နှုတ်ခမ်းနီတဘူးဝယ်လိုက်မတည့်လိုက်နဲ့
၂ဘူးလုံးလွှင့်ပစ်ရမလိုဖြစ်တာ
စိတ်ညစ်တယ်
ဟိုက၀ယ်လာတဲ့Revlon၂ဘူးလဲပါလာပေမဲ့
မိန်းမဆိုတော့ခက်သား
ဒီရောက်တော့၁ဘူးလောက်တော့ထပ်ဝယ်ချင်တာ
အဲလိုဖြစ်တော့အမျိုးသားကဆေးနှုတ်ခမ်းနီတဘူးဝယ်လာပေးတယ်
ခက်တာကVitaminEပါဝင်မှုများတော့ပိုဆိုးလာရော
ကိုယ်ကပြောင်းပြန်VitaminEမတည့်သူ
အဲလိုနဲ့နှုတ်ခမ်းကယားသလိုလိုဖြစ်လိုက်ပျောက်လိုက်နဲ့
နောက်ထပ်ဘာမှအကွန့်အရစ်မပါတဲ့Lip Stick၁ဘူးထပ်ဝယ်တော့
သက်သာသလိုနဲ့ တခါတရံယားကျိယားကျိ
မနေ့ကတော့စိတ်မရှည်လို့ဆိုင်မှာကိုယ်တိုင်သွားပြီး
ရှာဖွေတွေ့ရှိလာပါသည်
၁ဘူးတည်းနှင့်စွယ်စုံအသုံးပြုနိုင်ပါသည်လို့ဘူးမှာရေးထားတယ်
Johnson`s Baby Oil ပါ
:D
သိပ်ကောင်းတယ် ညကလူးတယ် မနက်ပျောက်တယ်
နှုတ်ခမ်းနီအောက်မှာခံဆိုးလဲရတယ်
ခလေးလူးဖို့အထူးပြုထုတ်တာဆိုတော့တအားနူးညံ့တယ်
ယောကျာင်္းလေးဆိုရင်လဲNatural manပေါ့
အသားရေယားယံရင်လဲလူးသာလူး
ဆံပင်တွေခြောက်တာလဲလူးလို့ရတယ်
မိုက်တယ် မိုက်တယ်
စိုင်းစိုင်းပဲ
:P
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
5:53 PM
ကျော်နှင်းဆီလွင်
Posted in


3 comments:
အင်း ကျေးဇူးမဇာခြည် အလည်ရောက်ကာဖတ်ပေမယ့် ကော်မန့်ချန်ခဲ့လို့ပါ ထောပတ်သီးလည်းနှုတ်ခမ်းသား တအားခြောက်တယ် သွားဝယ်ဦးမယ်
ဂျွန်ဆင်ဘေဘီဆီဘူးလေး ဆံပင်လိမ်းဖို့ဆိုပြီး မြန်မာပြည်မှာကတည်းက ဝယ်ခဲ့တဲ့ဟာ ခုထိမကုန်သေးဘူး။ သူ့အနံ့က သင်းသင်းလေးရယ်။ သဘောကျတယ်။ နှုတ်ခမ်းခြောက်တာအတွက် အရောင်မရှိတဲ့ နှုတ်ခမ်းနီ သုံးတယ်။ ညအိပ်ခါနီး ဆိုးထားလိုက်ရင် မနက်ကျ အတော်သက်သာတာ။
ဆန်းပြားတဲ့နာမည်နဲ့ထောပတ်သီးလေးရေ
:D
လာလည်တာကျေးဇူးပါ။
မြရွက်တဝေေ၀သို့
:D
တကယ်မိုက်တာနော်ဟုတ်တယ်ဟုတ်
နေမှကောင်းရဲ့လား
စာမရေးတာကြာပြီ
တယောက်နဲ့တယောက်ဆက်သွယ်ရခက်လွန်းလို့
ဘလော့ဂ်နဲ့တောင်မှာကြားရတယ်
^O^
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ