အိမ်မှာညီအမလေးယောက်ရှိတယ်
အကြီး၃ယောက်ကိုဖေက ကံ၊ဥာဏ်၊၀ိရိယလို့ခေါ်ပါတယ်
အမကြီးက သိပ်ကြိုးစားတာမို့ ၀ိရိယတဲ့
ကိုယ့်ကိုတော့ ဖေက absorption သိပ်ကောင်းတယ်လို့ဆိုတယ်
ဘာကိုမဆို သင်ယူမှတ်သားလွယ်ပြီးအတတ်မြန်လို့ ဥာဏ်လို့ဆိုပါတယ်
ညီမငယ်ကတော့သူပန်းပန်တတ်တဲ့အရွယ်ရောက်ရင်စီးပွားတက်မယ်ဆိုတဲ့ဇာတာနဲ့
လာတာမို့ တကယ့်ကိုအံ့သြစရာ သူကမိဘနဲ့အတူရုန်းကန်ခဲ့ရတာမရှိရအောင်ကို
အစစအရာရာ သူ့အချိန်နဲ့သူ အရံသင့်အဆင်ပြေနေခဲ့တာချည်းပါပဲ။
ညီမထွေးလေးကတော့ဖြူစင်ရိုးသားမှုလို့ဆိုရပါမယ်
သူ့ရဲ့စိတ်စေတနာဟာအံ့သြဖို့ကောင်းလောက်အောင် သူတပါးအပေါ်အနွံတာခံပြီး
သည်းညည်းခံ စိတ်ကောင်းထားတတ်ပါတယ်။
ဒါဟာမေ့ရဲ့စိတ်ထားတိုက်ရိုက်ဆက်ခံထားသလိုပါပဲ
သို့ငြားမေက စကားပြောမလှပါ။
ငယ်ငယ်ကစာကျက်လိုက်ရင်ခဏလေးနဲ့ရတာမို့ စာကျက်ပျင်းပါတယ်
သူငယ်တန်းကနေတတိယတန်းထိ၎နှစ်ဆက်တိုက်ဆုတက်ယူခဲ့ဖူးပေမဲ့
ကိုယ်တော်လို့မဟုတ်ပဲ ဖေကောင်းလို့ဖြစ်ပါလိမ့်မယ်
ဖေက ကိုယ့်ကိုသိပ်မျှော်လင့်တာသိပါတယ်
ည၇နာရီထိစာမရလို့မအိပ်ခိုင်းပဲစာကျက်ခိုင်းတာမို့ငိုရင်းနဲ့စာကျက်ဖူးပါတယ်
မေ့ကိုအိပ်ချင်တယ်လို့ဂျီကျပြီးငိုလို့ဖေက ခြေဖ၀ါးကို ရိုက်လို့ ငိုရင်းစာကျက်ဖူးတာက
ခုထိစွဲထင်နေတာပေါ့
ဒါကြောင့်ဖေကကိုယ့်ကိုအမြဲပြောတဲ့စကားတခွန်းရှိပါတယ်
ကြိုးစားလို့ဘုရားဖြစ်တယ်ဆိုတာပဲရှိတယ်
ဥာဏ်ကောင်းလို့ဘုရားဖြစ်တယ်ဆိုတာမရှိဘူးတဲ့
Aug 25, 2009
ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်မယ်
8:41 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ