♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 27, 2011

ခေတ်စားနေသောမျက်ခုံးမွှေးဆွဲခဲတံ

ဂျပန်နိုင်ငံမှထုတ်လုပ်တာဖြစ်ပြီး
ဂျပန်လိုကတော့ エクセル パウダー&ペンシル アイブロウဟုခေါ်ဆိုပြီး
အင်္ဂလိပ်လိုကတော့ Excel Powder & Pencil Eyebrow ဟုခေါ်ဆိုပါသည်။
အရောင်၆မျိုးရှိပြီး ဈေးနှုန်းမှာ ဂျပန်ယမ်း ၁၅၂၂ ယမ်းခန့်ရှိသည်။

(a)ထိပ်တစ်ဖက်တွင် ချွန်စရာမလိုပဲ လှည့်ကာထုတ်ရသော မျက်ခုံးမွှေးဆွဲခဲသားချောင်း
(b)အခြားထိပ်တစ်ဖက်တွင်မူကား ညှိရန် ဘရပ်ရှ်
(c)အလည်တွင်မူကား ဖောင်းကြွဆေးခြယ်ညှိရန် စုတ်တံနှင့်အတွင်းတွင် ရှဲဒိုးအနှစ်


(a)ဖြစ်ပြီး အရင်ဆုံး မျက်ခုံးမွှေးကို ပုံဖော်ဆွဲသည်။

(b)ဖြစ်ပြီး (a)ဖြင့်ဆွဲထားပြီးသားကို အရောင်အနုရင့်မကွဲစေရန် ဘရပ်ရှ်ဖြင့်ညှိသည်။

(c)သည် အပြီးသတ် အရိပ်လိုက်ထည့်သော စုတ်တံဖြစ်သည်။

မျက်ခုံးမွှေးဆွဲနည်း (you tube)

အားလုံးပဲ ကျန်းမာလှပပျော်ရွှင်ပါစေ


5 comments:

Rita said...

Jpn 1 yen = S$ 0.015
Jpn 1522 yen = S$ 22.83

မဆိုးဘူး တန်သားပဲ =D

ကျော်နှင်းဆီလွင် said...

ဆိုင်ကညွှန်းလို့သုံးကြည့်တာ
အတော်အဆင်ပြေနေတယ်
သုံးလို့လည်းကောင်းတယ်ရီတာရဲ့

Myanmar Good Knowledg Co., Ltd said...

ပိုလှပိုချောနေတယ်ပေါ့လေ။
ခဲတံကောင်းတာထက် လူလှတာလည်း ထည့်ပြောမှပေါ့။

ဆောင်း said...

UK က Marks & Spencer မှာ ရောင်းတယ် ရေမြုပ်တဖက် (သို့ ) ဘရပ်တဖက်နဲ့ တဖက်က ခဲအတံကို လှည့်ထုတ်ဖွင့်တာ အဲဒါ ၇ပေါင်ကနေ ၁၄ပေါင် ထိ ပေးရတယ် သိပ်မတန်လှဘူး လွယ်ကူပေမဲ့ ၇လက်မမှာ ခဲအတံက ၃လက်မ တောင် မရှိချင်ဘူး

ကျော်နှင်းဆီလွင် said...

မမွန်ရေ စိတ်ချမ်းသာစရာတွေပြောတယ်
မုန့်ကျွေးရမယ်
မဆောင်းရေ
ဟုတ်တယ် ၃လက်မလောက်ပဲရှိမယ်
တခုသဘောကျတာကလေ သူကတအားလုံးပတ်သေးတာကိုး
ဆွဲလို့ကောင်းပြီး မချွန်ရတာကိုသဘောကျတာ။
ဘယ်လောက်ခံမလည်းသုံးကြည့်ဦးမယ်
ကျေးဇူးနော်
ကောင်းတာရှိရင်လည်းညွှန်ပေးပါဦး
:)))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews