♪♪.ကျော်နှင်းဆီလွင်.♪♪

Feb 19, 2013

ဂျပန်မှာခေတ်စားနေသော မျက်ရည်အိတ် အလှပြင်နည်း

ခုတလော ဂျပန်က ပျိုမေတွေကြား သိပ်ကိုလူကြိုက်များ ခေတ်စားနေတဲ့ မျက်ရည်အိတ်အလှပြင်
နည်းကို တိုးတိုးကလေးပြောပြမယ်နော်။

ခုလိုမျက်လုံးအောက်ကမျက်ရည်အိတ်မှာ ပြင်တာမို့ မျက်ရည်အိတ်အလှပြင်နည်းလို့ခေါ်ကြ
ပါတယ်။
 မျက်ရည်အိတ်ကလေးပေါ်အောင်ခုလို အညိုရောင်ပြေပြေလေးနဲ့အိတ်ပုံစံ မို့မို့ကလေးဖြစ်
အောင်ပုံဖော်ပါတယ်။

 ဒါကတော့ before, afterပေါ့ရှင်
အောက်ပါပုံတွေကလို အတောင့်ရော၊ အ၀ိုင်းရော ပုံစံမျိုးစုံရွေးချယ်သုံးနိုင်ပါတယ်။



မျက်လုံးအောက်က မျက်ရည်အိတ်ပေါ်မှာ ငွေမှင်ရောင် ၊ ငွေဖြူရောင် ပြောင်ပြောင်ကလေးလိမ်း
တဲ့နည်းပါ။ တီဗွီအစီစဉ်တွေကြည့်တဲ့အခါ မော်ဒယ်လ်တွေ သရုပ်ဆောင်တွေအတော်များများ
လိမ်းခြယ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ကျမတော့ မလိမ်းဖြစ်သေးပါဘူးရှင်။ တခုတော့ ၀ယ်သုံးဖို့စိတ်ကူးပါတယ်။ တခါတလေ အပြင်း
ပြေ ဈေးလေးဘာလေးပတ်တဲ့အခါ၊ ဟိုဟိုဒီဒီ ကိုယ့်ဘာသာ လျှောက်လည်တဲ့အခါမျိုးပြင်ကြည့်
ချင်ပါတယ်။ နေ့စဉ်ကတော့အလုပ်တဖက်နဲ့ ကျမအသက်နဲ့ ရုံးမှာ သိပ်ချစ်စရာကောင်းတဲ့
ကောင်မလေးငယ်ငယ်လေးပုံပေါက်လို့မဖြစ်တာမို့ သုံးဖို့စိတ်ကူးမရှိပါဘူး။
တဖက်သတ်အတွေးပါ။ ပြင်လည်း ချစ်ဖို့ကောင်းတယ်ထင်တာ ကိုယ်တဦးတည်းပဲ ရှိမယ်ထင်
ပါတယ် :)))

မသုံးတာကတော့တကယ်ပါ။ ကျမလှပအောင်သိပ်မ၀တ်စားတတ်ပေမဲ့ အလုပ်နဲ့မလိုက်ဖက်တဲ့
အသက်ရွယ်နဲ့မလိုက်ဖက်မဲ့ အပြင်အဆင်မျိုး တော့ သတိထားပြီး ရှောင်လေ့ရှိပါတယ်။ နဂိုတည်း
ကလူလဲသေး မျက်နှာလည်းသေးတာမို့ပါ။
ဒါကြောင့်လဲသိပ်မလှတာဖြစ်ပါလိမ့်မယ်။ :)))

အားလုံးပဲ လှပပျော်ရွှင်ပါစေနော်


4 comments:

သက်ဆု said...

အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

Shinlay said...

စိတ်ဝင်စားစရာပဲ။ ကျေးဇူးနော်။

Unknown said...

အမယ် အမ က လှပါတယ် FB မှာမြင်တယ်..သတို့သမီးရော သတို့သားရော အသက်သိပ်ကြီးပုံမရပါဘူးး ငယ်သေးတဲ့ပုံပါ..။ အမ ကိုမေးစရာရှိလို့..။ JLPT N 5 ဖြေဖို့စာအုပ်တွေဘယ်လိုဝယ်ရလဲ မြန်မာပြည်မှာပြောတာပါနော်.ညီမ ကပြည်ပမှာ အလုပ်တဖက်နဲ့ စာပြန်လုပ်ချင်လို့ ..အွန်လိုင်းပေါ်ကနေ ရှာလို့ရသမျှလေးတွေကတော့တချို့ ဟာတွေကျ သိပ်မရှင်းဘူး.။ဒီမှာက ဆရာလဲမရှိဘူးလေ..။စာအုပ်အညွှန်းလေး သိရင် ပြောပြနော်..။လူကြုံလေးရှိတုန်းမှာချင်လို့ပါ..။ကျေးကျေးနော် မမ ..။ဒါနဲ့ အမှတ် ဘယ်လောက်မှ အောင်တာလဲ ...ခိခိ...မေးခွန်းပုံစံကတော့ အမ တင်ထားတာကိုကြည့်မိတယ်..။ စာပြန်ပေးနော် အမ .။ ကျေးကျေး ပါ .။

ကျော်နှင်းဆီလွင် said...

ညီမ ၀တ်ဖြူ ကျေးဇူးတင်ပါတယ်နော်

ဒီဆိုဒ်ကလေးမှာသွားကြည့်ကြည့်ပါ။
http://www.tanos.co.uk/jlpt/
အဲသည့်ထဲ လယ်ဘယ်အလိုက် ဒေတာတွေရှိပြီး
ဒေတာမရှိတာရော ရှိတာရော
အသုံးပြုသင့်တဲ့အညွှန်းစာအုပ်တွေစာရင်းလည်းပြပေးထားတာမို့
အဲသည့်ထဲကမှ ကိုယ်လိုအပ်မယ်ထင်တဲ့စာအုပ်ကိုမှတ်ပြီး
လူကြုံမှာရင်ကောင်းမယ်ထင်တယ်နော်

အဆင်ပြေပါစေနော်
အမ

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews