အဖျားတာရှည်တယ်ဆိုတဲ့နွေရာသီအဖျားကို၎ရက်လောက်လှိမ့်ခံလိုက်ရပါတယ်
ဖျားနေတော့တချိန်လုံးဆေးသောက်ပြီးအိပ် အစာလဲသိပ်မစားနိုင်နဲ့
သူကချည်းပဲစားချင်တာတွေကောလုပ်ကျွေး၊ လုပ်စရာရှိတာတွေလဲသူပဲလုပ်တာမို့
ဒီနေ့တော့သူ့ကိုကြက်ပေါင်နဲ့ပတ်သတ်ပြီးဟင်းကောင်းကောင်းတခွက်လုပ်ကျွေးမယ်
စိတ်ကူးတော့ဘာချက်ရမှန်းမသိတာနဲ့
iPhoneထဲကInstallထပ်လုပ်ထားကာစFree Serviceတစ်ခုဖြစ်တဲ့ Nestle Recipeကို
သွားဖတ်ကြည့်တော့မထင်ဘဲ အတော်ကောင်းတာတွေ့ရပါတယ်
အရင်ဆုံးချက်ချင်တဲ့အသားကိုရွေး
ပြီးတော့ ပေါင်၊ရင်အုံ၊အသဲ စသဖြင့်ရွေး
ပြီးတော့မှ ဟင်း၊စွပ်ပြုတ်၊အမြည်းစသဖြင့်ရွေး
ပြီးတော့မှ အမျိုး၂၀ ၀န်းကျင်လောက်ထဲကမှရွေးပြီးကြည့်ရင်
ပါဝင်ကုန်ကြမ်း၊ ချက်ပြုတ်နည်းနဲ့ချက်ပြုတ်နည်းဇယားဆိုပြီးရှိတာမို့
စာအုပ်ထက်တောင်စုံလင်ကောင်းမွန်တာတွေ့ရပါတယ်
ဂျပန်လိုတွေချည်းရေးထားပေမဲ့
အင်္ဂလိပ်လိုတွေလဲ သူ့နိုင်ငံအလိုက်serviceတော့ရှိမယ်လို့ထင်ပါတယ်
ပြီးတော့အိမ်ကိုလွမ်းလို့Google Earthထဲကနေ ကိုယ်တို့အိမ်ကြီးကိုသွားကြည့်လိုက်သေး။
ပြီးတော့ဘာမှန်းမသိလို့ ရမ်းပြီးနှိပ်ကြည့်လိုက်တာပေါ်လာတယ်
လန့်သွားတယ်
ကိုယ်စီးနေတဲ့ရထားရဲ့directionအတိုင်းသူက မြေပုံပေါ်လာပြီးရထားကြီးပါခေါင်မိုးရှည်ကြီး
မြင်နေရတာလေ။
:D
အိုင်ဖုန်း ဂျူရို နှင့် နည်းပညာ တစေ့တစောင်း
-
အိုင်ဖုန်း ဂျူရို ကပေးသော
နည်းပညာ
တဖက်က ကြည့်ရင် တခြား အမှတ်တံဆိပ် တွေ က ခေါက်ဖုန်း ထုတ်တာကြာပြီ၊
တကယ်တော့ သူထုတ်တာ နည်းပညာ ပိတ်ပင်တဲ့ဟာ ကို ထိုးဖ...
2 weeks ago
5:07 PM
ကျော်နှင်းဆီလွင်


2 comments:
နေကောင်းဘူးလားဝေ့။ ခုတလောဖျားကြတယ် ဂရုစိုက်နော် ညီမလေး။ စီးပုံးဘယ်ပျောက်သွားလဲ ဟင်။ ရှာမတွေ့လို့။
ဟုတ် မရယ်
ကျေးဇူးနော်
စီပုံးသိမ်းလိုက်တာ
:D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ