♪♪.ကျော်နှင်းဆီလွင်.♪♪

May 30, 2011

ကြက်တောင်ပံကြော်နှင့်ငရုတ်ကြော်

ကြော်မည့်ပစ္စည်းကိုလိုက်ပြီး ကြော်ပုံကြော်နည်းလည်း ကွဲပြားတာမို့ တလက်စတည်း
အကြော်ပဲ ဆက်တင်လိုက်ပါတယ်။ :)
 

ကြက်တောင်ပံကြော်ရာမှာတော့ တောင်ပံကို ဆေးကြော၊ ရေသေချာစစ်ပြီးနောက်
အသားမှုန့်၊ဆား၊ငရုတ်ကောင်းလေးဖြူးကာ နယ်ပါတယ်။
ပြီးတော့ ဂျုံမှုန့်ကို ပန်းကန်ပြားလေးထဲထည့်ထားပြီး တောင်ပံတခုချင်းကို ဂျုံမှုန့်
ပါးပါးလေးဖုံးသွားအောင် လူးပေးပြီးကြော်ရုံပါ။ သည့်အတွက် တောင်ပံတွေဟာ
အရေခွံမကွဲ၊ ပုံမပျက်ပဲ ရှိသွားပါတယ်။
နည်းအမျိုးမျိုးရှိငြား အရိုးရှင်းဆုံး အိမ်မှာလုပ်စားလို့လွယ်တဲ့နည်းကလေးပါ။


ရှိရှိတိုး ししとうလို့ခေါ်တဲ့ ငရုတ်ချိုလေးတွေကြော်ရာမှာတော့ အကြော်မှုန့်ကို ရေ
နည်းနည်းနှင့် ပျစ်ပျစ်ဖျော်ပြီး (အရသာမထည့်ပါဘူး)၊ နှစ်ပြီး ကြော်ပါတယ်။

ဂျပန်မှာအသီးရွက်တွေကြော်တဲ့အခါ အရသာထည့်လေ့မရှိပဲ ငံပြာရည်ချိုချဉ်လေး
နှင့်တို့စားကြတာများပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်
♪♪♪


5 comments:

Mon Petit Avatar said...

Thanks for sharing this simple yet delicious meal!!!

Vista said...

ဂလု .. အတော်ကောင်းမယ့်ပုံ

Han Kyi said...

ဒီမှာတော့ ယိုးဒယားကြက်သားတွေက ပျော့စိစိတွေချည်းပဲမို့ ကြော်စားရင် အရသာတယ်မတွေ့လှပေါင်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်တာနဲ့ ဗိုက်ဆာလာတယ် ထမင်းလွတ် စားရရင်ကောင်းမှာ

ကျော်နှင်းဆီလွင် said...

နောက်ဆိုလွယ်တာတွေအများကြီးထပ်တင်ဦးမယ်
ယိုးဒယားကြက်ကြော်တော့စားဖူးဘူး
:))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews