ဒီရောက်ပြီးအသားပက်လို့Skin Lotionကို တယောက်တည်းသွားဝယ်မိပါတယ်
ကိုယ်က delicated အသားရေမျိုးမို့ ၁၄နှစ်သမီးလောက်သိတတ်စအရွယ်တည်းက
Lotion သုံးတာ နေ့စဉ်မပျက်မကွက်ပါပဲ
မြန်မာပြည်ရဲ့အရမ်းပူတတ်တဲ့ရာသီဥတုမှာ နွေရာသီအပြင်ထွက်ရင်
အပူဒဏ်နဲ့ ဟိုနားနီဒီနားနီ သိပ်ဖြစ်တတ်တာမို့ ဒုက္ခရောက်လွန်းလို့
ပထမတခါဒီမှာရှိစဉ်တုံးကလဲ Johnson`sသုံးခဲ့တော့အဲဒါပဲလိုက်ရှာမိတယ်
အရင်ထက်ပိုကြီးပြီး ညှစ်ရလွယ်တဲ့ပုံစံနဲ့ ဒီဇိုင်းသစ်ကိုသွားတွေ့တော့
ဝမ်းသာအားရ၀ယ်ချတာပေါ့ မ၀ယ်ခင်အရောင်၃မျိုးနဲ့ဘူးတွေပေါ်ကစာတွေကို
၁၅မိနစ်လောက်သေချာလိုက်ဖတ်လိုက်သေးတယ်။ထုံးစံအတိုင်းသုံးပုံ၂ပုံပေါ့ :D
အိမ်ရောက်တော့ရေချိုးပြီး ယားချင်သလိုဖြစ်နေတတ်တဲ့ လည်ပင်းတ၀ိုက်လိမ်း
အမြှုပ်တွေနဲ့ အရမ်းစီးနေတော့ သြော် Lasting Moisture ပါလို့နဲ့တူတယ်
တယ်မိုက်တာပဲ လို့ မနက်လင်းလို့ အပြင်ထွက်ဖို့ရေချိုးပြီးနောက်တခါ ထပ်လိမ်းတော့
:D သံသယဖြစ်တော့ ဘူးကစာ တခါပြန်ဖတ်မှ
အဟားဟား Body Washတဲ့ ထောင့်ကလေးမှားသွားတွေ့တယ်
သေတော့မှာပဲ အင်္ဂလိပ်စာကို ခက်အောင် တယ်ဖန်ဆင်းတဲ့ဂျပန်စာပဲ
အဲလိုနဲ့ နောက်တနေ့မှာမှအောင်မြင်စွာ ၀ယ်လိုက်နိုင်ပါတော့တယ် :D
Jul 14, 2009
တလွဲ
8:02 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


2 comments:
ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ katakana နဲ့ ရေးထားတာတွေ ဖတ်ရတိုင်း ရွာလည်နေရော။ အိမ်ကြီးရှင်ကို shower cream မှာလိုက်တာ shampoo ဝယ်လာတာ မသိဘဲ ၂ရက်လောက် သုံးပြီးမှသိတယ်။ ဟိုးအရင်က ပို့စ်မှာ တင်ဘူးတယ်။ သိချင်ရှာဖတ် ၂ကျပ်၊ အဟဲ နောက်တာ။ (http://myaywetwai.blogspot.com/2007/08/blog-post_2774.html)
ရှာပစ်မယ် ဒါမှခံရတာ ကိုယ်တယောက်တည်းမဟုတ်ဘူး
ဆိုပြီးအားရှိမှာ
အဟားဟား
ကိုယ်တို့ကညံ့တာမဟုတ်ပါဘူး
သူတို့ကိုကဆိုးတာ
နော့
:D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ