
လွန်ခဲ့တဲ့၂ပတ်မတိုင်ခင်ခန့်က မြန်မာပြည်မှာသိကျွမ်းဖူးခဲ့တဲ့ခလေးတဦးက ဒီမှာဂျပန်စာကျောင်း
လာတက်နေတာ မမျှော်လင့်ပဲသွားဆုံမိပါတယ်။
အိုင်ဖုံးကိုထားတာမို့ကိုယ်ကအနည်းငယ်တော့စိတ်ထဲကအံ့သြမိပါတယ်။
ကျောင်းသားတွေက ငွေချွေတာကြတာမို့ ငွေကုန်တာမျိုးတွေသိပ်မလုပ်ကြတာမို့ပါ။
အဲလိုနဲ့နှစ်ယောက်သားကော်ဖီဆိုင်မှာစကားပြောရင်း အမရေ ဖုံးက ယမ်း၈ထောင်နီးပါးလတိုင်းကျတယ်
ဘာမှလဲမသုံးပဲနဲ့ ရှင်းပြပါဦးဆိုတော့။ တကယ်တော့ ကိုယ်လည်းလတိုင်း၉ထောင် တသောင်းနီးပါး
ဆောင်ရတာပါ။ အင်တာနက်စိတ်ကြိုက်သုံးserviceကိုသုံးထားတာမို့အဲဒါတင် ယမ်း၅ထောင်နီးပါး
ကျတာမို့ အထွေထူးရယ်မတွေးမိပါဘူး။
အဲဒါနဲ့ကိုယ်ကserviceက ဘာတွေသုံးထားလဲဆိုတော့သူငယ်ချင်းနဲ့သွားလုပ်တာမို့ ဂျပန်စကားလည်း
သိပ်မကျွမ်းကျင်ကြတော့ အိုင်ဖုံးလုပ်ချင်တယ် ရလား ရတယ် လုပ်မယ် ဆိုတာမျိုးဖြစ်ခဲ့ပုံပေါ်ပါတယ်။
အဲလိုနဲ့မသုံးဘူးဆိုရင် သူ့ရဲ့အင်တာနက်ဆားဗစ်စ်ကိုဖြုတ်ဖို့အကြံပေးပြီး ၂ဦးသား ဆိုင်ကိုသွားကြပါ
တယ်။
အဲဒီတော့မှကိုယ်လည်းသိပါတော့တယ်။ အိုင်ဖုံးရဲ့အခြေခံစာချုပ်စည်းမျဉ်းတွေကို။
အချက်၁
အိုင်ဖုံးသုံးမယ်ဆိုရင်အင်တာနက်(パケット)မသုံးလို့မရပါဘူး။ အင်တာနက်မသုံးရင်အိုင်ဖုံးလုပ်ခွင့်
မရှိပါဘူး။
သုံးမယ်ဆိုရင်ဆားဗစ်စ်၂မျိုးရှိပါတယ်။
တခုကသက်သာတယ်။ ယမ်း၁ထောင်ကျော်ခန့်ကျပြီး ကိုယ်သုံးတဲ့အင်တာနက် ပက်ကေ့ခ်ျက
လစ်မစ်ပြည့်ပြီးကျော်သွားရင် ကြောက်ဖို့ကောင်းလောက်အောင် ကျသင့်ပါတယ်။
နောက်တခုကယမ်း5985ကျသင့်ပြီး ခုပရိုမိုးရှင်းကာလမို့ခုလုပ်ရင် ယမ်း4410ပါ။ အဲဒါကတော့
စိတ်ကြိုက်အကန့်သတ်မရှိသုံးခွင့်ပါ။ ကြိုက်သလောက်သုံးသုံးမသုံးသုံးပေါ့။
အချက်၂
ဖုံး(စက်)ဖိုးက ၂၆လအတွင်း ၂၄ကြိမ် တလကို ၂၄၀၀ယမ်း အရစ်ကျပေးရပါတယ်။
အချက်၃
ဖုံးပြောခအခြေခံလစဉ်ကြေးက ယမ်း၉၈၀ပါ။
softbankဟာ softbankဖုံးအချင်းချင်းပြောရင် ည၉နာရီမှ ည၁နာရီကြားမှလွဲလျှင်ဖုံးအခမဲ့ပြောခွင့်
serviceကိုပေးထားတာမို့ အဆင်ပြေငြား၊ အခြားကုမဏီမတူတဲ့ဖုံးဆီဆက်ရင် စက္ကန့်၃၀ကို ယမ်း
၄၀နှုန်းနဲ့တွက်တာမို့ သတိထားသင့်ကြောင်းပါ။
ဒါကြောင့်အိုင်ဖုံးသုံးမယ်ဆိုရင်ပဲအခြေခံကိုက ယမ်း၈ထောင်နီးပါးလစဉ်မပေးလို့မရပါဘူး။
ဒါဆိုအိုင်ဖုံးမသုံးပဲရပ်ပစ်ပြီးတခြားဖုံးအမျိုးစားပြောင်းသုံးမယ်ဆိုတော့စာချုပ်ပါစည်းကမ်းအရ
၆လမပြည့်မချင်းပြောင်းလို့မရပါဘူး။
၆လပြည့်ပြီးပြောင်းမယ်ဆိုရင် ဖုံးအမျိုးစားသစ်မှာအင်တာနက်အ၀သုံးမထည့်လည်းရတော့
ယမ်း၅ထောင်ခန့်သက်သာသွားမှာပါ။ သို့ငြား ဖုံးအသစ်ရဲ့စက်ဖိုးကိုလစဉ်အရစ်ကျပေးရမှာ
ဖြစ်သလို တဖက်မှာလည်းအိုင်ဖုံးရဲ့စက်ဖိုးကို သတ်မှတ်ထားတဲ့၂၄ကြိမ်ပြည့်အောင်လစဉ်
ပေးသွားရမှာဖြစ်ပါတယ်။
ဂျပန်ဟာတိုးတက်တာနှင့်အမျှဆားဗစ်စ်တွေကလည်းရှုပ်ထွေးပါတယ်။ ကိုယ်သုံးခါစကတချို့ဆားဗစ်စ်
တွေငွေယူပုံမသိလို့အိမ်ကလူကိုမေးရင်သူတောင်မသိပါဘူး။ အဲလိုနဲ့softbankမှာခဏခဏသွားသွားမေး
လိုက် လုပ်ခဲ့ပါသေးတယ်။
သိလို့သုံးတာ အကုန်ခံနိုင်လို့သုံးရင် အားပေးပါတယ်။ နောက်ဆုံးပေါ်နည်းပညာမို့ မျက်စိပွင့် နားပွင့်
စေမဲ့functionတွေအတော်များများပါတာမို့ပါ။ သို့ငြားမသိပဲသုံးလျှင်တော့ နှမြောဖို့ကောင်းတဲ့အပြင်
ကျောင်းသားဆိုတာ အစစအရာရာ ပင်ပန်းပြီးအကုန်ကျများတာမို့ကိုယ်ချင်းစာမိပါတယ်။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေ
3:13 PM
ကျော်နှင်းဆီလွင်
Posted in


6 comments:
မရေ
ခွန်ကတော့ iphoneမကြိုက်ဘူး
တိုတော့ ပါးစပ်လည်းမမှီ နားလည်းမမှီနဲ့မို့ ဟဲ...
နှစ်သစ်မှာ cboxလေးပြန်မထားဘူးလား ဟင်
နှစ်သစ်နဲ့တော့ဘာမှမဆိုင်ပါဘူး ဟီး...
ဝင်နှုတ်ဆက်ရတာ အဆင်မပြေလို့...
နှစ်ကူးမှာချစ်ချစ်နဲ့ပျော်ရွင်ပါစေနော်..
2090はお世話になりました。
2010年もよろしくね。。。。
良いお年を。。。。。
thanks for your knowledge sharing.
but i would like to ask you more things.
sometime, they mention 0 yen, it means it will reduce 2400 yen for handset?
and if we choose limited internet serve (around 1000 yen), not unlimited one, it means we have to pay extra money of just that amount than using other softbank handset?
bcoz basic fees 980 is same for all... right?
thanks in advance!
as i don't understand japanese very well.
ခွန်ရေ ဟုတ်ပါ့နော် ခွန်ပြောမှ၇ယ်မိတယ် ပြန်ထားမယ် ခုတော့ မြန်မာလိုမမြင်၇တဲ့ ဟိ၇ို၇ှိမားကိုအလည်ေ၇ာက်နေလို့ သိပ်မကလိနိုင်ဘူးဖြစ်နေတာမို့ いつもありがとうね。今年はこちらこそお世話になりま。いいお年をね。
ဖက်တီးလေး
You are welcome. If they mention 0 yen, it means for handset. If not, installation amount for handset will be added in your monthly bill. It does not means REDUCE
but depends on how much do handset cost or no cost.
Then I think internet fees does not depends on what handset or company you use, and you have to pay a lot of extra amount if you use more than limited packages though choosing limited service. Because using service of internet packages are usually expensive. That's all I mean.
Basic monthly fees of Softbank is 980 yen as you said, and other extra fees cost nothing if you use between Jp time 1am to 21 o'clock. If not 40 yen for 30 seconds.
;)
be useful and pleasure
:)
thanks a lot.. :D
thanks ma.
Welcome ;D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ