ငယ်ငယ်က ညီမ၀မ်းကွဲလေးရဲ့အဖေက နိုင်ငံခြားသဘောင်္ခဏခဏထွက်သူမို့
တခါအိမ်လည်သွားတိုင်း ပစ္စည်းသစ်တွေတွေ့ရလေ့ရှိသည်။
တနေ့ ခပ်လှလှ ဓါတ်မီးလေးကိုင်ကာ ဖွင့်နည်းမသိဖြစ်ဖူးသည်။
တီဗွီတွေစသုံးခါစ အရောင်ညှိနည်း၊ တီဗွီလိုင်းချိန်နည်း
စလောင်းတပ်ပြန်တော့ စလောင်းနဲ့လိုင်းဖမ်းနည်း ချိန်နည်းတွေလည်း မသိဖြစ်ဖူးသည်။
ဂျပန်ရောက်လာပြန်တော့လည်း ကွာဟသော လူနေမှုစတိုင်နှင့်
နည်းပညာအသစ်ဆန်းတွေကြား မသိတာတွေအတော်များသည်။
ရောက်ခါစက ရထားမစီးတတ် ရထားခတွေတွက်နည်းလည်းနားမလည်
လိုင်းမှားစီးမှာလည်းကြောက်သူမို့ ရထားပေါ်တော်တော်နဲ့မတက်ရဲ
ရေးထားတဲ့ အချိန်ဇယားကို ဘယ်လိုကြည့်ရမှန်းနားမလည် ဖြစ်ဖူးသည်။
မသိတာအတွက် တခါမျှတော့ရှက်ဖွယ်ဟု မတွေးဖူးပါ။
လူတိုင်းဟာ မယဉ်ပါးတာကို မသိတာ သဘာဝပင်မဟုတ်ပါလော။
လူတိုင်းသည် မွေးကတည်းကမည်သူမျှ အလိုလိုမတတ်ပေ
သင်ယူခြင်းဖြင့် တတ်မြောက်ခြင်း(အသိ)ဟူသည်က
ပေါက်ဖွားသည် ကို ယုံကြည်ခြင်းကြောင့်ဖြစ်သည်။
တချို့မသိသောအရာတွေက သင်ယူတတ်မြောက်သင့်ငြား
တချို့မသိသောအရာတွေက မသိသည့်အတိုင်း ထားလိုက်တာကောင်းသည်။
သို့ သိသောသူ ပြောသည်ကို နားထောင်လိုက်သည်ကကောင်းသည်။
အဘယ့်ကြောင့်ဆိုသော လူ့ဘ၀တိုတိုတွင် အများကြီး အရာရာနှံ့စပ်အောင်
လုပ်ဖို့ အချိန်ရှိသည် မထင်သဖြင့်ပင်။
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေ...
May 27, 2010
မသိခြင်းများ
4:34 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


6 comments:
ပဟေဠိ အဖြေညှိ...
ဥရောပနိုင်ငံ တခု
ပိုစ့်ခြောက်ခု....:P
တခါတခါကျ သိထားပြီးသားတွေ ပြန်မေ့ပစ်ချင်တယ်။
မနွယ်လေး
ညီမ သိသွားပြီနော် ကျေးဇူး ခစ်
ရီတာပြောမှ ဟုတ်သား
သိထားပြီးမလိုတာတွေလည်း မေ့ပစ်သင့်တာထည့်ရေးလိုက်ရင် ကောင်းသား
:)
မသိချင်ဘူး မသိချင်ဘူး မသိချင်ဘူး..
နောက်တား))
သိစရာ တတ်စရာတွေများလာလေလေ အဲဒါတွေနဲ့ ဝေးရာကို သွားပြီး သိသမျှ သွန်ပစ်ချင်လာလေ..။ ဘယ်လိုလုပ်ရမလဲ ညီမလေးရယ်..
ခစ် မညရယ် မလိုတာတွေကလွှင့်ပစ်ပလိုက်
ညီမဆို မလိုဘူးထင်လို့လွှင့်ပစ်တာတွေများတော့
လိုချိန်ကျ လိုက်ရှာကောက်ရတာ...အဟားဟား
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ