ဒီနေ့ဆံပင်သွားညှပ်ပါတယ်
ပထမတော့ပြောရလွယ်တဲ့တာကာဒါနိုဘာဘာကကိုကို့ဆိုင်ကိုသွားမလို့ပါပဲ
နည်းနည်းလှမ်းတာရယ်၊သူကမလိုက်ဘူးဆိုတာကြောင့် သွားရမှာ နဲနဲပျင်းလာတယ်
အဲဒါနဲ့ အင်တာနက်မှာသူကရှာပေးပါတယ်
ကိုယ်နေတဲ့တဘူတာအကွာမှာရှိတဲ့မြို့ကကြောက်ဖို့ကောင်းအောင်စည်ကားပါတယ်
စည်လွန်းတော့လိုချင်တာလုပ်ဖို့ရှာရပြီဟေ့ဆိုရင်မျက်စိလည်ပြီးစိတ်ညစ်ရပါတယ်
ဒီမှာကဆံပင်ညှပ်ရင်အပေါဆုံးကတခါညှပ်၁ထောင်ယမ်းဆိုင်တွေရှိပါတယ်
ယောကျာင်္းလေးသီးသန့်ပြောရလောက်အောင်မိန်းခလေးမသွားသလောက်ပါပဲ
တကယ်က ညှပ်လဲရပါတယ် ကိုယ်ဆို အရင်တခါလာတုံးက အကြိမ်ကြိမ်ဝင်ညှပ်ဖူးခဲ့တာပါ
သို့ငြား တခါ ကြုံဖူးတာက ၁၇၀၀ ယမ်းလို့ရေးထားတော့ဝင်ညှပ်လိုက်တာ
သူကဟိုဟာလုပ်မလားဒီဟာလုပ်မလားနဲ့ ၃၉၀၀ယမ်းလောက်ပေးလိုက်ရတော့
ဆိုင်တဆိုင်ထဲဘုမသိဘမသိ ၀င်ရတာ အီလည်လည်ဖြစ်ပါတယ်
ခုတော့သူကနီးတဲ့ဘူတာဆိုတော့သူလဲလိုက်၊ကိုယ်သွားချင်တဲ့ဆီသူမလိုက်လို့
ကိုယ်မသွားဖြစ်တော့နောက်ပိုင်းနားငြီးမှာစိုးပုံပေါ်တော့ အင်တာနက်မှာ
ဘူတာအမည်နဲ့ဆံပင်ညှပ်ဆိုင်ရှာပြီး တခါတည်းအွန်လိုင်းဘွတ်ကင်လုပ်ပါတယ်
အဲလိုနဲ့ ညနေ၆နာရီခွဲအရောက်သွားညှပ်ပါတယ်
၁၄၀၀ယမ်းပဲပေးရပါတယ် (ခေါင်းလျှော်တာမပါပါဘူး)
ဆိုင်ခွဲတွေနေရာအနှံ့မှာရှိတာမို့
ညှပ်ချင်ရင်သွားလို့ရအောင်လမ်းညွှန်ပေးလိုက်ပါတယ်
http://www.eits.jp/service/taiken.html
အွန်လိုင်းဘွတ်ကင်က ယမ်း၁၀၀ ပိုပေးရပါတယ်
အပေါ်ကTabထဲမှာ web reservation ကို ကလစ်နှိပ်လိုက်ရင်ရပါပြီ
ဒါကကိုယ်သွားညှပ်ခဲ့တဲ့ဆိုင်ပါ
http://www.eits.jp/salon/index_24.html
Jul 18, 2009
ဆံပင်ညှပ်ဆိုင်
10:44 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ