♪♪.ကျော်နှင်းဆီလွင်.♪♪

Oct 13, 2011

မျက်တောင်ကော့ဆေး

အလှပြင်ပစ္စည်းတွေထဲ ကျမအတွက်မရှိမဖြစ်တာဆိုလျှင် မျက်ခုံးမွှေးပါးသူဖြစ်တာမို့
မျက်ခုံးမွှေးဆွဲခဲတံလို့ဆိုရမှာပါ။ အနှစ်သက်ဆုံးကဘာလဲလို့မေးလာလျှင် မျက်တောင်
ကော့ဆေးလို့ဆိုရမှာပါ။ မျက်ရစ်သိပ်မကြီးပဲ မျက်နှာကသေးသေးသွယ်သွယ်မို့ မျက်
တောင်ကော့ဆေးမသုံးလျှင် မထင်ပေါ်သလို ကိုယ်ပိုင်ဟန်မရှိသလိုခံစားရပါတယ်။

မျက်ဝန်းထောင့်တွေ ရွှေရောင်ဖျော့ဖျော့ဖတ်ခနဲတို့ပြီး၊ မျက်တောင်ကော့ဆေးဆိုး
လိုက်လျှင်ပဲ အရောင်လက်သွားသလိုခံစားရပါတယ်။

ကျမရွေးချယ်တာကတော့ ခပ်ထူထူနှစ်သက်သူမို့ အမြဲ volume ပါတာကိုပဲရွေးချယ်
လေ့ရှိပါတယ်။ နဂိုကော့သူဖြစ်ပြီး ကော့လွန်းလျှင် အလွန်ခလေးဆန်သွားသလိုခံစား
ရတာမို့ ၃၀ကျော် လူကြီးသိပ်ဖြစ်ချင်တဲ့ကျမဟာ curlကို မပါအောင်ရွေးဝယ်ပါတယ်။
ပြီးတော့ရှည်ပြီးကော့တက်သွားတတ်လို့ နည်းနည်းရှည်တာနဲ့ညှပ်ပစ်တတ်သူမို့
longမပါအောင်လည်းရွေးပါတယ်။



ပြီးတော့ mascaraမှာ water-proof ဖြစ်မဖြစ်လည်း ရှိသေးတာမို့၊ water-proofတွေ
သုံးဖူးခဲ့သူမို့ သုံးပြီးနောက်ရက်ထိ ဆေးတွေစွဲကျန်နေတတ်ပြီး ဖျက်ဆေးသက်သက်
မသုံးလျှင် အဆင်မပြေတာကို မနှစ်သက်သူမို့ water-proofမပါတာကိုသုံးပါတယ်။
ရေနွေးဖြင့်ဆေးကြောရုံဖြင့် ခပ်လွယ်လွယ် ဆေးပြယ်သွားတာမို့ပါ။

ခုတလောနှစ်သက်နေတာကတော့ Maybelline ရဲ့ အသစ်ထွက်တဲ့အထူ၇ဆလို့ဆိုတဲ့
အ၀ါရောင်ဗူးကိုနှစ်နှစ်သက်သက်သုံးဖြစ်နေပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်လှပပါစေ


2 comments:

Vista said...

ဘယ်လိုလူကြီးနဲ့ တူအောင် ဆေးဆိုးဆိုး ကလေးရုပ်ကကလေးရုပ်ပဲ ဟိဟိ

ကျော်နှင်းဆီလွင် said...

ဟင် ပြောပြန်ပြီ ရွှတ်

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews