♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 12, 2011

အခမဲ့စကားပြန်ဖုံးဝန်ဆောင်မှု

ဘေးဒဏ်သင့်သူနိုင်ငံခြားသားများ အခမဲ့စကားပြန်ဝန်ဆောင်မှု 

၂၄နာရီကြာ အခမဲ့ စနစ်

ဘုရိခုစု တိုကျိုဟုအမည်ရသော ဘာသာပြန်ဝန်ဆောင်မှုလုပ်ငန်းတခုသည်
၁၁ရက်နေ့က ငလျှင်ဖြင့် ဘေးသင့်ကြသော နိုင်ငံခြားသားများအတွက်
အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာများဖြင့် စကားပြန်ပေးသော ဖုံးဝန်ဆောင်မှု
ကို ၂၄နာရီကြာဝန်ဆောင်မှုစနစ် စတင်သည်။
အကူညီလိုအပ်သော နိုင်ငံခြားသားများသည် ရပ်ကွက်ရုံး၊ ဒုက္ခသည်လက်ခံစုဝေးရာနေရာ
စသည်တို့တွင် ဂျပန်နိုင်ငံသားတာဝန်ရှိဝန်ထမ်းများဖြင့်စကားပြောဆိုရာတွင်
ဘာသာစကားအခက်ခဲရှိပါက ဖုံးဆက်လျှင် ကြားမှ ဘာသာပြန်ပြောဆိုပေးမည်ဖြစ်သည်။
မနက် ၉နာရီမှ ည ၈နာရီအထိ ယင်းဘာသာစကား၃ခုအပြင် ပေါ်တူဂီနှင့် စပိန်ဘာသာဖြင့်
လည်း ပြန်ကြားပေးမည်ဖြစ်သည်။
ဘာသာပြန်အတွက်ဖုံးနံပါတ် 050(5814)7230
ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုလျှင် 03(5366)6001


0 comments:

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews