ဂျပန်တွင်ငလျှင်စတင်သည်နှင့်ဂတ်စ်များအလိုလိုပြတ်တောက်သွားလေ့ရှိပါသည်။ငလျှင်ကြောင့်အချို့နေရာများမှာမီး၊ရေ၊ဂတ်စ်ပြတ်တောက်သောနေရာများရှိပါသည်။
ငလျှင်ငြိမ်သွားသည့်အခါမီးလာသော်ငြား၊ဂတ်စ်မလာလျှင်၊လျှပ်စစ်မီးဖြတ်တောက်သည့်breakerကဲ့သို့မျိုး၊ဂတ်စ်ခလုတ်၊အများအားဖြင့်အိမ်အပြင်တံခါးအနီးတွင်ထားရှိတတ်ပါသည်။
ယင်းဂတ်စ်မိန်းခလုတ်ကိုသွားကြည့်သည့်အခါ၊အနီမီးလေးမှိတ်တုတ်မှိတ်တုတ်မြင်ရပါမယ်။
ယင်းမှာဂတ်စ်ဖြတ်တောက်ထားခြင်းသင်္ကေတဖြစ်သည်။
ယင်းမီးအနားတွင်မည်သို့လုပ်ရမည်ကိုလုပ်နည်းအဆင့်အားဂျပန်ဘာသာဖြင့်ရေးသားထားသောစာရွက်ချိတ်ထားသောအနက်ရောင်အဖုံးအုပ်ထားသောမိန်းခလုတ်ရှိသည်။
ယင်းအဖုံးဖွင့်ပြီး တချက် အဆုံးထိဖိနှိပ်လိုက်ပါ။
အဖုံးပြန်အုပ်ပြီး ၃မိနစ်စောင့်ပါ။ ၃မိနစ်ကြာလျှင် သွားပြန်ကြည့်ပါ။
မှိတ်တုတ်မီးနီလေး ငြိမ်းသွားလျှင် ဂတ်စ် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။
မရလျှင်အနက်ဖုံးအောက်မှခလုတ်တချက်နှိပ်၊၃မိနစ်စောင့်၊အစအဆုံးပြန်လုပ်ပါ။
Mar 12, 2011
ဂတ်စ် ပြတ်တောက်သွားလျှင်
5:39 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ