
ခုတလော အိမ်ကိုလွမ်းတယ်
ဘာရယ်မဟုတ်စဉ်းစားရင်း အိမ်နောက်ဖေးမှာစိုက်ထားတဲ့
မာလကာပင်ကြီးကိုသတိရမိတယ်
ငယ်ငယ်ကသစ်ပင်တက်သိပ်ကျွမ်းတာပေါ့
မီးဖိုချောင်ကထွက်လိုက်ရင်အိမ်အပြင်မှာမာလကာပင်အကြီးကြီး
တက်နိုင်လေရွက်ပုန်းသီးကြီးကြီးတွေရှာတွေ့လေပဲ :D
ဒါပေမဲ့အဖေ့ကိုကြောက်ရတယ်
တက်ရင်တုတ်နဲ့ခပ်နာနာအရိုက်ခံရတာကိုး
ကိုယ်ကတော့အဖေအိပ်ပြီဆိုတက်ပြီပဲ
ပိုင်သလားတော့မမေးနဲ့
အဖေ့အခန်းကိုမာလကာပင်ပေါ်ကလှမ်းမြင်ရတယ်
ပြူတင်းကမှန်ကွက်တွေကငါးကြင်းခွံလိုခပ်အဖြူပိတ်ပိတ်မို့ဖောက်မမြင်ရဘူးလေ
ဒါပေမဲ့ဖေကညဘက်အိမ်အပြင်လှမ်းကြည့်တာတို့စစ်ဖို့တို့အတွက်
မှန်အကြည်တကွက်တပ်ထားတာ
အဲဒီမှန်ကနေမြင်နေရတယ် :D
ကြုံသူတွေကကြုံသလိုအသဲယားစွာသတင်းပေးတယ် ဖေနိုးပြီဆိုတာကို
အပင်မတက်ဖြစ်တာတောင်၁၀နှစ်လောက်ရှိမလားပဲ
အပင်ကြီးကြီးပေါ်အိမ်ကလေးဆောက်ချင်လိုက်တာ
Jul 18, 2009
မာလကာပင်နဲ့သစ်လုံးအိမ်
8:48 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ