြက်ဥနဲ့ပဲအရသာကွာတာပဲရှိတယ်
မရေ ကျေးဇူးပါနော်
ဒီမှာတော့ လမ်းလျှောက်ရင်းလက်အပြင်ထုတ်ထားရင် ခဲချင်လောက်အောင် ညတွေအေးလာပီ :))
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ