♪♪.ကျော်နှင်းဆီလွင်.♪♪

Jun 10, 2011

ရှီဘူယဘူတာကပန်းချီကားချပ်ကြီး

ဂျပန်ရဲ့အစည်ကားဆုံးနှင့်အကြီးဆုံးရပ်ကွက်ကြီးတခုရဲ့ဘူတာဖြစ်သော
(KEIO)ခဲအိုးရထားလိုင်း နှင့် (YamaNoTe)ယာမနိုတဲမြို့ပတ်ရထားလိုင်း၂ခုအကြား
ယင်းအပြင် အခြားရထားလိုင်းများလည်းဆုံရာ ရှီဘူယဘူတာဧ။် ဖြတ်သွားဖြတ်လာလူ
တရက်လျှင် သောင်း၃၀ဦးခန့်ရှိသည့် MarkCityလို့ ခေါ်သောအဆောက်ဦးကိုဖြတ်ရာ ၂ထပ်မှာရှိတဲ့ခန်းမကျယ်လူသွားလမ်းကြီးရဲ့နံရံတဘက်မှာ အတော့်ကိုကြီးမားသော
ပန်းချီကားကြီးတချပ်ကိုတွေ့ရပါတယ်။

 


ရေးဆွဲသူကတော့ 岡本 太郎(おかもと たろう)OkamotoTarouဆိုသူ ဂျပန်နိုင်ငံရဲ့
နာမည်ကျော် ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ၁၉၆၈ခုနှစ် မက္ကဆီကိုတွင် ဖြစ်ပွားခဲ့သော
နူကလီးယားပေါက်ကွဲနေစဉ်အခိုက်အတန့်ကိုရေးဆွဲထားတာဖြစ်ပြီး အလျား ၃၀မီတာ
အနံ ၅.၅မီတာရှိတယ်လို့ဆိုပါတယ်။ နာမည်ကျော်ပန်းချီဆရာတစ်ဦးဖြစ်တာနှင့်အညီ
ဂျပန်များအကြား အတော်လည်း ရေပန်းစားအလေးထားကြတဲ့သတင်းတစ်ခုလည်း
ဖြစ်ပါတယ်။ ရှီဘူယဘူတာကိုရောက်တဲ့အခါတိုင်းပန်းချီကားကြီးကို အနီးကတဖုံ အဝေး
ကတဖုံ ကြည့်ရှုငေးမောနေသူတွေ၊ ဓါတ်ပုံရိုက်သူတွေကို တွေ့ရလေ့ရှိပါတယ်။

ပန်းချီအနုပညာကို သိပ်နားမလည်တဲ့ကျမအဖို့တောင် ပန်းချီကားကိုကြည့်တဲ့အခါ
တိုင်း စိတ်လှုပ်ရှားမိပါတယ်။ သို့ငြား လက်ရှိနူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား
ပေးစက်ရုံများအား မထိန်းချုပ်နိုင်သေးခင် ခက်ခဲသောအခြေနေ၊ ရေဒီယိုသတ္တိကြွဓါတ်များ
ပျံ့နှံမှု၊ တနိုင်ငံလုံး လျှပ်စစ်ဓါတ်အားခြွေတာကာလျှော့သုံးနေရသောအခြေနေ၊ အိုးမဲ့
အိမ်မဲ့ ဘေးဒုက္ခသည်ပေါင်းများစွာရဲ့ ပြန်လည်ထူထောင်ရေးအတွက်လုံးပမ်းနေရပြီး
နိုင်ငံစီးပွားရေးအခြေနေကလည်း ဆုတ်ယုတ်လျှက်ရှိနေတဲ့နိုင်ငံကြီးကို ဒီပန်းချီကားကြီး
ကြည့်တိုင်း ဆက်စပ်တွေးတောသတိရမိတာမို့ အလွန်ပဲစိတ်မောလူမောဖြစ်မိပါတယ်။
ဒါဟာလည်း ပန်းချီကားကလက်ရာမြောက်လွန်းလို့ ဒီလောက်ထိခံစားမိတာဖြစ်နိုင်ပါတယ်။

သို့ငြား ယခုကဲ့သို့သောအချိန်မျိုးမှာ ယင်းသို့သောပန်းချီကားကြီးကို စိတ်မောလူမော
ဖြစ်နေတဲ့ ဂျပန်ပြည်သူတွေကြား ချပြဖို့ရာ အချိန်မသင့်ကြောင်းနှင့် အနည်းငယ်စောများ
နေသလားဟု တွေးတောနေမိတတ်ပါတယ်။ သည်လိုဖြင့် ပန်းချီကားအသစ်တခု ထပ်မံ
လဲလှယ်ချိတ်ဆွဲမည့်ရက်ကို မျှော်လင့်စောင့်စားလျှက်ရှိပါတယ်။

:)))
အားလုံးပဲ စိတ်ရွှင်လန်းချမ်းမြေ့ပါစေရှင်
♪♪♪


7 comments:

Rita said...
This comment has been removed by the author.
Rita said...

ကားလဲပေးဖို့ စာတင်လိုက်လေ =)

ကျော်နှင်းဆီလွင် said...

သတ်မှတ်ကာလပြည့်တိုင်းလဲနေကျဆိုတော့ အဲဒါပဲမျှော်နေတယ် ရီတာရေ :))

လသာည said...

ကျော်ညီမလေးရေ

ပန်းချီကားကြည့်ရင်း ရောက်ခဲ့တယ်။

အစ်မကွန်ပျူတာက အခုဒီစာလုံးတွေကို ဖတ်မရလို့ ပန်းချီကားလေးပဲ ကြည့်သွားတယ်။
အဆင်ပြေ နေကောင်းတယ်ဟုတ်?

ကျော်နှင်းဆီလွင် said...

မညရေ သတိတရ ကျေးဂျူးနော် နေကောင်းတယ်မ :))

မြစ်ကျိုးအင်း said...

အခုချိန်မှာတော့ ဒီပန်းချီကားက ဂျပန်ပြည်သူတွေအတွက် စိတ်နှလုံးပိုထိစရာ ဖြစ်မယ်ထင်ပါတယ်။ သိပ်ခေတ်မှီလွန်းတော့လည်း ဆိုးကျိုးတွေက ပိုများတယ်ပေါ့လေ။
တန်ရာတန်ကြေးတွေ ပြန်ပေးရသလိုပါပဲ။

ကျော်နှင်းဆီလွင် said...

တိုးတက်ခေတ်မီလွန်းတဲ့ကမ္ဘာကြီးအတွက်နမူနာသင်ခန်းစာတခုပေါ့လေ
:))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews