ဂျပန်မှာအစားများကြသောကြာစွယ်ကို RenKon လန်းကွန်း れんこん လို့ခေါ်ပါတယ်။
မြန်မာပြည်မှာရှိစဉ် အိမ်က ဈေးနားနီးတာမို့ ဈေးထဲမှာ ခဏခဏတွေ့ဖူးပေမဲ့ ဂျပန်
မလာခင်အထိ တခါမှမစားဖူးတဲ့ ကြာစွယ်ရယ်ပါ။ ဂျပန်အခြေခံဟင်းချက်စာအုပ်ထဲက
အတိုင်း လွယ်ကူရိုးရှင်းစွာသုပ်လိုက်ပါတယ်။ ထင်တာထက်စားကောင်းလွန်းပါတယ်။
ကြာစွယ်ကိုမလှီးခင် အရေးကြီးတဲ့အချက်လေးတွေပြောပြချင်ပါတယ်။
အိမ်မှာတော့တခါစားလျှင် ကြာစွယ် တဆစ်စာ စားလေ့ရှိပါတယ်။
လှီးတဲ့အခါ
၁ဆစ်ပဲစားစား၊၂ဆစ်ပဲစားစား အခွံခွာတဲ့အခါ အဆစ်ကို မလှီးပစ်ပဲအဆစ်နေရာကို
သည်အတိုင်းချန်ပြီး အခွံခွာပါ။
ပြီးလျှင်အဆစ်နေရာလေးကို ကိုင်ပြီးလှီးလျှင် နောက်ဆုံးအသားအထိ လှလှပပ၊ပါးပါးလှီး
ဖို့ လွယ်ကူအဆင်ပြေပါတယ်။
ပြုလုပ်နည်း (ဂျပန်အခေါ်ဟု ဖော်ပြထားသော ကုန်ကြမ်းများမရှိလျှင် ကွင်းထဲမှ
အလားတူအရသာကို အသုံးပြုနိုင်ပါသည်)
၁။အချဉ်ရည် (ဂျပန်အခေါ် 酢 su) (ဗနီဂါ၊ သံပုရာနှစ်သက်ရာ)
ရေသို့ အချိုရည် (ဂျပန်အခေါ် 白だし shirodashi) (အသားမှုန့်အနည်းငယ်)
ဇွန်းကြီး ၁ဇွန်းခန့်စီ
သကြား လ္ဘက်ရည်ဇွန်းသေး ၁ဇွန်း
ဆားအနည်းငယ်
၂။ကြာစွယ် ၁ဆစ် (၁၅၀ဂရမ်ခန့်)အခွံခွာပါးပါးလှီးကာ၊ ဗနီဂါ(အချဉ်ရည်ဇွန်းကြီးတဇွန်း၊
ရေမြုပ်သည်အထိ ရေပမာဏရောကာ)စိမ်ထားပါ။ ၅မိနစ်ခန့်ရှိလျှင် ဆယ်ကာ၊ရေဆေး
ပါ။
၃။ရေနွေးတည်ပြီး ဆူလျှင်၊ ဆေးထားသော ဖော်ပြပြီး ကြာစွယ်အားထည့်ကာ အရောင်
အကြည်သို့ ကူးပြောင်းသည်နှင့်တပြိုင်နက်ချကာ၊ ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ။
(၃မိနစ်ခန့်ကြာလေ့ရှိသည်။)
၎။ကြာစွယ်အား နံပါတ်၁ရှိကုန်ကြမ်းများနှင့်ရောနယ်ကာ သုံးဆောင်နိုင်ပါပြီ။
အားလုံးပဲ စားကောင်းပါစေရှင်
3:20 PM
ကျော်နှင်းဆီလွင်
Posted in


4 comments:
Wow!So easy but looks delicious and healthy.Tks.
Gyidaw
ဂျပန်စတိုင်လ် ကြာစွယ်သုပ်လေး လုပ်စားအုံးမယ်။
ကြာစွယ်ကို ကြက်သားနဲ့ချက်တာ စားဘူးတယ်း
နည်းလမ်းလေးအတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ် ရှင်းရှင်းလေးနဲ့ တထောက်ထောက်နဲ့စားကောင်းတယ် :))
ချဉ်စပ်လေး သုပ်စားတာလည်းကောင်းတယ်
တစ်ချို့ကတော့ ကောက်ညင်းအဆာသွပ်ပြီး ပေါင်းစားတယ် ပြီးရင် မီးကင်လည်းစားတယ်
ကြော်စားတာတော့ ပိုကြိုက်တယ်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ