♪♪.ကျော်နှင်းဆီလွင်.♪♪

Oct 29, 2011

ကြက်အရေခွံသုပ်

ဂျပန်မှာတော့ ကြက်အရေခွံချည်းသက်သက်စားကြတာ မရှိသလောက်ကို တွေ့မြင်ရခဲ
ပါတယ်။ ကြက်အရေခွံကင်တမျိုးကလွဲလို့ အခြားစားနည်းတွေ မတွေ့ဖူးပါဘူး။ မြန်မာ
ပြည်မှာရှိစဉ် လုပ်စားလေ့ရှိတဲ့ မြန်မာပုံစံ ကြက်အရေခွံသုပ်ပါ။ အိမ်အများစုသုပ်စား
လေ့ရှိတတ်တာမို့ အများစုသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။

ပြုလုပ်နည်း
၁။ကြက်အရေခွံကို အမွှေးသေချာနှုတ်၊ ဆေးကြောကာ၊ အနေတော်ပိုင်းဖြတ်ပြီး၊ ရေစင်
အောင်စစ်၍ပဲငံပြာရည်အချိုရည်နှင့်သကြားကိုလ္ဘက်ရည်ဇွန်းသေးတဇွန်းစီထည့်နယ်ပါ
တယ်။
၂။ကြက်သွန်နီကိုပါးပါးလှီးကာ ရေဇလုံထဲ ဆားအနည်းငယ်ထည့်ကာစိမ်ထားပါတယ်။
၃။အိုးထဲဆီအနည်းငယ်ထည့်ကာ ယင်းကြက်အရေခွံကိုထည့်ပြီး မီးလတ်နှင့်၅မိနစ်ခန့်

လှိမ့်ကာ အနည်းငယ်ညိုလာသည်အထိ လှိမ့်ပါတယ်။
ပြီးရင် ဆီစစ်ဆယ်ပြီး သုတ်မဲ့ဇလုံထဲ ထည့်ပါတယ်။
၎။ရေစိမ်ထားတဲ့ကြက်သွန်နီကိုရေသွန်၊ ရေတခါထပ်ဆေးပြီး လက်ဖြင့်ဖွဖွဆုပ်ရေညှစ်
ထုတ်ပြီး ကြက်အရေခွံဇလုံထဲထည့်ပါတယ်။
၅။အသားမှုန့်လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ငါးငံပြာရည် လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ပဲမှုန့်အကျက်မှုန့် ထမင်းစားဇွန်းကြီးတဇွန်းခန့် (စီးစီးလေးကြိုက်လို့ပါ)
   သံပုရာသီး အရည်
   ငရုတ်သီးမှုန့်
   ငရုတ်သီးစိမ်းပါးပါးလှီး
   နံနံပင် (သို့) ပူတီနံရွက်ပါးပါးလှီး(ကြိုက်လျှင်ထည့်ပါ)
   ကြက်ကြော်ထားသောဆီကိုသင့်သလိုထည့်ကာ
   အားလုံးကိုရောနယ်ကာစားလို့ရပါပြီ

အားလုံးပဲစားကောင်းပါစေလို့


11 comments:

Anonymous said...

စားကောင်းပါတယ်လို့ ..
အိုင်အိုရာ

Anonymous said...

အစ်မရေ..နောက်တစ်ပွဲပေးပါအုံးဗျို့
ဟင်းချိုလေးပါ..ပါရင်ကောင်းမယ်နော်းP
ခပ်လေးလေးသုပ်ပြီး..ထမင်းနဲ့စားလို့ကတော့နော်း)
ပြုပ်ပီး..သုပ်ရင်လည်း..ကောင်းမှာပဲနော်
ပုံ/
အ၀စားသွားသူးP

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စဖွယ်လေး...
ကြက်ဆို အရေခွံ၊ ခြေထောက်
ဝက်ဆို အခေါက်၊ နားရွက်၊ အဲဒါတွေကြိုက်တာ
ဒါကြောင့် အရေခွံသုပ်လည်း ကြိုက်မှာ သေချာပါရဲ့

Kyaw Hnin Se Lwin said...

အိမ်ကလူက ၀ိတ်လျှော့နေတော့ အဲဒီ့နေ့က အရသာလေးလေးသုပ် ထမင်းနဲ့တယောက်တည်းစားတာ အတော်ကောင်းတယ် :D

Kyaw Hnin Se Lwin said...

ပြုပ်သုပ်လည်းကောင်းမှာပါ မေ့သွားတယ် :D

Anonymous said...

ရွှလွှတ်... သွားရည်ကျသွားတယ်။ ချဉ်ငံစပ်လေး သုပ်ပြီး တစ်ပွဲလောက် လိုက်ပွဲပေးပါဗျိုးးး။

ခင်တဲ့
မေသိမ့်

Anonymous said...

http://quitehealthy.com/nutrition-facts/chicken/050171.html


ကြက် အရေခွံဟာ အဆီဓါတ် အလွန်များပြားပြီး ကိုလက်စထရော အလွန်မြင့်တဲ့ အစာ ဖြစ်ပါတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ မဟုတ်သလို ကယ်လိုရီ များတဲ့အတွက်
ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် ဘယ်လိုမှ မသင့်တော်တဲ့ အစာ ဖြစ်ပါတယ်။

Vista said...

ချာချီက ဝိတ်မှမချတာ စားသာစား ဟိဟိ

ကျော်နှင်းဆီလွင် said...

Anonymousသို့
ပြောပြပေးတာကျေးဇူးပါ တခါတလေမှစားဖြစ်တာရယ်ပါ။

မဗစ်စ်ရေ
ဝိတ်တက်ချင်တာ အဲလိုတွေစားလို့ သူကပွစိပွစိပြောရင်
ဝပစေ ဒါမှ ပိုလှမှာ လို့ပြောရင် သူက အဆီတွေတက်လာမှာ
ရုပ်ဆိုးမှာတဲ့ :D

မဒမ်ကိုး said...

ရှာရှာဖွေဖွေမို့သဘောကျမိလေရဲ့ လုပ်စားကြည့်ဦးမှး)

ကျော်နှင်းဆီလွင် said...

ဝိတ်တော့မတက်စေနဲ့နော် မ :))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews