♪♪.ကျော်နှင်းဆီလွင်.♪♪

Jun 22, 2011

မျက်ဝန်းရောင်ခြယ်ခဲတံ

eye linerတောင့်ကလေးပါ။

တံဆိပ်တွေအမျိုးမျိုး အရောင်တွေအမျိုးမျိုးရှိတဲ့အလှကုန်ပစ္စည်းတွေကြား
မျက်ဝန်းအရောင်ခြယ်ဖို့ဆိုရင် အရောင်မတောက်လွန်း မမှိန်လွန်းကိုရွေးရတာ
ခေါင်းစားစရာပါ။ ဒီ့အတွက် သုံးမိရင်း အလွန်ကြိုက်သလို ဈေးလဲသက်သာတဲ့
kate တံဆိပ် my color pencil ဆိုတာလေးကိုညွှန်းချင်ပါတယ်။



 ဒါကတော့တတောင့်တည်းစွပ်သုံးတာရယ်ပါ။

အတောင့်ကလေးက သေးသွယ်ရှည်မျောတာမို့ ထူပိန်းသွားမှာလည်းမစိုးရိမ်ရပါဘူး။
တရောင် တတောင့်ကို ၃၇၈ယမ်းခန့်ပေးရပြီး 

အနက်ရောင် အဖုံးကိုလေးစွပ်ပြီးသုံးရပါတယ်။
အစွပ်လေးက ၈၄ယမ်းဖြစ်ပြီး ဟိုဘက်သည်ဘက် ၂တောင့်စွပ်ပြီးသုံးလို့ရပါတယ်။
 ဂျပန်နိုင်ငံမှထုတ်တာဖြစ်ပါတယ်။

အားလုံးပဲလှပပျော်ရွှင်ပါစေနော်
♪♪♪


8 comments:

လသာည said...

ခက်ပေါ့ ဒီက လှချင်တယ်ဆို.. မျက်ဝန်းခြယ်ဆိုတာနဲ့ အရင်ဆုံးရောက်လာဖတ်တာ တွေ့တယ်ဟုတ်း)))အလယ်က တတောင့်တည်းစွပ်သုံးတဲ့ ခဲတံမျိုး သဘောအကျဆုံး..

စူးနွယ်လေး said...

ကျော်ရေ...တလောကမအားလို့ ခုမှလာနှုတ်ဆက်ရင်း ဖတ်စရာရှိသည်များကို ဖတ်ရှုပြီး ပြန်သွားပါတယ်လို့...:D

rose said...

ရို့စ်တော့ မိန်းကလေး ဖြစ်ပြီး မျက်ခွံ အရောင် မခြယ်တတ်တာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်း) ခြယ်နည်းလေးပါ အဆင်ပြေရင် ရေးပေးပါ မကျော်နှင်းဆီ။

ကျော်နှင်းဆီလွင် said...

မညရေ
ညစာခက်ချင်လည်းခက် လှတာတော့မက်တယ် :D

မနွယ်လေးရေ ပျောက်နေတယ်နော်

မရို့စ်ရေ ရေးပါဦးမယ် တကယ်က ကိုယ်တိုင်လည်း သိပ်ကျွမ်းလှတယ်ရယ်မဟုတ်ပါဘူး :))

Mon Petit Avatar said...

I always hesitate to buy the beauty products from Japan and Korea as they are very expensive here. BUT I still want to know the beauty trends so please also write about other beauty products too.

ကျော်နှင်းဆီလွင် said...

ဟုတ်မယ် မမွန်ရေ
ဂျပန်မှာမနေရင် ဂျပန်ပစ္စည်းသုံးရတာမတန်ဘူး
မြန်မာပြည်ရှိတုံးက ညီမလဲဂျပန်ပစ္စည်းတွေဈေးကြီးလိုက်တာလို့
ဒီရောက်တော့လဲဘာဖြစ်ဖြစ် ဂျပန်ပစ္စည်းသုံးရတာ စိတ်ချမ်းသာလိုက်တာ
:)))
ဒါတောင် အိမ်သုံးပစ္စည်းတွေဆို တရုတ်ထုတ်တွေကြီးစိုးနေတာနော်

Crystal said...

အလှတော့ ပြင်ချင်တယ် အသက်လည်းကြီးပြီဆိုတော့ ပိုစ့်ဖတ်ရုံသာပေါ့ :)

ကျော်နှင်းဆီလွင် said...

ညီမလည်း ပြောသာပြောတယ် ပြင်ရပြုရသိပ်စိတ်မရှည်ဘူး
ဒါပေမဲ့မmanualလို1,2,3,4ဒါပြီးဒါလုပ်နဲ့ပြင်လိုက်တော့လည်းမြန်သွားရော
ညီမကတော့အသက်ကြီးလာလို့ပြင်တာ :P

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews