လောကကြီးက အရောင်တွေအမျိုးမျိုးနဲ့ ဆန်းပြားတယ်
တစ်ဦးစီရဲ့အတွေးကိုယ်စီက အရောင်စုံလင်စွာခြားနားသလို
မိမိတွေးခေါ်ယူဆမှုပေါ်မူတည်ပြီးသွားရာလမ်းကြောင်းတွေလည်း
ခြားနားတယ်။
ဘုရားရှင်ကဟောဖူးတယ် (အတိကျမဟုတ်ဘူးနော်)
ကောင်းရာဘုံကိုသွားမယ့်သူနဲ့အပါယ်ဘုံကိုသွားမဲ့သူအရေတွက်ကိုပေါ့
(တနည်းအားဖြင့် ကောင်းတာလုပ်သူနဲ့မကောင်းတာလုပ်သူတွေပေါ့)
သဲသောင်ပြင်ပေါ်ကသဲပွင့်ကလေးတွေကိုလက်မလက်သည်းခွံလေးနဲ့ကော်လိုက်ပြီး
မရေတွက်နိုင်လောက်အောင်ပါပဲ။ အဲဒါကောင်းရာဘုံသွားမယ့်သူတွေပေါ့တဲ့
ဒါဆိုအပါယ်ဘုံသွားကြမယ်သူအရေတွက်ကကောလို့မေးကြည့်တော့
ကျန်တဲ့သဲသောင်ပြင်ကြီးကိုတွေ့လား
အဲဒါမကောင်းတဲ့ဘုံသွားမယ့်သူတွေပေါ့တဲ့
လတ်တလောတစ်ဘ၀လေးရဲ့ချမ်းသာကြွယ်ဝပြည့်စုံမှုနောက်ကိုလိုက်ရင်းနဲ့
သံသရာဇောက်ထိုးလည်စင်းသွားမဲ့နွံကြီးထဲတော့နစ်မ၀င်သွားချင်ပါဘူး
အများမိုးခါးရေသောက်လို့လိုက်သောက်သူတွေကိုအပြစ်မဆိုရက်ပေမဲ့
ကိုယ်ကတော့မသောက်ချင်ဘူး။ သေသွားချင်တယ်။
သေခြင်းနဲ့ဆုံးသွားမှာမှမဟုတ်တာ။ သံသရာဆိုတာလည်ဦးမှာ။
မကောင်းမှုတွေလုပ်နေရမဲ့အစား ကောင်းမွန်ရာတခြားဘုံဘ၀တခုကိုသွားချင်တယ်။
လူလည်တွေက ကိုယ့်ကို နုံတယ်တဲ့
လူကြီးသူမတွေက ရိုးသားကြိုးစားတယ်တဲ့
အထက်လူကြီးတွေက တည်ကြည်ဖြောင့်မတ်တယ်တဲ့
မိသားစုနဲ့ဆွေမျိုးတွေက ထက်မြက်တယ် တဲ့
ကြည့်သူပေါ်မူတည်ပြီးအမြင်ဆိုတာအမျိုးမျိုးပြောင်းလဲတာတွေ့ရတယ်
စိတ်ဝင်စားဖို့ကောင်းတာက ကိုယ့်အပေါ်ဘယ်လိုမြင်လဲဆိုတဲ့
တဖက်သူရဲ့အတွေးကို အခြေခံပြီး အဲဒီလူရဲ့ စိတ်နေစိတ်ထားနဲ့စရိုက်ကို
ခန့်မှန်းလို့ရတာပဲ
လောကကြီးကစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတယ်
Jul 21, 2009
နုံပါတယ်
8:45 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ