ကြက်ဟင်းခါးသီးသုပ်စားဖြစ်ပါတယ်။
ဦးဆုံးအရှည်လိုက် ၂ခြမ်းခြမ်းပြီး၊ အစေ့နှင့်အတွင်းသားကိုဇွန်းဖြင့်ခြစ်ထုပ်လိုက်ပါတယ်။
ယင်းနောက် အသုပ်ဆိုတော့မခါးရအောင် 0.3cmခန့်အထူဖြင့် ခပ်ပါးပါးလှီးပါတယ်။
ယင်းနောက် ဆားလဘက်ရည်ဇွန်းဝက်ခန့် ဖြူးနယ်ကာ အခါးကြိုက်လျှင်ကြိုက်သလို
အမြန်ဆေးပြီး၊ ခါးမှာကြောက်လျှင် ၁၀မိနစ်ခန့်ထားပါ။ ယင်းနောက်ရေများများထည့်
ခပ်ဖွဖွနယ်ရင်းရေသွန်ရင်း၊၃ခါခန့်ဆေးပါတယ်။ အငံဓါတ်မကျန်အောင်၊ကျမကနဲနဲဖဲ့ပြီး
ကိုက်ကိုက်ကြည့်ပါတယ်။
(၅မိနစ်ခန့်ထားတာ မခါးတခါးမို့ အကောင်းဆုံးပါလို့ ညွှန်းပါရစေ)
ယင်းနောက်ပွက်ပွက်ဆူအောင်ပြုတ်ထားတဲ့ရေနွေးထဲထည့်ကာ၂မိနစ်ခန့်ပြုတ်ပြီး
ဇကာထဲရေစစ်ကာ၊ မကြေရအောင် လက်ဖြင့်ညှစ်တာမျိုးမလုပ်ပဲ ဆီစုပ်စက္ကူ၂ရွက်ခန့်
ထပ်ပြီး ယင်းတွင်ထည့်ကာအသာလေးရေစုပ်အောင် ထုပ်ထားပါတယ်။
သုပ်နည်း
၁။ယင်းနောက် ဇလုံတခုထဲ ယင်းကြက်ဟင်းခါးသီးနှင့်
၂။ပုဇွန်ခြောက်မှုန့် လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်
၃။နှမ်းနှင့်မြေပဲထောင်းမှုန့် လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်
၎။မြန်မာငံပြာရည် လဘက်ရည်ဇွန်းသေး၁ဇွန်းခန့်
၅။ဆီလဘက်ရည်ဇွန်းကြီးတဇွန်းခန့်တွင် ကြက်သွန်ဖြူ၃မွှာကိုပါးပါးလှီးဆီသတ်ပြီးအအေးခံ
ထားတာရယ်
၆။အချိုပြင်းပြင်းကြိုက်လျှင်အသားမှုန့်အနည်းငယ်
၇။သံပုရာရည်လဘက်ရည်ဇွန်းသေး၂ဇွန်းခန့်ထည့်ကာ သုပ်လျှင်ရပါပြီ။
ဒါကလဲအိမ်တိုင်းလုပ်စားလေ့ရှိမယ်ထင်ပါတယ်။
ဒါပေမဲ့ စားကောင်းလွန်းတာမို့ နည်းအမျိုးမျိုးလုပ်တတ်တဲ့ကျမကိုယ်တိုင်မမေ့ရအောင်
ရေးတင်ဖြစ်ပါတယ်ရှင်။
ကြက်ဟင်းခါးသီးရွေးနည်း
ဂျပန်ကဆိုဒ်တခုထဲမှာဖတ်ရတာရယ်ပါ။
အခါးကြိုက်လေ အစိမ်းရောင်ရင့်တာကိုရွေးပါ။ အခါးမကြိုက်လေ အရောင်ဖျော့တာကို
ရွေးပါလို့ ဆိုထားပါတယ်။
ကျမကမစိမ်းတစိမ်းလေးရွေးလာတော့အခါးကအတော်ပေါ့သွားလို့အားမရဘူး။ :))
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
5:07 PM
ကျော်နှင်းဆီလွင်

Posted in


16 comments:
အားပါးပါး .. ရှလွတ်
Yummy.....Healthy dish.
Gyidaw
လုပ်ကြည့်ဦးမယ်အမ..ဂွတ်မယ့်ပုံပဲ
ဒီနေ့လည်းထပ်လုပ်စားဖြစ်တယ် သူပွဲတောင်းတာနဲ့ :D
မိုးငွေ့ရေ တကယ်ကောင်းတယ် လုပ်စားကြည့်ပါ သံပုရာသီးလေးနဲ့လိုက်သလို ငရုတ်သီးမှုန့်လေးထည့်သုပ်လဲကောင်းတယ်
အခါးတော့ကြိုက်ဘူး
ကြာကြာစိမ်မှ ဖြစ်မယ်..
ဟိုနေ့ကတင် ဝက်သားနဲ့ ကြော်စားဖြစ်သေးတယ်
မခါးရင်တော့ကြိုက်တယ်..
အိုးကပ်လေးချက်စားလည်း ကောင်းတယ်နော်..
ကြက်ဟင်းခါးသီးသုပ်ဆိုလို့ တီတင့်တော့တစ်ခါမှ လုပ်မစားဖူးသေးဘူး။
စမ်းလုပ်ကြည့်မယ် ကျော်ရေ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သုပ်စားဘူးပေမဲ့မကြာခဏမစားဖြစ်ဘူး။ ဒါပေမဲ့အစိမ်းသုတ်တာ။
ဒါပေမဲ့ခုတော့လုပ်ဘို့ သတိရသွားပြီ။ တနေ့ လောက်ကျော်ပြောသလိုပြုတ်ပြီးသုပ်စားလိုက်အုန်းမယ်။
အခါးကြိုက်တယ်၊ ကြော်စားပေမဲ့ တစ်ခါမှ မသုတ်စားဖူးဘူး၊ လုပ်စားကြည့်အုံးမယ်။
Gyidawတောင် ပျောက်နေတာကြာပြီနော်
ကွန်မန့်ခုမှပြန်တွေ့ရတယ် :))
မချောပြောသလိုအိုးကပ်လေး မေချက်ပေးတာသိပ်စားကောင်းတာ
သူကအစပ်မစားတော့ ညီမကအလွယ်အချိုချက် ပြီးရင် ငရုတ်သီးမှုန့်
ငရုတ်သီးစိမ်းထည့်စားလို့ရတာတွေလုပ်တာများတယ်။
အန်တီတင့်ရေ ဆက်ဆက်လုပ်စားနော် ကျန်းမာရေးအတွက်လည်းကောင်းတယ်
မအိုင်အိုရာကတော့အမြဲဟင်းကောင်းတွေချည်းပဲစားနေတာမို့ဖြစ်မယ်
:P
မပိတောက်လည်းဆက်ဆက်လုပ်စားကြည့်ပါလို့
:))
ကြက်ဟင်းခါးသီး ကိုအရမ်းကြိုက်တယ် အဲ
ခါးတဲ့အရာတွေအားလုံးကိုကြိုက်တာပါ
တစ်ခါမှ အဲဒီလိုသုပ်ပြီးမစားဖြစ်ဘူး
အားတဲ့အခါတော့ထူးထူးဆန်းဆန်းလေးဖြစ်အောင်စားကြည့်မယ်
ခင်ခင်မင်မင် jasmine
တော်တော်လေးဖတ်လို့ ကောင်းတာမို့ ကျေးဇူးတင်ပါတယ်။
ဂျပန်သီချင်းတပုဒ်နဲ့ အဆိုတော်နံမည်လေးသိချင်လို့ ရှာနေတာမရလို့ 
ကူညီပါလား။ သီချင်းက မြန်မာပြည်မှာတော့ အဆိုတော်စိမ်းမို့ မို့ အရင်
ဆိုခဲ့ ပြီး နောက်ပိုင်းမှာထွန်းအိန္ဒိာဘို ပြန်ဆိုထားတဲ့ ( တိုးတိတ်လွမ်းလို့ 
နေပါတယ်) ။ ဂျပန်အမျိုးသမီး အဆိုတော်ပါ။ တော်တော်လေးနံမည်ကြီး
ပါတယ်။ အချိန်ရရင် ရှာပေးပါနော်။ ကျေးဇူးတင်ပါတယ်။ ၁၉၈၇ ကနား
ထောင်ဘူးတာပါ။ ဂျပန်သီချင်းကိုလေ။ အဲဒီနှစ်က အကောင်းဆုံးဓါတ်ပြား
ဆုရတယ်လို့ ကြားဘူးပါတယ်။
စာလုံးပေါင်းမှားတာရှိခဲ့ ရင် ခွင့်လွှတ်ပါ။
မဂျက်စမင်ရေ အခါးကြောက်ရင် ဆားရေ ကြာကြာစိမ်သိလား :))
doeရေ ထွန်းအိနြာဗိုသီချင်းတွေ myanmarmp3.netထဲနာမည်တွေလိုက်ရှာတာ မတွေ့ဘူး နာမည်လွဲနေတာနဲ့လေ ၃နာရီလောက်ကြာမှသွားတွေ့တယ် တခြားဆိုဒ်မှာရှင်ဖုံးဆိုတာ တိုးတိတ်တမ်းတ နော်
ပြီးတော့ ဂျပန်မှာ ၁၉၈၇ကဓါတ်ပြားဆုရတာကော သေချာလားဟင် ခုထိတော့နားထောင်လိုက်ရှာလိုက် မတွေ့သေးဘူး
ဒီအိမ်စာကအတော်ခက်တယ် :P
ကျမရန်ကုန်မှာနေတုံးက၊
လားရိုးကရှမ်းအိမ်တအိမ်မှာ၊
ရှမ်းခေါက်ဆွဲလုပ်ရင် ကြက်ဟင်းခါးသီးသုပ်လေးနဲ့ ပေးတယ်။
သူကေရမစိမ္ဘူး။
ရေနွေးဖျောပြီးသံပုရာသီးလေးညစ်တယ်၊
ဆားလေးဖြူးတယ်။
ခါးခါးချဉ်ချဉ်လေး။
မနှင်းဆီပုံစံကအရသာပိုကောင်းမယ်နဲ့ တူတယ်။
အဲလိုလေးလည်းသဘာဝအခါးလေးနဲ့ အိမ်ကလူကကြိုက်မယ်ထင်တယ် လုပ်ကြည့်ဦးမယ် ကျေးဇူးနော် ကျမက ရှမ်းစာတွေသိပ်ကြိုက်တာ
အခုသီချင်းလည်းရှာပေးပါအုံးနော်။ ဗမာပြည်မှာ အဲလစ်ခ်ဆိုတဲ့ တနေ့ တော့မင်းနောက်လိုက်လာခဲ့မှာ သီချင်းရဲ့ ဂျပန်သီချင်းမူရင်းကို
သီချင်းနံမည်နဲ့ အဆိုတော်နံမည်သိချင်လို့ ပါ။ ကျေးဇူးတင်ပါတယ်။ဂျပန်မှာဆိုတော့ရှာရလွယ်မယ်ထင်ပါတယ်။
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ