♪♪.ကျော်နှင်းဆီလွင်.♪♪

May 20, 2011

ပန်ကာ

ဒီနှစ်ဆောင်း ဂျပန်မှာ ငလျှင်ကြီးလှုပ်သွားပြီး ငလျှင်သင့်ဒေမှာရှိတဲ့ အဏုမြူစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ ပြဿနာနှင့်အတူ လျှပ်စစ်မီးချွေတာရေးစီမံကိန်းကို
ကျင့်သုံးလျှက်ရှိပါတယ်။

မိမိရှေ့မြင်တွေ့သလောက်ဥပမာဆိုရလျှင် ရထားတွေပြေးဆွဲသောအခေါက်ရေလျှော့ချ
ခြင်း၊ နေ့ဘက်ရထားမီးများပိတ်ခြင်း၊ မြေအောက်ရထားဘူတာရုံသို့ဆင်းသွားရာ ဓါတ်
လှေကားရှည်ကြီးများကို အချို့တ၀က်ပိတ်ထားခြင်း၊ စတိုးဆိုင်များတွင် မီးထွန်းညှိမှု
လျှော့ချခြင်း စသဖြင့်ရယ်ပါ။ ဒါကြောင့်လည်း ခပ်ပြင်းပြင်းပူတာထက် စိုထိုင်းဆမြင့်မား
တာမို့ အိုက်စပ်စပ် ဂျပန်ရဲ့နွေရာသီမှာ အဲကွန်းတွေမဖွင့်ဖို့၊ အဲကွန်းအစားပန်ကာသုံးဖို့
နှိုးဆော်တာတွေကို တီဗွီမှာ ခဏခဏ ရှုစားရပါတယ်။ သေချာတာကတော့ ပန်ကာဈေး
တက်ဖို့ အလားလာများတာရော၊ အိမ်ထောင်ဦးမို့ ပစ္စည်းမစုံသေးတာရော ပေါင်းပြီး
ခပ်မြန်မြန်ပဲ ပန်ကာ ၀ယ်လိုက်ပါတယ်။

ဒီဆိုဒ်ကလေးမှာ သွားကြည့်လို့ရပါတယ်။
အမြင့်က ၃၀စင်တီမီတာရှိပြီး  အခြားညွှန်းထားသောအချက်များကတော့
(၁)လော့ခ်ချလို့ရပါတယ်
(၂)အောက်ကို ၁၆ဒီဂရီ၊ အပေါ်ကို ၃၅ဒီဂရီစောင်းလို့ရပါတယ်။
(၃)ဖွင့်ထားရင်ပိတ်ဖို့အချိန်နှင့်ပိတ်ထားရင် ဖွင့်ဖို့အချိန်ကိုအချိန်ကိုက် (timer)ပေးလို့
    ရပါတယ်။
(၄)ရီမုကွန်ထရိုးပါပြီး ပန်ကာဘေးမှာ ချိတ်ဖို့နေရာလည်းပါပါတယ်။
    ရီမုကွန်နဲ့တိုင်မာပေးခြင်း၊အရှိန်အတိုးအလျှော့လုပ်ခြင်း၊ပိတ်ခြင်းဖွင့်ခြင်းပြုလုပ်နိုင်ပြီး
    ပန်ကာရဲ့လျှပ်စစ်ကြိုးကို (ဖုန်စုပ်စက်အတော်များများမှာတွေ့ရသလိုမျိုး)သိမ်းလို့ရ
    ပါတယ်။

ကျမကတော့ ပန်ကာလေသိပ်မကြိုက်သူလဲဖြစ်၊ လေအရှိန်ကို အမျိုးမျိုး ခဏခဏပြောင်း
တတ်သူမို့ ၄အချက်ကိုကြိုက်လို့ ဒီပန်ကာလေးအဆိုပြုဖြစ်ပါတယ်။


နွေရာသီမှာအားလုံးပဲ အိုက်စပ်ခြင်းကင်းဝေးပါစေရှင်


5 comments:

Mon Petit Avatar said...

Great product review. I use Toshiba as well which can switch on/off with remote, and think perfect for couch potato like me, hehe!!!

ကျော်နှင်းဆီလွင် said...

oOp! I didn't think ma mon look like couch potato.
:D

Shinlay said...

သတင်းထဲမှာ လျှပ်စစ်မီးချွေတာရေးစီမံကိန်း အကြောင်းကြားလိုက်တယ်။
ပန်ကာအကြောင်းလေ့လာသွားပါတယ်။

မြစ်ကျိုးအင်း said...

ဒီမှာလည်း နွေရာသီဆို အဲကွန်း တစ်နာရီလောက်ဖွင့် ၊ ပန်ကာကို နံရံဘက် လှည့်ဖွင့်ထားလိုက်တာပဲ။

ကျော်နှင်းဆီလွင် said...

မရှင်လေးရေ မီးမပျက်သေးတာကျေးဇူးတင်ရမလိုဖြစ်နေတာ
ကိုမြစ်ကျိုးအင်းရေ ကျေးဇူး :))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews