ရှင်ဂျုကု ဖုံးဆိုင်မှာ သူငယ်ချင်းက ဖုံးအသစ်တလုံးလုပ်နေဆဲ
အရင်ညက မေ့ပြီးအားမသွင်းမိတဲ့ကိုယ့်ဖုံး အားကုန်သွားပါလေရော
အဲလိုနဲ့ ဆိုင်ဝန်ထမ်းကို အားသွင်းတာ ပေးသုံးဖို့ ရီကွပ်စ်လုပ်တဲ့အခါ
၂၀မိနစ်ကို ယမ်း၁၀၀နဲ့ အားသွင်းနိုင်သတဲ့။ (ဈေးက ယမ်း၂၀၀လား မမှတ်မိတော့ပါ)
အဲလိုနဲ့ အားနာစရာလည်းမလို အားသွင်းခဲ့တာမို့ အတော်ကိုအဆင်ပြေသွားပါတယ်။
ရှင်ဂျုကု ဘူတာ အရှေ့ 東口ကထွက်ပြီး ရှေ့က ကွင်းကျယ်ကြီး ကားလမ်းမကြီး အစပ်ထိ
လျှောက်ပြီး ကားလမ်းမတလျှောက် ညာဘက်ကိုသွား ကားလမ်းသွယ်လေးကူးလိုက်တာနဲ့
ဖုံးဆိုင်တခုကို လမ်းထောင့်မှာ တွေ့ရမှာပါ။
အဲဒီ့ဆိုင်ထဲဝင် ညာဘက်မှာ ဓါတ်လှေခါးရှိပါတယ်။
၅ထပ်မှာ ဖုံးအားသွင်းနိုင်ပါတယ်။
ဂျပန်လိုစာရေးထားပါတယ်။
ငွေထည့်၊ ဖုံးကိုပလပ်တပ်၊
တခုကောင်းတာက မိနစ်၂၀အတွင်းဖုံးကိုထားခဲ့ပြီး ကိုယ်က လျှောက်ပတ်ကြည့်လိုလျှင်
ဖုံးကို ထည့်ပြီး အဖုံးကိုပိတ်ပြီး လော့ခ်နံပါတ် မိမိကနှိပ်(သတ်မှတ်ပြီး) ထားခဲ့လို့ရခြင်းပါ။
ကိုယ်ကတော့စသုံးခါစမို့ ရုတ်တရက်ကြောင်သွားတယ်။
ကိုယ်ကသူငယ်ချင်းနဲ့မေးလ်နှိပ်နေတာမို့ လော့ခ်လုပ်လို့မဖြစ်ဘူးလေ။
စက်ကပြောရှာတယ် ဖုံးထည့်ပြီးအဖုံးပိတ်ပါတဲ့။
ကိုယ်ကအဖုံးတော့ပိတ်တယ်။ ဖုံးတော့မထည့်ဘူး။
ရေးထားတဲ့စာကိုလည်း ပြီးစလွယ်ကျော်ဖတ်တယ် ။
လော့ခ်နံပါတ်နှိပ်ဆိုတော့နှိပ်လိုက်တယ်။ ဖုံးကိုကျတော့အပြင်မှာ ထုတ်သုံးရင်းနဲ့။
စဉ်းစားလိုက်သေးတယ်။ လော့ခ်နံပါတ် သတ်မှတ်ခိုင်းစရာလားလို့။
ရယ်ရသား၊ တလွဲတွေ။
သူငယ်ချင်းရောက်လာတော့ ဆံပင်ဆိုင်သို့ခရီးဆက်ပါတယ်။
တကဒါနိုဘာဘာက Earthပါ။ အတော်များများသိကြမယ်လို့တော့ထင်ပါတယ်။
မဆိုးဘူး။ ကိုယ်အတော်သဘောကျသွားတယ်။ ငွေကုန်ရကျိုးနပ်ပါတယ်။
လျှော်ညှပ် ရှေ့ဆံပင်ဖြောင့် ပေါင်းတင် ၁သောင်း၃ထောင် တန်ပါတယ်။
အဲဒီ့အရင်အပတ်ကတင် တသောင်းနဲ့ ညှပ်လျှော်ဆေးဆိုးလုပ်ခဲ့တာ
သဘောမကျခဲ့တာမို့ပါ။
ခုတော့ဆိုင်ကပေးလိုက်တဲ့ မိတ်ဆက်ကဒ်ပြား ၅၀ရာခိုင်နှုန်းကဒ်တခု
ရလာတာမို့ သွားလိုသူများ မေးလ်ပို့ကြပါ။ အဟားဟား
တကယ်ပြောတာပါ။ ကိုယ်မှသွားလို့မရတာ။ စာတိုက်ကပို့ပေးမှာပေါ့။
ဒါကတော့ ဖုံးအားသွင်းတဲ့စက်ကလေးပါ ပလပ်လေးတွေရဲ့အပေါ်မှာ
အဖုံးညိုကြည်ရောင်နဲ့ စာရွက်ဖြူကပ်လို့စာရေးထားတာ ဖုံးထည့်တဲ့နေရာပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ။
May 6, 2010
ရှင်ဂျုကုမှာ ဖုံးအားသွင်းခြင်း 新宿での携帯充電
10:11 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


4 comments:
ဟုတ်ကဲ့
ပျော်ရွှင်နေပါကြောင်း..းP
ဆံပင်ညှပ်ထားတဲ့ ဓါတ်ပုံလေး ပြဦးလေကွာ။
တလွဲကတော့ မပြောနဲ့တော့ အမြဲလွဲတတ်လွန်းလို့ မလွဲရင်တောင် မနေတတ်မထိုင်တတ်ဖြစ်နေသေးတာ ဟားဟား
မ
ကျေနပ်ဖူးနော်
နာလိုဘူးဗျို့
:D
လေပေါ။
good morning>
ခစ် ရပ်လို့မရဖြစ်သွားတာ မရဲ့
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ