♪♪.ကျော်နှင်းဆီလွင်.♪♪

Aug 27, 2009

Hello Work, Japan မှာ အလုပ်လျှောက်ခြင်း

မနေ့ကဟဲလိုဝေါ့ခ်ကိုသွားပါတယ်
အလုပ်သွားလျှောက်တာပါ
တရားဝင်နေထိုင်သူမည်သူမဆို
(ကျောင်းသား၊မှီခို၊ခိုလှုံသူ၊အလုပ်ဗီဇာဖြင့်လက်ရှိအလုပ်လုပ်နေသူ)
အလုပ်နဲ့ပတ်သက်ရင်သွားရောက်တိုင်ပင်ဆွေးနွေး၊အလုပ်လျှောက်နိုင်ပြီး
အလုပ်ရှာဖွေမိတ်ဆက်ပေးပါတယ်။ အခမဲ့ပါ။

ကိုယ်လျှောက်တဲ့ပရိုဂရမ်လေးက Casi0ဥက္ကဌမှအကြံပေးကမကထပြုပြီး
မနှစ်ကမှစတင်ကျင့်သုံးတာပါ။



ရွေးချယ်ခံရရင် ဖတ်စာအုပ်ဖိုးယမ်း၁သောင်းမှ၁သောင်းခွဲခန့်သွင်းရုံကလွဲလို့
အခမဲ့ပါ။ ၃လတိတိသင်တန်းပေးပါတယ်။၁လလက်တွေ့လုပ်ခိုင်းပါတယ်။
အရည်ချင်းမီတယ်လို့ယူဆရင်၅လမြောက်မှာအလုပ်ခန့်ပါတယ်။
ဘာရွေးမလဲဆိုတာကတော့အလုပ်ခေါ်စာအုပ်ထဲမှာPositionအမျိုးမျိုးရှိပါတယ်။
ကိုယ်ရွေးတာAutocadပါ။
Autocadလုပ်ဖို့အကြံပေးခဲ့တဲ့ ဆရာလဲဖြစ်၊အကိုကြီးလဲဖြစ်တဲ့ ကိုရဲ
ဲ(ဦးရဲထွန်းအောင်svp)ကို ကျေးဇူးတင်မိပါတယ်။

ဒါကို ကိုယ့်ကိုအင်တာဗျူးပြီးကိုယ့်ရဲ့အလုပ်
လျှောက်လွှာကို စစ်ဆေးပြီး Recommendပေးတဲ့ အလုပ်သမားရွေးချယ်ရေး
အတိုင်ပင်ခံ『採用アドバイザー』က ရှင်းပြပေးတာပါ။
ဂျပန်မှာအသက်၃၀ ၀န်းကျင်နှင့် မိမိရထားတဲ့ပညာရေးဘွဲ့နှင့် ဆက်စပ်သောအလုပ်
မလုပ်နိုင်တာမျိုး၊မလုပ်ဖြစ်တာမျိုးတွေရှိပြီး ပညာရပ်အသစ်နှင့်ဆက်စပ်သောအလုပ်အသစ်ကိုလဲ
လိုချင်ပေမဲ့မရနိုင်တာမျိုးတွေရှိပြီး အလုပ်လက်မဲ့လူလတ်ပိုင်း (Free Lancer)တွေ
များပြားလာတာမို့ ဒီအစဉ်ကို ဖော်ဆောင်ရတာပါလို့ဆိုပါတယ်။

အလုပ်လျှောက်ရင်အရင်ဆုံးမိမိနေတဲ့ရပ်ကွက်နားကဟဲလိုဝေါ့ခ်မှာဖောင်ယူပြီးဆွေးနွေးတဲ့အခါ
စာအုပ်လျှောက်လွှာထဲပါတဲ့အချက်တွေကိုရှင်းလင်းပြပေးပြီး စာအုပ်ထဲက
ကိုယ်ရေးလျှောက်လွှာ(Job Cardジョブカド)ကိုဖြည့်နည်းလမ်းညွှန်ပေးပါမယ်။

ဖြည့်ပြီးရင်ပြန်လာဖို့ရက်ချိန်းပေးပါမယ်
ဒါကိုအလုပ်သမားရွေးချယ်ရေး အတိုင်ပင်ခံ『採用アドバイザー』ထံတင်ပြပြီး
သူကမှတ်ချက်ရေးပေးမှာဖြစ်ပါတယ်။
သူကသိပ်သဘောမကျရင် မှတ်ချက်ကောင်းမရနိုင်တဲ့အပြင် သူက
ကိုယ့်ရဲ့အလုပ်လျှောက်လွှာမှာပါတဲ့ အချက်လက်၊ ခုနှစ်သက္ကရာဇ်တွေကို
အားလုံးကိုက်မကိုက် စစ်ပါမယ်။
ပြီးရင် ကိုယ်လျှောက်တဲ့အလုပ်ရာထူး ကိုကြည့်ပြီး ဘာကြောင့်ရွေးချယ်တာလဲ
အနာဂတ်အတွက်ဘယ်လိုတွေးထားသလဲဆိုတာတွေမေးပါတယ်

ဘာကြောင့်လဲဆိုတော့ဂျပန်အတော်များများက အလုပ်လျှောက်တဲ့ရည်ရွယ်ချက်က
ပေါ့တိမ်ပြီး၊ လျှောက်ကြည့်လိုက်မယ် နောက်ဆုံးမအောင်လဲဘာဖြစ်လဲ ၃လ အလကား
သင်တန်းတက်ရတယ် ဆိုတာတွေများပါတယ် ဒါလဲသူကရှင်းပြတာပါ
ဒါကြောင့်ကုမဏီအနေနဲ့လည်းနစ်နာပါတယ်
ဒါကြောင့်သေချာစစ်ဆေးခြင်းဖြစ်ပါတယ်။

များသောအားဖြင့် ၄လပိုင်းခန့်နှင့် ၁၀လပိုင်းခန့် ခေါ်လေ့ရှိပါတယ်
၂လခန့် သို့ ၁လခန့် ကြိုတင်ပြီး လျှောက်လွှာလျှောက်ရပါတယ်။
စိတ်ဝင်စားရင်စုံစမ်းကြည့်ဖို့အကြံပေးချင်ပါတယ်
ပညာသင် ၃လ ကတော့ လခမရှိပါဘူး


2 comments:

မြတ်နိုး said...

i don't know that one.
thanks for that.
it's full time job?
I am a little bit interesting for taining .:D

anyway, i hate to draw
but i learned alot and i m also doing Autocard when i worked with Kansai electronic Company in Myanmar.

ကျော်နှင်းဆီလွင် said...

I was surprised that I saw a lot of your comments. :D Thanks for your time. It's training class to be get easily permanent job (full time). At first, you've to apply the post you like at Hello Work cos there are so many kinds posts and fields. And then Hello Work will decide you can apply or not according to your experience and education. Anyway, you can joy anything if you wish cos you've experience too. Good night. Be good luck and I'm not sure what will happen to me. :D
truly yours,

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews