ဒီနေ့ကတော့အတော်လေးစိတ်ထဲမကောင်းဖြစ်ရတဲ့နေ့ပါ။
စိတ်မခိုင်လို့ငိုတောင်ငိုချင်ပါတယ်။
မြန်မာပြည်မှာရေဒုက္ခရောက်နေရတဲ့ပုံတွေကိုကြည့်ပြီး
တကယ့်ကိုစိတ်ထဲမကောင်းဖြစ်မိပါတယ်။
မြန်မာပြည်မှာရှိတဲ့သူငယ်ချင်းကိုတဆင့်ရေလှူငွေပို့ဖို့စဉ်းစားပြီး
သူငယ်ချင်းကိုဆက်သွယ်နေပါတယ်။
ကံကံရဲ့အကျိုးတွေပေါ့လေ။
တကယ်တမ်းဘုရားဟောတရားအရဆိုလျှင် မည်သူမပြုမိမိမှုပါပဲ။
ဒီလိုဖြစ်လာတဲ့ကံအကျိုးဆက်တွေဟာ ရှေးကမိမိလုပ်ခဲ့တဲ့ကံအကြောင်းတွေပါပဲ။
ဒါကိုဒီဘ၀မှာနားလည်ပြီး ကံကောင်းရလေအောင်
ဖြည့်ဆည်းကျင့်ကြံစိတ်ထားသွားနိုင်ကြရင်သိပ်ကောင်းမှာပဲလို့
တွေးမိပေမဲ့ ပုထုဇဉ်သဘော ကိုယ့်ဘာသာကိုယ်တောင်
ဒီစိတ်ကလေးလွဲမသွားရအောင်ဆိုတာ ထိန်းရအလွန်ခက်ပါတယ်။
သတင်းကြားသူများ နည်းနည်းပဲဖြစ်ဖြစ် နိုင်သလောက်လေး
စေတနာအပြည့်နဲ့လှူနိုင်ကြပါစေရယ်လို့။
အားလုံးပဲကျန်းမာချမ်းသာဘေးဘယာကပ်များကင်းဝေးကြပါစေ။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
10:32 PM
ကျော်နှင်းဆီလွင်


10 comments:
ကံကံ၏ အကျိုးလို့ ကိုယ်မထင်ပါဘူး။
ဒါ သဘာဝဘေးလို့ခေါ်တဲ့ ကပ်တမျိုးဖြစ်မှာပါ.။
မည်သူမပြု မိမိမှုဆိုတော့ အထဲကလူတွေကပဲ မကောင်းမှုတွေပြုနေလို့ ဒီလိုခံစားနေရတာလား မေးချင်ပါတယ်
ဒါဆို ကမ္ဘာကြီးပေါ်မှာ ရှိသမျှလူသားတွေ .. သဘာဝဘေးကြောင့် အစာရေဆာမရှိ ရေမရှိတဲ့နေရာတွေမှာ မွေးဖွားလာသူတွေအားလုံးဟာ မည်သူမပြုမိမိမှုတွေကြောင့်လား။ သဘာဝကြောင့်မဟုတ်တော့ဘူးလား
ဆင်းရဲနေသူအားလုံး ချမ်းသာနေသူအားလုံးကိုကံကိုပဲ ပုံချတော့မှာလား။
ဒါဆို ကံကောင်းအောင်ပဲလုပ်ပီးနေရတော့မှာပေါ့။
တခုခုတော့မှားနေသလိုပဲ။
ဒါ..ကံမဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမရှိတာရယ် ကမ္ဘာကြီးပူနွေးလာမှုရယ်ကြောင့်ပါ။ ကံကြောင့် လုံးဝမဟုတ်ပါဘူး
သိပ်ကိုသေချာတာကတော့ အဲဒါကံပေါ့အမရဲ့
ဒါဘုရားဟောတရားပဲလေ
ကံဆိုတာကိုက အနက်ဘာသာပြန်ရင် အလုပ် လေ။
အမငြင်းလိုရင်မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုဆန့်ကျင်မှပဲ
ရမယ်။
တကယ်လို့အမကဘာသာကွဲဆိုရင် ၂ဦးလုံးဟာ
လွတ်လပ်စွာ ကွဲပြားပိုင်ခွင့်ရှိတာမို့
အတွေးခေါ်တူညီအောင် ညှိစရာမလိုသလို ငြင်းခုန်စရာလည်းမလိုပါဘူး။
ဘာကြောင့် နိုင်ငံကောင်းတခုထဲ မိသားစုကောင်းတခုထဲမှာ
အကုန်တူညီစွာ သွားမမွေးဖွားကြတာလည်း။
ဘာကြောင့်သဘာဝကပ်ဖြစ်တဲ့နေရာမှာမှ လူဖြစ်လာကြရသလည်း။
ခုဘ၀မဟုတ်ရင်တောင် အရင်ဘ၀ကပြုခဲ့တဲ့
ကံရဲ့အကြောင်းဆက်တွေပဲ။
မြင်ရသော နဲ့ မမြင်ရသောသာ ကွာပါတယ်။
ဒါဟာ မိမိလုပ်ခဲ့သောအလုပ် (ကံ)ကို မမြင်သိပါပဲ
မိမိခံစားနေရသော အကျိုးတွေပေါ့။
အမပြောတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မရှိတာရယ်
ကမ္ဘာကြီးပူနွေးလာတာရယ် ဒါတွေကလည်း လူတွေလုပ်တဲ့
အလုပ်(ကံ)ကြောင့်ဖြစ်လာတဲ့အကျိုးဆက်ပဲလေ။
ဒါကို ဘာနဲ့ပြန်ဖာထေးမလည်း ဆိုတော့
ကံ (အလုပ်)နဲ့ပဲ ပြန်ပြင်ရတာပဲလေ။
သဘာဝထိန်းသိမ်းရေးတွေလုပ်မယ်
လူတဦးချင်းစီက ကိုယ်ပိုင်အသိစိတ်နဲ့စည်းကမ်းလိုက်နာမယ်
နိုင်ငံတွေအချင်းချင်းပူးပေါင်းပြီးသဘောတူညီချက်စာချူပ်တွေချူပ်
လိုက်နာထိမ်းသိန်းကြမယ်။
ဒီလိုနည်းနဲ့ အရင်ပြုခဲ့တဲ့ မိမိ အလုပ်(ကံ)ကြောင့်
ဖြစ်လာခဲ့တဲ့ အကျိုးဆိုးတွေကို
လက်ရှိအလုပ် (ကံ)နဲ့ ကောင်းအောင်ပြင်ရတယ်လေ။
အနာဂတ်ကို အကျိုးဆက်ကောင်းတွေဖြစ်လာအောင်
လက်ရှိအလုပ် (ကံ)နှင့် ကြိုတင်လုပ်ထားကြရင်
အမပြောတဲ့ ကမ္ဘာကြီးပူနွေးလာမှုကိုလည်း လျှော့ချနိုင်မှာပေါ့။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့
အရင်ဘ၀ နောက်ဘ၀ဆိုတာတွေ ကိုယ်တိုင်မတွေ့မြင်နိုင်တာမို့
အရင်ဘ၀လုပ်ခဲ့တဲ့ကံတို့ ဘာတို့ ယုံရခက်
သက်သေပြရ ခက်ပေမဲ့လည်း
လက်တွေ့ပစ္စုပန်ကြီးရဲ့ လည်ပတ်မှုကိုမြင်တွေ့သုံးသပ်ကြည့်ရင်
သဘောတရားက တူနေတာပါပဲအမ။
နောက်ဆုံးအနေနဲ့ကတော့
ညီမပြောတာ လက်မခံလည်း အမလွတ်လပ်စွာ
ယုံကြည်ခွင့် ကွဲပြားခွင့်ရှိပါတယ်။
ဒါဟာ အမရဲ့ မွေးရာပါအခွင့်ရေးပါ။
ခုချိန်ဟာ ဗုဒဘာသာကိုပြေးမြင်တယ်ဆိုရင်တော့ ညီမကတော်တော့်ကို ဘာသာတရားကိုင်းရှိုင်းသူပဲ
မေးပါရစေ..
ကမ္ဘာကြီးပူနွေးလာတာ ကံလား
သဘာဝဘေးအျန္တရာယ်တွေဖြစ်နေတာဟာကံလား
ပတ်ဝန်းကျင်ဖျက်ဆီးနေရတာတွေဟာကံလား
ကံဆိုတာဘာလဲ သေချာစွာခွဲခြားမြင်တယ်ဆိုရင်တော့ ညီမဟာ သောတာပန်အဆင့်နီးပါးဖြစ်နေပီပေါ့။
မြတ်စွာဘုရားကိုဆန့်ကျင်တာဟုတ်မဟုတ်ဆိုတာ မြတ်စွာဘုရားရှင်လက်ခံကောင်းလက်ခံမှာပါ.
အခုဖြစ်နေတာ တကမ္ဘာလုံး သဘာ၀၀န်းကျင်ပြောင်းလဲမှုတွေကြောင့်ဖြစ်နေတာ
ဒါဆို ညီမက ကံပဲပြောဦးမလား
ငလျင်ဖြစ်တာကံတွေကြောင့်လား
ရေတွေကြီူတာ မုန်တိုင်းထန်တာ မီးလောင်တာအားလုံးကံတွေလား
ကံဆိုတာ အဲဒီထဲကမှ သေကံမရောက်သက်မပျောက်ဆိုတဲ့စကားအတိုင်းကံကောင်းတယ် ကံဆိုးတယ်ဖြစ်တာ။
ထပ်တူကျတဲ့ ကံဆိုးမှုဆိုတာ အဲဒီကနေထိုင်နေတဲ့လူတွေအကုန်လုံးလုပ်ယူလိုက်တာမဟုတ်ဘူးဆိုတာတော့ သိထားပါ။
ဘာသာတရားဆိုတာလဲ အခြေံခံသဘောတရားကနေပဲဆင်းသက်လာတာပါ.
မျက်စိမှိတ်ပီး ယုံကြည်မှုတခုကို ဘာသာတရားနဲ့နွယ်ပီးတော့ လိုက်မခံနိုင်ပါဘူး
သဘာဝအမြင်ကို ကံနဲ့နှိုင်းစရာကိုမထင်ပါဘူး။
ကံဆိုတာ ..အခုအချိန်အခုလိုနေရာမျိုးမှာပြောထွက်လိုက်တဲ့ ညီမကိုတအားကိုအံ့သြပါတယ်။
ညီမပြောလိုက်သေးတယ်..မည်သူမပြုမိမိမှုဆိုတော့
အထဲကခံစားနေရတဲ့သူတွေကိုပါ အရင်ဘ၀ကနင်တို့မကောင်းတာလုပ်လို့ အခုလိုခံနေရတာဟေ့လို့ပြောနေတယ်လို့ကော မထင်မိဘူးလား
ပထမပြန်ဖြေတည်းက အဓိပါယ်တွေအားလုံးဟာ
ရှင်းလင်းစွာရေးထားပြီးသားပါ။
အမေးနဲ့အဖြေ
ခုလိုတွေလွဲနေတယ်ဆိုတည်းက
အယူမတူ အတွေးမတူတဲ့သဘောပဲလေ
ဲအဲလောက်ရေးထားတဲ့စာအနက်ကိုနားမလည်လို့
ဒီလိုစာပြန်တယ်လို့ယူဆပါတယ်။
ဒါကြောင့် ထပ်ရှင်းစရာလည်း မလိုအောင် ရှင်းနေပြီးသား
အဖြေမို့ ဆက်ပြောချင်စိတ်လည်း မရှိပါဘူး။
အမကြိုက်သလိုယူဆပါ
ညီမလည်းညီမကြိုက်သလိုယူဆနိုင်ခွင့်ရှိတယ်။
ညီမဘလော့ဂ်ကို မကြိုက်ရင်လာမဖတ်နဲ့ အမ။
အဲဒါ အမလွတ်လပ်ခွင့်ပဲ။
ညီမအယူဆအတွေးကိုလည်း လာဝေဖန်ကဲ့ရဲ့စရာမလိုဘူး။
ဒါညီမလွတ်လပ်ခွင့်။
မဆိုင်တာတွေတော့ လာမရေးစေချင်ဘူး။
ရေဒုက္ခသတင်းတွေကြားရတာ စိတ်မကောင်းဘူးရယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ၀ိုင်းဝန်းကူညီကြတာပေါ့..။
မညရေ
စိတ်ရှုပ်စရာတွေ တွေ့အောင်
လုပ်မိသလိုဖြစ်တာ ခွင့်လွှတ်နော်
:)
အမလေ အင်းလေးကန်ဓာတ်ပုံတွေ မြင်တော့ တော်တော် အံ့သြသွားတာ.. အိမ်ကို ဖုန်းဆက်လိုက်တိုင်းလည်း ရာသီဥတု အရမ်းပူတယ်လို့ ပြောကြတယ်.. ဒီကြားထဲ မီးကမလာ..ဒီလို သဘာဝဘေးဆိုးတွေကနေ အမြန်ကင်းလွတ်ကြပါစေ.. မိုးလည်း အမြန်ရွာပါစေ.. လေမပါပါစေနဲ့လို့ ဆုတောင်းရမယ်...
ဟုတ်တယ်မရယ် သဘာဝတွေအတော်ကိုဖောက်ပြန်နေတာနော်။
မေလည်းပြောတယ် နေ့လည်စာဆို သိပ်မစားနိုင်ဘူး။ အိမ်ပြင်မထွက်ရဲဘူးတဲ့။ မိုးမြန်မြန်ရွာဖို့ဝိုင်းဆုတောင်းရုံပဲရှိတယ်နော်။...
ရောက်တယ်။ အသစ်တင်တာ တွေ့သလားလို့ ဒီရောက်တော့ မရှိတော့ဘူး..။ အစ်မမှားတာ ထင်ရဲ့ :D
Voice က အယ်ဒီ့တာအာဘော်ကိုသိပ်ကြိုက်လို့
တင်ပြီးမှ ဂျာနယ်တချို့က ကူးယူဖော်ပြခွင့်ပြုလေ့
မရှိတာမို့ မသေချာတာနဲ့ ပြန်ဖျက်လိုက်တာ မ
ခွင့်လွှတ်နော်
:D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ