♪♪.ကျော်နှင်းဆီလွင်.♪♪

May 19, 2010

မိုက်သော

ခုတလော....
ခုတလော သိပ်အိပ်ငိုက်တယ်
မနက်ဆိုရင် နေမြင့်အောင် အိပ်လို့မရပဲ
နေ့လည်ခင်း တရေးမှေးရင်တောင် နာရီဝက်ထက်ပိုလို့မရတဲ့
ပင်ကိုယ်မူကိုတောင်အံ့သြရလောက်အောင်
အရမ်းအိပ်နေတယ်
မထချင်ဘူး....

ဘလော့ဂ်လည်းရေးချင်သား
သိပ်လည်းမအားလပ်ခဲ့ဘူး
ရေးစရာအကြောင်းလည်းသိပ်မရှိခဲ့ဘူး
ပြီးတော့ အာရုံတွေလည်းနောက်နေလို့
ရေးချင်စိတ်ပျောက်ခဲ့တာလည်းဖြစ်မယ်

စီးကရက်သောက်ချင်တယ်
ခုတလော စီးကရက်နှစ်ဘူးဝယ်ရင်
မှန်တို့မီးခြစ်တို့အိတ်တို့လက်ဆောင်ပေးနေတာတွေ
တွေ့ရတော့ ၀ယ်ချင်စိတ်ပေါက်တယ်
ဒီကြားထဲ အငွေ့မထွက်တဲ့စီးကရက်တဲ့
zero styleဆိုပဲ ဂျပန်မှာစပေါ်နေလေရဲ့
ဒါပေမဲ့ စီးကရက်ဟာ စီးကရက်ပါပဲ
အဟားဟ
ကိုယ်က စီးကရက်သိပ်ကြိုက်တယ်
လူဆိုးပါ....
ဒါပေမဲ့ သူများကိုအနှောင့်ယှက်ဖြစ်စေတာတော့
မနှစ်သက်ဘူး။
ဒါကြောင့်တယောက်ထဲ ဆိတ်ငြိမ်စွာ သောက်လေ့ရှိတယ်
ကိုယ့်အနားခွင့်မတောင်းပဲသူများလာသောက်လည်း
သိပ်နှစ်မြို့လေ့မရှိဘူး။
အနံ့မခံနိုင်လို့တော့မဟုတ်ဘူး။
ဒါပေမဲ့ဖြတ်ထားတာနည်းနည်းကြာပြီ
သောက်ခဲ့တာလည်းသိပ်မကြာခဲ့ပါဘူးလေ...
စွဲလည်းမနေခဲ့ဘူး
ကိုယ်က စွဲရတာ မဖြတ်နိုင်တာ မပြတ်သားနိုင်တာကို မကြိုက်တာ....
အထီးကျန်ခဲ့တဲ့ ဂျပန်ကတကိုယ်ရည်နေ့ရက်တွေကစတဲ့ဇာတ်လမ်းပေါ့..

အရက်တော့မကြိုက်ပါဘူး
ခါးလို့...ပြီးတော့ အသိစိတ်ပျောက်တတ်လို့
သိပ်မနှစ်သက်ဘူး
နောက်တခုက အရက်မူးရင် ရမ်းခွင့်လိုင်စင်ရတယ်လို့
ထင်လေ့ရှိသူ အများစုရှိသော မြန်မာပြည်ကလာတာမို့
မနှစ်သက်ဘူး။
သို့ငြား မူးပြီးမရမ်းသူ တွေ့ရင်တော့ စိတ်ထဲကချီးကျူးတယ်
ပါတီတွေမှာ တခါတလေ ကော့တေးတော့မော့တာပဲ

ဒီမှာတော့ သူများကိုရမ်းတဲ့သူ တခါမှမတွေ့ဖူးဘူး
အန်ပြီး မှောက်ကြတာပဲ ဒါလည်းအန္တရာယ်တော့များတာပဲ
ဒါပေမဲ့ ကြိုက်လို့သောက်သူတွေကိုလည်း မရှုံ့ချပါဘူး
ကြိုက်ရာလုပ်ကြ ကိုယ့်အခွင့်ရေးပဲ ...
တခုပဲ ရှိတယ် မူးရင် စကားလာမများနဲ့
နားမထောင်ချင်ဘူး

ဘလော့ဂ်ရေးဖို့တော့ပစ်ပ်တွေရွေးတဲ့အခါ
အလေးကြီးတွေ စဉ်းစားနေမိတယ်
ဒါဟာ အတ္တနဲ့ သိကက္ခာတည်ဆောက်ခြင်းတမျိုးပဲဖြစ်မယ်
မိမိကောင်းကြောင်းနဲ့ လူအထင်ကြီးစေမှာတွေပဲရေးနေမိတာ
တကယ်တမ်းတော့လောကမှာ ချာလီချက်ပလင်လိုလူတွေလည်း
အများကြီးလိုအပ်ပါတယ်
ဟစ်တလာလိုမဖြစ်သွားဖို့ပဲ အရေးကြီးတာ

အဲလိုနဲ့ဒီညတော့ မိုက်တာတွေ ဖွင့်ချလိုက်တယ်

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ....


15 comments:

စူးနွယ်လေး said...

ဖွာတတ်ရုံ ဖွာကြည့်ဖူးတယ်...မောင်လေးကိုဆရာတင်ပြီး...
ဒါပေမယ့် မသောက်ချင်လို့ တခါမှမသောက်ဖြစ်ခဲ့ဘူး...လိမ္မာလားဟင် :P

ကျော်နှင်းဆီလွင် said...

မရဘူး မ
စာရင်းဝင်သွားပြီ
ခစ်
အဖော်ရသွားပြီ
နောက်တာပါ...
အဲဒါပိုလိမ္မာတာပေါ့
;)

khun thadar said...

အော်.... သူလည်း လူဇိုးကြီးထဲကတယောက်ကိုး...း)
ခွန်ကတော့ ဆေးလိပ်နံ့ရတာနဲ့ ခေါင်းထိုးကိုက်တော့တာဘဲး(
နဂိုကအဆုတ်မကောင်းတမို့ ဆေးလိပ်သောက်တဲ့လူနား
၃ရက်လောက်သာနေလိုက် နောက်နေ့ ကျောအောင့်လာပြီသာမှတ်...း(
ဒါပေမယ့် ယောက်ျားလေးတွေဆေးလိပ်သောက်တဲ့စတိုင်ကိုတော့
တအားကြိုက်တယ် ဟီး....
ဒီမှာနေကြာတော့ မိန်းကလေးသောက်ရင်လည်း ဘယ်လိုမှမနေတော့
ပါဘူး။ကိုယ်မသောက်ပေမယ့် လူများသောက်တာတော့ မရှုံချပါဘူး။
လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိကြတယ်မို့လား မရဲ့။
လူဘ၀တိုတိုလေးမို့ စိတ်ချမ်းသာမယ်ထင်တာအကုန်လုပ်ခွင့်ရှိတယ်
လို့ထင်တယ်။ဒါပေမယ့် အဲဒါဟာ ကိုယ်မဟုတ်တဲ့ တခြားဘယ်သူ
တဦးတယောက်ကိုမှ အနှောင့်အယှက်မဖြစ်တဲ့အရာတော့ ဖြစ်ရမယ်။
လို့ ခွန်တော့ထင်တယ်။ဟုတ်လား အစ်မ။
ကျန်းမာရေးတော့ ဂရုစိုက် မရယ်....

ခွန်

Rita said...

(တကယ်တမ်းတော့လောကမှာ ချာလီချက်ပလင်လိုလူတွေလည်း
အများကြီးလိုအပ်ပါတယ်
ဟစ်တလာလိုမဖြစ်သွားဖို့ပဲ အရေးကြီးတာ)

:)))
Great!

ကျော်နှင်းဆီလွင် said...

ခွန်ရေ
ညီမက မိန်းမဆန်တဲ့ပုံလေးမို့
ဒါဟာလည်းတကြောင်းဖြစ်ပါလိမ့်မယ်

ကိုယ်မဟုတ်တဲ့ တခြားဘယ်သူ
တဦးတယောက်ကိုမှ အနှောင့်အယှက်မဖြစ်တဲ့အရာတော့ ဖြစ်ရမယ်။

အဲဒီ့အချက်တော့ သိပ်ကြိုက်တယ်
အဲဒါကိုကွဲပြားဖို့ဟာ အဓိကပွိုင့်ပဲနော်...

ရီတာရေ
;)
:)

မြရွက်ဝေ said...

တခါဖွာဘူး ဆိုးစာရင်းဝင် ဆိုရင်တော့ ဝင်သွားပြီ။
တကယ်က ဆေးလိပ်အနံ့ လုံးဝမခံနိုင်ဘူး။
ခေါင်းတွေကိုက် လည်ချောင်းယားလို့ အံချင်လာတာ။
တနေ့လုံး နေလို့မကောင်းတော့ဘူး။
ဘာလို့ ဆေးလိပ်ကို သောက်ကြလဲ သိချင်လို့ ကလေးဘဝတုံးက ခိုးသောက်ဘူးတယ်။
ဆေးပေါ့လိပ်ကြီးလေ၊ တခါဖွာလိုက်တာ မွှန်ထူပြီး ချောင်းဆိုးလို့ လည်ချောင်းလဲနာပြီး အတော် သင်ခန်းစာရသွားတယ်။ ;)
ဆေးလိပ်သောက်တဲ့သူ ကွမ်းစားတဲ့သူဆို လုံးဝ ရည်းစားမထား မယူဘူးလို့ကို မှတ်သွားတာ။
သောက်တာလဲ ဒီလိုဘဲ စမ်းဘူးတယ်။
စမ်းဘူးတယ်လို့ ပြောရမှာထက် အဖေတိုက်တာလို့ ပြောရမယ်။
ကလေးဆိုတော့ အဖေသောက်တာ ဘာလဲဆိုပြီး သွားငေးနေလို့ အဖေက သောက်မလားဆိုတာနဲ့ သောက်လိုက်တာလေ။
လျှာနဲ့ထိတာနဲ့ ခါးတူးပြီး လည်ချောင်းလဲ ပူဆင်းသွားတာနဲ့ အတော်လန့်သွားတာ။
ဂျပန်မှာဆိုရင်တော့ 未成年ဆိုပြီး မိဘတွေ အရေးယူခံရကိန်းရှိတယ်။
အဖေကတော့ မစမ်းကြည့်ဘူးရင် တချိန်ချိန် သူများလိမ်တိုက်ရင် မသိမှာစိုးလို့လို့ ထင်တယ်။
ကိုယ့်သဘောနဲ့ကိုယ် သောက်နိုင်တဲ့အချိန်၊
မိန်းကလေး အရက်သောက်တာ အဆန်းမဟုတ်တဲ့နိုင်ငံမှာရောက်နေလဲ
မကြိုက်တာမို့ မသောက်ဖြစ်ပါဘူး။
ချိုရင်တော့ သောက်ဖြစ်မယ်ထင်တယ်။ :D
မိုက်စာရင်း ဝင်သွားပြီဟုတ်။ :P

ကျော်နှင်းဆီလွင် said...

ခစ် အဖော် ၃ယောက်ရသွားပြီ
အနံ့မခံနိုင်တာတော့ စံပါပဲ
မှတ်မှတ်ရရကို သတိရနေပါသေးတယ်။

အဖေက မိုက်တယ်နော်
ဦးလေးတယောက်ကို သွားသတိရတယ်
သားကခဲကိုမိုးပေါ်ပစ်တာ တခါပဲပြောတယ်
ဆက်လုပ်တာကို မတားဘူး
တို့အဖေကအန္တရာယ်များတယ် ပြောပေမဲ့မတားခဲ့ဘူး
ပြီးတော့ သားကမျက်နှာခဲမှန်ပြီး ငိုတော့မှအနားသွားပြီး
ခဲကောက်ပြီး မိဘကအကောင်းပြောတာနားမထောင်ချင်ဘူး
ရော့ ထပ်ဆော့ဦးတဲ့
ခစ် ခလေးကနာနာနဲ့ငြင်းရင်းငိုလိုက်တာ
:D

လသာည said...

ကျော်ရေ..

အရေးပေါ် shizuoka ကို သွားလိုက်ရတာနဲ့ နောက်ကျသွားတယ်။
ဘယ်လိုလဲ နေကောင်းသွားပြီလား..
မိုက်တာတွေ ရင်ဖွင့်ထားတော့ သဘောကျပြီး ပြုံးဖြစ်သေးတယ်။
မိုက်ချင်တဲ့အခါ မိုက်သင့်တယ်ထင်တဲ့အခါ မိုက်သာမိုက်ပစ်၊ အစ်မလည်း အဲလိုပဲ....
ခပ်မိုက်မိုက် မိုက်ကြစို့ (ချစ်ကြစို့)း))

မီးခိုးမထွက်တဲ့ ဆေးလိပ်က အခုလောလောဆယ် တိုကျိုမှာပဲ ရပြီး ယမ်း၃၀၀ဆိုတော့ ဈေးနည်းနည်းကြီးသလိုနော်။ ဒါပေမယ့် မီးခိုးထွက်တဲ့ စီးကရက်လောက် မကောင်းဘူးတဲ့.. .။ မီးခိုးထွက်တဲ့ စီးကရက်က ဂျိမ်းစ်ဘွန်းလို့ ခပ်မိုက်မိုက် မီးခိုးငွေ့ကို မှုတ်မထုတ်ရတော့ kakko yokunai တဲ့..း)) ။ တချိန်တော့ နာမည်ကြီးလာမယ်ထင်ပါရဲ့...။
အဲကျ ကျော် အဖော်ရအောင် အစ်မလည်း လာသောက်ဦးမယ် ဟဟား..

ကျော်နှင်းဆီလွင် said...

ခစ် ကောင်းသွားပြီမရေ
မရေးထားတာဖတ်ပြီး တအားရယ်လိုက်တော့
အခိုးတွေပွင့်ပြီး နေကောင်းသွားတာ
မညနော် စီးကရက်အကြောင်းဘယ်လောက်များမသိသလည်းလို့
ယမ်း ၃၀၀ တဲ့ ဘာတံဆိပ်ဝယ်ဝယ် ယမ်း၃၀၀က ၇၀ရာခိုင်နှုန်းမရဲ့။ ကျန်တဲ့အနည်းစုက အပုလေးတွေဆို ၁၅၀၊ ကျန်တာတွေက ၃၂၀၊ ၃၄၀၊ ၃၅၀ ခစ်
အဲ့လို နှံ့စပ်တာ။
ဟုတ်ပါ့ စီးကရက်ဆို အငွေ့ထွက်တာက စတိုင်မိုက်တယ်နော်
အမလာမယ်ဆို ညီမက ပျော်သွားတယ် အဖော်တိုးလာပြီ
:D

nu-san said...

စီးကရက်ကိုတော့ အမ အနံ့မခံနိုင်ဘူး.. အခုနောက်ပိုင်းဆို သူများတွေ သောက်တာ ရှုမိရင်တောင်လေ အသက်ရှုကျပ်လာတယ်.. နဂိုကလည်း အဆုတ်မကောင်းတာ ပါတာပေါ့.. အဟီး.. အရက်လား.. umeshu တော့ ကြိုက်တယ်ညီမရေ.. ရုံးက ပါတီတွေ ဘာတွေဆို umeshu ပဲ သောက်တာများပါတယ်.. အခုတော့ လိမ်မာနေရတာပေါ့နော်.. :D

ကျော်နှင်းဆီလွင် said...

umeshu ကြိုက်ရင်တော့ မြရွက်နဲ့ ၃သောက် အဖော်စပ်ပြီး သွားသောက်လို့ရပြီ ခစ်
ညီမလည်းဖြတ်တာအဲဒါပေါ့နော် အသက်ရှူမ၀လို့
:D

SHWE ZIN U said...

စီးကရက် ကို ကြိုက်တတ်ရင် ....

ကော့တေး ဆိုတော့ အရက်တမျိုးထဲ သောက်တာထက် ပိုမူးမယ်ထင်တယ်..

ဖြတ်တာ လွယ်ပါတယ် .. ခဏခဏ ဖြတ်မိတယ်..

မူးရင်ကောင်းတာပေါ့ .. လောက ကြီးရဲ့ အမှန်တရား တွေနဲ့ ကင်းကွာနေရတာ နဲတဲ့ ကုသိုလ် လား.. ဟား..ဟား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကျော်နှင်းဆီလွင် said...

အမှန်တော့ ညီမက အုမဲရှုရော ခရှိစုအောရင်းဂျိ ရော စပ်တာမှန်သမျှ အလွယ်ကော့တေးခေါ်တာပါ
ခစ်
သိပ်တွဲမလုပ်ဖူးဘူးမရဲ့
စီးကရက်သောက်ရင် အရည်တွေမသောက်ချင်တော့ဘူး
ပိုတော့မူးသလိုပဲ
အဟဲ

Anonymous said...

ဟေ .................
ကျော်နှင်းဆီလွင်က စီးကရက်သောက်တယ်တဲ.လား။

ကျော်နှင်းဆီလွင် said...

သောက်တာထက် ကြိုက်တယ်လို့ဆိုရမယ်ထင်တယ်
မိန်းမစီးကရက်သောက်တာ အဲလောက်အံ့သြစရာကောင်းလားဟင်
:)))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews