ယနေ့ ဖတ်လိုက်ရသောသတင်းတပုဒ်ဖြစ်သည်။ သတင်းအရှည်(ဂျပန်ဘာသာမှာ)
6月2日13時49分配信 産経新聞
鳩山由紀夫首相(民主党代表)の退陣表明を受けて民主党は、後継を選ぶ党 代表選を4日に実施し、7日に国会での首相指名選挙を経て国民新党との連立政権を維持する方針だ。
ဂျပန်နိုင်ငံဝန်ကြီးချုပ်Hatoyama Yukioဧ။် တာဝန်မှနှုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားချက်ကို the Democratic Party (Jimintoo) မှ လက်ခံရရှိလိုက်အပြီး ပါတီကိုယ်စားပြု ၀န်ကြီးချူပ်တာဝန်ကိုဆက်ခံမည့်သူအား ရွေးချယ်ခြင်းကို ၂၀၁၀ခုနှစ် ဇွန်လ ၄ရက်နေ့တွင်အကောင်ထည်ဖော်ဆောင်ပြီး၊ ၇ရက်နေ့တွင် ရွေးချယ်လိုက်သည့် ၀န်ကြီးချုပ်သစ်အမည်အား လွှတ်တော်သို့တင်သွင်းကာ၊ The People Party (New) နှင့် ညွှန့်ပေါင်းအစိုးရအဖြစ် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားမည့် လမ်းစဉ်ကိုချမှတ်လိုက်သည်။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
4:38 PM
ကျော်နှင်းဆီလွင်
Posted in


5 comments:
အင်း ၀န်ကြီးဝင်အရွေးခံရမလားလို့ အဟဲ :D
သြ လသာည ကလည်း စဉ်းစားထားတာကိုး အပြိုင်တွေ ဖြစ်ကုန်တော့ မှာဘဲ
ညီမရေ အားလုံးစုဖတ်သွားတယ်
ညီမ ရေ
လင့်ယူသွားတယ်နော်
ဝန်ကြီးရာထူးက ဘာဖြစ်လို့ နှုတ်ထွက်တာပါလိမ့်။ သက်တမ်းပြီးဆုံးသွားလို့လား။ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့်လား။
တစ်ခုခုတော့ တစ်ခုခုဖြစ်မယ်။
မညနဲ့မရွှေစင်ရေ
ညီမတော့ ပြိုင်ဘက်တွေတိုးလာတဲ့သဘောပဲ အဟဲ
ကိုမောင်ရေ
ဆောင်းပါးကရှည်တာကော
အလုပ်တွေရှုပ်နေတာကောနဲ့
အချောင်ခိုလိုက်တာပါ။
ပုဂ္ဂလိကအတွေးနဲ့ပေါင်းစပ်ပြီးအားလုံးခြုံငုံပြောရရင်
အချက် ၄ချက်က အဓိကပါ။
၁။ဂျပန်ဝန်ကြီးချူပ်ဟာ နာမည်ကြီး နိုင်ငံရေးသမားမျိုးရိုးရှိပြီး ကြွယ်ဝပြည့်စုံသော မိသားစုက မွေးဖွားလာလူဖြစ်တဲ့အပြင် ပညာရေးအားဖြင့်နောက်ခံသိပ်ကောင်းပါတယ်။
(wiki မှာဒီလိုရေးထားပါတယ်။
Hatoyama graduated with a B.Eng from the University of Tokyo in 1969 and received a Ph.D. in Industrial Engineering from Stanford University in 1976.[5] )
သို့ငြား နိုင်ငံရေးအတွေ့ကြုံအားယှဉ်တဲ့အခါ လွှတ်တော်မှာဝါရင့်အတွေ့ကြုံရင့်သူတွေကြား အတွေ့ကြုံနုတယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုအချိန်ပါတီထောင်စဉ်မှာ လွှတ်တော်မှာ အတွေ့ကြုံရင့်သူ Mr. Ozawaဆိုသူနှင့် ပူးပေါင်းလိုက်တဲ့အခါ ပါတီဟာ မြင်းကိုအတောင်တပ်ပေးလိုက်သလို သိပ်ကိုအင်အားကောင်းလူကြိုက်များသွားခဲ့ပါတယ်။ သို့ငြားအတွေ့ကြုံရင့် အကွက်ကြိုမြင် လုပ်ရည်ကိုင်ရည်ရှိသူပီပီ
Mr. Kozawaဟာ အာဏာအများစုကို ချူပ်ကိုင်လို့ထားပါတယ်။
၂။ဒီလိုအချိန်မှာ Mr. Kozawa ရဲ့ လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သတ်မှု အရှုပ်တော်ပုံပေါ်ပေါက်လာပြီး
စုံစမ်းစစ်ဆေးမှုတွေ တင်းကြမ်း ပေါ်ပေါက်နေပြီး နှုတ်ထွက်ဖို့တောင်းဆိုခံနေရချိန်မှာ Mr. Kozawaအနေဖြင့်ကတော့ ၀ါရင့်အရေထူသူပီပီ ကြံ့ကြံ့ခံ မလှုပ်ခဲ့ပါဘူး။
ဒီလိုအချိန်မှာ ၀န်ကြီးချူပ်အနေဖြင့်လည်း လွန်ဆန်ဖို့ခက် ဘေးကြပ်နံကြပ်ဖြစ်နေခဲ့ပါတယ်။
၃။နောက်တချက်က ၀န်ကြီးချူပ်ဟာ မဲဆွယ်ခဲ့စဉ်ကာလမှာ အိုကီနာဝါမှာတပ်စွဲထားတဲ့ နိုင်ငံခြားတပ်စခန်းတွေကို
အိုကီနာဝါက ထွက်ခွာထားရှိဖို့အရေး လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တမ်း သက်တမ်းပြည့်လို့ အမေရိကန်နဲ့ညှိနှိုင်းပြီးတဲ့နောက် ဒီအစီစဉ်မလုပ်ပေးနိုင်တာမို့ ခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပေမဲ့ အိုကီနာဝါအသွားဝန်ကြီးချူပ်ခရီးစဉ်ဟာ ဆန္ဒပြပွဲတွေအပြည့်နဲ့ တိုင်းပြည်တ၀ှမ်းမှာလည်း ၀န်ကြီးချုပ်ကတိပျက်မှုဟာ အတော်ကို သိမ်ငယ်စရာ မျက်နှာနာရပါတယ။် တကယ်တော့တချို့ခက်ခဲသောကိစ္စတွေ အကောင်ထည်ဖော်ရမလွယ်တာ လက်ခံနိုင်ပေမဲ့ မလွယ်လျှင် ကတိအလွယ်မပေးသင့်ကြောင်းကို လူတွေက စိတ်ခုကြပါတယ်။ ဒီ့အပြင် စစ်အခြေစိုက်စခန်းတွေနှင့်ပတ်သက်ပြီး အမေရိကန်ဘက်ကိုပြုခဲ့တဲ့ စကားကတိကိုလည်း ဆန္ဒပြပွဲတွေကြား သဘောတူညီချက်မရနိုင်ပဲ သတ်မှတ်တဲ့ကာလအတွင်းအကောင်ထည်မဖော်နိုင်ခဲ့တာမို့ ကမ္ဘာ့အလယ်မှာလည်း မျက်နှာပျက်စရာဖြစ်ပြန်ပါတယ်။
၎။နောက်ဆုံးအချက်ကတော့ သိပ်ကိုကြွယ်ဝချမ်းသာတာမို့ ၀န်ကြီးချူပ်မဖြစ်လည်း သူ့အတွက်ကတော့ ဘာမှမပြောင်းလဲသွားတာလည်းပါပါမယ်။ သူနှုတ်ထွက်ခြင်းအားဖြင့် Mr. Kozawaလည်း နှုတ်ထွက်ဖို့ တွန်းအားပေးလိုက်သလိုဖြစ်သွားတာလည်းတချက်၊ အားလုံးအပေါ်ပျက်ခဲ့တဲ့ကတိတွေကိုလည်း အကောင်ထည်မဖော်နိုင်တာတချက် ဒီ့ထက်ပိုအခြေနေဆိုးမှ နှုတ်ထွက်ရလျှင် အမည်ဆိုးတွင်ကျန်ခဲ့မှာကို စိုးရိမ်ပုံရပါတယ်။
အဆုံးမှာသုံးသပ်မိတာကတော့ ခေါင်းဆောင်ကောင်းဆိုတာ ဘယ်လိုအခြေနေပဲရောက်ရောက်
ပိုခက်ခဲကြမ်းတမ်းလေ ခေါင်းဆောင်ကောင်းရဲ့ စေတနာနှင့်စွမ်းရည်ဟာ ထုတ်ဖော်အနာခံသင့်လေပါပဲ။
လှေတစီးရဲ့ ပဲ့ကိုင်ဦးစီးလိုပါပဲ။ မုန်တိုင်းထန်မှ လမ်းခွဲသွားသလိုမို့ အားမလိုအားမရဖြစ်ပါတယ်။
ရှည်သွားတယ် ခွင့်လွှတ်နော်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ