ဂျပန်မှာTOEICအင်္ဂလိပ်စာအရည်ချင်းစစ်စားမေးပွဲဖြေဆိုမှုဟာအလွန်ခေတ်စားပါတယ်။
မြန်မာပြည်မှာ TOEFL, IELTS တို့ဝင်ဖြေနေကြသလိုပါပဲ။
ဂျပန်မှာတက္ကသိုလ်နှင့်ကောလိပ်အတော်များများမှာTOEIC Preparation Lectureတွေ
ပို့ချသင်ကြားပေးနေတာတွေ့ရပါတယ်။ဒါ့အပြင်ဘွဲ့လွန်တက္ကသိုလ်ဝင်ခွင့်ရဖို့
TOEIC လက်မှတ်ကို အသိအမှတ်ပြုသောတက္ကသိုလ်အရေတွက်ဟာ
ခုနှစ် - ကျောင်းအရေတွက်
၂၀၀၄ - ၈၁ ကျောင်း
၂၀၀၅ - ၁၀၁ ကျောင်း
၂၀၀၆ - ၁၂၈ ကျောင်း
၂၀၀၇ - ၁၃၄ ကျောင်း
၂၀၀၈ - ၁၄၉ ကျောင်းအထိ တိုးပွားလာပါတယ်။
IELTS, TOEFL တို့နဲ့ဘာကွာခြားသလဲဆိုတော့ TOEIC ဟာ
2 Skills (Listening & Reading) ပဲ ရှိတာမို့ ပိုလွယ်တယ်လို့ ဆိုရပါမယ်
ဒါ့အပြင် IELTS ရဲ့ Courseက သင်ရိုးညွှန်းတမ်းက ပိုမိုခက်ခဲနက်ရှိုင်းတယ်ဆိုတာ
သတိထားမိပါတယ်။
TOEICအမည်မှာကိုက for Internation Communication လို့ ရေးထားတဲ့အပြင်
wikiထဲမှာတော့ဒီလိုဖော်ပြထားပါတယ်
'' Test of English for International Communication (TOEIC) measures
the ability of non-native English-speaking examinees to use English
in everyday work activities. ''
လို့ ဖော်ပြပါရှိတဲ့အတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ လို့ဆိုရင်
မှားအံ့မထင်ပါဘူး။
ဂျပန်မှာဖြေမယ်ဆိုရင်တော့
www.toeic.or.jp မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
မေးခွန်းပုံစံကတော့
Listening Section (45 Minutes. 100 Questions)
Part 1 (Photographs) ၁၀ ပုဒ်
Part 2 (Question-Response) ၃၀ ပုဒ်
Part 3 (Short Conversations) ၃၀ ပုဒ်
Part 4 (Short Talks) ၃၀ ပုဒ်
Reading Section (75 Minutes. 100 Questions)
Part 5 (Incomplete Sentences) ၄၀ ပုဒ်
Part 6 (Text Completion) ၁၂ ပုဒ်
Part 7 (Reading Comprehension)
- - Single Passage ၂၈ ပုဒ်
- - Double Passage ၂၀ပုဒ်
Jul 12, 2009
TOEIC (Test Of English for International Communication)
8:27 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ